LDRS တွေသာ နားလည်နိုင်တဲ့ အခက်အခဲ (၆)ခု

ရေခြားမြေခြား အချစ်ရေး တစ်ခုကို တည်ဆောက်မယ်ဆိုရင် ဒီဒုက္ခတွေနဲ့တော့ မကင်းပါဘူး။

အဝေးရောက် ချစ်သူဖြစ်ရတာ တကယ်တမ်းတော့ မလွယ်လှ ။ ရိုမန့်တစ် ဆန်တယ်လို့ ပြောလို့ ရပေမယ့်လည်း ခိုင်မြဲဖို့ဆိုတာ တကယ်ခက်ခဲလှပါတယ်။နားလည်မှု ၊ ယုံကြည်မှု၊ သစ္စာရှိမှုတွေအပြည့်အဝကို ပေးနိုင်မှ အဆင်ပြေမှာပါ။ LDRS ကို ထိန်းသိမ်းထားနိုင်တဲ့ စုံတွဲဆိုတာရှားပါတယ်။ တကယ်ကြာရှည် ထိန်းသိမ်းနိုင်တဲ့ LDRS တွေကိုတော့ လေးစားပါတယ်။ ဒါပေမယ့်လည်း ဒီအခက်အခဲလေးတွေကြောင့်တော့ စိတ်အနှောင့်အယှက်ဖြစ်ရတာတော့ အမှန်ပဲဟုတ်?

၁။ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ ခွင့်မရ

ရည်းစားထားပြီ ဆိုတည်းက တစ်ယောက်နဲ့  တစ်ယောက် လက်ကိုင်ပြီးလမ်းလျှောက်တာတို့  ၊ ၀မ်းနည်းနေတဲ့ အချိန်မှာ ဖက်ထားပေးတာတို့  ရှိရမှာပေါ့ ။ LDRS တွေမှာ ဒါမျိုးက အလှမ်းဝေးလှပါတယ်။ ဒါကို သည်းခံနိုင်လို့ LDRS ထားတယ်ဆိုပေမယ့် တကယ်ကိုယ်လိုအပ်တဲ့အချိန်မှာ မရှိရင် အတော်သည်းခံရခက်ပါတယ်။

၂။ စိတ်မချတာတွေ သဝန်တိုတာတွေ

ဒါကတော့ LDRSမှ မဟုတ်ဘူး။ အနီးနားမှာ ရှိနေတဲ့ ချစ်သူတွေလည်း ကြုံတာပဲ ဆိုပေမယ့် LDRS က ပိုဆိုးပါတယ်။ ရေမြေခြားမှာရောက်နေတဲ့ ကိုယ့်ချစ်သူက ဒီညတော့ ညစာစားပွဲရှိလို့  ဖုန်းမပြောနိုင်တော့ဘူးလို့  ပြောလိုက်ရင် ဒီဘက်က ကိုယ်တွေအတွေးထဲမှာတော့ ညစာစားပွဲမှာ ကောင်မလေးပါလား ၊ တကယ်ရော ညစာစားပွဲ ဟုတ်ရဲ့ လားဆိုပြီး သံသယပေါင်းများစွာနဲ့  အတွေးနယ်လွန်နေရော။ ယောက်ျားလေးရော မိန်းကလေးရော ဒီအတွေးကိုယ်စီ ရှိတတ်ကြပါတယ်။ နှစ်ယောက်သား စကားပြောလိုက်မှသာ အဲ့အတွေးတွေ ပျောက်သွားတာ။

၃။ အမှတ်တရနေ့တွေဆိုရင်လည်း

LDRS တွေမှာ ကိုယ့်ချစ်သူနဲ့ ဆက်သွယ်ရဖို့ က ဖုန်းခေါ်မယ် ၊ စာပို့ မယ် …မဟုတ်ရင် အင်တာနက်နဲ့  ဗီဒီယိုချက်မယ်… ဒါပဲရှိတာလေ.. အမှတ်တရရက်တေ။ွမှာ ကိုယ့်ချစ်သူနဲ့  အတူရှိချင်ရင်တော့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ လေယာဉ်စီးပြီး ကိုယ့်ချစ်သူရှိရာနေရာသွားရမှာပဲ .. လေယာဉ်စီးရတာကလည်း ဘတ်စ်ကားစီးသလို တစ်ရာ ၊ နှစ်ရာနဲ့  ပြီးသွားတာ မဟုတ်ဘူးလေ ။အမှတ်တရနေ့တိုင်းသာ လေယာဉ်နဲ့သာသွားကြည့်ပါလား။ မွဲကိန်းကဆိုက်ဖို့ ၁၀၀ရာခိုင်နှုန်း အသေအချာပဲ။ဒါကြောင့် ရှေ့ရေးအတွက်ကိုသာ မျှော်မှန်းပြီး ကြိတ်မှိတ် သည်းခံလိုက်ရတာများပါတယ်။

၎။ အချိန်ကွာဟချက်ကလည်း ဒုက္ခပေးသေး

သိတဲ့အတိုင်းပဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံက အချိန်တွေမတူတဲ့ အခါကြတော့ ဆက်သွယ်ရတာ နည်းနည်းတော့ ဒုက္ခရောက်ပါတယ် .. ကိုယ်အားတဲ့အချိန် သူမအားတာတို့ ၊ ကိုယ့်ဘက်မှာ ညဘက်ဖြစ်နေချိန်မှာ သူ့ ဘက်မှာတော့ နေ့ ဘက်တွေဖြစ်နဲ့ … အဲ့ဒါကလည်း အခက်အခဲ တစ်ခုပါပဲ။

၅။လိုင်းမကောင်းရင်ပိုဆိုး

ဒါကတော့ လိုင်းမကောင်းတဲ့နယ်မြေဒေသမှာ နေရတဲ့သူတွေရဲ့ ဒုက္ခပါ။ ဟယ်လိုကို အခါတစ်ရာပြောနေရတဲ့အခါ လွမ်းတဲ့စိတ်ထက် ဒေါသထွက်စိတ်က ပိုများလာပါတယ်။ လိုင်းမကောင်းလို့ထွက်လာတဲ့ တီ တီ တီ မြည်သံက LDRS တွေ အဖို့ အတော်နားကြားပြင်းကပ်ဖို့ကောင်းပါတယ်။

၆။ တစ်ယောက်နဲ့ တစ်ယောက်မငြီးငွေ့ဖို့အရေး

LDRS တွေမှာ အမြဲတမ်း ကိုယ်ဒီနေ့ ဘယ်သွားမယ် ၊ ဘာစားမယ် ဆိုပြီး ကိုယ်ရဲ့ နေ့ စဉ်ဘ၀ကို ရှဲရင်ရှဲ ၊ ဒါမှမဟုတ်ရင် ဒီနေ့  ကိုယ်ဝတ်ထားပုံလေးတွေ ပို့ ပေး … တစ်နေ့ တစ်နေ့  အဲဒါတွေပဲ လုပ်နေရတဲ့အခါ ပျင်းလာရော.. အချိန်ကြာလာရင် တစ်ယောက်နဲ့ တစ်ယောက်က ပြောစရာစကား မရှိလောက်အောင် ဖြစ်မိတာမျိုးပေါ့။ ဒါမျိုး ကြုံလာတဲ့အခါ အမှတ်တရလက်ဆောင်လေးတွေ အပြန်အလှန်ပို့ရင်း အမှတ်တရလေးတွေ ပြန်တူးဖော်ရတာပေါ့။

ဒီလို အခက်အခဲတွေက တကယ်တော့ ချစ်သူရည်းစား ဆက်ဆံရေးကြား စိတ်အနှောင့်အယှက်ပေးတယ်ဆိုတာထက် နှစ်ဦးကြားဆက်ဆံရေးအေးစက်သွားဖို့လည်း အကြောင်းအရင်းဖြစ်သွားနိုင်ပါတယ်။ ဒါကို ကျော်ဖြတ်ဖို့  တကယ်က မလွယ်ပါဘူး။ မလွယ်ပေမယ့်လည်း ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ်။ ဒါကတော့ နောက်တစ်ပတ်နေမှပဲ တင်ပေးပါ့မယ်နော်။

ချစ်သူစုံတွဲအားလုံးပေါင်းဖက်နိုင်ကြပါစေ ။

Hana ( For Her Myanmar )

No Comments Yet

Comments are closed