ေအာက္လက္ငယ္သားေတြ မ်က္မုန္းက်ိဳးေလာက္တဲ့ ပါေလရာ မန္ေနဂ်ာ ျဖစ္ေနၿပီလား

ငါးပိခ်က္တိုင္း ေကာင္းတာ မဟုတ္ဘူးေနာ္ :3

ေယာင္းတို႔ေရ..စီမံခန္႔ခြဲမႈနဲ႔ ပတ္သက္လာရင္ သိထားသင့္တဲ့ အရာႏွစ္ခုက လုပ္ပိုင္ခြင့္ေပးၿပီး ခိုင္းမလား ဒါမွမဟုတ္ အစကေန အဆံုး အေသးစိတ္ကို လိုက္ၿပီး ပါေလရာ ငါးပိခ်က္ လုပ္ေနမလား ဆုိတာပါပဲ။ တခ်ိဳ႕ အလုပ္ရွင္ေတြက ေအာက္လက္ငယ္သားကို လုပ္ပုိင္ခြင့္မေပးဘဲ အရာရာ ဝင္ပါရတာ ႀကိဳက္တတ္ၾကပါတယ္။ ဒီလိုလုပ္မွ လုပ္ငန္းမွာ အေလအလြင့္နည္းၿပီး အျမတ္ပိုက်န္မယ္လို႔ ထင္ၾကေပမဲ့ အက်ိဳးဆက္က ဘာျဖစ္လာလဲဆိုေတာ့ လူမုန္းမ်ားသြားပါတယ္။ ဒီလိုမ်ိဳး ပါေလရာ ငါးပိခ်က္ အလုပ္ရွင္ / မန္ေနဂ်ာ ျဖစ္ေနၿပီဆိုတာကိုလည္း ေယာင္းတို႔ကိုယ္တိုင္ သတိမထားမိတတ္ၾကပါဘူး။

ဒီေတာ့ ဘယ္လိုလကၡဏာေတြက micromanager ျဖစ္ေစမွန္း ေယာင္းတို႔ကိုယ္တိုင္ သိႏိုင္မလဲဆိုတဲ့ အခ်က္ေတြကို ခုလိုမ်ိဳး ေဝမွ်ေပးလိုက္ပါတယ္။

Related Article >>> ဝယ္ယူေရး မန္ေနဂ်ာတစ္ဦးရဲ႕ တစ္ေန႔တာဘဝ

၁။ ေအာက္လက္ငယ္သားေတြ လုပ္သမွ် အစည္းအေဝးတိုင္းမွာ ပါတတ္တယ္။

ဝန္ထမ္းခန္႔တယ္ ဆိုကတည္းက ကိုယ္တိုင္ မလုပ္ခ်င္လို႔ကို အငွားလုပ္ခိုင္းတဲ့ သေဘာပါပဲ။ အဲ…ဒီလိုမွ မဟုတ္ဘဲ ပါေလရာ ငါးပိခ်က္ လိုက္လုပ္ၿပီး ေအာက္လက္ငယ္သားေတြ စည္းေဝးသမွ် လုိက္ပါေနမယ္ဆိုရင္ေတာ့ သူတို႔ရဲ႕ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ကို အေလးမထားဘူးဆိုတဲ့ သေဘာပါပဲ။

၂။ ေယာင္းအတြက္ အလုပ္လုပ္ေပးေနသူတိုင္းက စြမ္းေဆာင္ရည္နိမ့္တယ္လို႔ ထင္ေနမိတယ္။

ဝန္ထမ္းေတြ စြမ္းေဆာင္ရည္နိမ့္တယ္ ဆိုတာက ကိုယ္ လူေရြးမွားလို႔လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ေသခ်ာစိစစ္ၿပီးမွ ေရြးခ်ယ္ထားတဲ့ ဝန္ထမ္းတိုင္းကို စြမ္းေဆာင္ရည္က်ေနတယ္လို႔ ထင္ရင္ေတာ့ ေယာင္းနဲ႔ ေယာင္းရဲ႕ စံႏႈန္းမွာပဲ ျပႆနာ ရွိေနတာပါ။ စြမ္းေဆာင္ရည္ျမင့္တဲ့ ဝန္ထမ္းေတြဆိုတာကလည္း ပစိပစပ္ မ်ားတဲ့ အလုပ္ရွင္ေအာက္မွာ ၾကာၾကာမေနႏိုင္လို႔ေယာင္းဆီမွာ လူညံ့ေတြပဲ က်န္ေတာ့တာလည္း ျဖစ္ႏိုင္ပါတယ္။ 

၃။ ျပႆနာတိုင္းကို ဝင္ေရာက္ေျဖရွင္းျပီး ဆံုးျဖတ္ခ်က္ခ်ေပးတယ္။

ဝန္ထမ္းတစ္ေယာက္က ျပႆနာတက္ၿပီဆိုရင္ ေျဖရွင္းေပးႏုိင္ဖို႔ အဆင္သင့္ရွိေနတာက  မန္ေနဂ်ာေကာင္းပါပဲ။ ဒါေပမဲ့ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ ခ်ႏိုင္ခြင့္ေတြကေတာ့ ဒီဝန္ထမ္းမွာ ဆံုးရံႈးသြားပါတယ္။ အရင္ဆံုး သူတို႔ ေျဖရွင္းခ်က္ကို နားေထာင္ၿပီးမွ ကိုယ့္ဘက္က မွားသည္ မွန္သည္ အၾကံေပးတာ အေကာင္းဆံုးပါပဲ။

Related article>>> မန္ေနဂ်ာတစ္ေယာက္ လုပ္ကိုလုပ္ရမယ့္ စီမံခန္႔ခြဲမႈဆိုင္ရာ အေျခခံလုပ္ငန္းစဥ္ (၄)ခ်က္

၄။ အလုပ္ကို လက္လႊဲေပးရမွာ ဝန္ေလးတယ္။

ငါတစ္ေယာက္တည္းပဲ ေျဖရွင္းလိုက္တာက ပိုျမန္ ပိုေကာင္းတယ္။ သူတို႔ကို စိတ္မခ်လို႔ ဘာတစ္ခုမွ လက္လႊဲမေပးခ်င္ဘူး ဆိုရင္ေတာ့ အက်ိဳးဆက္အေနနဲ႔ ရွိသမွ် အလုပ္ေတြက ေယာင္းဆီမွာ စုျပံဳေနမွာပါ။ ဒီေတာ့ ဝန္ထမ္းေတြအေပၚမွာ ယံုၾကည္မႈထားၿပီး အမွား လုပ္ခဲ့မိရင္ေတာင္မွ ဒီအမွားထဲက သင္ယူႏိုင္ခြင့္ ေပးရပါမယ္။

၅။ လိုတာထက္ ပိုၿပီး ညႊန္ၾကားတယ္

ရိုးရိုးရွင္းရွင္း အလုပ္ကိုေတာင္မွ ဆန္းဆန္းျပားျပား ညႊန္ၾကားခ်က္ေတြ ေပးၿပီး ခိုင္းတတ္သူ တစ္ေယာက္ဆိုရင္ေတာ့ က်ိန္းေသပါတယ္။ လက္ေအာက္ဝန္ထမ္းေတြ တိုင္ပတ္ပါၿပီ။ ဒီလိုမ်ိဳးေတြ ခိုင္းၿပီး ရလဒ္ေကာင္းထြက္လာတဲ့အခါမွာလည္း ႀကိဳးစားမႈကို အသိအမွတ္ျပဳ မခံရဘူးဆိုရင္ သူတို႕လည္း အလုပ္အေပၚမွာ စိတ္ပ်က္သြားမွာ အေသခ်ာပါ။

ဒီအခ်က္ေတြက ကိုယ္နဲ႔ ၿငိေနၿပီလား ျပန္ဆန္းစစ္ပါ။ ၿငိေနၿပီဆုိရင္ေတာ့ ေျပာင္းလဲဖုိ႔ အခ်ိန္တန္ပါၿပီ ေယာင္းေရ… စီမံခန္႔ခြဲမႈေကာင္းၿပီး စြမ္းေဆာင္ရည္ျမင့္တဲ့ မန္ေနဂ်ာေကာင္းတစ္ေယာက္ ျဖစ္ႏုိင္ပါေစေနာ္..

Rerferences: inc, workzone

With love

Ei Mon (For Her Myanmar)

 <<< Unicode >>>

ငါးပိချက်တိုင်း ကောင်းတာ မဟုတ်ဘူးနော် :3

ယောင်းတို့ရေ..စီမံခန့်ခွဲမှုနဲ့ ပတ်သက်လာရင် သိထားသင့်တဲ့ အရာနှစ်ခုက လုပ်ပိုင်ခွင့်ပေးပြီး ခိုင်းမလား ဒါမှမဟုတ် အစကနေ အဆုံး အသေးစိတ်ကို လိုက်ပြီး ပါလေရာ ငါးပိချက် လုပ်နေမလား ဆိုတာပါပဲ။ တချို့ အလုပ်ရှင်တွေက အောက်လက်ငယ်သားကို လုပ်ပိုင်ခွင့်မပေးဘဲ အရာရာ ဝင်ပါရတာ ကြိုက်တတ်ကြပါတယ်။ ဒီလိုလုပ်မှ လုပ်ငန်းမှာ အလေအလွင့်နည်းပြီး အမြတ်ပိုကျန်မယ်လို့ ထင်ကြပေမဲ့ အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ လူမုန်းများသွားပါတယ်။ ဒီလိုမျိုး ပါလေရာ ငါးပိချက် အလုပ်ရှင် / မန်နေဂျာ ဖြစ်နေပြီဆိုတာကိုလည်း ယောင်းတို့ကိုယ်တိုင် သတိမထားမိတတ်ကြပါဘူး။

ဒီတော့ ဘယ်လိုလက္ခဏာတွေက micromanagers မှန်း ယောင်းတို့ကိုယ်တိုင် သိနိုင်မလဲဆိုတဲ့ အချက်တွေကို ခုလိုမျိုး ဝေမျှပေးလိုက်ပါတယ်။

Related Article >>> ဝယ်ယူရေး မန်နေဂျာတစ်ဦးရဲ့ တစ်နေ့တာဘဝ

၁။ အောက်လက်ငယ်သားတွေ လုပ်သမျှ အစည်းအဝေးတိုင်းမှာ ပါတတ်တယ်။

ဝန်ထမ်းခန့်တယ် ဆိုကတည်းက ကိုယ်တိုင် မလုပ်ချင်လို့ကို အငှားလုပ်ခိုင်းတဲ့ သဘောပါပဲ။ အဲ…ဒီလိုမှ မဟုတ်ဘဲ ပါလေရာ ငါးပိချက် လိုက်လုပ်ပြီး အောက်လက်ငယ်သားတွေ စည်းဝေးသမျှ လိုက်ပါနေမယ်ဆိုရင်တော့ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အလေးမထားဘူးဆိုတဲ့ သဘောပါပဲ။

၂။ ယောင်းအတွက် အလုပ်လုပ်ပေးနေသူတိုင်းက စွမ်းဆောင်ရည်နိမ့်တယ်လို့ ထင်နေမိတယ်။

ဝန်ထမ်းတွေ စွမ်းဆောင်ရည်နိမ့်တယ် ဆိုတာက ကိုယ် လူရွေးမှားလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သေချာစိစစ်ပြီးမှ ရွေးချယ်ထားတဲ့ ဝန်ထမ်းတိုင်းကို စွမ်းဆောင်ရည်ကျနေတယ်လို့ ထင်ရင်တော့ ယောင်းနဲ့ ယောင်းရဲ့ စံနှုန်းမှာပဲ ပြဿနာ ရှိနေတာပါ။ စွမ်းဆောင်ရည်မြင့်တဲ့ ဝန်ထမ်းတွေဆိုတာကလည်း ပစိပစပ် များတဲ့ အလုပ်ရှင်အောက်မှာ ကြာကြာမနေနိုင်လို့ယောင်းဆီမှာ လူညံ့တွေပဲ ကျန်တော့တာလည်း ဖြစ်နိုင်ပါတယ်။ 

၃။ ပြဿနာတိုင်းကို ဝင်ရောက်ဖြေရှင်းပြီး ဆုံးဖြတ်ချက်ချပေးတယ်။

ဝန်ထမ်းတစ်ယောက်က ပြဿနာတက်ပြီဆိုရင် ဖြေရှင်းပေးနိုင်ဖို့ အဆင်သင့်ရှိနေတာက  မန်နေဂျာကောင်းပါပဲ။ ဒါပေမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်ခွင့်တွေကတော့ ဒီဝန်ထမ်းမှာ ဆုံးရှုံးသွားပါတယ်။ အရင်ဆုံး သူတို့ ဖြေရှင်းချက်ကို နားထောင်ပြီးမှ ကိုယ့်ဘက်က မှားသည် မှန်သည် အကြံပေးတာ အကောင်းဆုံးပါပဲ။

Related article>>> မန်နေဂျာတစ်ယောက် လုပ်ကိုလုပ်ရမယ့် စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံလုပ်ငန်းစဉ် (၄)ချက်

၄။ အလုပ်ကို လက်လွှဲပေးရမှာ ဝန်လေးတယ်။

ငါတစ်ယောက်တည်းပဲ ဖြေရှင်းလိုက်တာက ပိုမြန် ပိုကောင်းတယ်။ သူတို့ကို စိတ်မချလို့ ဘာတစ်ခုမှ လက်လွှဲမပေးချင်ဘူး ဆိုရင်တော့ အကျိုးဆက်အနေနဲ့ ရှိသမျှ အလုပ်တွေက ယောင်းဆီမှာ စုပြုံနေမှာပါ။ ဒီတော့ ဝန်ထမ်းတွေအပေါ်မှာ ယုံကြည်မှုထားပြီး အမှား လုပ်ခဲ့မိရင်တောင်မှ ဒီအမှားထဲက သင်ယူနိုင်ခွင့် ပေးရပါမယ်။

၅။ လိုတာထက် ပိုပြီး ညွှန်ကြားတယ်

ရိုးရိုးရှင်းရှင်း အလုပ်ကိုတောင်မှ ဆန်းဆန်းပြားပြား ညွှန်ကြားချက်တွေ ပေးပြီး ခိုင်းတတ်သူ တစ်ယောက်ဆိုရင်တော့ ကျိန်းသေပါတယ်။ လက်အောက်ဝန်ထမ်းတွေ တိုင်ပတ်ပါပြီ။ ဒီလိုမျိုးတွေ ခိုင်းပြီး ရလဒ်ကောင်းထွက်လာတဲ့အခါမှာလည်း ကြိုးစားမှုကို အသိအမှတ်ပြု မခံရဘူးဆိုရင် သူတို့လည်း အလုပ်အပေါ်မှာ စိတ်ပျက်သွားမှာ အသေချာပါ။

ဒီအချက်တွေက ကိုယ်နဲ့ ငြိနေပြီလား ပြန်ဆန်းစစ်ပါ။ ငြိနေပြီဆိုရင်တော့ ပြောင်းလဲဖို့ အချိန်တန်ပါပြီ ယောင်းရေ… စီမံခန့်ခွဲမှုကောင်းပြီး စွမ်းဆောင်ရည်မြင့်တဲ့ မန်နေဂျာကောင်းတစ်ယောက် ဖြစ်နိုင်ပါစေနော်..

Rerferences: inc, workzone

With love

Ei Mon (For Her Myanmar)

 

No Comments Yet

Comments are closed