Career

လုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္ႏိုင္ဖို႔ လွ်ိဳ႕ဝွက္ခ်က္မ်ား

လုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္ဖို႔ ဒီလို ရိုးရွင္းတဲ့ အခ်က္ေလးေတြပဲ လိုတယ္ဆိုရင္… 

၁။ ေမးျမန္းဖို႔ သတၱိရွိပါေစ။

ဒလိုင္းလားမား ေျပာသလိုေပါ့၊ ေပ်ာ္႐ႊင္မႈဆိုတာ အဆင္သင့္ လုပ္ယူၿပီးသားအရာ မဟုတ္ဘူး၊ ကိုယ့္ရဲ႕ လုပ္ရပ္ေတြကပဲ အဆုံးအျဖတ္ေပးတဲ့ အရာပါ။ အလုပ္နဲ႔ပတ္သက္ၿပီး ကိုယ္ သေဘာမေတြ႕တာေတြ၊ အခက္အခဲႀကံဳေနရတာမ်ိဳးေတြဆိုရင္ ကိုယ့္ရဲ႕အဖြဲ႕အစည္းနဲ႔ ေသခ်ာေျပာဆိုၾကည့္ၿပီး အဆင္ေျပ တိုးတက္မႈရေအာင္ လုပ္ႏိုင္ပါတယ္။ အဲဒီလို ဖြင့္ဟေဆြးေႏြးတာမ်ိဳးက အသားက်သြားၿပီဆိုရင္ ကိုယ့္ရဲ႕ သေဘာအက်ဆံုး အလုပ္တစ္ခုေတာင္ ျဖစ္လာႏိုင္ပါေသးတယ္ ေယာင္းတို႔ေရ…

၂။ ကိုယ့္အလုပ္ရဲ႕ အဓိပၸာယ္ကို ရွာေဖြပါ။

ကိုယ့္အလုပ္ရဲ႕ အဓိပၸာယ္ကိုနားလည္ၿပီး တျခားသူေတြအေပၚ ကိုယ့္အလုပ္ရဲ႕ အေရးပါ သက္ေရာက္မႈကို သိရွိလက္ခံထားတဲ့ ဝန္ထမ္းေတြဟာ လုပ္ငန္းခြင္မွာ ပိုမိုေပ်ာ္႐ႊင္ၿပီး ေပါင္းသင္းဆက္ဆံမႈ နဲ႔ လုပ္ငန္းစြမ္းေဆာင္ရည္လည္း ပိုေကာင္းၾကပါတယ္။

Related Article >>> ဘြဲ႕မရခင္မွာ အလုပ္တစ္ခုရေနဖို႔ ေက်ာင္းတက္ေနကတည္းက အခ်ိန္ကို ဘယ္လိုအသံုးခ်မလဲ?

၃။ ေကာင္းမြန္တဲ့ အလုပ္ဝန္းက်င္ တစ္ခု ဖန္တီးပါ။

ကိုယ္အလုပ္လုပ္တဲ့ေနရာကို သီးသန္႔ပံုစံ ျဖစ္ေအာင္ ကိုယ့္ရဲ႕ အလုပ္စားပြဲေပၚမွာ ပန္းေတြ၊ ဓာတ္ပုံေတြထားပါ။ ပန္းေတြက စိတ္ကို လန္းဆန္းေစႏိုင္ၿပီး ေပ်ာ္႐ႊင္မႈ၊ စြမ္းရည္နဲ႔ စိတ္အားထက္သန္မႈေတြကို တိုးျမင့္ေစႏိုင္ပါတယ္။

၄။ ရည္မွန္းခ်က္ ပန္းတိုင္ထားရွိပါ။

တစ္ေန႔တာအတြင္း ကိုယ္ၿပီးေအာင္လုပ္ရမယ့္ အလုပ္ေတြ၊ စိန္ေခၚမႈေတြကို သတ္မွတ္ထားရွိၿပီး ကိုယ့္ရဲ႕ အလုပ္လုပ္ခ်င္စိတ္ကို ျမႇင့္တင္ပါ။ ‘လုပ္ေဆာင္ရန္မ်ား’ ဆိုၿပီး စာရင္းေလး လုပ္ထားလို႔လည္း ရၿပီး တစ္ခုလုပ္ၿပီးသြားတိုင္း အမွတ္ေလးေတြ ျခစ္သြား႐ုံပဲ စိတ္ေက်နပ္စရာေပါ့။ အလုပ္ေတြ တစ္ခုၿပီးတစ္ခု ၿပီးသြားတာ ျမင္ရတာလည္း ေပ်ာ္စရာပဲေလ…

၅။ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ပါ။

အလုပ္လုပ္ရက္ေတြမွာ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာက လူေတြကို စြမ္းေဆာင္ရည္ျမင့္ေစၿပီး စိတ္ဖိစီးမႈေလ်ာ့နည္းေစကာ အေကာင္းျမင္မႈ ျဖစ္ေစတယ္လို႔ ေတြ႕ရွိထားၾကပါတယ္။ အလုပ္မသြားခင္ နံနက္ သို႔မဟုတ္ ေန႔လယ္စာ မစားခင္မွာ ခဏေလာက္ အေျပးေလ့က်င့္ခန္းလုပ္ၾကည့္ပါ။

လုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္ၿပီး ေအာင္ျမင္မႈ အသီးသီး ဆြတ္ခူးရရွိႏုိင္ၾကပါေစ ေယာင္းတို႔ေရ..

အဂၤလိပ္ဘာသာျဖင့္လည္း ေအာက္တြင္ ဖတ္ရႈႏုိင္ပါသည္။

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ Wynee Myanmar Organisation အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>> 

လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့ ဒီလို ရိုးရှင်းတဲ့ အချက်လေးတွေပဲ လိုတယ်ဆိုရင်… 

၁။ မေးမြန်းဖို့ သတ္တိရှိပါစေ။

ဒလိုင်းလားမား ပြောသလိုပေါ့၊ ပျော်ရွှင်မှုဆိုတာ အဆင်သင့် လုပ်ယူပြီးသားအရာ မဟုတ်ဘူး၊ ကိုယ့်ရဲ့ လုပ်ရပ်တွေကပဲ အဆုံးအဖြတ်ပေးတဲ့ အရာပါ။ အလုပ်နဲ့ပတ်သက်ပြီး ကိုယ် သဘောမတွေ့တာတွေ၊ အခက်အခဲကြုံနေရတာမျိုးတွေဆိုရင် ကိုယ့်ရဲ့အဖွဲ့အစည်းနဲ့ သေချာပြောဆိုကြည့်ပြီး အဆင်ပြေ တိုးတက်မှုရအောင် လုပ်နိုင်ပါတယ်။ အဲဒီလို ဖွင့်ဟဆွေးနွေးတာမျိုးက အသားကျသွားပြီဆိုရင် ကိုယ့်ရဲ့ သဘောအကျဆုံး အလုပ်တစ်ခုတောင် ဖြစ်လာနိုင်ပါသေးတယ် ယောင်းတို့ရေ…

၂။ ကိုယ့်အလုပ်ရဲ့ အဓိပ္ပာယ်ကို ရှာဖွေပါ။

ကိုယ့်အလုပ်ရဲ့ အဓိပ္ပာယ်ကိုနားလည်ပြီး တခြားသူတွေအပေါ် ကိုယ့်အလုပ်ရဲ့ အရေးပါ သက်ရောက်မှုကို သိရှိလက်ခံထားတဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်မှာ ပိုမိုပျော်ရွှင်ပြီး ပေါင်းသင်းဆက်ဆံမှု နဲ့ လုပ်ငန်းစွမ်းဆောင်ရည်လည်း ပိုကောင်းကြပါတယ်။

Related Article >>> ဘွဲ့မရခင်မှာ အလုပ်တစ်ခုရနေဖို့ ကျောင်းတက်နေကတည်းက အချိန်ကို ဘယ်လိုအသုံးချမလဲ?

၃။ ကောင်းမွန်တဲ့ အလုပ်ဝန်းကျင် တစ်ခု ဖန်တီးပါ။

ကိုယ်အလုပ်လုပ်တဲ့နေရာကို သီးသန့်ပုံစံ ဖြစ်အောင် ကိုယ့်ရဲ့ အလုပ်စားပွဲပေါ်မှာ ပန်းတွေ၊ ဓာတ်ပုံတွေထားပါ။ ပန်းတွေက စိတ်ကို လန်းဆန်းစေနိုင်ပြီး ပျော်ရွှင်မှု၊ စွမ်းရည်နဲ့ စိတ်အားထက်သန်မှုတွေကို တိုးမြင့်စေနိုင်ပါတယ်။

၄။ ရည်မှန်းချက် ပန်းတိုင်ထားရှိပါ။

တစ်နေ့တာအတွင်း ကိုယ်ပြီးအောင်လုပ်ရမယ့် အလုပ်တွေ၊ စိန်ခေါ်မှုတွေကို သတ်မှတ်ထားရှိပြီး ကိုယ့်ရဲ့ အလုပ်လုပ်ချင်စိတ်ကို မြှင့်တင်ပါ။ ‘လုပ်ဆောင်ရန်များ’ ဆိုပြီး စာရင်းလေး လုပ်ထားလို့လည်း ရပြီး တစ်ခုလုပ်ပြီးသွားတိုင်း အမှတ်လေးတွေ ခြစ်သွားရုံပဲ စိတ်ကျေနပ်စရာပေါ့။ အလုပ်တွေ တစ်ခုပြီးတစ်ခု ပြီးသွားတာ မြင်ရတာလည်း ပျော်စရာပဲလေ…

၅။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

အလုပ်လုပ်ရက်တွေမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက လူတွေကို စွမ်းဆောင်ရည်မြင့်စေပြီး စိတ်ဖိစီးမှုလျော့နည်းစေကာ အကောင်းမြင်မှု ဖြစ်စေတယ်လို့ တွေ့ရှိထားကြပါတယ်။ အလုပ်မသွားခင် နံနက် သို့မဟုတ် နေ့လယ်စာ မစားခင်မှာ ခဏလောက် အပြေးလေ့ကျင့်ခန်းလုပ်ကြည့်ပါ။

လုပ်ငန်းခွင်မှာ ပျော်ရွှင်ပြီး အောင်မြင်မှု အသီးသီး ဆွတ်ခူးရရှိနိုင်ကြပါစေ ယောင်းတို့ရေ..

အင်္ဂလိပ်ဘာသာဖြင့်လည်း အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

<<< English >>>

What is the secret of career happiness?

(1) Have the courage to ask
“Happiness is not something ready made. It comes from your own actions.” – Dalai Lama. The parts of your job that you may dislike or find difficult can be improved through effective communication within your team – it could even end up being the part you enjoy most!

(2) Find your job’s purpose
Employees who understand their job’s purpose and realise the positive impact their work is having on others are happier, more engaged and more productive in the workplace.

(3) Create a positive environment
Place flowers and photographs on your desk to personalise your working area. Flowers are the perfect pick-me-up and are proven to increase energy, happiness and enthusiasm.

(4) Set goals
Set yourself personal goals and challenges throughout the day to keep yourself motivated, a ‘to do’ list is a good way of doing this, plus you can tick things off as you go – which is a little bit of a treat!

(5) Exercise
Exercising on workdays is proven to make people more productive, less stressed and positive. Maybe a short run in the morning before work or at lunch.

Wynee Myanmar
Wynee Myanmar
Wynee is a community of young people and professionals dedicated to providing career guidance to the youth of Myanmar. Check out WyneeMyanmar.com to join the community and gain access to many more articles, Sign up for events across Myanmar, and participate in our online question and answer platform.
http://www.wyneemyanmar.com/

Leave a Reply

Your email address will not be published. Required fields are marked *