ဘယ္အက်င့္ဆိုးေတြက လုပ္ငန္းခြင္မွာ ေအာင္ျမင္မႈမရေအာင္ ဆြဲခ်ေနတာလဲ?

ႀကိဳးစားေနေပမဲ့ လိုရာကို မေရာက္ႏုိင္ေသးတာ ဒါေတြေၾကာင့္မ်ားလား …

ဒီတစ္ခါေတာ့ ဘဝကိုအားမာန္အျပည့္နဲ႔ျဖတ္သန္းခ်င္တဲ့၊ ေအာင္ျမင္မႈေတြအမ်ားႀကီးရခ်င္တဲ့ေယာင္းေတြအတြက္ လုပ္ငန္းခြင္ဝင္တဲ့အခါ အလုပ္ထဲမွာ မေအာင္ျမင္ေစတဲ့ အမူအက်င့္ေလးေတြကို ေဖာ္ျပေပးပါရေစ။ လက္႐ွိအလုပ္ခြင္ထဲက ေယာင္းတို႔လည္း ကိုယ္ႀကိဳးစားေနရဲ႕သားနဲ႔ ေအာင္ျမင္မႈနဲ႔ အလွမ္းကြာေနတယ္လို႔ ခံစားရတယ္ဆိုရင္ ကိုယ့္မွာဒီလိုအက်င့္ဆိုးေတြရွိေနလားဆိုတာ ျပန္ၿပီး သံုးသပ္ၾကည့္ႏုိင္ပါတယ္။

၁။ ကိုယ့္ကိုယ္ကိုယ္ လစ္မစ္ထားတာ။

အလုပ္မွာ တာဝန္သစ္ တစ္ခုခုခ်ေပးမယ္ဆိုတိုင္း ငါမလုပ္ႏိုင္ဘူး၊ အဲ့ဒါ ငါမလုပ္တတ္ဘူးလုိ႔ ထင္တာမ်ိဳး၊ တာဝန္သစ္ကို မယူခ်င္တာမ်ိဳး၊ တစ္ခုခုရွိတုိင္း ျငင္းပယ္ဖို႔ အသင့္ျဖစ္ေနတာမ်ိဳးက ကိုယ့္အလုပ္နဲ႔ ဘဝတိုးတက္ေရးအတြက္ ေႏွာင့္ေႏွးေစပါတယ္။ ကိုယ့္ရဲ႕စြမ္းရည္က ဒီေလာက္ပဲ႐ွိတယ္လို႔ လစ္မစ္ထားၿပီးအထင္မေသးပါနဲ႔။ လုပ္ၾကည့္ပါ။ လုပ္ၾကည့္႐ံုတင္မကဘဲ ကိုယ့္အစြမ္းအစ႐ွိသေလာက္ ႀကိဳးစားၾကည့္ပါ။ ကိုယ္လုပ္ၾကည့္တယ္၊ ႀကိဳးစားတယ္၊ မေအာင္ျမင္ဘူး ဒါကျပႆနာမဟုတ္ပါဘူး။ လူတုိင္းက ေနရာတိုင္းမွာ ေအာင္ျမင္ေအာင္ မလုပ္ႏိုင္တာက ျပႆနာမဟုတ္ပါဘူး။ မလုပ္ၾကည့္ခ်င္တာ၊ အသစ္အဆန္းကိုႀကိဳးစားၾကည့္ခ်င္စိတ္မ႐ွိတာကမွ ျပႆနာပါ။ ဒါေၾကာင့္ ေအာင္ျမင္တယ္၊ မေအာင္ျမင္ဘူးကို စိတ္ထဲမထားဘဲ ႀကိဳးစားၾကည့္ပါ။

၂။ အျခားသူေတြကို အျပစ္ပံုခ်တာ၊ ဆင္ေျခေတြေပးတာ။

ဒါက ျဖစ္ေလ့ရွိတဲ့ သဘာဝပါ။ ငါဒီေနရာအထိမေရာက္ေသးတာ ဟိုဟာေတြေၾကာင့္၊ ဟုိလူ ဒီလူေၾကာင့္၊ ငါအလုပ္မွာ ဒီလုိအမွားရွိတာ ဒီကိစၥေၾကာင့္ အစ႐ွိသျဖင့္ ဆင္ေျခဆင္လက္ေတြေပးၿပီး ကိုယ့္အားနည္းခ်က္ေတြ၊ ကိုယ့္အျပစ္ေတြကို ဖံုးကြယ္တတ္တာမ်ိဳးဟာ ဘယ္လိုေနရာမ်ိဳးမွာမဆို ေအာင္ျမင္မႈနဲ႔ အလွမ္းေဝးေစတဲ့ အမူအက်င့္ပါ။ ကိုယ့္တာဝန္ကိုယ္ အျပည့္အဝယူၿပီးကိုယ့္အားနည္းခ်က္ကိုယ္ ဝန္ခံနားလည္ၿပီး ျပင္ဆင္တတ္ပါမွ ကိုယ့္စြမ္းရည္ေတြ တက္လာၿပီး အလုပ္မွာလည္း ေအာင္ျမင္လာမွာပါ။

Related Article >>> ေအာင္ျမင္တဲ့ဘဝတက္လမ္း ေအာင္ျမင္တဲ့ Career သို႔သြားမယ္

၃။ စြန္႔စားမႈယူရမွာကို ေၾကာက္တာ။

ဘဝနဲ႔ လုပ္ငန္းခြင္ဆိုတာလည္း စြန္႔စားမႈေတြ ျပည့္ႏွက္ေနတဲ့ေနရာပါ။ စြန္႔စားမႈေတြျပဳလုပ္ရဲသူေတြသာ ေအာင္ျမင္ျခင္းပန္းတုိင္နဲ႔ တစ္စထက္တစ္စ ပိုပိုနီးကပ္လာၾကပါတယ္။ အဲ့ဒီလိုမဟုတ္ဘဲ ကိုယ္ေနေနတဲ့ရာထူးနဲ႔ ကိုယ္ရေနတဲ့လစာေလးမွာ တင္းတိမ္ေနမယ္ဆိုရင္ေတာ့ ဘဝမ ွာ ေအာင္ျမင္မႈႀကီးႀကီးမားမားရမလာဘဲ အလုပ္ခြင္အတြင္းက သာမန္ရာထူးနဲ႔ လစာမွာပဲ ရပ္ေနရမွာပါ။

၄။ ဘာကိုမွ ၿပီးဆံုးေအာင္မလုပ္ခ်င္တာ။ 

ဟိုလုပ္ငန္းခြင္မွာ ဟိုတာဝန္ကိုယူလုိက္၊ အဆံုးအထိ မလုပ္ေတာ့ဘဲ လက္လႊဲေပးလိုက္၊ ဟိုသင္တန္းတက္လိုက္ အဆံုးအထိေလ့လာသင္ယူတာမ်ိဳးမရွိဘဲ ရပ္လိုက္ဆိုတာမ်ိဳးဟာ ေအာင္ျမင္မႈနဲ႔ ေဝးကြာေစတဲ့အက်င့္ဆိုးပါ။ ျမန္မာမွာစကားပံုတစ္ခု႐ွိတယ္ေနာ္။ ငုတ္မိသဲတိုင္၊ တက္ႏိုင္ဖ်ားေရာက္ဆိုတဲ့ စကားပံုေပါ့… အဲ့ဒီစကားပံုထဲကလိုပဲ ကိုယ္ေသေသခ်ာခ်ာေရြးခ်ယ္ထားတဲ့လမ္းခရီးကို ၿပီးေျမာက္ေအာင္ျမင္သည္အထိ ႀကိဳးစားသင့္ပါတယ္။

၅။ အခ်ိန္ကို တန္ဖိုးမထားတာ။

တစ္ေန႔ ရွစ္နာရီအလုပ္လုပ္ရမယ့္လုပ္ငန္းခြင္မွာ အလုပ္ကို ထိထိေရာက္ေရာက္မလုပ္ဘဲ အခ်ိန္ဆြဲၿပီး လုပ္တတ္တာေတြ၊ အလုပ္ထဲက လူေတြနဲ႔ စကားေတြမ်ားေနတာေတြ၊ ေဖ့စ္ဘြတ္သံုးေနတာေတြက အလုပ္မတြင္ေစ၊ အလုပ္မၿပီးေျမာက္ေစပါဘူး။ Deadline နီးမွ အေလာတႀကီး အၿပီးသတ္ရတာမ်ိဳးေတြ၊ အသည္းအသန္ ကပ္လုပ္တာမ်ိဳးေတြက ေအာင္ျမင္မႈနဲ႔ အေဝးႀကီးပဲ မဟုတ္လား…  အလုပ္ကိစၥက အေရးတႀကီးအၿပီးသတ္ရမွာမ်ိဳးမ႐ွိေသးလုိ႔ဆိုၿပီး ေပါ့ေပါ့ဆဆမေနဘဲ ကိုယ္အၿပီးသတ္ရမယ့္အခ်ိန္မွာ ၿပီးေအာင္၊ ၿပီးျပည့္စံုေအာင္ ျပင္ဆင္ထားသင့္ပါတယ္။

ေအာင္ျမင္ခ်င္ရင္ေတာ့ သူမ်ားထက္သာတဲ့အားထုတ္မႈ၊ သူမ်ားထက္သာတဲ့ ေလ့လာသင္ယူမႈေတြဆိုတာ မရွိမျဖစ္ပါပဲ။ ကိုယ့္ကိုယ္ကိုယ္ ယွဥ္ၿပိဳင္ပါ။ ဓားတစ္လက္လို အၿမဲတမ္း ေသြးပါ။ ဉာဏ္ရည္ကို အသံုးခ်ပါ။ ပ်င္းရင္း ဖ်င္းမသြားပါေစနဲ႔လို႔..

ေယာင္းတုိ႔ ေအာင္ျမင္ၾကပါေစ..

Sugar Cane (For Her Myanmar)

<<< Unicode >>>

ကြိုးစားနေပေမဲ့ လိုရာကို မရောက်နိုင်သေးတာ ဒါတွေကြောင့်များလား …

ဒီတစ်ခါတော့ ဘဝကိုအားမာန်အပြည့်နဲ့ဖြတ်သန်းချင်တဲ့၊ အောင်မြင်မှုတွေအများကြီးရချင်တဲ့ယောင်းတွေအတွက် လုပ်ငန်းခွင်ဝင်တဲ့အခါ အလုပ်ထဲမှာ မအောင်မြင်စေတဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးပါရစေ။ လက်ရှိအလုပ်ခွင်ထဲက ယောင်းတို့လည်း ကိုယ်ကြိုးစားနေရဲ့သားနဲ့ အောင်မြင်မှုနဲ့ အလှမ်းကွာနေတယ်လို့ ခံစားရတယ်ဆိုရင် ကိုယ့်မှာဒီလိုအကျင့်ဆိုးတွေရှိနေလားဆိုတာ ပြန်ပြီး သုံးသပ်ကြည့်နိုင်ပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ် လစ်မစ်ထားတာ။

အလုပ်မှာ တာဝန်သစ် တစ်ခုခုချပေးမယ်ဆိုတိုင်း ငါမလုပ်နိုင်ဘူး၊ အဲ့ဒါ ငါမလုပ်တတ်ဘူးလို့ ထင်တာမျိုး၊ တာဝန်သစ်ကို မယူချင်တာမျိုး၊ တစ်ခုခုရှိတိုင်း ငြင်းပယ်ဖို့ အသင့်ဖြစ်နေတာမျိုးက ကိုယ့်အလုပ်နဲ့ ဘဝတိုးတက်ရေးအတွက် နှောင့်နှေးစေပါတယ်။ ကိုယ့်ရဲ့စွမ်းရည်က ဒီလောက်ပဲရှိတယ်လို့ လစ်မစ်ထားပြီးအထင်မသေးပါနဲ့။ လုပ်ကြည့်ပါ။ လုပ်ကြည့်ရုံတင်မကဘဲ ကိုယ့်အစွမ်းအစရှိသလောက် ကြိုးစားကြည့်ပါ။ ကိုယ်လုပ်ကြည့်တယ်၊ ကြိုးစားတယ်၊ မအောင်မြင်ဘူး ဒါကပြဿနာမဟုတ်ပါဘူး။ လူတိုင်းက နေရာတိုင်းမှာ အောင်မြင်အောင် မလုပ်နိုင်တာက ပြဿနာမဟုတ်ပါဘူး။ မလုပ်ကြည့်ချင်တာ၊ အသစ်အဆန်းကိုကြိုးစားကြည့်ချင်စိတ်မရှိတာကမှ ပြဿနာပါ။ ဒါကြောင့် အောင်မြင်တယ်၊ မအောင်မြင်ဘူးကို စိတ်ထဲမထားဘဲ ကြိုးစားကြည့်ပါ။

၂။ အခြားသူတွေကို အပြစ်ပုံချတာ၊ ဆင်ခြေတွေပေးတာ။

ဒါက ဖြစ်လေ့ရှိတဲ့ သဘာဝပါ။ ငါဒီနေရာအထိမရောက်သေးတာ ဟိုဟာတွေကြောင့်၊ ဟိုလူ ဒီလူကြောင့်၊ ငါအလုပ်မှာ ဒီလိုအမှားရှိတာ ဒီကိစ္စကြောင့် အစရှိသဖြင့် ဆင်ခြေဆင်လက်တွေပေးပြီး ကိုယ့်အားနည်းချက်တွေ၊ ကိုယ့်အပြစ်တွေကို ဖုံးကွယ်တတ်တာမျိုးဟာ ဘယ်လိုနေရာမျိုးမှာမဆို အောင်မြင်မှုနဲ့ အလှမ်းဝေးစေတဲ့ အမူအကျင့်ပါ။ ကိုယ့်တာဝန်ကိုယ် အပြည့်အဝယူပြီးကိုယ့်အားနည်းချက်ကိုယ် ဝန်ခံနားလည်ပြီး ပြင်ဆင်တတ်ပါမှ ကိုယ့်စွမ်းရည်တွေ တက်လာပြီး အလုပ်မှာလည်း အောင်မြင်လာမှာပါ။

Related Article >>> အောင်မြင်တဲ့ဘဝတက်လမ်း အောင်မြင်တဲ့ Career သို့သွားမယ်

၃။ စွန့်စားမှုယူရမှာကို ကြောက်တာ။

ဘဝနဲ့ လုပ်ငန်းခွင်ဆိုတာလည်း စွန့်စားမှုတွေ ပြည့်နှက်နေတဲ့နေရာပါ။ စွန့်စားမှုတွေပြုလုပ်ရဲသူတွေသာ အောင်မြင်ခြင်းပန်းတိုင်နဲ့ တစ်စထက်တစ်စ ပိုပိုနီးကပ်လာကြပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ကိုယ်နေနေတဲ့ရာထူးနဲ့ ကိုယ်ရနေတဲ့လစာလေးမှာ တင်းတိမ်နေမယ်ဆိုရင်တော့ ဘဝမ ှာ အောင်မြင်မှုကြီးကြီးမားမားရမလာဘဲ အလုပ်ခွင်အတွင်းက သာမန်ရာထူးနဲ့ လစာမှာပဲ ရပ်နေရမှာပါ။

၄။ ဘာကိုမှ ပြီးဆုံးအောင်မလုပ်ချင်တာ။ 

ဟိုလုပ်ငန်းခွင်မှာ ဟိုတာဝန်ကိုယူလိုက်၊ အဆုံးအထိ မလုပ်တော့ဘဲ လက်လွှဲပေးလိုက်၊ ဟိုသင်တန်းတက်လိုက် အဆုံးအထိလေ့လာသင်ယူတာမျိုးမရှိဘဲ ရပ်လိုက်ဆိုတာမျိုးဟာ အောင်မြင်မှုနဲ့ ဝေးကွာစေတဲ့အကျင့်ဆိုးပါ။ မြန်မာမှာစကားပုံတစ်ခုရှိတယ်နော်။ ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုတဲ့ စကားပုံပေါ့… အဲ့ဒီစကားပုံထဲကလိုပဲ ကိုယ်သေသေချာချာရွေးချယ်ထားတဲ့လမ်းခရီးကို ပြီးမြောက်အောင်မြင်သည်အထိ ကြိုးစားသင့်ပါတယ်။

၅။ အချိန်ကို တန်ဖိုးမထားတာ။

တစ်နေ့ ရှစ်နာရီအလုပ်လုပ်ရမယ့်လုပ်ငန်းခွင်မှာ အလုပ်ကို ထိထိရောက်ရောက်မလုပ်ဘဲ အချိန်ဆွဲပြီး လုပ်တတ်တာတွေ၊ အလုပ်ထဲက လူတွေနဲ့ စကားတွေများနေတာတွေ၊ ဖေ့စ်ဘွတ်သုံးနေတာတွေက အလုပ်မတွင်စေ၊ အလုပ်မပြီးမြောက်စေပါဘူး။ Deadline နီးမှ အလောတကြီး အပြီးသတ်ရတာမျိုးတွေ၊ အသည်းအသန် ကပ်လုပ်တာမျိုးတွေက အောင်မြင်မှုနဲ့ အဝေးကြီးပဲ မဟုတ်လား…  အလုပ်ကိစ္စက အရေးတကြီးအပြီးသတ်ရမှာမျိုးမရှိသေးလို့ဆိုပြီး ပေါ့ပေါ့ဆဆမနေဘဲ ကိုယ်အပြီးသတ်ရမယ့်အချိန်မှာ ပြီးအောင်၊ ပြီးပြည့်စုံအောင် ပြင်ဆင်ထားသင့်ပါတယ်။

အောင်မြင်ချင်ရင်တော့ သူများထက်သာတဲ့အားထုတ်မှု၊ သူများထက်သာတဲ့ လေ့လာသင်ယူမှုတွေဆိုတာ မရှိမဖြစ်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြိုင်ပါ။ ဓားတစ်လက်လို အမြဲတမ်း သွေးပါ။ ဉာဏ်ရည်ကို အသုံးချပါ။ ပျင်းရင်း ဖျင်းမသွားပါစေနဲ့လို့..

ယောင်းတို့ အောင်မြင်ကြပါစေ..

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed