လုပ်ငန်းခွင်အောင်မြင်မှုကို တိုးတက်စေနိုင်မယ့် အချက် (၃)ချက်

အများကြီးမဟုတ်ဘူးနော်.. (၃)ချက်တည်း… 

ကိုယ့်ဘဝ တစ်လျှောက်လုံးမှာ အလုပ်လုပ်ခဲ့ရတဲ့ နာရီပေါင်းကို တွက်ကြည့်မယ်ဆိုရင် နာရီပေါင်း (၈) သောင်း ပျမ်းမျှ ရှိတာဖြစ်ပြီး ဒီိပမာဏဟာ အိပ်ချိန်က လွဲလို့ ကိုယ့်ရဲ့ အချိန်တွေ အားလုံးရဲ့ (၇၀) ရာခိုင်နှုန်းထိ ရှိနေတာဖြစ်ပါတယ်။ ဒီလိုမျိုး အချိန်တွေ အများကြီး ရင်းနှီးထားရတဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အောင်မြင်အောင် စွမ်းဆောင်နိုင်မယ်ဆိုရင်တော့ ပျော်ရွှင်ပြီး ရည်မှန်းချက်တွေ ပြည့်ဝနေတဲ့ ဘဝတစ်ခုကို မလွဲမသွေ ရလာမှာပါပဲ။

ဆက်လက်ပြီးတော့ မျှဝေပေးသွားမယ့် အရည်အချင်း (၃) ခုဟာ ကိုယ့်ရဲ့ career တိုးတက်စေဖို့ အထောက်အကူ ဖြစ်စေမှာပါ။

ပထမတစ်ချက် ကိုယ်ဟာ ဘယ်လိုအရည်အချင်းတွေကို တိုးတက်အောင် လုပ်ရမလဲ သိပြီဆိုရင် ဒုတိယ ခြေလှမ်းအနေနဲ့ ကိုယ့်ကို အဲဒီအရည်အချင်းတွေ တိုးတက်အောင် လေ့လာသင်ယူနိုင်မယ့် ပတ်ဝန်းကျင်ကို ဝင်ရောက်ရတော့မှာဖြစ်ပါတယ်။

စကားစပ်လို့ ပြောရရင် လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး လေ့လာသင်ယူလိုတဲ့ လူငယ်တွေအတွက် WyneeMyanmar.com ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက အသင့်ရှိနေပါတယ် ယောင်းတို့ရေ… Wynee Myanmar Organisation က မြန်မာလူငယ်တွေကို ပရော်ဖက်ရှင်နယ်လ်တွေဆီက အကြံဉာဏ်ကောင်းတွေ တောင်းခံနိုင်ဖို့နဲ့ ကိုယ့်ရဲ့ လုပ်ငန်းခွင်ဆိုင်ရာ လူမှုကွန်ရက်ကို ဖြန့်ကျက်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်တဲ့။ မိမိရဲ့ မိုဘိုင်းလ်ဖုန်းကနေ တဆင့် လေ့လာသင်ယူစရာတွေက အမြဲတမ်းအဆင်သင့်ရှိနေမယ့် နေရာ တစ်ခုလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်..

Related Article >>> ကိုယ်လုပ်နေတဲ့အလုပ်မှာ တကယ်ပျော်မပျော် ဒီမေးခွန်းလေးတွေနဲ့ ဆန်းစစ်ပါ

ကဲ ဒီတော့ ကိုယ့်အရည်အချင်းတွေကို တိုးတက်စေဖို့ နည်းလမ်းတွေက ဘာတွေဖြစ်မလဲ ကြည့်ကြရအောင်နော်…

 ၁။ မိမိကိုယ်ကို ဆန်းစစ်ပါ။

Self-awareness လို့ခေါ်တဲ့ မိမိကိုယ်ကို ဆန်းစစ်နိုင်မှုဆိုတာဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်၊ အားသာချက်တွေ၊ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ကိုယ်ကိုယ်တိုင် သိရှိခြင်းဖြစ်ပါတယ်။

ကိုယ်တိုင် ဆန်းစစ်နိုင်မှု ကောင်းကောင်းရှိတယ်ဆိုရင်တော့ ကိုယ့်ရဲ့ စိတ်ခံစားချက် ကိုယ့်အပေါ်၊ အခြားသူတွေအပေါ်နဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနေနိုင်လဲဆိုတာ သိလာမှာပါ။

ဒီလိုသိလာတာနဲ့ အမျှ ယောင်းဟာ ကိုယ်လုပ်နိုင်တဲ့ အရာတွေ၊ အားသာချက်တွေ၊ limit – အကန့်အသတ်တွေကို သိလာပြီး အပြုသဘောဆောင်တဲ့ ဝေဖန်မှု (အကြံဉာဏ်ပေးမှု) တွေကို လုပ်ဆောင်လာနိုင်မှာပါ။ အကောင်းဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကို သိလာတဲ့အခါ ကိုယ်မကျွမ်းကျင်တဲ့ projects (ပရောဂျက်၊ လုပ်ငန်း) တွေကို စမ်းသပ်လုပ်ကိုင်ရင်း မိမိဘာသာ စိန်ခေါ်မှုတွေ ပြုလုပ်ပြီး ပိုမိုတိုးတက်လာအောင် လေ့ကျင့်နိုင်ပါတယ်။

 ၂။ Self-Management (ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှု) တိုးတက်အောင် လုပ်ပါ။

Self-Management ဆိုတာကတော့ အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်တာပါပဲ။

ဒီ အလေ့အကျင့်ကိုသာ မွေးမြူနိုင်မယ်ဆိုရင်တော့ ပြဿနာတစ်ခုခုဖြစ်တဲ့အခါ အလျင်စလို ဝေဖန်မှုတွေကို ပြုလုပ်မိတော့မယ့်အစား သေသေချာချာဆင်ခြင်ပြီးတော့ ပြဿနာဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေမှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ယောင်းဟာ ဝေဖန်မှုတွေ၊ ထင်မြင်ချက်တွေအစား အကြောင်းအကျိုး ညီမျှတဲ့ ဖြေရှင်းမှုတွေနဲ့ အဆုံးသတ်နိုင်မှာပါ။

Self-management လုပ်နိုင်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် reflect – ပြန်လည်သုံးသပ်နိုင်တယ်။ စဉ်းစားဆင်ခြင်နိုင်ပြီးတော့ ရုတ်တရက် အပြောင်းအလဲတွေ ဖြစ်လာတယ်ဆိုရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်သူတွေ ဖြစ်ပါတယ်။

 ၃။ လူမှုဆက်ဆံရေး တိုးတက်အောင် လုပ်ပါ။

လူမှုဆက်ဆံရေး ကျွမ်းကျင်မှု ဆိုတာဟာ အခြားသူတွေနဲ့ မိမိကြား ကိုယ်လိုချင်တဲ့ ဦးတည်ချက်ရောက်အောင် ဆက်ဆံရေး တစ်ခုကို တည်ဆောက်နိုင်ခြင်းဖြစ်ပါတယ်။

ဒီလို ကျွမ်းကျင်မှုမျိုးရှိတဲ့သူတွေဟာ နယ်ပယ်အသီးသီးက သူတွေနဲ့ ကိုယ်လိုချင်တဲ့ ဆက်ဆံမှုကို တည်ဆောက်နိုင်သူတွေပါပဲ။ ယောင်းမှာ ဒီကျွမ်းကျင်မှု ရှိတယ်ဆိုရင်တော့ တကယ် အရေးကြီးပြီး ထိရောက်တဲ့အရာတွေဟာ အခြားသူတွေနဲ့ ပူးပေါင်းလုပ်ရတယ်ဆိုတာကို နားလည်လာမှာပါ။ နောက်ဆုံးအနေနဲ့ကတော့ ရင်ဆိုင်ရမယ့် အရာတွေအတွက် ယောင်းဆီိမှာ လူမှုကွန်ရက်တစ်ခုက ရှိနေမှာ မလွဲမသွေပါပဲ။

ဤဆောင်းပါးအတွက် ကူညီထောက်ပံ့ပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed