ကုိယ္သေဘာက်ေနတဲ့ ရုံးကလုပ္ေဖာ္ကိုင္ဖက္နဲ႔ date လုပ္သင့္လား??

လုပ္ေဖာ္ကိုင္ဖက္ေတြကို သေဘာက်မိတာက အျပစ္မဟုတ္ပါဘူး။ ဒါေပမဲ့ တြဲသင့္ မတြဲသင့္ဆိုတာကေတာ့….

ခ်စ္ရတဲ့ေယာင္းတို႔ေရ…

အခ်စ္ဆိုတာ ဘယ္ေနရာ ဘယ္အခ်ိန္မွာမွျဖစ္ေပၚမယ္ ဘယ္သူနဲ႔ခ်စ္ဖို႔ျဖစ္လာမယ္ဆိုတာ ဘယ္သူမွမသိႏိုင္ပါဘူးေနာ္။ သြားရင္းလာရင္းနဲ႔လဲ ဆံုစည္းခ်င္ဆံုစည္းမယ္… ငယ္ငယ္က သူငယ္ခ်င္းေတြနဲ႔လဲ အေၾကာင္းပါခ်င္ပါမယ္။ လုပ္ငန္းခြင္မွာေရာ…??? ရင္ခုန္ဘက္ေတြ ေတြ႔ႏိုင္ပါတယ္။

ဒီလို ရင္ခုန္စရာလူေတြ ရုံးမွာေတြ႔လာရတဲ့အခါ သေဘာက်သင့္ရဲ႕လား?? တြဲသင့္ရဲ႕လား?? စဥ္းစားရခက္ေနရင္ ဒီအက္ဒမင္က ေကာင္းတာ ဆိုးတာေလးေတြကို ေျပာျပေပးမယ္ေလေနာ္…

  • အခ်ိန္သီးသန္႔ေပးစရာမလို…

ရုံးမွာ အလုပ္လုပ္တဲ့အခ်ိန္မွာ အလုပ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးတိုင္ပင္စရာေတြ ရွိရင္ အလုပ္လဲလုပ္၊ date လဲ date ဆိုေတာ့ သီးသန္႔အခ်ိန္ေပးစရာမလိုေတာ့ဘူးေပါ့။

  • ကူညီရာေရာက္မွာပါ။

သူနဲ႔ကိုယ္နဲ႔က department တစ္ခုတည္းျဖစ္ခဲ့ရင္ အလုပ္နဲ႔ ပတ္သက္တဲ့ ကိုယ္မွားေနတဲ့အရာေတြ၊ ကုိယ္လိုအပ္ေနတဲ့အရာေတြကို အခ်င္းခ်င္း အျပန္အလွန္ေထာက္ျပလို႔ရေတာ့ နားလည္မႈလည္း ပိုတိုးတာေပါ့ေနာ္။

Related Article >>> လုပ္ငန္းခြင္မွာ စတိုင္လ္က် လွပေနေစဖို ့

  • စိတ္ညစ္စရာေတြ ၾကာၾကာမခံႏိုင္ေတာ့ပါဘူး…

အလုပ္မွာ စိတ္ညစ္စရာေတြရွိလာတဲ့အခါ ဒီစိတ္ညစ္စရာေတြကို အိမ္ျပန္ေရာက္မွ ဖုန္းဆက္ၿပီး ရင္ဖြင့္စရာမလိုေတာ့ပါဘူး။ ကိုယ့္ကို အၿမဲႏွစ္သိမ့္ေပးမယ့္လူ အနီးအနားမွာပဲ ရွိတယ္ဆိုတာ သိပ္ကို ၾကည္ႏူးစရာေကာင္းေနမွာ အေသအခ်ာပါေနာ္။

  • အိမ္ျပန္ေနာက္က်တာေတြအတြက္ သိပ္ရွင္းျပေနစရာမလိုေတာ့ဘူးေပါ့…

တစ္ရုံးတည္းေန၊ အလုပ္တူတူလုပ္တဲ့အတြက္ Overtime (အခ်ိန္ပို) ရွိလို႔ ေနာက္က်မွာေတြ၊ Team dinner (အလုပ္ညစာစားပြဲေတြ) ရွိလို႔ အိမ္ျပန္မိုးခ်ဳပ္မွာေတြအတြက္ စိတ္ပူေနစရာမလိုေတာ့ပါဘူး… ၿပီးေတာ့ သဝန္တို အူတို ကိစၥေလးေတြလဲ မရွိႏိုင္ေတာ့ဘူးေပါ့….

Related Article >>> Date လုပ္တာနဲ႔ ႏွစ္ေယာက္အတူ အျပင္ထြက္လည္တာ အတူတူပဲလား။

ဒီလုိဆို ရုံးက လုပ္ေဖာ္ကုိင္ဖက္ကို ခ်စ္သင့္ၿပီလား?? တြဲသင့္ၿပီလား?? ခဏေနပါဦး… ဆိုးက်ိဳးေလးေတြ ေျပာျပေပးမယ္ေနာ္…

  • အလုပ္က လုပ္ေဖာ္ကိုင္ဖက္နဲ႔ အခ်စ္အေၾကာင္းေတြမွာပဲ စိတ္ေရာက္ေနတဲ့အခါ ကိုယ့္ရဲ႕ work performance ကို အမ်ားႀကီးထိခိုက္ႏိုင္ပါတယ္။ ဒီအခ်က္ကပဲ တစ္ခ်ိဳ႕ရုံးေတြမွာ လုပ္ေဖာ္ကိုင္ဖက္ခ်င္း မ date ရဆိုတဲ့ rule ေတြေပၚလာေစတာေပါ့။
  • Relationship ဆိုတာအခ်ိန္ၾကာလာတာနဲ႔အမွ် ေအးစက္သြားတဲ့ သဘာဝမ်ိဳးရွိတတ္ပါတယ္။ အစပိုင္းမွာေတာ့ ခဏခဏေတြ႔ရ၊ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို သူနဲ႔အတူျဖတ္သန္းရလို႔ အားက်ရတဲ့ စံုတြဲေလးရယ္လို႔သတ္မွတ္ႏိုင္ၾကေပမဲ့ ေတြ႔ပါမ်ားလာတဲ့အခါမွာ မရိုးအီလာဘူး စိတ္မကုန္ႏိုင္ဘူးလို႔ တပ္အပ္ေျပာႏိုင္ပါ့မလား??
  • မေတာ္္တဆ ဒီ relationship ႀကီး ျပတ္စဲသြားခဲ့ရင္…

ေက်ာင္းတုန္းက ကိုယ္တြဲတဲ့လူနဲ႔ ျပတ္သြားတဲ့အခါ မေခၚမေျပာေတြျဖစ္ၿပီး သူနဲ႔နီးစပ္ရာေတြနဲ႔ပါ မေပါင္းသင္းၾကေတာ့တာ ဟုတ္?? ခုအဲ့ထက္ အဆေပါင္းမ်ားစြာ ပိုဆိုးပါတယ္။ အလုပ္ေၾကာင့္ မေခၚမေျပာလို႔ကလဲ မရ၊ သူနဲ႔ ကိုယ္နဲ႔ကလဲ ျပတ္စဲထား…. ေတာ္ေတာ္ကို ေနရခက္မယ့္ အေျခအေနမ်ိဳးပါ။

  • ဒီၾကားထဲမွာ တစ္ေယာက္ေယာက္က ရာထူးတိုးၿပီး ေျပာင္းတာေရႊ႕တာ၊ အလုပ္ေျပာင္းတာေတြ ျဖစ္ခဲ့ရင္ ေတာ္ေတာ္ကို ညွိယူရေတာ့မယ့္ အေနအထားမ်ိဳးပါ။
  • လူသိရွင္ၾကားတြဲတာဟာ ျပႆနာမဟုတ္ေပမဲ့ တိတ္တဆိတ္တြဲတဲ့အခါ နံရံမွာနားေတြ ရွိတယ္ဆိုသလိုပဲ အခ်င္းခ်င္းေျပာမိရာက တျဖည္းျဖည္းေပါက္ၾကား အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ေတြ ျဖစ္တတ္ပါတယ္။

ကဲ ဒီလိုဆို ကိုယ္သေဘာက်ေနတဲ့ လုပ္ေဖာ္ကိုင္ဖက္ကို တြဲသင့္ မတြဲသင့္ ဆံုးျဖတ္ဖို႔အတြက္ လံုေလာက္ၿပီထင္ပါတယ္ေနာ္။

သာယာလွပတဲ့ အခ်စ္ေရးေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း….

Thu ( For Her Myanmar )

Reference : US News , Love & Harmony

Unicode

လုပ်ဖော်ကိုင်ဖက်တွေကို သဘောကျမိတာက အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ တွဲသင့် မတွဲသင့်ဆိုတာကတော့….

ချစ်ရတဲ့ယောင်းတို့ရေ…

အချစ်ဆိုတာ ဘယ်နေရာ ဘယ်အချိန်မှာမှဖြစ်ပေါ်မယ် ဘယ်သူနဲ့ချစ်ဖို့ဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူးနော်။ သွားရင်းလာရင်းနဲ့လဲ ဆုံစည်းချင်ဆုံစည်းမယ်… ငယ်ငယ်က သူငယ်ချင်းတွေနဲ့လဲ အကြောင်းပါချင်ပါမယ်။ လုပ်ငန်းခွင်မှာရော…??? ရင်ခုန်ဘက်တွေ တွေ့နိုင်ပါတယ်။

ဒီလို ရင်ခုန်စရာလူတွေ ရုံးမှာတွေ့လာရတဲ့အခါ သဘောကျသင့်ရဲ့လား?? တွဲသင့်ရဲ့လား?? စဉ်းစားရခက်နေရင် ဒီအက်ဒမင်က ကောင်းတာ ဆိုးတာလေးတွေကို ပြောပြပေးမယ်လေနော်…

  • အချိန်သီးသန့်ပေးစရာမလို…

ရုံးမှာ အလုပ်လုပ်တဲ့အချိန်မှာ အလုပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်စရာတွေ ရှိရင် အလုပ်လဲလုပ်၊ date လဲ date ဆိုတော့ သီးသန့်အချိန်ပေးစရာမလိုတော့ဘူးပေါ့။

  • ကူညီရာရောက်မှာပါ။

သူနဲ့ကိုယ်နဲ့က department တစ်ခုတည်းဖြစ်ခဲ့ရင် အလုပ်နဲ့ ပတ်သက်တဲ့ ကိုယ်မှားနေတဲ့အရာတွေ၊ ကိုယ်လိုအပ်နေတဲ့အရာတွေကို အချင်းချင်း အပြန်အလှန်ထောက်ပြလို့ရတော့ နားလည်မှုလည်း ပိုတိုးတာပေါ့နော်။

Related Article >>> လုပ်ငန်းခွင်မှာ စတိုင်လ်ကျ လှပနေစေဖို့

  • စိတ်ညစ်စရာတွေ ကြာကြာမခံနိုင်တော့ပါဘူး…

အလုပ်မှာ စိတ်ညစ်စရာတွေရှိလာတဲ့အခါ ဒီစိတ်ညစ်စရာတွေကို အိမ်ပြန်ရောက်မှ ဖုန်းဆက်ပြီး ရင်ဖွင့်စရာမလိုတော့ပါဘူး။ ကိုယ့်ကို အမြဲနှစ်သိမ့်ပေးမယ့်လူ အနီးအနားမှာပဲ ရှိတယ်ဆိုတာ သိပ်ကို ကြည်နူးစရာကောင်းနေမှာ အသေအချာပါနော်။

  • အိမ်ပြန်နောက်ကျတာတွေအတွက် သိပ်ရှင်းပြနေစရာမလိုတော့ဘူးပေါ့…

တစ်ရုံးတည်းနေ၊ အလုပ်တူတူလုပ်တဲ့အတွက် Overtime (အချိန်ပို) ရှိလို့ နောက်ကျမှာတွေ၊ Team dinner (အလုပ်ညစာစားပွဲတွေ) ရှိလို့ အိမ်ပြန်မိုးချုပ်မှာတွေအတွက် စိတ်ပူနေစရာမလိုတော့ပါဘူး… ပြီးတော့ သဝန်တို အူတို ကိစ္စလေးတွေလဲ မရှိနိုင်တော့ဘူးပေါ့….

Related Article >>> Date လုပ်တာနဲ့ နှစ်ယောက်အတူ အပြင်ထွက်လည်တာ အတူတူပဲလား။

ဒီလိုဆို ရုံးက လုပ်ဖော်ကိုင်ဖက်ကို ချစ်သင့်ပြီလား?? တွဲသင့်ပြီလား?? ခဏနေပါဦး… ဆိုးကျိုးလေးတွေ ပြောပြပေးမယ်နော်…

  • အလုပ်က လုပ်ဖော်ကိုင်ဖက်နဲ့ အချစ်အကြောင်းတွေမှာပဲ စိတ်ရောက်နေတဲ့အခါ ကိုယ့်ရဲ့ work performance ကို အများကြီးထိခိုက်နိုင်ပါတယ်။ ဒီအချက်ကပဲ တစ်ချို့ရုံးတွေမှာ လုပ်ဖော်ကိုင်ဖက်ချင်း မ date ရဆိုတဲ့ rule တွေပေါ်လာစေတာပေါ့။
  • Relationship ဆိုတာအချိန်ကြာလာတာနဲ့အမျှ အေးစက်သွားတဲ့ သဘာဝမျိုးရှိတတ်ပါတယ်။ အစပိုင်းမှာတော့ ခဏခဏတွေ့ရ၊ အချိန်တော်တော်များများကို သူနဲ့အတူဖြတ်သန်းရလို့ အားကျရတဲ့ စုံတွဲလေးရယ်လို့သတ်မှတ်နိုင်ကြပေမဲ့ တွေ့ပါများလာတဲ့အခါမှာ မရိုးအီလာဘူး စိတ်မကုန်နိုင်ဘူးလို့ တပ်အပ်ပြောနိုင်ပါ့မလား??
  • မတော်တဆ ဒီ relationship ကြီး ပြတ်စဲသွားခဲ့ရင်…

ကျောင်းတုန်းက ကိုယ်တွဲတဲ့လူနဲ့ ပြတ်သွားတဲ့အခါ မခေါ်မပြောတွေဖြစ်ပြီး သူနဲ့နီးစပ်ရာတွေနဲ့ပါ မပေါင်းသင်းကြတော့တာ ဟုတ်?? ခုအဲ့ထက် အဆပေါင်းများစွာ ပိုဆိုးပါတယ်။ အလုပ်ကြောင့် မခေါ်မပြောလို့ကလဲ မရ၊ သူနဲ့ ကိုယ်နဲ့ကလဲ ပြတ်စဲထား…. တော်တော်ကို နေရခက်မယ့် အခြေအနေမျိုးပါ။

  • ဒီကြားထဲမှာ တစ်ယောက်ယောက်က ရာထူးတိုးပြီး ပြောင်းတာရွှေ့တာ၊ အလုပ်ပြောင်းတာတွေ ဖြစ်ခဲ့ရင် တော်တော်ကို ညှိယူရတော့မယ့် အနေအထားမျိုးပါ။
  • လူသိရှင်ကြားတွဲတာဟာ ပြဿနာမဟုတ်ပေမဲ့ တိတ်တဆိတ်တွဲတဲ့အခါ နံရံမှာနားတွေ ရှိတယ်ဆိုသလိုပဲ အချင်းချင်းပြောမိရာက တဖြည်းဖြည်းပေါက်ကြား အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တွေ ဖြစ်တတ်ပါတယ်။

ကဲ ဒီလိုဆို ကိုယ်သဘောကျနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို တွဲသင့် မတွဲသင့် ဆုံးဖြတ်ဖို့အတွက် လုံလောက်ပြီထင်ပါတယ်နော်။

သာယာလှပတဲ့ အချစ်ရေးလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း….

Thu ( For Her Myanmar )

Reference : US News , Love & Harmony

No Comments Yet

Comments are closed