လုပ္ငန္းခြင္မွာေအာင္ျမင္ဖို႔ပိတ္ရက္တြင္လုပ္သင့္ေသာအခ်က္(၇)ခ်က္

အလုပ္မွ အလုပ္ခ်ည္း ဖိလုပ္ေနလို႔ မရဘူးေနာ္ ေယာင္းတို႔.. 

ငယ္ငယ္က ၾကံဳခဲ့ဖူးတယ္ဟုတ္? စာၿပီး စာ၊ တစ္ခ်ိန္လံုး စာက်က္ေနရရင္ ဟုန္သြားၿပီး စာေတြ မရေတာ့ဘဲ ခဏနားၿပီး ဦးေႏွာက္ေအးသြားတဲ့အခ်ိန္ ျပန္က်က္ေတာ့မွ စာေတြ ရသြားတာမ်ိဳးေလ… လုပ္ငန္းခြင္မွာလည္း ဒီလိုပါပဲ ေယာင္းတို႔ေရ.. ရံုးဖြင့္ရက္ေတြမွာလည္း အလုပ္လုပ္၊ ပိတ္ရက္ေတြမွာလည္း အလုပ္လုပ္၊ တစ္ခ်ိန္လံုး အလုပ္မွ အလုပ္ ျဖစ္ေနမယ္ဆိုရင္ လူက အလုပ္လုပ္ႏိုင္စြမ္းေတြပဲ ရွိၿပီး အလုပ္ၿပီးႏုိင္စြမ္းက ေလ်ာ့သြားပါလိမ့္မယ္ ေယာင္းတုိ႔ေရ… စိတ္ဖိစီးမႈေတြလည္း ပိုမ်ားလာႏုိင္တာေပါ့ေနာ္..

ဒီေတာ့ အလုပ္လုပ္တာလည္းလုပ္၊ နားခ်ိန္မွာလည္း နား၊ ေပ်ာ္ခ်ိန္မွာလည္း ေပ်ာ္ မွ်မွ်တတေလး ျဖတ္သန္းသြားဖို႔ လိုပါတယ္လို႔… ဒါဆို လုပ္ငန္းခြင္မွာလည္း ေအာင္ျမင္ေအာင္၊ ကိုယ့္အတြက္ အနားယူခ်ိန္ေတြမွာလည္း အက်ိဳးလည္းရွိ၊ အနားလည္း ရေအာင္ ပိတ္ရက္ေတြမွာ ဘာေလးေတြ လုုပ္သင့္လဲဆိုတာ ေဖာ္ျပေပးမယ္ေနာ္ ေယာင္းတို႔…

၁။ ပိတ္ရက္ေတြဆို အလုပ္နဲ႔ေဝးနိုင္သေလာက္ ေဝးေဝးေနပါ။

ဟုတ္ပါတယ္ ေယာင္းတို႔ေရ… ပိတ္ရက္မွာ အလုပ္နဲ႔ ပတ္သက္တာေတြကို ေမ့ထားလိုက္ပါ။ လံုးဝ ေမ့ထားလိုက္ႏုိင္ရင္ေတာ့ အေကာင္းဆံုးေပါ့ေနာ္… အဲဒီအခ်ိန္မွာ ကိုယ္ဝါသနာ ပါတာေတြ၊ ကိုယ္ စိတ္ဝင္စားတာေတြ၊ ကိုယ့္အတြက္ စိတ္သက္သာရာ ရေစမယ့္ အရာေလးေတြ လုပ္ၾကည့္ရင္း ေကာင္းေကာင္း အနားယူလိုက္ပါ။ ဒီလို အနားယူလိုက္ၿပီးရင္ေတာ့ ရံုးဖြင့္ရက္ေတြမွာ ပိုၿပီး အာရံုစိုက္ႏုိင္တာကို ေတြ႕ရမွာပါ ေယာင္းတို႔ေရ…

၂။ မိသားစုနဲ႔ ကိုယ္ခ်စ္ရတဲ့သူေတြကို အခ်ိန္ေပးပါ။

ရံုးဖြင့္ရက္ေတြဆို အလုပ္နဲ႔အိမ္ အိမ္နဲ႔အလုပ္ ဒါေတြပဲ ေန႔တိုင္းလည္ပတ္ေနေတာ့ ကိုယ္ခ်စ္ရတဲ႔သူေတြကို အခ်ိိန္ေပးဖို႔ ေမ့ေကာင္းေမ့ေနတတ္ၾကပါတယ္။ ဒီေတာ့ ပိတ္ရက္ေတြကို အခြင့္အေရးအျဖစ္ အသံုးခ်လိုက္ပါ ေယာင္းတို႔ေရ.. ကိုယ္ခ်စ္ရတဲ့သူေတြ၊ မိသားစုေတြကို အခ်ိန္ေပးၿပီး စကားေျပာမယ္၊ မုန္႔ေတြ လုပ္စားၾကမယ္၊ ေပ်ာ္ပြဲစားထြက္မယ္ဆိုရင္ ေယာင္းရဲ႕ ဘဝေလးက ပိုၿပီး စိုျပည္လာပါလိမ့္မယ္။

Related Article >>> Introvert ေတြအတြက္ လုပ္ငန္းခြင္ ကြန္ရက္ျဖန္႕က်က္နည္း (၆) သြယ္

၃။ အလုပ္နဲ႔ပတ္သက္တာေတြအားလံုးပိတ္ပါ။

ပိတ္ရက္ေတြမွာ အလုပ္နဲ႔ဆိုင္တဲ့ ဖုန္းေတြ၊ email ေတြကို လံုးဝပိတ္ထားလိုက္ပါ။ ဘာလို႔ဆို Notification တက္လာရင္ သြားၾကည့္မိၿပီး မလုပ္ဘဲလည္း မေနႏိုင္ျပန္ဘူးေလ.. သံေယာဇဥ္အမွ်င္ေတြ တန္းတာ၊ တန္းတာဆိုတာ… အဲလိုမ်ိဳးသာဆို အလုပ္ဖြင့္ရက္ ျပန္ေရာက္လာတဲ့အခါမွာလည္း အရင္လို ပင္ပန္းၿမဲ၊ အာရံုမစိုက္ႏုိင္ဆဲ ျဖစ္ေနဦးမွာပါပဲ။

 ၄။ ထူးျခားတဲ့အေတြ႔အႀကံဳေတြကို ဖန္တီးပါ။

ထူးျခားၿပီး စိတ္လွုပ္ရွားစရာေကာင္းတဲ့ အရာတစ္ခုကို စမ္းလုပ္ျကည့္ပါ။ (ေတာင္တက္တာတို႔၊ စြန့္စားခရီးထြက္တာတို႔ေပါ့) တစ္ခါမွမလုပ္ဖူးတဲ့ အေတြ႔အၾကံဳေတြက စိတ္ကူးသစ္ေလးေတြကို ေပးစြမ္းႏုိင္ၿပီး လုပ္ငန္းခြင္မွာ အိုင္ဒီယာအသစ္ေတြကို ဖန္တီး လုပ္ေဆာင္ႏုိင္ပါလိမ့္မယ္။

၅။ ပရဟိတလုပ္အားေပးပါ။

ပိတ္ရက္ေတြမွာ ပရဟိတလုပ္ျခင္းအားျဖင့္ ကိုယ္ခ်င္းစာစိတ္ေတြ၊ သည္းခံညွာတာမႈေတြ၊ လူမႈဆက္ဆံေရးေတြ တိုးတက္လာေစလို႔ လုပ္ငန္းခြင္ ဆက္ဆံေရးမွာ အဆင္ေျပေစမွာပါေနာ္။ ပရဟိတကေန သူငယ္ခ်င္းသစ္၊ မိတ္ေဆြသစ္ေတြလည္း တိုးလာေတာ့ Network က်ယ္လာႏုိင္တာေပါ့ေနာ္..

Related Article >>> လုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္ႏိုင္ဖို႔ လွ်ိဳ႕ဝွက္ခ်က္မ်ား

၆။ သင္တန္းတစ္ခုခု တက္ပါ။

ပိတ္ရက္ေတြမွာ ကိုယ့္ဘဝအတြက္ တိုးတက္ေစမယ့္ ပညာရပ္ေတြ၊ ဘာသာစကားေတြ၊ အလုပ္နဲ႔ ပတ္သက္တဲ့ ဘာသာရပ္ေတြ စသျဖင့္ ပညာရပ္တစ္ခုခုကို သင္ယူပါ။ ဒါဆို ပိတ္ရက္ေတြမွာ ပညာသစ္ေတြ တိုးၿပီေပါ့..

၇။ တရားထိုင္ပါ။

ဒါက ဗုဒၶဘာသာမွ မဟုတ္ပါဘူးေနာ္… လူတိုင္း လုပ္လုိ႔ ရပါတယ္။ စိတ္ကို ပိုၿပီး တည္ၿငိမ္ေစသလို အာရံုစူးစိုက္မႈလည္း ပိုအားေကာင္းေစပါတယ္။ ရံုးဖြင့္ရက္ေတြမွာ ပင္ပန္းလုိ႔ မလုပ္ႏိုင္ဘူးဆိုရင္ ပိတ္ရက္ေတြမွာ အခ်ိန္ခဏေပးၿပီး တရားထိုင္ၾကည့္ပါ။

ဒီအခ်က္ေလးေတြကို ပိတ္ရက္ေတြမွာ အခ်ိန္ေပးၿပီး လုပ္မယ္ဆိုရင္ လုပ္ငန္းခြင္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အာရံုစိုက္နိုင္ၿပီး လုပ္ငန္းခြင္ ေအာင္ျမင္မႈေတြကိုလည္း ဖန္တီးႏုိင္ပါလိမ့္မယ္ ေယာင္းတို႔ေရ…

Phyu Thant(For Her Myanmar)

References : Inc , Forbes

<<< Unicode >>>

အလုပ်မှ အလုပ်ချည်း ဖိလုပ်နေလို့ မရဘူးနော် ယောင်းတို့..

ငယ်ငယ်က ကြုံခဲ့ဖူးတယ်ဟုတ်? စာပြီး စာ၊ တစ်ချိန်လုံး စာကျက်နေရရင် ဟုန်သွားပြီး စာတွေ မရတော့ဘဲ ခဏနားပြီး ဦးနှောက်အေးသွားတဲ့အချိန် ပြန်ကျက်တော့မှ စာတွေ ရသွားတာမျိုးလေ… လုပ်ငန်းခွင်မှာလည်း ဒီလိုပါပဲ ယောင်းတို့ရေ.. ရုံးဖွင့်ရက်တွေမှာလည်း အလုပ်လုပ်၊ ပိတ်ရက်တွေမှာလည်း အလုပ်လုပ်၊ တစ်ချိန်လုံး အလုပ်မှ အလုပ် ဖြစ်နေမယ်ဆိုရင် လူက အလုပ်လုပ်နိုင်စွမ်းတွေပဲ ရှိပြီး အလုပ်ပြီးနိုင်စွမ်းက လျော့သွားပါလိမ့်မယ် ယောင်းတို့ရေ… စိတ်ဖိစီးမှုတွေလည်း ပိုများလာနိုင်တာပေါ့နော်.. ဒီတော့ အလုပ်လုပ်တာလည်းလုပ်၊ နားချိန်မှာလည်း နား၊ ပျော်ချိန်မှာလည်း ပျော် မျှမျှတတလေး ဖြတ်သန်းသွားဖို့ လိုပါတယ်လို့…

ဒါဆို လုပ်ငန်းခွင်မှာလည်း အောင်မြင်အောင်၊ ကိုယ့်အတွက် အနားယူချိန်တွေမှာလည်း အကျိုးလည်းရှိ၊ အနားလည်း ရအောင် ပိတ်ရက်တွေမှာ ဘာလေးတွေ လုပ်သင့်လဲဆိုတာ ဖော်ပြပေးမယ်နော် ယောင်းတို့…

၁။ ပိတ်ရက်တွေဆို အလုပ်နဲ့ဝေးနိုင်သလောက် ဝေးဝေးနေပါ။

ဟုတ်ပါတယ် ယောင်းတို့ရေ… ပိတ်ရက်မှာ အလုပ်နဲ့ ပတ်သက်တာတွေကို မေ့ထားလိုက်ပါ။ လုံးဝ မေ့ထားလိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့နော်… အဲဒီအချိန်မှာ ကိုယ်ဝါသနာ ပါတာတွေ၊ ကိုယ် စိတ်ဝင်စားတာတွေ၊ ကိုယ့်အတွက် စိတ်သက်သာရာ ရစေမယ့် အရာလေးတွေ လုပ်ကြည့်ရင်း ကောင်းကောင်း အနားယူလိုက်ပါ။ ဒီလို အနားယူလိုက်ပြီးရင်တော့ ရုံးဖွင့်ရက်တွေမှာ ပိုပြီး အာရုံစိုက်နိုင်တာကို တွေ့ရမှာပါ ယောင်းတို့ရေ…

၂။ မိသားစုနဲ့ ကိုယ်ချစ်ရတဲ့သူတွေကို အချိန်ပေးပါ။

ရုံးဖွင့်ရက်တွေဆို အလုပ်နဲ့အိမ် အိမ်နဲ့အလုပ် ဒါတွေပဲ နေ့တိုင်းလည်ပတ်နေတော့ ကိုယ်ချစ်ရတဲ့သူတွေကို အချိန်ပေးဖို့ မေ့ကောင်းမေ့နေတတ်ကြပါတယ်။ ဒီတော့ ပိတ်ရက်တွေကို အခွင့်အရေးအဖြစ် အသုံးချလိုက်ပါ ယောင်းတို့ရေ.. ကိုယ်ချစ်ရတဲ့သူတွေ၊ မိသားစုတွေကို အချိန်ပေးပြီး စကားပြောမယ်၊ မုန့်တွေ လုပ်စားကြမယ်၊ ပျော်ပွဲစားထွက်မယ်ဆိုရင် ယောင်းရဲ့ ဘဝလေးက ပိုပြီး စိုပြည်လာပါလိမ့်မယ်။

Related Article >>> Introvert တွေအတွက် လုပ်ငန်းခွင် ကွန်ရက်ဖြန့်ကျက်နည်း (၆) သွယ်

၃။ အလုပ်နဲ့ပတ်သက်တာတွေအားလုံးပိတ်ပါ။

ပိတ်ရက်တွေမှာ အလုပ်နဲ့ဆိုင်တဲ့ ဖုန်းတွေ၊ email တွေကို လုံးဝပိတ်ထားလိုက်ပါ။ ဘာလို့ဆို Notification တက်လာရင် သွားကြည့်မိပြီး မလုပ်ဘဲလည်း မနေနိုင်ပြန်ဘူးလေ.. သံယောဇဉ်အမျှင်တွေ တန်းတာ၊ တန်းတာဆိုတာ… အဲလိုမျိုးသာဆို အလုပ်ဖွင့်ရက် ပြန်ရောက်လာတဲ့အခါမှာလည်း အရင်လို ပင်ပန်းမြဲ၊ အာရုံမစိုက်နိုင်ဆဲ ဖြစ်နေဦးမှာပါပဲ။

၄။ ထူးခြားတဲ့အတွေ့အကြုံတွေကို ဖန်တီးပါ။

ထူးခြားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတစ်ခုကို စမ်းလုပ်ကြည့်ပါ။ (တောင်တက်တာတို့၊ စွန့်စားခရီးထွက်တာတို့ပေါ့) တစ်ခါမှမလုပ်ဖူးတဲ့ အတွေ့အကြုံတွေက စိတ်ကူးသစ်လေးတွေကို ပေးစွမ်းနိုင်ပြီး လုပ်ငန်းခွင်မှာ အိုင်ဒီယာအသစ်တွေကို ဖန်တီး လုပ်ဆောင်နိုင်ပါလိမ့်မယ်။

၅။ ပရဟိတလုပ်အားပေးပါ။

ပိတ်ရက်တွေမှာ ပရဟိတလုပ်ခြင်းအားဖြင့် ကိုယ်ချင်းစာစိတ်တွေ၊ သည်းခံညှာတာမှုတွေ၊ လူမှုဆက်ဆံရေးတွေ တိုးတက်လာစေလို့ လုပ်ငန်းခွင် ဆက်ဆံရေးမှာ အဆင်ပြေစေမှာပါနော်။ ပရဟိတကနေ သူငယ်ချင်းသစ်၊ မိတ်ဆွေသစ်တွေလည်း တိုးလာတော့ Network ကျယ်လာနိုင်တာပေါ့နော်..

Related Article >>> လုပ်ငန်းခွင်မှာ ပျော်ရွှင်နိုင်ဖို့ လျှို့ဝှက်ချက်များ

၆။ သင်တန်းတစ်ခုခု တက်ပါ။

ပိတ်ရက်တွေမှာ ကိုယ့်ဘဝအတွက် တိုးတက်စေမယ့် ပညာရပ်တွေ၊ ဘာသာစကားတွေ၊ အလုပ်နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေ စသဖြင့် ပညာရပ်တစ်ခုခုကို သင်ယူပါ။ ဒါဆို ပိတ်ရက်တွေမှာ ပညာသစ်တွေ တိုးပြီပေါ့..

၇။ တရားထိုင်ပါ။

ဒါက ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူးနော်… လူတိုင်း လုပ်လို့ ရပါတယ်။ စိတ်ကို ပိုပြီး တည်ငြိမ်စေသလို အာရုံစူးစိုက်မှုလည်း ပိုအားကောင်းစေပါတယ်။ ရုံးဖွင့်ရက်တွေမှာ ပင်ပန်းလို့ မလုပ်နိုင်ဘူးဆိုရင် ပိတ်ရက်တွေမှာ အချိန်ခဏပေးပြီး တရားထိုင်ကြည့်ပါ။ ဒီအချက်လေးတွေကို ပိတ်ရက်တွေမှာ အချိန်ပေးပြီး လုပ်မယ်ဆိုရင် လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အာရုံစိုက်နိုင်ပြီး လုပ်ငန်းခွင် အောင်မြင်မှုတွေကိုလည်း ဖန်တီးနိုင်ပါလိမ့်မယ် ယောင်းတို့ရေ…

References : Inc , Forbes

Phyu Thant(For Her Myanmar)

No Comments Yet

Comments are closed