စီးပြားေရး စြန္႔ဦးတီထြင္သူမ်ားအတြက္ အေရးပါတဲ့ Design Thinking

လံုးဝကို အသက္ေသြးေၾကာပါ…

ေယာင္းေယာင္းတို႔ေရ…ေယာင္းေယာင္းတို႔ထဲမွာ စီးပြားေရးကို စိတ္ဝင္စားတဲ့သူေတြရွိလား။ ဒီေန႕ေတာ့ ေက်းေက်းက အမ်ိဳးသမီးေလးေတြ ကိုယ္ပိုင္အလုပ္စတင္လုပ္ေဆာင္တဲ့အခါ လိုအပ္မယ့္ လုပ္ေဆာင္မႈေလးေတြနဲ႔ စီးပြားေရးနဲ႔ ပတ္သက္တဲ့ ဗဟုသုတေလးေတြကို လြယ္လြယ္ကူကူ နားလည္ႏိုင္ေအာင္ ေဝမွ်ေပးသြားမွာပါ။

စီးပြားေရးတစ္ခုမွာ အေရးပါဆံုးေယဘုယ် လုပ္ရမယ့္ အလုပ္က ၂မ်ိဳးရွိပါတယ္။ အဲ့ဒါေတြကေတာ့ Product Designing နဲ႕ Business Planning ေတြျဖစ္တယ္။ အလြယ္ကူဆံုးေျပာရမယ္ဆိုရင္ Product Designing ဆိုတာက ကိုယ္ဘယ္ပစၥည္းကို ေရာင္းရမလဲကို စတင္စဥ္းစားတာပဲျဖစ္ပါတယ္။ Business Planning ကေတာ့ ကိုယ္ထုတ္လုပ္မယ့္ ပစၥည္းကေန ပိုက္ဆံကို ဘယ္လိုဝင္ေအာင္ရွာမလဲ။ ေရရွည္ဘယ္လိုဝင္ေအာင္လုပ္မလဲဆိုတာ ႀကိဳတင္ျပင္ဆင္ထားတဲ့ အစီအစဥ္ေလးပါ။ အခု ေက်းေက်း ရွင္းျပမွာကေတာ့ Product Designing မွာ အေရးပါတဲ့ ကၽြမ္းက်င္မႈျဖစ္တဲ့ Design Thinking အေၾကာင္းကို အက်ဥ္းခ်ံဳးေလး ရွင္းျပခ်င္ပါတယ္။

ကိုယ့္ကုန္ထုတ္ပစၥည္းရဲ႕ design thinking ကို စတင္စဥ္းစားတဲ့အခါမွာ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္က ျပႆနာေတြအတြက္ ေျဖရွင္းတဲ့ေနရာကေနစၿပီး စတင္စဥ္းစားပါတယ္။ အေရးႀကီးဆံုးက လူေတြက ကိုယ္နဲ႔ အသံုးမတည့္တဲ့ ပစၥည္းကိုမဝယ္ပါဘူး။ အရိုးရွင္းဆံုး ဥပမာတစ္ခုေပးရရင္ လူတိုင္းေမြးကတည္းကေန ေသဆံုးသြားတဲ့အထိ တစ္သက္လံုး ႀကံဳေတြ႕ရတာျပႆနာတစ္ခုရွိပါတယ္။ အဲ့ဒါက ဗိုက္ဆာတဲ့ျပႆနာပါ။ အဲ့ဒီျပႆနာကိုေျဖရွင္းႏိုင္ရင္ သူမ်ားအိတ္ထဲက ပိုက္ဆံေတြ ကိုယ့္အိတ္ထဲေရာက္လာမွာပါ။ အဲ့ဒီအတြက္ အလုပ္ေတြမ်ားတဲ့ ရပ္ကြက္ေတြမွာ ထမင္းဆိုင္ေတြ၊ လက္ဖက္ရည္ဆိုင္ေတြ ေပၚလာတာပါ။

Related article >>> နာမည္ေက်ာ္စြန္႔ဦးတီထြင္ အမ်ိဳးသမီးေတြ သူတို႔စီးပြားေရးကို ဘယ္လိုစခဲ့ၾကသလဲ။

အခုေနာက္ပိုင္းဆို City Mart ေတြမွာ ထမင္းပူပူ ဟင္းပူပူေတြ ဘူးေလးေတြနဲ႕ တင္ေရာင္းတာ ေတြ႕လာရပါတယ္။ အဲ့ဒါ design thinking ရဲ႕ ပထမအဆင့္ပါ။ အဲ့ဒီထက္ ပိုၿပီးတီထြင္ဖန္တီးမႈနဲ႕ ထပ္စဥ္းစားတဲ့အခါ ဟင္းေတြကို ၾကာၾကာခံေအာင္ ထိန္းသိမ္းဖို႕ကလည္း လူေတြရဲ႕ လိုအပ္ခ်က္တစ္ခုျဖစ္လာပါတယ္။ အဲ့ဒီေနာက္ပိုင္း စည္သြပ္ဘူး လုပ္ငန္းဟာလည္း တြင္က်ယ္လာၿပီး ၿပိဳင္ဆိုင္မႈေတြနဲ႔ မ်ားလာတာကို တီဗီေၾကာ္ျငာေတြမွာ ေတြ႕လာရမွာပါ။ အဲ့ဒီအခါ လူေတြရဲ႕ လိုအပ္ခ်က္ေတြနဲ႔ အကိုက္ညီဆံုး design thinking ကိုပိုင္ဆိုင္တဲ့ လုပ္ငန္းက ပိုၿပီးေအာင္ျမင္မႈကို ရရွိသြားပါတယ္။

ႏိုင္ငံတကာစီးပြားေရးလုပ္ငန္းကို ေလ့လာရင္းနဲ႔လည္း design thinking ကို ပိုၿပီးနားလည္လာႏိုင္ပါတယ္။ ဥပမာ အားကစားဖိနပ္လို႕ေျပာလိုက္တာနဲ႕ Nike ကိုေျပးျမင္မိမွာပါ။ Nike ရဲ႕ ရွဴးဖိနပ္ series ေတြထဲမွာ Flyknit Racer Shoes ရဲ႕ ဒီဇိုင္းနဲ႕ ကြာလတီ ေတာ္ေတာ္ကို နာမည္ႀကီးပါတယ္။ အားကစားဖိနပ္တစ္ရံမွာ ဒီဇိုင္း၊ ေစ်းႏႈန္း၊ သက္ေသာင့္သက္သာရွိမႈေတြကို မထုတ္လုပ္ခင္ ၿပီးျပည့္စံုမႈကို ရရွိဖို႕အတြက္ ၁၉၅ႀကိမ္ ဒီဇိုင္းဆြဲခဲ့ရပါတယ္။ အဲ့ဒါအျပင္ ဒီဇိုင္းဆြဲတဲ့အခါမွာ ဒီဇိုင္နာေတြခ်ည္း ဆြဲတာမဟုတ္ဘဲ Nike မွာ အလုပ္လုပ္တဲ့ ဝန္ထမ္းေတြကိုပါ ေခၚၿပီး ဆြဲပါေသးတယ္။ ၿပီးေတာ့ Nike ဝယ္ယူဝတ္ဆင္တဲ့သူေတြရဲ႕ တံု႔ျပန္မႈေတြကိုလည္း ထည့္သြင္းစဥ္းစားၿပီး ဒီဇိုင္းဆြဲခဲ့ပါတယ္။ အဲ့ဒါေၾကာင့္မို႕ Nike ရဲ႕ design thinking မွာ ထုတ္ကုန္ပစၥည္းတစ္ခုသက္သက္ပဲ မဟုတ္ဘဲ ဝယ္ယူသူေတြနဲ႔ ဝန္ထမ္းေတြအေပၚ ကိုယ္ခ်င္းစာစိတ္ပါ ပါဝင္ေနတာ ေတြ႕ႏိုင္ပါတယ္။

Related article >>> ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ ျဖစ္လုိပါလွ်င္….

အဲ့ဒါေၾကာင့္ ေယာင္းေယာင္းတို႔လည္း design thinking ကို စဥ္းစားတဲ့အခါ ကိုယ့္ရဲ႕ ကၽြမ္းက်င္မႈဟာ ဘာလဲေသခ်ာစီစစ္ပါ။ ကိုယ္က အႏုပညာမွာ ေတာ္တာလား၊ ဟင္းခ်က္တဲ့ေနရာမွာေတာ္တာလား၊ စာေရးတဲ့ေနရာမွာ ေတာ္တာလား၊ လက္မႈပစၥည္းေတြကိုဖန္တီးတဲ့ ေနရာမွာလား။ အဲ့ဒီအရာေတြကို Design Thinking နဲ႕ ထုတ္ကုန္တစ္ခုကို ပံုေဖာ္ၾကည့္ပါ။ Design Thinking ဟာေလ့က်င့္ရင္းနဲ႔ ပိုၿပီးေတာ့ ေကာင္းမြန္တဲ့ ထုတ္ကုန္ေတြအမ်ားႀကီးကို ဒီဇိုင္းေတြ ထြက္လာမွာပါ။ ကဲ…ေယာင္းေယာင္းတို႔ေရ ဒီေဆာင္းပါးေလးကိုဖတ္ၿပီး ဘယ္လိုထုတ္ကုန္မ်ိဳးကို ေတြးမိသြားလဲ။

ေက်းေက်း

>>> Unicode Version >>>

လုံးဝကို အသက်သွေးကြောပါ…

ယောင်းယောင်းတို့ရေ…ယောင်းယောင်းတို့ထဲမှာ စီးပွားရေးကို စိတ်ဝင်စားတဲ့သူတွေရှိလား။ ဒီနေ့တော့ ကျေးကျေးက အမျိုးသမီးလေးတွေ ကိုယ်ပိုင်အလုပ်စတင်လုပ်ဆောင်တဲ့အခါ လိုအပ်မယ့် လုပ်ဆောင်မှုလေးတွေနဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို လွယ်လွယ်ကူကူ နားလည်နိုင်အောင် ဝေမျှပေးသွားမှာပါ။

စီးပွားရေးတစ်ခုမှာ အရေးပါဆုံးယေဘုယျ လုပ်ရမယ့် အလုပ်က ၂မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ Product Designing နဲ့ Business Planning တွေဖြစ်တယ်။ အလွယ်ကူဆုံးပြောရမယ်ဆိုရင် Product Designing ဆိုတာက ကိုယ်ဘယ်ပစ္စည်းကို ရောင်းရမလဲကို စတင်စဉ်းစားတာပဲဖြစ်ပါတယ်။ Business Planning ကတော့ ကိုယ်ထုတ်လုပ်မယ့် ပစ္စည်းကနေ ပိုက်ဆံကို ဘယ်လိုဝင်အောင်ရှာမလဲ။ ရေရှည်ဘယ်လိုဝင်အောင်လုပ်မလဲဆိုတာ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်လေးပါ။ အခု ကျေးကျေး ရှင်းပြမှာကတော့ Product Designing မှာ အရေးပါတဲ့ ကျွမ်းကျင်မှုဖြစ်တဲ့ Design Thinking အကြောင်းကို အကျဉ်းချုံးလေး ရှင်းပြချင်ပါတယ်။

ကိုယ့်ကုန်ထုတ်ပစ္စည်းရဲ့ design thinking ကို စတင်စဉ်းစားတဲ့အခါမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ပြဿနာတွေအတွက် ဖြေရှင်းတဲ့နေရာကနေစပြီး စတင်စဉ်းစားပါတယ်။ အရေးကြီးဆုံးက လူတွေက ကိုယ်နဲ့ အသုံးမတည့်တဲ့ ပစ္စည်းကိုမဝယ်ပါဘူး။ အရိုးရှင်းဆုံး ဥပမာတစ်ခုပေးရရင် လူတိုင်းမွေးကတည်းကနေ သေဆုံးသွားတဲ့အထိ တစ်သက်လုံး ကြုံတွေ့ရတာပြဿနာတစ်ခုရှိပါတယ်။ အဲ့ဒါက ဗိုက်ဆာတဲ့ပြဿနာပါ။ အဲ့ဒီပြဿနာကိုဖြေရှင်းနိုင်ရင် သူများအိတ်ထဲက ပိုက်ဆံတွေ ကိုယ့်အိတ်ထဲရောက်လာမှာပါ။ အဲ့ဒီအတွက် အလုပ်တွေများတဲ့ ရပ်ကွက်တွေမှာ ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ ပေါ်လာတာပါ။

Related article >>> နာမည်ကျော်စွန့်ဦးတီထွင် အမျိုးသမီးတွေ သူတို့စီးပွားရေးကို ဘယ်လိုစခဲ့ကြသလဲ။

အခုနောက်ပိုင်းဆို City Mart တွေမှာ ထမင်းပူပူ ဟင်းပူပူတွေ ဘူးလေးတွေနဲ့ တင်ရောင်းတာ တွေ့လာရပါတယ်။ အဲ့ဒါ design thinking ရဲ့ ပထမအဆင့်ပါ။ အဲ့ဒီထက် ပိုပြီးတီထွင်ဖန်တီးမှုနဲ့ ထပ်စဉ်းစားတဲ့အခါ ဟင်းတွေကို ကြာကြာခံအောင် ထိန်းသိမ်းဖို့ကလည်း လူတွေရဲ့ လိုအပ်ချက်တစ်ခုဖြစ်လာပါတယ်။ အဲ့ဒီနောက်ပိုင်း စည်သွပ်ဘူး လုပ်ငန်းဟာလည်း တွင်ကျယ်လာပြီး ပြိုင်ဆိုင်မှုတွေနဲ့ များလာတာကို တီဗီကြော်ငြာတွေမှာ တွေ့လာရမှာပါ။ အဲ့ဒီအခါ လူတွေရဲ့ လိုအပ်ချက်တွေနဲ့ အကိုက်ညီဆုံး design thinking ကိုပိုင်ဆိုင်တဲ့ လုပ်ငန်းက ပိုပြီးအောင်မြင်မှုကို ရရှိသွားပါတယ်။

နိုင်ငံတကာစီးပွားရေးလုပ်ငန်းကို လေ့လာရင်းနဲ့လည်း design thinking ကို ပိုပြီးနားလည်လာနိုင်ပါတယ်။ ဥပမာ အားကစားဖိနပ်လို့ပြောလိုက်တာနဲ့ Nike ကိုပြေးမြင်မိမှာပါ။ Nike ရဲ့ ရှူးဖိနပ် series တွေထဲမှာ Flyknit Racer Shoes ရဲ့ ဒီဇိုင်းနဲ့ ကွာလတီ တော်တော်ကို နာမည်ကြီးပါတယ်။ အားကစားဖိနပ်တစ်ရံမှာ ဒီဇိုင်း၊ ဈေးနှုန်း၊ သက်သောင့်သက်သာရှိမှုတွေကို မထုတ်လုပ်ခင် ပြီးပြည့်စုံမှုကို ရရှိဖို့အတွက် ၁၉၅ကြိမ် ဒီဇိုင်းဆွဲခဲ့ရပါတယ်။ အဲ့ဒါအပြင် ဒီဇိုင်းဆွဲတဲ့အခါမှာ ဒီဇိုင်နာတွေချည်း ဆွဲတာမဟုတ်ဘဲ Nike မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေကိုပါ ခေါ်ပြီး ဆွဲပါသေးတယ်။ ပြီးတော့ Nike ဝယ်ယူဝတ်ဆင်တဲ့သူတွေရဲ့ တုံ့ပြန်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားပြီး ဒီဇိုင်းဆွဲခဲ့ပါတယ်။ အဲ့ဒါကြောင့်မို့ Nike ရဲ့ design thinking မှာ ထုတ်ကုန်ပစ္စည်းတစ်ခုသက်သက်ပဲ မဟုတ်ဘဲ ဝယ်ယူသူတွေနဲ့ ဝန်ထမ်းတွေအပေါ် ကိုယ်ချင်းစာစိတ်ပါ ပါဝင်နေတာ တွေ့နိုင်ပါတယ်။

Related article >>> အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လိုပါလျှင်….

အဲ့ဒါကြောင့် ယောင်းယောင်းတို့လည်း design thinking ကို စဉ်းစားတဲ့အခါ ကိုယ့်ရဲ့ ကျွမ်းကျင်မှုဟာ ဘာလဲသေချာစီစစ်ပါ။ ကိုယ်က အနုပညာမှာ တော်တာလား၊ ဟင်းချက်တဲ့နေရာမှာတော်တာလား၊ စာရေးတဲ့နေရာမှာ တော်တာလား၊ လက်မှုပစ္စည်းတွေကိုဖန်တီးတဲ့ နေရာမှာလား။ အဲ့ဒီအရာတွေကို Design Thinking နဲ့ ထုတ်ကုန်တစ်ခုကို ပုံဖော်ကြည့်ပါ။ Design Thinking ဟာလေ့ကျင့်ရင်းနဲ့ ပိုပြီးတော့ ကောင်းမွန်တဲ့ ထုတ်ကုန်တွေအများကြီးကို ဒီဇိုင်းတွေ ထွက်လာမှာပါ။ ကဲ…ယောင်းယောင်းတို့ရေ ဒီဆောင်းပါးလေးကိုဖတ်ပြီး ဘယ်လိုထုတ်ကုန်မျိုးကို တွေးမိသွားလဲ။

ကျေးကျေး

No Comments Yet

Comments are closed