အလုပ္ထုတ္ခံရဖို႕ ေသခ်ာေစတဲ့ အခ်က္ (၅) ခ်က္

ျပဳတ္ေစာ္နံေစမယ့္ လုပ္ေပါက္ေတြဟာ ဆုိရင္ေတာ့ျဖင့္…

အလုပ္အကိုင္ အခြင့္အလမ္း ေဆာင္းပါးေတြကို ဖတ္ၾကည့္ရင္ အလုပ္ခြင္မွာ လိုက္နာရမယ့္ နည္းလမ္းေတြ ၊ လုပ္ေဖာ္ကိုင္ဖက္နဲ႕ ဘယ္လိုတည့္ေအာင္ေန ဆိုတဲ့ နည္းလမ္းေတြ မ်ားပါတယ္။ ဒီေတာ့ အိမြန္က ဆန္႕က်င္ဘက္ အေနနဲ႕ အလုပ္ထုတ္ခံရဖို႕ ေသခ်ာေစတဲ့ နည္းလမ္းေကာင္းေတြ ေပးခ်င္ပါတယ္။ အလုပ္ထြက္ရမွာ ေျပာဖို႔ အားနာေနရင္ လုပ္ၾကည့္ၾကေပါ့.. ျဖစ္လာမယ့္ အက်ိဳးဆက္ကိုေတာ့ တာဝန္မယူပါေနာ္…  😛

၁။ ဘယ္သူ႔မွ ဂရုမစိုက္ဘူးဆိုတဲ့ ပံုစံဖမ္းပါ။ 

အလုပ္ကို ျဖစ္ေအာင္ေတာ့ လုပ္တယ္။ ဒါေပမဲ့ လုပ္သင့္တာထက္ ပိုမလုပ္ဘူးဆိုတဲ့ ပံုစံမ်ိဳးနဲ႔ ေနပါ။ ကိုယ့္ေလာက္ ဘယ္သူမွ ေတာ္ေနတာမဟုတ္ဘူးဆိုတဲ့ အခ်ိဳးမ်ိဳး ခ်ိဳးပါ။ ကိုယ္နဲ႔သင့္ေတာ္တာက ဒီေနရာမဟုတ္ဘူး။ ဒီေနရာထက္ အမ်ားႀကီး ပိုအဆင့္ျမင့္တဲ့ အေနအထားကမွ ကိုယ္နဲ႔ ကိုက္ညီမွာဆိုတဲ့ အေပါက္မ်ိဳး လုပ္ပါ။ မၾကာပါဘူး.. ေယာင္းရဲ႕ အလုပ္ထြက္ခ်င္တဲ့ ဆႏၵေတြ ျပည့္ဝသြားမွာပါ။

၂။ ရံုးခ်ိန္ေနာက္က်မွ သြားပါ။ 

ေန႔တုိင္း ေနာက္က်ပါေစ။ မျပတ္တမ္း ေနာက္က်ပါေစ။ ေနာက္က်တာဟာ ကိုယ့္အျပစ္မဟုတ္ဘဲ ေစာဖြင့္တဲ့ ရံုးရဲ႕ အျပစ္ပံုစံမ်ိဳးလည္း ခ်ိဳးတတ္ပါေစ။ ေငြေၾကာင့္ လုပ္ေနတာ မဟုတ္တဲ့အတြက္ လစာျဖတ္ခံရလည္း ဂရုမစိုက္ဘူးကြာ.. ဘာျဖစ္လဲဆိုတဲ့ ပံုစံမ်ိဳးနဲ႔ အေၾကာတင္းတတ္ပါေစ။

၃။ အလုပ္မွာ မေက်နပ္သမွ်ေတြကို အြန္လိုင္းေပၚ တက္ေရးပါ။ 

လုပ္ငန္းခြြင္ထဲမွာ ဘာေတြ မေက်နပ္ေနဘူးလဲ။ လုပ္ေဖာ္ကိုင္ဖက္ေတြကိုေရာ မေက်နပ္တာေတြ ရွိေနလား။ စိတ္ထဲ ရွိသမွ် အကုန္လံုးကို ဆိုရွယ္လ္မီဒီယာေပၚ တင္ေရးပါ။ အလုပ္မေကာင္းေၾကာင္း နဲ႔ ကုမၸဏီမေကာင္းေတြခ်ည္း ထိုင္ေရးပါ။ အတင္းအဖ်င္းေတြ တင္ပါ။ ဒါဆိုရင္ေတာ့ အလုပ္ထုတ္ခံရႏိုင္ေျခ ၉၉% ေလာက္ရွိပါၿပီေနာ္..

Related Article >>> ရုတ္တရက္အလုပ္လက္မဲ့ ျဖစ္သြားတဲ့အခါ ဘာလုပ္သင့္လဲ

၄။ ေဘာစိေနာက္ကြယ္မွာ အတင္းတုပ္ပါ။

ကိုယ့္ရဲ႕ မာနကို ထိပါးလာတဲ့ စကားမ်ိဳးနဲ႕ ေဘာစိက ဆိုဆံုးမခဲ့ရင္ သည္းမခံပါနဲ႕။ မေက်နပ္ရင္ ေဘာစိေနာက္ကြယ္မွာ ၾကံဳရင္ၾကံဳသလို အတင္းတုပ္ပါ။ မသိမသာေရာ၊ သိသိသာသာပါ ေျပာပါ။ မက္ေလာက္စရာ လစာမဟုတ္ဘဲ ကိုယ့္ရဲ႕ခြန္အားေတြ အလဟႆ ျဖဳန္းတီးေနရတယ္ထင္ရင္ တစ္ခါတည္း ပြင့့္ပြင့္လင္းလင္း ေဘာစိကို ရင္ဖြင့္လိုက္ပါ။ ဒီလိုဆိုရင္ေတာ့ ငကန္းေသ ငေစြလာမယ္ဆိုၿပီး ဟိုက ကစ္ထုတ္လိုက္ေတာ့ အလုပ္ထြက္ရၿပီေပါ့…

၅။ တစ္ခုခုဆို တိုင္ေျပာပါ။ 

ဘယ္ေလာက္ ေသးတဲ့ ကိစၥျဖစ္ေနပါေစ၊ အႀကီးႀကီးျဖစ္ေအာင္ ျပႆနာရွာၿပီး ကိုယ္ကသာ တိုင္ေျပာပါ။ ကိုယ္က တိုင္ေျပာခံရတဲ့သူ မျဖစ္ပါေစနဲ႔။ အားရပါးရ တိုင္ပါ။ ခဏခဏ တိုင္ပါ။ HR ေတြ မရွင္းႏိုင္ေတာ့တဲ့ထိ တိုင္ပါ။ ကိုယ့္ျမင္တာနဲ႔ ျပႆနာကိုပါ တြဲျမင္ရေလာက္တဲ့ထိ တိုင္ပါ။ ဒါဆိုရင္ေတာ့ ေယာင္းတို႔ လိုခ်င္တဲ့အတိုင္း အလုပ္ထုတ္ခံရဖို႔ ျဖစ္ႏုိင္ေျခ တအားမ်ားသြားပါၿပီ။

Related Article >>> အလုပ္သစ္ေျပာင္းခ်င္တဲ့အခါ ဒီေမးခြန္းေလးေတြ ကိုယ့္ကိုယ္ကိုေမးၾကည့္ပါ

ဒါေတြကေတာ့ အလုပ္မထုတ္ထုတ္ေအာင္ ဘယ္လုိလုပ္ရမလဲဆိုတဲ့ နည္းလမ္းေတြပါပဲ ေယာင္းတုိ႔ေရ… ဒီတိုင္းသာ လုိက္လုပ္မယ္ဆုိရင္ေတာ့ အလုပ္ထြက္ရရံုတင္မကဘူး၊ လူမုန္းပါ မ်ားလာမွာ အမွန္ပါပဲ။ ဒီထက္ပိုဆိုးလာရင္ ေယာင္းဟာ ဘယ္အလုပ္နယ္ပယ္မွာမဆို Blacklist အသြင္းခံရဖို႔ပါ ရွိေနပါၿပီေနာ္…

တကယ္ေတာ့ ဒါေတြကို ဘယ္သူက တကူးတက လုပ္ေနမလဲေနာ္.. တစ္ခါတေလ ကိုယ္ သတိမထားမိဘဲ ျဖစ္သြားတာေတြက အထင္လြဲစရာေတြ ျဖစ္သြားနိုင္တာကို ေယာင္းတို႔လည္း သတိျပဳမိေအာင္လို႔ ေဖာ္ျပလိုက္တာပါ… အလုပ္ၿမဲခ်င္တယ္၊ လုပ္ငန္းခြင္ထဲမွာ နာမည္ေကာင္းရခ်င္တယ္ဆိုရင္ေတာ့ျဖင့္ အေပၚက အခ်က္ေတြကို လံုးဝ လံုးဝ ကို မလုပ္မိပါေစနဲ႔လို႔…

ေလွ်ာက္သမွ် အလုပ္ရၿပီး ရသမွ် ၿမဲပါေစ..ေယာင္းေရ

With love

Ei Mon (For Her Myanmar)

<<Unicode>>

  ပြုတ်စော်နံစေမယ့် လုပ်ပေါက်တွေဟာ ဆိုရင်တော့ဖြင့်… 

အလုပ်အကိုင် အခွင့်အလမ်း ဆောင်းပါးတွေကို ဖတ်ကြည့်ရင် အလုပ်ခွင်မှာ လိုက်နာရမယ့် နည်းလမ်းတွေ ၊ လုပ်ဖော်ကိုင်ဖက်နဲ့ ဘယ်လိုတည့်အောင်နေ ဆိုတဲ့ နည်းလမ်းတွေ များပါတယ်။ ဒီတော့ အိမွန်က ဆန့်ကျင်ဘက် အနေနဲ့ အလုပ်ထုတ်ခံရဖို့ သေချာစေတဲ့ နည်းလမ်းကောင်းတွေ ပေးချင်ပါတယ်။ အလုပ်ထွက်ရမှာ ပြောဖို့ အားနာနေရင် လုပ်ကြည့်ကြပေါ့.. ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ တာဝန်မယူပါနော်…  😛

၁။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံဖမ်းပါ။ 

အလုပ်ကို ဖြစ်အောင်တော့ လုပ်တယ်။ ဒါပေမဲ့ လုပ်သင့်တာထက် ပိုမလုပ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ နေပါ။ ကိုယ့်လောက် ဘယ်သူမှ တော်နေတာမဟုတ်ဘူးဆိုတဲ့ အချိုးမျိုး ချိုးပါ။ ကိုယ်နဲ့သင့်တော်တာက ဒီနေရာမဟုတ်ဘူး။ ဒီနေရာထက် အများကြီး ပိုအဆင့်မြင့်တဲ့ အနေအထားကမှ ကိုယ်နဲ့ ကိုက်ညီမှာဆိုတဲ့ အပေါက်မျိုး လုပ်ပါ။ မကြာပါဘူး.. ယောင်းရဲ့ အလုပ်ထွက်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝသွားမှာပါ။

၂။ ရုံးချိန်နောက်ကျမှ သွားပါ။ 

နေ့တိုင်း နောက်ကျပါစေ။ မပြတ်တမ်း နောက်ကျပါစေ။ နောက်ကျတာဟာ ကိုယ့်အပြစ်မဟုတ်ဘဲ စောဖွင့်တဲ့ ရုံးရဲ့ အပြစ်ပုံစံမျိုးလည်း ချိုးတတ်ပါစေ။ ငွေကြောင့် လုပ်နေတာ မဟုတ်တဲ့အတွက် လစာဖြတ်ခံရလည်း ဂရုမစိုက်ဘူးကွာ.. ဘာဖြစ်လဲဆိုတဲ့ ပုံစံမျိုးနဲ့ အကြောတင်းတတ်ပါစေ။

၃။ အလုပ်မှာ မကျေနပ်သမျှတွေကို အွန်လိုင်းပေါ် တက်ရေးပါ။ 

လုပ်ငန်းခွင်ထဲမှာ ဘာတွေ မကျေနပ်နေဘူးလဲ။ လုပ်ဖော်ကိုင်ဖက်တွေကိုရော မကျေနပ်တာတွေ ရှိနေလား။ စိတ်ထဲ ရှိသမျှ အကုန်လုံးကို ဆိုရှယ်လ်မီဒီယာပေါ် တင်ရေးပါ။ အလုပ်မကောင်းကြောင်း နဲ့ ကုမ္ပဏီမကောင်းတွေချည်း ထိုင်ရေးပါ။ အတင်းအဖျင်းတွေ တင်ပါ။ ဒါဆိုရင်တော့ အလုပ်ထုတ်ခံရနိုင်ခြေ ၉၉% လောက်ရှိပါပြီနော်..

Related Article >>> ရုတ်တရက်အလုပ်လက်မဲ့ ဖြစ်သွားတဲ့အခါ ဘာလုပ်သင့်လဲ

၄။ ဘောစိနောက်ကွယ်မှာ အတင်းတုပ်ပါ။

ကိုယ့်ရဲ့ မာနကို ထိပါးလာတဲ့ စကားမျိုးနဲ့ ဘောစိက ဆိုဆုံးမခဲ့ရင် သည်းမခံပါနဲ့။ မကျေနပ်ရင် ဘောစိနောက်ကွယ်မှာ ကြုံရင်ကြုံသလို အတင်းတုပ်ပါ။ မသိမသာရော၊ သိသိသာသာပါ ပြောပါ။ မက်လောက်စရာ လစာမဟုတ်ဘဲ ကိုယ့်ရဲ့ခွန်အားတွေ အလဟဿ ဖြုန်းတီးနေရတယ်ထင်ရင် တစ်ခါတည်း ပွင့်ပွင့်လင်းလင်း ဘောစိကို ရင်ဖွင့်လိုက်ပါ။ ဒီလိုဆိုရင်တော့ ငကန်းသေ ငစွေလာမယ်ဆိုပြီး ဟိုက ကစ်ထုတ်လိုက်တော့ အလုပ်ထွက်ရပြီပေါ့…

၅။ တစ်ခုခုဆို တိုင်ပြောပါ။ 

ဘယ်လောက် သေးတဲ့ ကိစ္စဖြစ်နေပါစေ၊ အကြီးကြီးဖြစ်အောင် ပြဿနာရှာပြီး ကိုယ်ကသာ တိုင်ပြောပါ။ ကိုယ်က တိုင်ပြောခံရတဲ့သူ မဖြစ်ပါစေနဲ့။ အားရပါးရ တိုင်ပါ။ ခဏခဏ တိုင်ပါ။ HR တွေ မရှင်းနိုင်တော့တဲ့ထိ တိုင်ပါ။ ကိုယ့်မြင်တာနဲ့ ပြဿနာကိုပါ တွဲမြင်ရလောက်တဲ့ထိ တိုင်ပါ။ ဒါဆိုရင်တော့ ယောင်းတို့ လိုချင်တဲ့အတိုင်း အလုပ်ထုတ်ခံရဖို့ ဖြစ်နိုင်ခြေ တအားများသွားပါပြီ။

Related Article >>> အလုပ်သစ်ပြောင်းချင်တဲ့အခါ ဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ

ဒါတွေကတော့ အလုပ်မထုတ်ထုတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေပါပဲ ယောင်းတို့ရေ… ဒီတိုင်းသာ လိုက်လုပ်မယ်ဆိုရင်တော့ အလုပ်ထွက်ရရုံတင်မကဘူး၊ လူမုန်းပါ များလာမှာ အမှန်ပါပဲ။ ဒီထက်ပိုဆိုးလာရင် ယောင်းဟာ ဘယ်အလုပ်နယ်ပယ်မှာမဆို Blacklist အသွင်းခံရဖို့ပါ ရှိနေပါပြီနော်…

တကယ်တော့ ဒါတွေကို ဘယ်သူက တကူးတက လုပ်နေမလဲနော်.. တစ်ခါတလေ ကိုယ် သတိမထားမိဘဲ ဖြစ်သွားတာတွေက အထင်လွဲစရာတွေ ဖြစ်သွားနိုင်တာကို ယောင်းတို့လည်း သတိပြုမိအောင်လို့ ဖော်ပြလိုက်တာပါ… အလုပ်မြဲချင်တယ်၊ လုပ်ငန်းခွင်ထဲမှာ နာမည်ကောင်းရချင်တယ်ဆိုရင်တော့ဖြင့် အပေါ်က အချက်တွေကို လုံးဝ လုံးဝ ကို မလုပ်မိပါစေနဲ့လို့…

လျှောက်သမျှ အလုပ်ရပြီး ရသမျှ မြဲပါစေ..ယောင်းရေ

With love

Ei Mon (For Her Myanmar)

No Comments Yet

Comments are closed