အလုပ္သစ္ ဝင္လို႔ ခ်ဳပ္ရတဲ့ အလုပ္ခန္႔ထားမႈစာခ်ဳပ္ (EC)ထဲမွာ ဘယ္အခ်က္ေတြ မျဖစ္မေန ပါရမလဲ?

“ဘာမွန္းမသိပါဘူး.. စာခ်ဳပ္လာေပးတာနဲ႔ လက္မွတ္ထိုးေပးလိုက္တာပဲ” ဆိုတာမ်ိဳး မလုပ္လာသင့္ပါေနာ္.. 

ေယာင္းတို႔ေရ… (အစိုးရ ဝန္ထမ္းမဟုတ္တဲ့ )အလုပ္သစ္ စဝင္ၿပီဆိုရင္ မျဖစ္မေန ၾကံဳရတဲ့ ကိစၥက အလုပ္ခန္႔ထားမႈ စာခ်ဳပ္ခ်ဳပ္ဆိုရတာပါပဲ။ ဒီလို စာခ်ဳပ္ခ်ဳပ္ၾကၿပီေဟ့ဆိုရင္လည္း ေတာ္ေတာ္မ်ားမ်ားက ေရွ႕ကစာေတြကို သာမန္ကာ လွ်ံကာ ဖတ္ၿပီး လက္မွတ္ထိုးရမယ့္ေနရာမွာ ေကာက္ၿပီး လက္မွတ္ထိုးလိုက္တာမ်ိဳး လုပ္တတ္ၾကပါတယ္။ ေဟာ.. ဖတ္ျပန္ေတာ့လည္း စာရြက္ေတြက အထပ္လိုက္ႀကီးဆိုေတာ့ ဘာေတြကို အဓိကထား ဖတ္ရမယ္မွန္းမသိဘူး ျဖစ္ျပန္ေရာ.. ဖတ္ေတာ့ ဖတ္လိုက္ပါရဲ႕၊ ဘာေတြေရးထားမွန္းမသိဘူးဆိုတာမ်ိဳးကလည္း ရွိတတ္ေသးတာ မဟုတ္လား.. ဒီေတာ့ အက္ဒ္မင္က ဒီ အလုပ္ခန္႔ထားမႈ စာခ်ဳပ္ထဲမွာ ဘာေတြ မျဖစ္မေန ပါရမယ္၊ ဘာေတြကို ၾကည့္ရမယ္ ဆိုတာေလး ေယာင္းတို႔ကို မွ်ေဝေပးပါ့မယ္…

ပထမဆံုး အေရးႀကီးတာက အလုပ္ခန္႔လိုက္ၿပီေဟ့ဆိုတာနဲ႔ အလုပ္စဝင္ၿပီး တစ္လအတြင္း (ရက္ ၃၀ အတြင္း) စာခ်ဳပ္ခ်ဳပ္ဆိုရပါတယ္။ ခ်ဳပ္ဆိုၿပီးတဲ့ေနာက္မွာလည္း သက္ဆိုင္ရာ အလုပ္သမားရံုးကို သြားၿပီး စာခ်ဳပ္ကို အတည္ျပဳဖို႔ လိုအပ္ပါတယ္ေနာ္..

ေနာက္ၿပီး စာခ်ဳပ္ဆိုတာက တစ္ဖက္တည္း ခ်ဳပ္ဆိုလို႔ ရတဲ့ အမ်ိဳးမဟုတ္ဘူးေလ.. အလုပ္ရွင္ ဘက္ကေရာ၊ ဝန္ထမ္းဘက္ကပါ ညွိႏႈိင္းစရာေတြ ရွိတာ ညွိႏႈိင္းၿပီး ေသခ်ာသေဘာတူၿပီဆိုမွ စာခ်ဳပ္ကို စၿပီး အသက္သြင္းရတာေပါ့.. ကဲ.. ဒါဆို ဒီစာခ်ဳပ္ထဲမွာ ဘယ္အခ်က္ေတြက မျဖစ္မေနပါရမလဲ?

Related Article >>> ဘြဲ႕ရခါစ လူငယ္မ်ားအတြက္ အလုပ္ခြင္ဝင္ရန္ လိုအပ္ေသာ အရည္အခ်င္းမ်ား ႏွင့္ ထိုအရည္အခ်င္းမ်ားကို ရယူနည္းမ်ား။

(၁) အလုပ္အကိုင္ အမ်ိဳးအစား

(၂) အစမ္းခန္႔ကာလ

(၃) လုပ္ခလစာ (အစမ္းခန္႔ဝန္ထမ္းဆိုရင္ သတ္မွတ္ထားတဲ့ လစာ ရဲ႕ ၅၀% ေအာက္ မနည္းတဲ့ လစာကို မျဖစ္မေန ရရမွာပါေနာ္..)

(၄) လုပ္ငန္းခြင္ ေနရာ

(၅) အလုပ္ရွင္၊ အလုပ္သမားၾကား သေဘာတူညီမႈမ်ား (ကိုယ္ ဘာေတာင္းဆိုထားလဲ၊ သူ ဘာေပးမွာလဲ က ရွင္းေအာင္ ေျပာၿပီး စာခ်ဳပ္ထဲ ေရးထားဖို႔ လိုပါတယ္)

(၆) အလုပ္ခ်ိန္ (တစ္ရက္ကို ၈ နာရီ၊ တစ္ပတ္ကို ၄၄ နာရီထက္ မေက်ာ္ေသာ)

(၇) ပိတ္ရက္၊ ခြင့္ရက္မ်ား

(၈) အခ်ိန္ပို (ႏွစ္ဘက္လံုး သေဘာတူမွသာ ခိုင္းခြင့္ရွိတာပါေနာ္.. မဟုတ္ရင္ အဓမၼအလုပ္ေစခိုင္းမႈနဲ႔ ၿငိႏုိင္တာမို႔ ဒါဟာ အေရးႀကီးတဲ့ အခ်က္ပါ။ ဒါေၾကာင့္ ႏွစ္ဘက္လံုး ေထာင့္ေစ့ေအာင္ ညွိႏႈိင္းၿပီး သေဘာတူမွသာ စာခ်ဳပ္ခ်ဳပ္တာ အေကာင္းဆံုးပါ။)

(၉) က်န္းမာေရး ေစာင့္ေရွာက္မႈ

(၁၀) ဝန္ထမ္းဘက္မွ လိုက္နာရမည့္ စည္းကမ္းမ်ား

(၁၁) အလုပ္ထြက္ျခင္း (ဥပမာ – အလုပ္ထြက္မယ္ဆိုရင္ ဘယ္ႏွစ္ရက္၊ ဘယ္ႏွစ္လ ႀကိဳတင္ ေျပာထားရမလဲ? အလုပ္ထုတ္မယ္ဆိုရင္ေရာ အခ်ိန္ဘယ္ေလာက္ႀကိဳၿပီး ေျပာထားဖို႔လိုလဲ? )

စသျဖင့္ အခ်က္ေတြဟာ မျဖစ္မေနပါကို ပါရမယ့္ အခ်က္ေတြပါ။ တျခားအခ်က္ေတြလည္း အမ်ားႀကီးရွိပါေသးတယ္ေနာ္.. တကယ့္တကယ္ တည္ဆဲဥပေဒအရဆို စာခ်ဳပ္ထဲ ပါရမယ့္ အခ်က္က ၂၁ ခ်က္ ရွိပါတယ္။ အက္ဒ္မင္က အေရးႀကီးတာေလးေတြ၊ ေယာင္းတို႔ အဓိကထား ၾကည့္ရမယ့္ အခ်က္ေလးေတြပဲ ေရြးၿပီးေျပာျပထားတာပါ။

ေၾသာ္… တကယ္လို႔မ်ား Training တစ္ခုခု တက္ရမယ္ဆိုရင္လည္း training အၿပီး အလုပ္ ဆက္ဆင္းရမွာလား၊ ဆက္မဆင္းရဘူးလားဆိုတာကလည္း စာခ်ဳပ္ထဲ ထည့္ဖို႔ လိုပါေသးတယ္ ေယာင္းတို႔ေရ…

Related Article >>> အလုပ္ေလွ်ာက္ခ်င္သူတုိင္း မျဖစ္မေန သိထားရမယ့္ Cover Letter

ဒီစာခ်ဳပ္ေတြဟာ အလုပ္ရွင္ – အလုပ္သမားၾကား အျငင္းပြားမႈေတြ ျဖစ္လာတဲ့အခါ ႏွစ္ဦးႏွစ္ဖက္ နစ္နာမႈ မရွိေအာင္ ဖန္တီးေပးထားတဲ့ စာခ်ဳပ္ေတြပါ။ ဘယ္သူ႕ဘယ္သူကမွ အခြင့္အေရးယူ၊ ေခါင္းပံုျဖတ္လို႔ မရေအာင္ စာခ်ဳပ္ထဲမွာ ျပည့္စံုေအာင္ ထည့္သြင္း ခ်ဳပ္ဆိုထားဖို႔ လိုတာပါ။

စာခ်ဳပ္ခ်ဳပ္ၿပီးၿပီဆို စာခ်ဳပ္ကို ေရာ့.. အင့္ဆိုၿပီး ျပန္မေပးထားခဲ့ပါနဲ႔။ မိတၱဴေလး ယူထားပါ။ မိတၱဴမေပးဘူးဆိုရင္ ဖုန္းကင္မရာေလးနဲ႔ စာခ်ဳပ္ကို ဓာတ္ပံုျဖစ္ျဖစ္ ရိုက္လာခဲ့ပါ။ ဒါမွ တစ္ခုခု ျဖစ္လာခဲ့ရင္ ကိုယ့္ဘက္က သက္ေသအခိုင္အမာ ရွိၿပီး မနစ္နာမွာေပါ့…

ဒီေလာက္ဆို ေယာင္းတို႔လည္း စာခ်ဳပ္ေတြ ဘယ္ေလာက္ အေရးႀကီးတယ္ဆိုတာ သတိထားမိသြားေလာက္ၿပီ ထင္ပါတယ္… ေနာက္မ်ားမွ ျပန္ဆံုၾကတာေပါ့…

ခ်စ္တဲ့..

Libra (For Her Myanmar)

<<< Unicode >>>

“ဘာမှန်းမသိပါဘူး.. စာချုပ်လာပေးတာနဲ့ လက်မှတ်ထိုးပေးလိုက်တာပဲ” ဆိုတာမျိုး မလုပ်လာသင့်ပါနော်.. 

ယောင်းတို့ရေ… (အစိုးရ ဝန်ထမ်းမဟုတ်တဲ့ )အလုပ်သစ် စဝင်ပြီဆိုရင် မဖြစ်မနေ ကြုံရတဲ့ ကိစ္စက အလုပ်ခန့်ထားမှု စာချုပ်ချုပ်ဆိုရတာပါပဲ။ ဒီလို စာချုပ်ချုပ်ကြပြီဟေ့ဆိုရင်လည်း တော်တော်များများက ရှေ့ကစာတွေကို သာမန်ကာ လျှံကာ ဖတ်ပြီး လက်မှတ်ထိုးရမယ့်နေရာမှာ ကောက်ပြီး လက်မှတ်ထိုးလိုက်တာမျိုး လုပ်တတ်ကြပါတယ်။ ဟော.. ဖတ်ပြန်တော့လည်း စာရွက်တွေက အထပ်လိုက်ကြီးဆိုတော့ ဘာတွေကို အဓိကထား ဖတ်ရမယ်မှန်းမသိဘူး ဖြစ်ပြန်ရော.. ဖတ်တော့ ဖတ်လိုက်ပါရဲ့၊ ဘာတွေရေးထားမှန်းမသိဘူးဆိုတာမျိုးကလည်း ရှိတတ်သေးတာ မဟုတ်လား.. ဒီတော့ အက်ဒ်မင်က ဒီ အလုပ်ခန့်ထားမှု စာချုပ်ထဲမှာ ဘာတွေ မဖြစ်မနေ ပါရမယ်၊ ဘာတွေကို ကြည့်ရမယ် ဆိုတာလေး ယောင်းတို့ကို မျှဝေပေးပါ့မယ်…

ပထမဆုံး အရေးကြီးတာက အလုပ်ခန့်လိုက်ပြီဟေ့ဆိုတာနဲ့ အလုပ်စဝင်ပြီး တစ်လအတွင်း (ရက် ၃၀ အတွင်း) စာချုပ်ချုပ်ဆိုရပါတယ်။ ချုပ်ဆိုပြီးတဲ့နောက်မှာလည်း သက်ဆိုင်ရာ အလုပ်သမားရုံးကို သွားပြီး စာချုပ်ကို အတည်ပြုဖို့ လိုအပ်ပါတယ်နော်..

နောက်ပြီး စာချုပ်ဆိုတာက တစ်ဖက်တည်း ချုပ်ဆိုလို့ ရတဲ့ အမျိုးမဟုတ်ဘူးလေ.. အလုပ်ရှင် ဘက်ကရော၊ ဝန်ထမ်းဘက်ကပါ ညှိနှိုင်းစရာတွေ ရှိတာ ညှိနှိုင်းပြီး သေချာသဘောတူပြီဆိုမှ စာချုပ်ကို စပြီး အသက်သွင်းရတာပေါ့.. ကဲ.. ဒါဆို ဒီစာချုပ်ထဲမှာ ဘယ်အချက်တွေက မဖြစ်မနေပါရမလဲ?

Related Article >>> ဘွဲ့ရခါစ လူငယ်များအတွက် အလုပ်ခွင်ဝင်ရန် လိုအပ်သော အရည်အချင်းများ နှင့် ထိုအရည်အချင်းများကို ရယူနည်းများ။

(၁) အလုပ်အကိုင် အမျိုးအစား

(၂) အစမ်းခန့်ကာလ

(၃) လုပ်ခလစာ (အစမ်းခန့်ဝန်ထမ်းဆိုရင် သတ်မှတ်ထားတဲ့ လစာ ရဲ့ ၅၀% အောက် မနည်းတဲ့ လစာကို မဖြစ်မနေ ရရမှာပါနော်..)

(၄) လုပ်ငန်းခွင် နေရာ

(၅) အလုပ်ရှင်၊ အလုပ်သမားကြား သဘောတူညီမှုများ (ကိုယ် ဘာတောင်းဆိုထားလဲ၊ သူ ဘာပေးမှာလဲ က ရှင်းအောင် ပြောပြီး စာချုပ်ထဲ ရေးထားဖို့ လိုပါတယ်)

(၆) အလုပ်ချိန် (တစ်ရက်ကို ၈ နာရီ၊ တစ်ပတ်ကို ၄၄ နာရီထက် မကျော်သော)

(၇) ပိတ်ရက်၊ ခွင့်ရက်များ

(၈) အချိန်ပို (နှစ်ဘက်လုံး သဘောတူမှသာ ခိုင်းခွင့်ရှိတာပါနော်.. မဟုတ်ရင် အဓမ္မအလုပ်စေခိုင်းမှုနဲ့ ငြိနိုင်တာမို့ ဒါဟာ အရေးကြီးတဲ့ အချက်ပါ။ ဒါကြောင့် နှစ်ဘက်လုံး ထောင့်စေ့အောင် ညှိနှိုင်းပြီး သဘောတူမှသာ စာချုပ်ချုပ်တာ အကောင်းဆုံးပါ။)

(၉) ကျန်းမာရေး စောင့်ရှောက်မှု

(၁၀) ဝန်ထမ်းဘက်မှ လိုက်နာရမည့် စည်းကမ်းများ

(၁၁) အလုပ်ထွက်ခြင်း (ဥပမာ – အလုပ်ထွက်မယ်ဆိုရင် ဘယ်နှစ်ရက်၊ ဘယ်နှစ်လ ကြိုတင် ပြောထားရမလဲ? အလုပ်ထုတ်မယ်ဆိုရင်ရော အချိန်ဘယ်လောက်ကြိုပြီး ပြောထားဖို့လိုလဲ? )

စသဖြင့် အချက်တွေဟာ မဖြစ်မနေပါကို ပါရမယ့် အချက်တွေပါ။ တခြားအချက်တွေလည်း အများကြီးရှိပါသေးတယ်နော်.. တကယ့်တကယ် တည်ဆဲဥပဒေ အရဆို စာချုပ်ထဲ ပါရမယ့် အချက်က ၂၁ ချက် ရှိပါတယ်။ အက်ဒ်မင်က အရေးကြီးတာလေးတွေပဲ ရွေးပြီးပြောပြထားတာပါ။

သြော်… တကယ်လို့များ Training တစ်ခုခု တက်ရမယ်ဆိုရင်လည်း training အပြီး အလုပ် ဆက်ဆင်းရမှာလား၊ ဆက်မဆင်းရဘူးလားဆိုတာကလည်း စာချုပ်ထဲ ထည့်ဖို့ လိုပါသေးတယ် ယောင်းတို့ရေ…

Related Article >>> အလုပ်လျှောက်ချင်သူတိုင်း မဖြစ်မနေ သိထားရမယ့် Cover Letter

ဒီစာချုပ်တွေဟာ အလုပ်ရှင် – အလုပ်သမားကြား အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါ နှစ်ဦးနှစ်ဖက် နစ်နာမှု မရှိအောင် ဖန်တီးပေးထားတဲ့ စာချုပ်တွေပါ။ ဘယ်သူ့ဘယ်သူကမှ အခွင့်အရေးယူ၊ ခေါင်းပုံဖြတ်လို့ မရအောင် စာချုပ်ထဲမှာ ပြည့်စုံအောင် ထည့်သွင်း ချုပ်ဆိုထားဖို့ လိုတာပါ။

စာချုပ်ချုပ်ပြီးပြီဆို စာချုပ်ကို ရော့.. အင့်ဆိုပြီး ပြန်မပေးထားခဲ့ပါနဲ့။ မိတ္တူလေး ယူထားပါ။ မိတ္တူမပေးဘူးဆိုရင် ဖုန်းကင်မရာလေးနဲ့ စာချုပ်ကို ဓာတ်ပုံဖြစ်ဖြစ် ရိုက်လာခဲ့ပါ။ ဒါမှ တစ်ခုခု ဖြစ်လာခဲ့ရင် ကိုယ့်ဘက်က သက်သေအခိုင်အမာ ရှိပြီး မနစ်နာမှာပေါ့…

ဒီလောက်ဆို ယောင်းတို့လည်း စာချုပ်တွေ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သတိထားမိသွားလောက်ပြီ ထင်ပါတယ်နော်.. နောက်များမှ ပြန်ဆုံကြတာပေါ့…

ချစ်တဲ့..

Libra (For Her Myanmar)

No Comments Yet

Comments are closed