ရာသီသွေးဆင်းရင် အများကြီးဆင်းတာမှ ပုံမှန်လား? နည်နည်းဆင်းတာမှ ပုံမှန်လား?

<Unicode>
မင်မင်တို့ So What!? နဲ့ ပူးပေါင်းပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ရာသီသွေးနဲ့ ပတ်သက်ပြီး လူတွေအသိမှားနေတဲ့ ယုံတမ်းစကားနဲ့ အမှန်တရား တွေကို ဖော်ပြပေးနေတာပဲ ဖြစ်ပါတယ်။ So What!? ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ရာသီသွေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး လှုပ်ရှားမှု campaign တစ်ခုပါ။ ယောင်းတို့ အသေးစိတ်သိချင်ရင် ပေ့ချ် သွားကြည့်နိုင်တယ်နော်။

ဒီတစ်ခေါက် အကြောင်းအရာကတော့… ရာသီသွေး ဘယ်လောက်ပုံမှန် ဆင်းသင့်တာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဖော်ပြသွားမှာပါ။ So What!? ရဲ့Poll လေးအရ ရာသီလာရင် သွေးအများကြီးဆင်းတယ်ဆိုတဲ့အဖြေ ၂၉% ရှိပြီး နည်းနည်းပဲဆင်းပါတယ်ဆိုတာကတော့ ၇၁% ပါ။

အဖြေမှန်ကတော့ ပုံမှန်အားဖြင့်တစ်လကို သွေး ထမင်းစားဇွန်း ၆ ဇွန်းကနေ ၈ ဇွန်းထိပဲဆင်းတာပါ။
တစ်လနဲ့တစ်လ ရာသီသွေးဆင်းတဲ့ ပမာဏမတူနိုင်ပါဘူး။ နည်းနည်းဆင်းတဲ့ ရက်တွေရှိသလို များတဲ့ရက်တွေလည်းရှိပါတယ်။ ဒီလိုမျိုး နည်းတယ်များတယ်ဆိုတာက အများအားဖြင့်တော့ စစချင်း တစ်ရက်နှစ်ရက်လောက်မှာ ဖြစ်လေ့ရှိပါတယ်။ တချို့အမျိုးသမီးတွေအတွက် များတယ်လို့ထင်ရတဲ့ ပမာဏက တချို့တွေအတွက်တော့ ပုံမှန်ဆင်းသလောက်ပဲ ရှိနေတတ်ပါတယ်။ ၈၀ မီလီလီတာ(ထမင်းစားဇွန်း ၁၆ဇွန်း)ကို များများဆင်းတယ်လို့ သတ်မှတ်လို့ရပါတယ်။ ၇ရက်နဲ့ အထက် ဆင်းလေ့ရှိတဲ့ အမျိုးသမီးတွေတော့ အဲ့လောက်ပမာဏဆင်းတတ်ကြပါတယ်။ လစဉ်သုံးပစ္စည်းကို နှစ်နာရီခြားလောက်တစ်ခါ လဲပေးနေရရင်၊ ဆင်းတဲ့အခါ ၂.၅ စင်တီမီတာထက် ကြီးတဲ့သွေးခဲတွေပါရင်၊ အိပ်ယာ ဒါမှမဟုတ် အဝတ်တွေမှာအထိ အမြဲတမ်း ပေါက်နေတတ်ရင် သွေးဆင်းများတယ်လို့ သတ်မှတ်လို့ရပါတယ်။ ကိုယ့်မှာဒီလိုမျိုးလက္ခဏာတွေရှိနေပြီဆိုရင် သွေးဆင်းများနေတာဖြစ်လို့ အန္တရာယ်ရှိမရှိသေချာသိရအောင် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။

<Zawgyi>
ရာသီေသြးဆင္းရင္ အမ်ားႀကီးဆင္းတာမွ ပုံမွန္လား? နည္နည္းဆင္းတာမွ ပုံမွန္လား?

မင္မင္တို႔ So What!? နဲ႔ ပူးေပါင္းၿပီး အပတ္စဥ္ အဂၤါေန႔တိုင္း ရာသီေသြးနဲ႔ ပတ္သက္ၿပီး လူေတြအသိမွားေနတဲ့ ယုံတမ္းစကားနဲ႔ အမွန္တရား ေတြကို ေဖာ္ျပေပးေနတာပဲ ျဖစ္ပါတယ္။ So What!? ဟာ ျမန္မာႏိုင္ငံမွာ ပထမဦးဆုံးေသာ ရာသီေသြးဆိုင္ရာ က်န္းမာေရးအသိပညာေပး လႈပ္ရွားမႈ campaign တစ္ခုပါ။ ေယာင္းတို႔ အေသးစိတ္သိခ်င္ရင္ ေပ့ခ်္ သြားၾကည့္ႏိုင္တယ္ေနာ္။

ဒီတစ္ေခါက္ အေၾကာင္းအရာကေတာ့… ရာသီေသြး ဘယ္ေလာက္ပုံမွန္ ဆင္းသင့္တာလဲဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့ ေဖာ္ျပသြားမွာပါ။ So What!? ရဲ႕Poll ေလးအရ ရာသီလာရင္ ေသြးအမ်ားႀကီးဆင္းတယ္ဆိုတဲ့အေျဖ ၂၉% ရွိၿပီး နည္းနည္းပဲဆင္းပါတယ္ဆိုတာကေတာ့ ၇၁% ပါ။

အေျဖမွန္ကေတာ့ ပုံမွန္အားျဖင့္တစ္လကို ေသြး ထမင္းစားဇြန္း ၆ ဇြန္းကေန ၈ ဇြန္းထိပဲဆင္းတာပါ။
တစ္လနဲ႔တစ္လ ရာသီေသြးဆင္းတဲ့ ပမာဏမတူႏိုင္ပါဘူး။ နည္းနည္းဆင္းတဲ့ ရက္ေတြရွိသလို မ်ားတဲ့ရက္ေတြလည္းရွိပါတယ္။ ဒီလိုမ်ိဳး နည္းတယ္မ်ားတယ္ဆိုတာက အမ်ားအားျဖင့္ေတာ့ စစခ်င္း တစ္ရက္ႏွစ္ရက္ေလာက္မွာ ျဖစ္ေလ့ရွိပါတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြအတြက္ မ်ားတယ္လို႔ထင္ရတဲ့ ပမာဏက တခ်ိဳ႕ေတြအတြက္ေတာ့ ပုံမွန္ဆင္းသေလာက္ပဲ ရွိေနတတ္ပါတယ္။ ၈၀ မီလီလီတာ(ထမင္းစားဇြန္း ၁၆ဇြန္း)ကို မ်ားမ်ားဆင္းတယ္လို႔ သတ္မွတ္လို႔ရပါတယ္။ ၇ရက္နဲ႔ အထက္ ဆင္းေလ့ရွိတဲ့ အမ်ိဳးသမီးေတြေတာ့ အဲ့ေလာက္ပမာဏဆင္းတတ္ၾကပါတယ္။ လစဥ္သုံးပစၥည္းကို ႏွစ္နာရီျခားေလာက္တစ္ခါ လဲေပးေနရရင္၊ ဆင္းတဲ့အခါ ၂.၅ စင္တီမီတာထက္ ႀကီးတဲ့ေသြးခဲေတြပါရင္၊ အိပ္ယာ ဒါမွမဟုတ္ အဝတ္ေတြမွာအထိ အၿမဲတမ္း ေပါက္ေနတတ္ရင္ ေသြးဆင္းမ်ားတယ္လို႔ သတ္မွတ္လို႔ရပါတယ္။ ကိုယ့္မွာဒီလိုမ်ိဳးလကၡဏာေတြရွိေနၿပီဆိုရင္ ေသြးဆင္းမ်ားေနတာျဖစ္လို႔ အႏၲရာယ္ရွိမရွိေသခ်ာသိရေအာင္ ဆရာဝန္နဲ႔ေဆြးေႏြးသင့္ပါတယ္။

No Comments Yet

Leave a Reply

Your email address will not be published.