ရာသီလာနေချိန် ရှောင်သင့်တဲ့အစားအစာတွေရှိလား?
<Unicode>
မင်မင်တို့ So What!? နဲ့ ပူးပေါင်းပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ရာသီသွေးနဲ့ ပတ်သက်ပြီး လူတွေအသိမှားနေတဲ့ ယုံတမ်းစကားနဲ့ အမှန်တရား တွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ So What!? ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ရာသီသွေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး လှုပ်ရှားမှု campaign တစ်ခုပါ။ ယောင်းတို့ အသေးစိတ်သိချင်ရင် ပေ့ချ် သွားကြည့်နိုင်ပါတယ်။
So What!? ရဲ့ poll မကြာသေးခင်ကတင်ထားတဲ့ poll လေးအရ ရာသီလာနေတုန်း မစားသင့်တဲ့အစားအစာတွေရှိတယ် ဆိုတဲ့အဖြေ 77% ရှိပြီး ဘာစားစားရတယ်ဆိုတဲ့အဖြေကတော့ 23% ပါ။ 🤩🤩
တကယ်တော့ ရာသီဆင်းခြင်းဖြစ်စဉ်ကို နှောင့်ယှက်နိုင်တဲ့ အစားအစာဆိုတာမျိုးမရှိပါဘူးနော်။ 🍎🍞🥜🥩🍚🍶👌အက်မင်တို့ရဲ့ အမေတွေ၊ အဖွားတွေဆီက အကြားရဆုံးစကားကတော့ ‘ဓမ္မတာလာနေတုန်း အစပ်တွေ၊ အချဉ်တွေ၊ မာလကာသီး၊ ရေခဲမုန့်၊ လက်ဖက်မစားနဲ့၊ ကြံရည်မသောက်နဲ့’ ဆိုတာတွေပေါ့။ 👵🍧🍦🍈🍋⛔အမှန်တော့ ဒါတွေစားလို့ ဗိုက်အောင့်မယ်၊ အဆင်းနည်းမယ်ဆိုတာမျိုးကို အတည်ပြုထားတဲ့ ဘယ်လိုဆေးပညာအထောက်အထားမှ မရှိပါဘူး။ အစာခြေစနစ်နဲ့ သားအိမ်နဲ့က ဆက်စပ်မှုမရှိတဲ့ ကိုယ်တွင်းအဂါင်္တွေပါ။ အချို့အစားအစာတွေကရာသီလာတဲ့အချိန်မှမဟုတ်ဘဲဘယ်အချိန်စားစားကိုယ့်ကိုဘေးဖြစ်စေတာပဲလေ။ ဥပမာ – အစပ်တွေစားရင် ဗိုက်အောင့်မယ်၊ ဝမ်းပျက်မယ်။ ဒါမျိုးက အချိန်မရွေးဖြစ်နိုင်တာပဲ မဟုတ်လား။⚠️⚠️
အရေးကြီးတာက အစာစားချိန်မှန်မှန်နဲ့ အာဟာရမျှမျှတတ စားဖို့ပါပဲ။ ကိုယ့်ကို စိတ်ပျော်စေမယ့်၊ ကိုယ့်ခန္ဓာကိုယ်အတွက်ကောင်းစေတဲ့ဟာဆို စားသာစားပါ။ ရာသီလာတာကို ထိခိုက်မှာ မစိုးရိမ်ပါနဲ့။ အစာအိမ်ထဲဘာဝင်သွားလဲဆိုတာကို သားအိမ်က မသိနိုင်ဘူးရယ်။👼👼
#YaungYaungwithLove #SoWhat? #MythVsReality #Menstruation #ContentSharingCollaboration
<Zawgyi>
No Comments Yet
Leave a Reply
Your email address will not be published.