Career

Introvert (ဘာသိဘာသာနေတတ်သူ) ယောင်းတို့အတွက် အသင့်လျော်ဆုံးဖြစ်မယ့် အလုပ်အကိုင်များ

ကိုယ်တစ်ယောက်တည်း တစ်ကမ္ဘာဆောက်လိုတဲ့ ယောင်းတို့အတွက်…

Introvert တွေဟာ များသောအားဖြင့် အလုပ်ကြိုးစားကြပြီး တစ်ယောက်တည်း အလုပ်လုပ်ရတာ စိတ်အားထက်သန်တဲ့သူတွေပါ။ သူတို့ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလုပ်မှာ ထုတ်သုံးလေ့ရှိတတ်ကြပြီး သူတို့ရဲ့ အမူအကျင့်နဲ့ မကိုက်ညီတဲ့အခါမှာ စိတ်ရှုပ်ထွေး၊ စိတ်ဖိစီးမှုတွေ ဖြစ်တတ်တာကြောင့် အလုပ်ရွေးချယ်မှု မှားသွားတဲ့အခါ မလိုလားအပ်တဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုမဖြစ်ရလေအောင် ရေရှည်အတွက် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ သင့်လျော်တဲ့ အလုပ်အကိုင်မျိုးကို ရွေးချယ်စေချင်ပါတယ်။ ဘယ်လိုအလုပ်တွေမျိုးလဲဆိုတာ့ အက်မင်အောက်မှာ ပြောပြပေးထားတယ်နော်။

(၁) လက်မှုအနုပညာရှင်

လက်မှုပညာရပ်

လက်မှုပညာတွေဟာ အသေးစိတ်ပြီး အရမ်းအာရုံစိုက်ရတာမို့ ဒီလို ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားတဲ့ introvert တွေအတွက် အသင့်တော်ဆုံးပါပဲ။ အက်မင်တို့ ကလောင်ရှင်တွေထဲမှာဆို DIY လုပ်နေကျ အက်မင်မမတစ်ယောက်ရှိတယ်လေ။ သူလည်း Introvert တစ်ယောက်ပါပဲ။ သူ့ရဲ့ DIY လေးတွေက အရမ်းအနုစိတ်ပြီး အိုင်ဒီယာလေးတွေ အရမ်းကောင်းတာမို့ အက်မင်တို့ဆို သူ့ကို သိပ်အားကိုးတာ 😀 တခြား အိုးလုပ်ငန်းတို့၊ ဒီဇိုင်နာလုပ်ငန်းတို့လို အလုပ်တွေကလည်း Introvert တွေနဲ့ သင့်တော်ပါတယ်နော်။

(၂) ဓာတ်ပုံပညာရှင်

ပုံလှလှလေးတွေ ရိုက်မယ်

Introvert တွေဟာ ကမ္ဘာကြီးကို သူများတွေနဲ့ မတူတဲ့ အမြင်တစ်မျိုး ရှိတတ်ကြပါတယ်။ ဒီလိုအမြင်မျိုးကပဲ အမိုက်စား ဓာတ်ပုံပညာတွေကို ဖန်တီးစေနိုင်ပါတယ်။ သူတို့က တခြားသူတွေကို မတူညီတဲ့ ရှုထောင့်ကို ချပြသူတွေပေါ့…

(၃) စာရေးသူ

စိတ်ကူးထဲက ကမ္ဘာလေးကို စာရွက်တွေပေါ် ဖန်တီးမယ်

Introvert တွေဟာ တိတ်ဆိတ်ငြိမ်းချမ်းခြင်းကို မြတ်နိုးပြီး တစ်ယောက်တည်းနေရတာ ပျော်မွေ့တတ်ကြတာမို့ ဈာန်ဝင်စားပြီး အနုပညာ၊ ရသလက်ရာတွေဖန်တီးရတဲ့ စာရေးခြင်း အလုပ်ကလည်း သူတို့နဲ့ ကိုက်ညီပါတယ်။

(၄) Social Media Manager

ကီးဘုတ်ချင်း စကားပြောမေ

Social ဆိုတဲ့ စကားလုံးကြောင့် Social media manager ရာထူးဟာ introvert တွေနဲ့ မဆိုင်ဘူးဆိုပြီး ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဒီအလုပ်ကို တကယ်တမ်းလုပ်ရတာက ကွန်ပျူတာတစ်လုံးနဲ့ပါ။ လူတွေနဲ့ ပြောဆိုဆက်ဆံရတာမဟုတ်ဘဲ အွန်လိုင်းပေါ်က လူတွေနဲ့သာ ကီးဘုတ်ချင်း စကားပြောကြတာပါ။ ဘာကြောင့် ဒီရာထူးနဲ့ကိုက်လဲဆိုတော့ Introvert တွေဟာ စိတ်ကူးစိတ်သန်းကောင်းမွန်ပြီး ဆန်းသစ်တဲ့အိုင်ဒီယာတွေကို ပိုင်ဆိုင်ကြလို့ပါပဲ။

Related Article >>> ရှက်တတ်သူတွေရဲ့ အကြောင်း

(၅) Financial Manager

အေးဆေးပေါ့..

သင်္ချာနိုနင်းပြီး စနစ်ကျတဲ့ စရိုက်လက္ခဏာပိုင်ရှင် Introvert ယောင်းလေးတွေအတွက်က ငွေကြေးနဲ့ပက်သက်တဲ့ ရာထူးတွေက အသင့်တော်ဆုံးပါပဲ။ သူတို့ဟာ တခြားသူတွေထက် စာရင်းအင်းပိုနိုင်နင်းတတ်ကြပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလည်း သေချာ မှတ်တမ်းတင်ထားနိုင်မှာဖြစ်ပါ တယ်။

(၆) Computer Programmer / Web Developer

ကွန်ပျူတာကိုပဲ ချစ်တယ်

အက်မင့်အသိထဲမှာ ရှိတဲ့ Introvert အားလုံးက Web Developer တွေလို့ မပြောချင်ပေမဲ့ Web Developer တွေအားလုံးက Introvert တွေလို့ ပြောရလောက်တဲ့အထိပါပဲ။ ဘာလို့ဆို ဒီအလုပ်က လူတွေနဲ့ သိပ်မဆက်ဆံရဘဲ ကွန်ပျုတာမျက်နှာပြင်ပေါ်မှာ ကုဒ်တွေရေး၊ ကွန်ပျူတာမှာပဲ အဖြေရှာရတဲ့အလုပ်မို့ပါပဲ။

(၇) တိရိစ္ဆာန်လေးတွေကို ဂရုစိုက်သူ

မသိဘူး ချစ်မယ်

ဒီအလုပ်က လူတွေထက် တိရိစ္ဆာန်တွေနဲ့ ပိုပြီးဆက်ဆံရတာမို့ Introvert တွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်တစ်ခုပါပဲ။ ဒီအလုပ်ကို တိရိစ္ဆာန်ရုံ၊ တိရိစ္ဆာန်ဆေးခန်း၊ အိမ်မွေးတိရိစ္ဆာန်ပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင် စတဲ့နေရာတွေမှာ အလုပ်အကိုင်လျှောက်နိုင်ပါတယ်။

(၈) ဘာသာပြန်

လက်ပုတော့လေး ရှေ့ချ… ဘာသာပြန်ကြမယ်

သတိ – ဘာသာပြန်က စကားပြန်နဲ့ မတူပါဘူးနော်။ အမှတ်မှားကြမှာစိုးလို့ပါ။ ဘာသာပြန်အလုပ်ကလည်း လူတွေနဲ့ စကားမပြောရဘဲ စာရွက်စာတမ်းတွေနဲ့သာ လုံးထွေးရတာမို့ သီးသန့်အေးဆေးနေရတာကြိုက်တဲ့ Introvert လေးတွေအတွက် သင့်တော်တဲ့ အလုပ်တစ်ခုပဲပေါ့။

(၉) ရုပ်ရှင်/ဗီဒီယိုတည်းဖြတ်သူ

အပြင်မှာတော့ ဒီလို ဘယ်ဟုတ်မလဲနော် 😀

introvert တွေရဲ့ အာရုံစူးစိုက်မှုက အင်မတန် ကောင်းလှတာမို့ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကား တည်းဖြတ်တဲ့အခါမှာ အသင့်တော်ဆုံးဖြစ်တဲ့အပြင် ဆန်းသစ်တဲ့ အိုင်ဒီယာလည်း ပိုင်ဆိုင်ထားသေးတာမို့ ပြောင်မြောက်တဲ့ လက်ရာတွေလည်း ထွက်လာနိုင်ပါတယ် ယောင်းတို့ရေ..

ကဲ ဘယ်သူပြောတုန်း Introvert လေးတွေအတွက် အလုပ်ရှားတယ်လို့။ ခုဆို ဘယ်လိုအလုပ်တွေက ကိုယ်နဲ့သင့်တော်တယ်ဆိုတာ အများကြီး ရွေးနိုင်ကြပြီဟုတ်? ဒါတောင် အက်မင်က အကင်းလေးပဲ ပြောပြထားတာနော်။ တကယ်တမ်းကျ အများကြီးကျန်သေးတယ်။ နောက်ဆုံးအနေနဲ့ အက်ဒ်မင်မှာချင်တာက ကိုယ်က introvert မို့ဆိုပြီး စိတ်အားမငယ်ပါနဲ့နော်။ ကိုယ်အားသန်တဲ့အပိုင်းကို ပိုလေ့လာလိုက်စားပြီး ကြိုးစားကြပါလို့။

Myat (For Her Myanmar)

References : Balance Careers , Introvert Spring , Business News Daily

Myat Moe
နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤

Leave a Reply

Your email address will not be published. Required fields are marked *