ရာသီလာချိန် ရေချိုးခေါင်းလျှော်ရင် ရာသီချုပ်တတ်လား ?

<Unicode>

မင်မင်တို့ So What!? နဲ့ ပူးပေါင်းပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ရာသီသွေးနဲ့ ပတ်သက်ပြီး လူတွေအသိမှားနေတဲ့ ယုံတမ်းစကားနဲ့ အမှန်တရား တွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ So What!? ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ရာသီသွေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး လှုပ်ရှားမှု campaign တစ်ခုပါ။ ယောင်းတို့ အသေးစိတ်သိချင်ရင် ပေ့ချ် သွားကြည့်နိုင်ပါတယ်။

So What!? ရဲ့ poll လေးအရ ရာသီလာနေတုန်း ခေါင်းလျှော်ရင် အန္တရာယ်ရှိတယ်ဆိုတဲ့အဖြေ 37% ရှိပြီး အန္တရာယ်မရှိဘူးဆိုတဲ့အဖြေကတော့ 63% ပါ။ 🤩🤩

တကယ်တော့ ရာသီလာနေတုန်းခေါင်းလျှော်ရင် ဘေးမဖြစ်စေနိုင်ပါဘူးနော်။ 🙆🙅
ဟိုးအရင်က မြစ်တွေချောင်းတွေကရေကို သောက်ရေအနေနဲ့ရော၊ အထွေထွေသုံးရေ အနေနဲ့ရော သုံးကြပါတယ်။🏊🚣‍♀️🥛 ရေချိုးရင်လည်း မြစ်တွေချောင်းတွေကိုသွားချိုးလေ့ရှိတာကြောင့် အမျိုးသမီးတစ်ယောက် ရာသီလာနေတဲ့အခါ သူသုံးလိုက်တဲ့ရေမှာ ရာသီသွေးပါဝင်ပြီး မြစ်ချောင်းနဲ့စီးပါသွားမှာ စိုးတာကြောင့် အမျိုးသမီးတစ်ယောက်ရာသီလာနေတုန်း ရေမချိုးရ၊ ခေါင်းမလျှော်ရဆိုတဲ့ ယုံတမ်းစကားပေါ်လာပါတယ်။ 👂🤥🧐
ရာသီလာနေတုန်းခေါင်းလျှော်ရင် အန္တရာယ်ဖြစ်တယ်ဆိုတဲ့အဆိုကို ဘယ်ဆေးပညာအထောက်အထားမှာမှ မတွေ့ရပါဘူး။ 👨‍⚕️🙅‍♂️👩‍⚕️🙅 ရာသီလာချိန်မှာ ဦးရေပြားပိုအဆီပြန်တတ်တာကြောင့် ခေါင်းလျှော်လိုက်ခြင်းဖြင့် နေရထိုင်ရပိုတောင် သက်သောင့်သက်သာရှိစေမှာပါ။💆💆 ရာသီလာနေချိန်မှာ စိတ်လက်ထိုင်းမှိုင်းတတ်တာမို့ ရေမှန်မှန်ချိုးခြင်းအားဖြင့် လန်းဆန်းစေပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်စေမှာပါ။ 🧖🧖‍♀️

<Zawgyi>

ရာသီလာခ်ိန္ ေရခ်ိဳးေခါင္းေလွ်ာ္ရင္ ရာသီခ်ဳပ္တတ္လား ?

မင္မင္တို႔ So What!? နဲ႔ ပူးေပါင္းၿပီး အပတ္စဥ္ အဂၤါေန႔တိုင္း ရာသီေသြးနဲ႔ ပတ္သက္ၿပီး လူေတြအသိမွားေနတဲ့ ယုံတမ္းစကားနဲ႔ အမွန္တရား ေတြကို တင္ဆက္ေပးေနတာပဲ ျဖစ္ပါတယ္။ So What!? ဟာ ျမန္မာႏိုင္ငံမွာ ပထမဦးဆုံးေသာ ရာသီေသြးဆိုင္ရာ က်န္းမာေရးအသိပညာေပး လႈပ္ရွားမႈ campaign တစ္ခုပါ။ ေယာင္းတို႔ အေသးစိတ္သိခ်င္ရင္ ေပ့ခ်္ သြားၾကည့္ႏိုင္ပါတယ္။

So What!? ရဲ႕ poll ေလးအရ ရာသီလာေနတုန္း ေခါင္းေလွ်ာ္ရင္ အႏၲရာယ္ရွိတယ္ဆိုတဲ့အေျဖ 37% ရွိၿပီး အႏၲရာယ္မရွိဘူးဆိုတဲ့အေျဖကေတာ့ 63% ပါ။ 🤩🤩

တကယ္ေတာ့ ရာသီလာေနတုန္းေခါင္းေလွ်ာ္ရင္ ေဘးမျဖစ္ေစႏိုင္ပါဘူးေနာ္။ 🙆🙅
ဟိုးအရင္က ျမစ္ေတြေခ်ာင္းေတြကေရကို ေသာက္ေရအေနနဲ႔ေရာ၊ အေထြေထြသုံးေရ အေနနဲ႔ေရာ သုံးၾကပါတယ္။🏊🚣‍♀️🥛 ေရခ်ိဳးရင္လည္း ျမစ္ေတြေခ်ာင္းေတြကိုသြားခ်ိဳးေလ့ရွိတာေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ ရာသီလာေနတဲ့အခါ သူသုံးလိုက္တဲ့ေရမွာ ရာသီေသြးပါဝင္ၿပီး ျမစ္ေခ်ာင္းနဲ႔စီးပါသြားမွာ စိုးတာေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ရာသီလာေနတုန္း ေရမခ်ိဳးရ၊ ေခါင္းမေလွ်ာ္ရဆိုတဲ့ ယုံတမ္းစကားေပၚလာပါတယ္။ 👂🤥🧐
ရာသီလာေနတုန္းေခါင္းေလွ်ာ္ရင္ အႏၲရာယ္ျဖစ္တယ္ဆိုတဲ့အဆိုကို ဘယ္ေဆးပညာအေထာက္အထားမွာမွ မေတြ႕ရပါဘူး။ 👨‍⚕️🙅‍♂️👩‍⚕️🙅 ရာသီလာခ်ိန္မွာ ဦးေရျပားပိုအဆီျပန္တတ္တာေၾကာင့္ ေခါင္းေလွ်ာ္လိုက္ျခင္းျဖင့္ ေနရထိုင္ရပိုေတာင္ သက္ေသာင့္သက္သာရွိေစမွာပါ။💆💆 ရာသီလာေနခ်ိန္မွာ စိတ္လက္ထိုင္းမႈိင္းတတ္တာမို႔ ေရမွန္မွန္ခ်ိဳးျခင္းအားျဖင့္ လန္းဆန္းေစၿပီး တစ္ကိုယ္ရည္သန႔္ရွင္းေရးကိုလည္း ထိန္းသိမ္းၿပီးသား ျဖစ္ေစမွာပါ။ 🧖🧖‍♀️

No Comments Yet

Leave a Reply

Your email address will not be published.