ရာသီလာချိန် လေ့ကျင့်ခန်းလုပ်တာ ကောင်းလား?

<Unicode>

မင်မင်တို့ So What!? နဲ့ ပူးပေါင်းပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ရာသီသွေးနဲ့ ပတ်သက်ပြီး လူတွေအသိမှားနေတဲ့ ယုံတမ်းစကားနဲ့ အမှန်တရား တွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ So What!? ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ရာသီသွေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး လှုပ်ရှားမှု campaign တစ်ခုပါ။ ယောင်းတို့ အသေးစိတ်သိချင်ရင် ပေ့ချ် သွားကြည့်နိုင်ပါတယ်။

So What!? ရဲ့ poll လေးအရ ရာသီလာနေတုန်း ကိုယ်လက်လှုပ်ရှားမလုပ်သင့်ဘူးဆိုတဲ့အဖြေ 41% ရှိပြီး လုပ်သင့်တယ်ဆိုတဲ့အဖြေကတော့ 59% ပါ။ 🤩🤩

တကယ်တော့ ရာသီလာနေတုန်း ကိုယ်လက်လှုပ်ရှားလုပ်ခြင်းဖြင့် နေရတာ ပိုသက်သောင့်သက်သာရှိစေပါတယ်တဲ့။ 🏋️‍♀️🤼‍♀️🙆‍♀️
အရင်တုန်းက အခုခေတ်လို ရာသီလာရင် သုံးစရာ pad တွေ tampon တွေမရှိခဲ့တာကြောင့် အဝတ်ပိုင်းတွေကို ခါးမှာစည်းပြီးဖြစ်စေ တင်ပါးအောက် ခုပြီးဖြစ်စေ မပေမရေအောင်သုံးကြပါတယ်။ စနစ်တကျထိန်းသိမ်းလို့မရနိုင်တာကြောင့် ကိုယ်လက်လှုပ်ရှားများများလုပ်ရင်လုပ်သလောက် ရာသီသွေးတွေက နေရာတိုင်းမှာပေရေတာပေါ့။ ဒါကြောင့် အမြင်မတော်တာမို့ လူကြီးတွေက ရာသီလာနေတုန်း လှုပ်လှုပ်ရှားရှားမလုပ်ခိုင်းတာပါ။ အခုတော့ စနစ်တကျအသုံးပြုနိုင်မယ့် အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေရှိနေပြီဆိုတော့ စိတ်ချလက်ချ လှုပ်ရှားလို့ရပါပြီနော်။ 👼👼

ဓမ္မတာလာနေချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ သာမန်အချိန်တွေထက် ကျဆင်းနေတတ်ပါတယ်။🌡️❄️ ဒါကြောင့် ကြွက်သားတွေတင်းပြီး ကိုက်တာတွေ အောင့်တာတွေ ဖြစ်တာပါ။🙍‍♀️🙍‍♀️ ကိုယ်လက်လှုပ်ရှားလုပ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းပြီး ခန္ဓာကိုယ်အပူချိန်ကို ထိနိးညှိပေးနိုင်တဲ့အပြင် 🌞🌀🌤️ Endorphin (အန်ဒေါ်ဖင်း) ဆိုတဲ့ ဓာတ်ကို ထုတ်လုပ်ပေးတာကြောင့် ကောင်းမွန်စွာအိပ်ပျော်စေပြီး အစာချေဖျက်မှုအားလည်း ကောင်းစေပါတယ်။ 🛌🛌

ဒါပေမဲ့ ကိုယ်တိုင်ကိုက မလှုပ်ချင်ဘူး ငြိမ်ငြိမ်လေးနေချင်တယ်ဆိုလည်း ဖြစ်ပါတယ်နော်။ အဲ့နေ့တွေမှာ ပင်ပန်းလွယ်တတ်တယ်မလား။🧘🧘

#YaungYaungwithLove #SoWhat!? #MythVsReality #Menstruation #ContentSharingCollaboration

<Zawgyi>
ရာသီလာခ်ိန္ ေလ့က်င့္ခန္းလုပ္တာ ေကာင္းလား?

မင္မင္တို႔ So What!? နဲ႔ ပူးေပါင္းၿပီး အပတ္စဥ္ အဂၤါေန႔တိုင္း ရာသီေသြးနဲ႔ ပတ္သက္ၿပီး လူေတြအသိမွားေနတဲ့ ယုံတမ္းစကားနဲ႔ အမွန္တရား ေတြကို တင္ဆက္ေပးေနတာပဲ ျဖစ္ပါတယ္။ So What!? ဟာ ျမန္မာႏိုင္ငံမွာ ပထမဦးဆုံးေသာ ရာသီေသြးဆိုင္ရာ က်န္းမာေရးအသိပညာေပး လႈပ္ရွားမႈ campaign တစ္ခုပါ။ ေယာင္းတို႔ အေသးစိတ္သိခ်င္ရင္ ေပ့ခ်္ သြားၾကည့္ႏိုင္ပါတယ္။

So What!? ရဲ႕ poll ေလးအရ ရာသီလာေနတုန္း ကိုယ္လက္လႈပ္ရွားမလုပ္သင့္ဘူးဆိုတဲ့အေျဖ 41% ရွိၿပီး လုပ္သင့္တယ္ဆိုတဲ့အေျဖကေတာ့ 59% ပါ။ 🤩🤩

တကယ္ေတာ့ ရာသီလာေနတုန္း ကိုယ္လက္လႈပ္ရွားလုပ္ျခင္းျဖင့္ ေနရတာ ပိုသက္ေသာင့္သက္သာရွိေစပါတယ္တဲ့။ 🏋️‍♀️🤼‍♀️🙆‍♀️
အရင္တုန္းက အခုေခတ္လို ရာသီလာရင္ သုံးစရာ pad ေတြ tampon ေတြမရွိခဲ့တာေၾကာင့္ အဝတ္ပိုင္းေတြကို ခါးမွာစည္းၿပီးျဖစ္ေစ တင္ပါးေအာက္ ခုၿပီးျဖစ္ေစ မေပမေရေအာင္သုံးၾကပါတယ္။ စနစ္တက်ထိန္းသိမ္းလို႔မရႏိုင္တာေၾကာင့္ ကိုယ္လက္လႈပ္ရွားမ်ားမ်ားလုပ္ရင္လုပ္သေလာက္ ရာသီေသြးေတြက ေနရာတိုင္းမွာေပေရတာေပါ့။ ဒါေၾကာင့္ အျမင္မေတာ္တာမို႔ လူႀကီးေတြက ရာသီလာေနတုန္း လႈပ္လႈပ္ရွားရွားမလုပ္ခိုင္းတာပါ။ အခုေတာ့ စနစ္တက်အသုံးျပဳႏိုင္မယ့္ အမ်ိဳးသမီးလစဥ္သုံး ပစၥည္းေတြရွိေနၿပီဆိုေတာ့ စိတ္ခ်လက္ခ် လႈပ္ရွားလို႔ရပါၿပီေနာ္။ 👼👼

ဓမၼတာလာေနခ်ိန္မွာ အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္အပူခ်ိန္ဟာ သာမန္အခ်ိန္ေတြထက္ က်ဆင္းေနတတ္ပါတယ္။🌡️❄️ ဒါေၾကာင့္ ႂကြက္သားေတြတင္းၿပီး ကိုက္တာေတြ ေအာင့္တာေတြ ျဖစ္တာပါ။🙍‍♀️🙍‍♀️ ကိုယ္လက္လႈပ္ရွားလုပ္ေပးျခင္းျဖင့္ ေသြးလည္ပတ္မႈေကာင္းၿပီး ခႏၶာကိုယ္အပူခ်ိန္ကို ထိနိးညႇိေပးႏိုင္တဲ့အျပင္ 🌞🌀🌤️ Endorphin (အန္ေဒၚဖင္း) ဆိုတဲ့ ဓာတ္ကို ထုတ္လုပ္ေပးတာေၾကာင့္ ေကာင္းမြန္စြာအိပ္ေပ်ာ္ေစၿပီး အစာေခ်ဖ်က္မႈအားလည္း ေကာင္းေစပါတယ္။ 🛌🛌

ဒါေပမဲ့ ကိုယ္တိုင္ကိုက မလႈပ္ခ်င္ဘူး ၿငိမ္ၿငိမ္ေလးေနခ်င္တယ္ဆိုလည္း ျဖစ္ပါတယ္ေနာ္။ အဲ့ေန႔ေတြမွာ ပင္ပန္းလြယ္တတ္တယ္မလား။🧘🧘

#YaungYaungwithLove #SoWhat!? #MythVsReality #Menstruation #ContentSharingCollaboration

No Comments Yet

Leave a Reply

Your email address will not be published.