ကိုယ္ပိုင္စီးပြားေရး စတင္တည္ေထာင္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားသင့္တဲ့ အခ်က္(၅)ခ်က္

အခုတည္ေထာင္ အခုေအာင္ျမင္ရေအာင္ မေအးေအးဝင္းစီစဥ္တာမွ မဟုတ္တာေလ…

ကိုယ္ပိုင္စီးပြားေရးတစ္ခု စတင္တည္ေထာင္ႏိုင္ဖို႔ စိတ္ကူးေနၿပီလား ေယာင္းေရ… ကိုယ္ပိုင္စီးပြားေရးဆိုတာ လစာတိတိက်က် မတြက္ခ်က္ႏိုင္ေပမဲ့ ႀကိဳးစားအားထုတ္သေလာက္ အရာထင္ႏိုင္သလို စိတ္ႀကိဳက္ကြန္႔ျမဴးလုပ္ေဆာင္ႏိုင္ေတာ့ လူတိုင္းနီးပါးကိုယ္ပိုင္စီးပြားေရးလုပ္ဖို႔ ပိုခုံမင္ၾကတာ သဘာဝပါ။ ဒါေပမဲ့ စီးပြားတည္ေထာင္လိုက္တိုင္း ဝုန္းဒိုင္းေအာင္ျမင္သြားတာက ဇာတ္လမ္းေတြမွာပဲရွိတာပါ။ လက္ေတြ႕ စီးပြားေရးစတင္တည္ေထာင္ဖို႔ဆိုတာ ေငြေၾကးရွိေနရုံနဲ႕ မရေသးပါဘူး။ ႀကိဳတင္ျပင္ဆင္ရမွာေတြ ၊ ေလ့လာထားရမွာေတြ အမ်ားႀကီးပါ။ မင္မင္ကိုယ္တိုင္လည္း အမ်ားႀကီးသိထားတာမ်ိဳး မဟုတ္ေပမဲ့ ေလ့လာထားမိသေလာက္ အခ်က္အလက္ေလးေတြကိုေတာ့ ေယာင္းတို႔အတြက္ တစ္စြန္းတစ္စေလးပဲ အၾကံရရဆိုတဲ့စိတ္နဲ႔ ေဝမွ်ေပးပါဦးမယ္ေနာ္။

Customer ေတြအလိုအပ္ဆုံးျဖစ္မယ့္ ေဈးကြက္နယ္ပယ္ကို ေရြးခ်ယ္ပါ။

ေယာင္းတို႔အတြက္ ဘယ္စီးပြားေရးက အက်ိဳးျဖစ္ထြန္းႏိုင္မလဲလို႔ ၾကံဆတဲ့အခါမွာ Customer ေတြအလိုအပ္ဆုံးျဖစ္မယ့္ ၊ သူတို႔အႀကိဳက္ေတြ႔ေနတဲ့ ေဈးကြက္ကိုလုပ္ကိုင္ဖို႔ ဦးစားေပးေရြးခ်ယ္သင့္ပါတယ္။

Related Article >>> ကိုယ္႔ရဲ႕ career မွာ ေပ်ာ္ရႊင္ဖို႔အတြက္ လက္လႊတ္လုိက္သင့္တဲ႔ ယံုၾကည္မႈ ၃ခု 

ကိုယ္ရဲ႕ကၽြမ္းက်င္မႈနဲ႕ လုပ္ႏိုင္စြမ္းအားကိုခ်င့္ခ်ိန္ပါ။

ေယာင္းတို႔က သူမ်ားေတြအက်ိဳးရေနတဲ့ စီးပြားေရးလမ္းေၾကာင္းကို ေရြးခ်ယ္ခ်င္ေပမဲ့ အဲ့ဒီလမ္းေၾကာင္းမွာ ကိုယ္ကကၽြမ္းက်င္မႈရွိရဲ႕လား ၊ ကိုယ္လုပ္ႏိုင္မယ့္လမ္းေၾကာင္းလားဆိုတာကို အရင္ေလ့လာဆန္းစစ္ပါ။

လုပ္ငန္းအေသးဆုံးကေန ဖြံ႔ၿဖိဳးလာေအာင္လုပ္ပါ။

ေယာင္းတို႔သြားခ်င္တဲ့ စီးပြားေရးလမ္းေၾကာင္းေရြးၿပီးတဲ့အခါ အႀကီးအက်ယ္ပုံေအာတာမ်ိဳး မလုပ္ပါနဲ႕။ အေသးဆုံးစီးပြားေရးကို အရင္စမ္းသပ္လုပ္ေဆာင္ၿပီး ေအာင္ျမင္တိုးတက္လာတယ္ဆိုေတာ့မွ တျဖည္းျဖည္းတိုးခ်ဲ႕လုပ္ေဆာင္ပါ။

Related Article >>> ေအာင္ျမင္တဲ့ဘဝတက္လမ္း ေအာင္ျမင္တဲ့ Career သို႔သြားမယ္

လက္ရွိစီးပြားေရးလုပ္ကိုင္ေနတဲ့ အသိမိတ္ေဆြေတြနဲ႔ တုိင္ပင္ေဆြးေႏြးပါ။

စီးပြားေရးေလာကကို အခုမွစဝင္ေရာက္မွာဆိုေတာ့ ေယာင္းတို႔အေနနဲ႔အေတြ႕အၾကံဳရွိၿပီးသား အသိမိတ္ေဆြနဲ႕ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ စတင္ဖို႔လိုအပ္ေနတဲ့ဟာကြက္ေတြကို သူတို႔ကေထာက္ျပေပးႏိုင္သလို နည္းလမ္းေကာင္းေတြလည္း အမ်ားႀကီးရႏိုင္ပါတယ္။

စီးပြားေရးလုပ္ကိုင္မယ့္ Plan ေရးဆြဲပါ။

ေယာင္းတို႕လုပ္ကိုင္မယ့္ စီးပြားေရးလမ္းေၾကာင္းကို ခိုင္ခိုင္မာမာဆုံးျဖတ္ၿပီးၿပီဆိုရင္ေတာ့ ဘယ္လိုနည္းလမ္းနဲ႔ လည္ပတ္မလဲ ၊  target ဘယ္ေလာက္ထားမလဲ ၊ အခ်ိန္အတိုင္းအတာ ဘယ္လိုသတ္မွတ္မလဲ ၊ ဝန္ထမ္းေခၚဦးမလား စတဲ့လုပ္ငန္းအသင့္စတင္ႏိုင္ဖို႔ လိုအပ္တာေတြကို အစီအစဥ္ေရးဆြဲထားပါ။

မင္မင္ေဝမွ်ေပးခဲ့တဲ့ ကိုယ္ပိုင္စီးပြားေရးစတင္ဖို႔ ႀကိဳျပင္ဆင္ထားသင့္တဲ့ အခ်က္ေလးေတြက ေယာင္းတို႔စတင္ခ်င္တဲ့ စီးပြားေရးအတြက္ တစ္ဖက္တစ္လမ္းကေန အေထာက္အကူျပဳေပးႏိုင္ပါေစေနာ္။

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<<Unicode>>>

အခုတည်ထောင် အခုအောင်မြင်ရအောင် မအေးအေးဝင်းစီစဉ်တာမှ မဟုတ်တာလေ…

ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်တည်ထောင်နိုင်ဖို့ စိတ်ကူးနေပြီလား ယောင်းရေ… ကိုယ်ပိုင်စီးပွားရေးဆိုတာ လစာတိတိကျကျ မတွက်ချက်နိုင်ပေမဲ့ ကြိုးစားအားထုတ်သလောက် အရာထင်နိုင်သလို စိတ်ကြိုက်ကွန့်မြူးလုပ်ဆောင်နိုင်တော့ လူတိုင်းနီးပါးကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ပိုခုံမင်ကြတာ သဘာဝပါ။ ဒါပေမဲ့ စီးပွားတည်ထောင်လိုက်တိုင်း ဝုန်းဒိုင်းအောင်မြင်သွားတာက ဇာတ်လမ်းတွေမှာပဲရှိတာပါ။ လက်တွေ့ စီးပွားရေးစတင်တည်ထောင်ဖို့ဆိုတာ ငွေကြေးရှိနေရုံနဲ့ မရသေးပါဘူး။ ကြိုတင်ပြင်ဆင်ရမှာတွေ ၊ လေ့လာထားရမှာတွေ အများကြီးပါ။ မင်မင်ကိုယ်တိုင်လည်း အများကြီးသိထားတာမျိုး မဟုတ်ပေမဲ့ လေ့လာထားမိသလောက် အချက်အလက်လေးတွေကိုတော့ ယောင်းတို့အတွက် တစ်စွန်းတစ်စလေးပဲ အကြံရရဆိုတဲ့စိတ်နဲ့ ဝေမျှပေးပါဦးမယ်နော်။

Customer တွေအလိုအပ်ဆုံးဖြစ်မယ့် ဈေးကွက်နယ်ပယ်ကို ရွေးချယ်ပါ။

ယောင်းတို့အတွက် ဘယ်စီးပွားရေးက အကျိုးဖြစ်ထွန်းနိုင်မလဲလို့ ကြံဆတဲ့အခါမှာ Customer တွေအလိုအပ်ဆုံးဖြစ်မယ့် ၊ သူတို့အကြိုက်တွေ့နေတဲ့ ဈေးကွက်ကိုလုပ်ကိုင်ဖို့ ဦးစားပေးရွေးချယ်သင့်ပါတယ်။

Related Article >>> ကိုယ့်ရဲ့ career မှာ ပျော်ရွှင်ဖို့အတွက် လက်လွှတ်လိုက်သင့်တဲ့ ယုံကြည်မှု ၃ခု 

ကိုယ်ရဲ့ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းအားကိုချင့်ချိန်ပါ။

ယောင်းတို့က သူများတွေအကျိုးရနေတဲ့ စီးပွားရေးလမ်းကြောင်းကို ရွေးချယ်ချင်ပေမဲ့ အဲ့ဒီလမ်းကြောင်းမှာ ကိုယ်ကကျွမ်းကျင်မှုရှိရဲ့လား ၊ ကိုယ်လုပ်နိုင်မယ့်လမ်းကြောင်းလားဆိုတာကို အရင်လေ့လာဆန်းစစ်ပါ။

လုပ်ငန်းအသေးဆုံးကနေ ဖွံ့ဖြိုးလာအောင်လုပ်ပါ။

ယောင်းတို့သွားချင်တဲ့ စီးပွားရေးလမ်းကြောင်းရွေးပြီးတဲ့အခါ အကြီးအကျယ်ပုံအောတာမျိုး မလုပ်ပါနဲ့။ အသေးဆုံးစီးပွားရေးကို အရင်စမ်းသပ်လုပ်ဆောင်ပြီး အောင်မြင်တိုးတက်လာတယ်ဆိုတော့မှ တဖြည်းဖြည်းတိုးချဲ့လုပ်ဆောင်ပါ။

Related Article >>> အောင်မြင်တဲ့ဘဝတက်လမ်း အောင်မြင်တဲ့ Career သို့သွားမယ်

လက်ရှိစီးပွားရေးလုပ်ကိုင်နေတဲ့ အသိမိတ်ဆွေတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

စီးပွားရေးလောကကို အခုမှစဝင်ရောက်မှာဆိုတော့ ယောင်းတို့အနေနဲ့အတွေ့အကြုံရှိပြီးသား အသိမိတ်ဆွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ စတင်ဖို့လိုအပ်နေတဲ့ဟာကွက်တွေကို သူတို့ကထောက်ပြပေးနိုင်သလို နည်းလမ်းကောင်းတွေလည်း အများကြီးရနိုင်ပါတယ်။

စီးပွားရေးလုပ်ကိုင်မယ့် Plan ရေးဆွဲပါ။

ယောင်းတို့လုပ်ကိုင်မယ့် စီးပွားရေးလမ်းကြောင်းကို ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဘယ်လိုနည်းလမ်းနဲ့ လည်ပတ်မလဲ ၊  target ဘယ်လောက်ထားမလဲ ၊ အချိန်အတိုင်းအတာ ဘယ်လိုသတ်မှတ်မလဲ ၊ ဝန်ထမ်းခေါ်ဦးမလား စတဲ့လုပ်ငန်းအသင့်စတင်နိုင်ဖို့ လိုအပ်တာတွေကို အစီအစဉ်ရေးဆွဲထားပါ။

မင်မင်ဝေမျှပေးခဲ့တဲ့ ကိုယ်ပိုင်စီးပွားရေးစတင်ဖို့ ကြိုပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေက ယောင်းတို့စတင်ချင်တဲ့ စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပေးနိုင်ပါစေနော်။

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed