Career

အလုပ္ရဖုိ႔အတြက္ ဝါသနာမပါတဲ့ အလုပ္တစ္ခုကို ေ႐ြးခ်ယ္လိုက္ရတဲ့အခါ

အေတြ႕အၾကံဳ မ႐ွိေတာ့ အလုပ္မေ႐ြးႏိုင္ခဲ့ဘူး ဆိုတဲ့ ေယာင္းတို႔အတြက္

ငယ္႐ြယ္သူေတြအေနနဲ႔ လုပ္ငန္းခြင္ဝင္တဲ့အခါ ၾကံဳရတဲ့ အခက္အခဲတစ္ခုက လုပ္ငန္းေ႐ြးလုိ႔မရတာပါ။ အေတြ႕အၾကံဳ မ႐ွိေသးသလို ပညာႏုနယ္ေသးေတာ့ အေတြ႕အၾကံဳမလိုပါလို႔ ေခၚတဲ့အလုပ္ဆုိရင္ပဲ ေလွ်ာက္လုိက္ရတာမ်ိဳးပါ။

ဒီအခါ အဲဒီ အလုပ္က ကိုယ္ ဝါသနာမပါတဲ့ အလုပ္မ်ိဳး၊ ကိုယ့္ ဗီဇနဲ႔ မကိုက္တဲ့ အလုပ္မ်ိဳးျဖစ္ေနတတ္ပါတယ္။ အဲဒီအခါ သိထားသင့္တာေတြက…

၁။ ကိုယ့္ကိုယ္ကိုယ္ အတင္း ဖိအားမေပးပါနဲ႔။

ကိုယ္နဲ႔ မကိုက္တဲ့ အလုပ္ဆိုရင္ ဒီအလုပ္မွာ ထူးခၽြန္ဖို႔ အဆင္မေျပသလို တိုးတက္ဖို႔လည္း အခြင့္အေရး နည္းပါတယ္။ ဥပမာ – ကိုယ္က စကားနည္းသူ၊ လူစိမ္းေတြနဲ႔ ေတြ႕ရမွာ ေၾကာက္သူျဖစ္ေနေပမဲ့ ကိုယ့္အလုပ္က အေရာင္းပိုင္း ၊ ေဈးကြက္ ႐ွာေဖြေရးပိုင္းျဖစ္ေနတာမ်ိဳးေပါ့။ ဒါဆုိရင္ ကိုယ္ဘယ္ေလာက္ ႀကိဳးစား ႀကိဳးစား ကိုယ့္ ပင္ကိုယ္ဗီဇကို မေဖ်ာက္ႏို္င္တဲ့အတြက္ အဆင္မေျပပါဘူး။

ဒါကိုပဲ ဘာပဲျဖစ္ျဖစ္ လုပ္ရမယ္ဆုိၿပီး ကိုယ့္ကိုယ္ကိုယ္ ဖိအားမေပးပါနဲ႔။ တစ္ခ်ိန္က်ရင္ ကုိယ့္ဝါသနာနဲ႔ ကိုက္တဲ့ အလုပ္မ်ိဳးကို ေျပာင္းလုပ္မယ္လုိ႔ ေတြးထားပါ။

Related Article >>> အလုပ္ထြက္လိုက္တယ္ဆိုတာ စိတ္ဓာတ္က်စရာမဟုတ္ပါဘူး…

၂။ စိတ္႐ွည္ပါ သင္ယူပါ။

တစ္ခ်ိန္တည္းမွာပဲ ကိုယ့္အလုပ္ကို စိတ္႐ွည္႐ွည္နဲ႔ သင္ယူပါ။ ကိုယ္နဲ႔ မကိုက္တဲ့အလုပ္ဆုိရင္ေတာင္ ဒီအလုပ္ကေန ငါ ဘာအေတြ႕အၾကံဳေတြ ယူလုိ႔ရမလဲဆိုတာ ေလ့လာထားပါ။ သင္ယူခဲ့ရတဲ့ အေတြ႕အၾကံဳေတြဟာ ေနာက္အလုပ္မွာ အသံုးခ်လုိ႔ ရတာခ်ည္းပါပဲ။

၃။ တျခား အလုပ္ေတြကို ေလ့လာပါ။

ဒီအလုပ္မွာ ေလ့လာသင္ယူေနဆဲမွာပဲ တျခားအလုပ္ေတြကို ေလ့လာပါ။ ဥပမာ – ႐ံုးတြင္းစီမံခန္႔ခြဲေရးအပိုင္း၊ စာရင္းအင္းအပိုင္းေတြဆိုရင္ ကိုယ္ ဝါသနာပါႏုိင္မလားဆုိတာ ေလ့လာပါ။ ကိုယ့္႐ံုးမွာပဲျဖစ္ျဖစ္ တျခားကုမၸဏီမွာပဲျဖစ္ျဖစ္ ကိုယ္နဲ႔ ကိုက္ညီတဲ့အလုပ္ ဘာ႐ွိႏုိင္မလဲဆိုတာ ေလ့လာထားပါ။

၄။ ကိုယ့္စြမ္းရည္ကို ျမွင့္ပါ။

ကိုယ္ စိတ္ဝင္စားတဲ့ အလုပ္ေတြ႕ၿပီဆိုရင္ အဲဒီအလုပ္လုပ္ေနတဲ့ လူေတြနဲ႔ ခင္ေအာင္ ေပါင္းပါ။ သူတို႔ကို ဒီ အလုပ္လုပ္ဖုိ႔အတြက္ ဘာေတြ သင္ယူေလ့လာထားရမလဲဆုိတာ ေမးျမန္းပါ။ လုိအပ္ရင္ သင္တန္းေတြတက္ပါ။ အဲ့ဒီအလုပ္ကို ေျပာင္းဖို႔ လုံေလာက္သည္အထိ သင္ယူပါ။

Related Article >>> အလုပ္ခြင္မွာ အထုိင္မ်ားလုိ႔ ျဖစ္တဲ့ က်န္းမာေရး ျပႆနာေတြကို ကာကြယ္ႏုိင္မယ့္ အခ်က္ (၁၀) ခ်က္

၄။ အလုပ္ေျပာင္းပါ။

လက္႐ွိအလုပ္မွာ ေျခာက္လ တစ္ႏွစ္ေလာက္ လုပ္ၿပီးၿပီ၊ အေတြ႕အၾကံဳလည္း စံုၿပီ ဆုိရင္ေတာ့ ကိုယ္စိတ္ဝင္စားတဲ့ နယ္ပယ္ကို ကူးလုိ႔ရပါၿပီ။ ကိုယ္လုပ္ခ်င္တဲ့ အလုပ္က ကိုယ့္႐ံုးမွာပဲ ႐ွိတယ္ဆိုရင္ေတာ့ အဆင္ေျပပါတယ္။ ႐ံုးမွာတင္ပဲ ေလွ်ာက္လႊာတင္ထားၿပီး လူလြတ္တာနဲ႔ ဝင္လုိ႔ရၿပီေပါ့။ တစ္ခ်ိန္တည္းမွာပဲ တျခားေနရာေတြမွာလည္း ေလွ်ာက္လႊာတင္ထားပါ။ ဒါဆို ကိုယ္အလုပ္ရဖုိ႔ ပူစရာမလုိေတာ့ပါဘူး။

ဒီေန႔ေခတ္မွာေတာ့ အရင္ေခတ္ေတြနဲ႔ မတူဘဲ အလုပ္အကိုင္ အခြင့္အလမ္းေတြ ေပါမ်ားလာပါၿပီေနာ္။ ေယာင္းတို႔အေနနဲ႔ ကိုယ္နဲ႔ ကိုက္ညီတဲ့ ကိုယ္ဝါသနာပါတဲ့ အလုပ္မ်ိဳးကို ေသခ်ာေ႐ြးခ်ယ္ႏိုင္ၾကပါေစလုိ႔…

Sugar Cane (For Her Myanmar)

<<<Unicode>>>

အတွေ့အကြုံ မရှိတော့ အလုပ်မရွေးနိုင်ခဲ့ဘူးဆိုတဲ့ ယောင်းတို့အတွက်

ငယ်ရွယ်သူတွေအနေနဲ့ လုပ်ငန်းခွင်ဝင်တဲ့အခါ ကြုံရတဲ့ အခက်အခဲတစ်ခုက လုပ်ငန်းရွေးလို့မရတာပါ။ အတွေ့အကြုံ မရှိသေးသလို ပညာနုနယ်သေးတော့ အတွေ့အကြုံမလိုပါလို့ ခေါ်တဲ့အလုပ်ဆိုရင်ပဲ လျှောက်လိုက်ရတာမျိုးပါ။

ဒီအခါ အဲဒီ အလုပ်က ကိုယ် ဝါသနာမပါတဲ့ အလုပ်မျိုး၊ ကိုယ့် ဗီဇနဲ့ မကိုက်တဲ့ အလုပ်မျိုးဖြစ်နေတတ်ပါတယ်။ အဲဒီအခါ သိထားသင့်တာတွေက…

၁။ ကိုယ့်ကိုယ်ကိုယ် အတင်း ဖိအားမပေးပါနဲ့။

ကိုယ်နဲ့ မကိုက်တဲ့ အလုပ်ဆိုရင် ဒီအလုပ်မှာ ထူးချွန်ဖို့ အဆင်မပြေသလို တိုးတက်ဖို့လည်း အခွင့်အရေး နည်းပါတယ်။ ဥပမာ – ကိုယ်က စကားနည်းသူ၊ လူစိမ်းတွေနဲ့ တွေ့ရမှာ ကြောက်သူဖြစ်နေပေမဲ့ ကိုယ့်အလုပ်က အရောင်းပိုင်း ၊ ဈေးကွက် ရှာဖွေရေးပိုင်းဖြစ်နေတာမျိုးပေါ့။ ဒါဆိုရင် ကိုယ်ဘယ်လောက် ကြိုးစား ကြိုးစား ကိုယ့် ပင်ကိုယ်ဗီဇကို မဖျောက်နိုင်တဲ့အတွက် အဆင်မပြေပါဘူး။

ဒါကိုပဲ ဘာပဲဖြစ်ဖြစ် လုပ်ရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့။ တစ်ချိန်ကျရင် ကိုယ့်ဝါသနာနဲ့ ကိုက်တဲ့ အလုပ်မျိုးကို ပြောင်းလုပ်မယ်လို့ တွေးထားပါ။

Related Article >>> အလုပ်ထွက်လိုက်တယ်ဆိုတာ စိတ်ဓာတ်ကျစရာမဟုတ်ပါဘူး…

၂။ စိတ်ရှည်ပါ သင်ယူပါ။

တစ်ချိန်တည်းမှာပဲ ကိုယ့်အလုပ်ကို စိတ်ရှည်ရှည်နဲ့ သင်ယူပါ။ ကိုယ်နဲ့ မကိုက်တဲ့အလုပ်ဆိုရင်တောင် ဒီအလုပ်ကနေ ငါ ဘာအတွေ့အကြုံတွေ ယူလို့ရမလဲဆိုတာ လေ့လာထားပါ။ သင်ယူခဲ့ရတဲ့ အတွေ့အကြုံတွေဟာ နောက်အလုပ်မှာ အသုံးချလို့ ရတာချည်းပါပဲ။

၃။ တခြား အလုပ်တွေကို လေ့လာပါ။

ဒီအလုပ်မှာ လေ့လာသင်ယူနေဆဲမှာပဲ တခြားအလုပ်တွေကို လေ့လာပါ။ ဥပမာ – ရုံးတွင်းစီမံခန့်ခွဲရေးအပိုင်း၊ စာရင်းအင်းအပိုင်းတွေဆိုရင် ကိုယ် ဝါသနာပါနိုင်မလားဆိုတာ လေ့လာပါ။ ကိုယ့်ရုံးမှာပဲဖြစ်ဖြစ် တခြားကုမ္ပဏီမှာပဲဖြစ်ဖြစ် ကိုယ်နဲ့ ကိုက်ညီတဲ့အလုပ် ဘာရှိနိုင်မလဲဆိုတာ လေ့လာထားပါ။

၄။ ကိုယ့်စွမ်းရည်ကို မြှင့်ပါ။

ကိုယ် စိတ်ဝင်စားတဲ့ အလုပ်တွေ့ပြီဆိုရင် အဲဒီအလုပ်လုပ်နေတဲ့ လူတွေနဲ့ ခင်အောင် ပေါင်းပါ။ သူတို့ကို ဒီ အလုပ်လုပ်ဖို့အတွက် ဘာတွေ သင်ယူလေ့လာထားရမလဲဆိုတာ မေးမြန်းပါ။ လိုအပ်ရင် သင်တန်းတွေတက်ပါ။ အဲ့ဒီအလုပ်ကို ပြောင်းဖို့ လုံလောက်သည်အထိ သင်ယူပါ။

Related Article >>> အလုပ်ခွင်မှာ အထိုင်များလို့ ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်နိုင်မယ့် အချက် (၁၀) ချက်

၄။ အလုပ်ပြောင်းပါ။

လက်ရှိအလုပ်မှာ ခြောက်လ တစ်နှစ်လောက် လုပ်ပြီးပြီ၊ အတွေ့အကြုံလည်း စုံပြီ ဆိုရင်တော့ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်ကို ကူးလို့ရပါပြီ။ ကိုယ်လုပ်ချင်တဲ့ အလုပ်က ကိုယ့်ရုံးမှာပဲ ရှိတယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ရုံးမှာတင်ပဲ လျှောက်လွှာတင်ထားပြီး လူလွတ်တာနဲ့ ဝင်လို့ရပြီပေါ့။ တစ်ချိန်တည်းမှာပဲ တခြားနေရာတွေမှာလည်း လျှောက်လွှာတင်ထားပါ။ ဒါဆို ကိုယ်အလုပ်ရဖို့ ပူစရာမလိုတော့ပါဘူး။

ဒီနေ့ခေတ်မှာတော့ အရင်ခေတ်တွေနဲ့ မတူဘဲ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာပါပြီနော်။ ယောင်းတို့အနေနဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်မျိုးကို သေချာရွေးချယ်နိုင်ကြပါစေလို့…

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *