အသက္ ၃၀ ေအာက္ ေအာင္ျမင္ေနသူအမ်ိဳးသမီးမ်ားေျပာတဲ့ ေအာင္ျမင္ေရးလွ်ိဳ႕ဝွက္ခ်က္မ်ား

Forbes မဂၢဇင္းမွာ ေဖာ္ျပျခင္းခံခဲ့ရတဲ့ အမ်ိဳးသမီးေတြေျပာတဲ့… 

>>> Zawgyi >>>

Forbes မဂၢဇင္းက ႏွစ္စဥ္တိုင္း အသက္သံုးဆယ္ေအာက္ ေအာင္ျမင္သူမ်ားစာရင္းကို ထုတ္ျပန္ေလ့႐ွိပါတယ္။ အဲ့ဒီစာရင္းထဲမွာ ပါခဲ့တဲ့ ေအာင္ျမင္သူ ၅ ဦးက သူတို႔ရဲ႕ ဘဝနဲ႔ယွဥ္ကာရ႐ွိခဲ့တဲ့ ေအာင္ျမင္မႈ ေသာ့ခ်က္ (၅) ခုကို အခုလုိ မွ်ေဝခဲ့ပါတယ္။

၁။ အမ်ားႀကိဳက္ဖို႔ထက္ ကိုယ္ႀကိဳက္တာကိုယ္လုပ္ပါ

ဂီလ္ဒါ အမ္ဘ႐ိုစီယို ဟာ တြဲဖက္တစ္ေယာက္နဲ႔အတူ ေအာင္ျမင္တဲ့ အဝတ္အစား Brand တစ္ခုကို အသက္သံုးဆယ္ေအာက္မွာတင္ ေအာင္ျမင္ေအာင္ လုပ္ႏိုင္ခဲ့သူပါ။

သူတုိ႔ရဲ႕ Brand ကို စတင္မိတ္ဆက္ခ်ိန္က ေစ်းကြက္သုေတသနလုပ္ၿပီး လူအမ်ားႏွစ္သက္တဲ့ ပံုစံက ဘယ္လုိမ်ိဳးလဲဆိုတာကို မစူးစမ္းခဲ့ပါဘူး။ သူတို႔ ႏွစ္သက္ခံစားရတဲ့ ဒီဇိုင္းေတြကို တီထြင္ဖန္တီးကာ ေအာင္ျမင္ခဲ့တာပါ။

ဒါေၾကာင့္ “ကၽြန္မတို႔ ကိုယ့္ကိုယ္ကိုယ္႐ိုးသားခဲ့တာလို႔ အခုလို ေအာင္ျမင္ခဲ့တာပါ” လို႔ ဂီလ္ဒါ က ဆိုခဲ့ပါတယ္။

၂။ မေတြေဝနဲ႔ လုပ္သာလုပ္ပါ

ကြင္းန္ ႐ွာပတ္ဟာ အသက္ ၁၅ ႏွစ္ ေလာက္ကတည္းက ႐ုပ္႐ွင္ဇာတ္လမ္းေတြေရးသားခဲ့သူျဖစ္ၿပီး လက္႐ွိ ၂၃ ႏွစ္ အ႐ြယ္မွာ ႐ုပ္႐ွင္ေတြ ကိုယ္တုိင္ဖန္တီးေရးသားထုတ္လုပ္ႏိုင္ၿပီျဖစ္ပါတယ္။

“ကၽြန္မ ငယ္ငယ္က ေက်ာင္းဆက္တက္တာထက္ ကၽြန္မဝါသနာပါရာကို စလုပ္ဖုိ႔အတြက္ပဲ အားသန္ေနခဲ့တာ။ ဒါေၾကာင့္လည္း ဒီလုိ ႀကိဳးစားခဲ့တယ္။ အခုလုိ ေအာင္ျမင္ခဲ့တယ္” လို႔ ဆိုပါတယ္။

တစ္ခါတရံေတာ့ ေသေသခ်ာခ်ာစဥ္းစားဆံုးျဖတ္ၿပီးမွ လုပ္သင့္သလို တစ္ခါတရံေတာ့လည္း မစဥ္းစားဘဲလုပ္၊ လုပ္ရင္းနဲ႔ပဲ သင္ယူသြားတာမ်ိဳး လုပ္သင့္ပါတယ္။

Related article >>> လုပ္ငန္းသစ္(Startup)ေတြမွာ လုပ္မလား၊ ေအာင္ျမင္ၿပီးသားလုပ္ငနး္ေတြကို ေရြးခ်ယ္မလား

၃။ ကိုယ္လုပ္ခ်င္တဲ့ အလုပ္အတြက္ ေလ့လာသင္ယူပါ

ဒယ္နီရယ္လီ ဂီယူဇီယို ဟာ ကိုယ္ပိုင္စီးပြားေရးလုပ္ေတာ့မယ္လို႔ ဆံုးျဖတ္ၿပီးကတည္းက စီးပြားေရးနဲ႔ ပတ္သက္တဲ့ စာအုပ္ေတြကို ႐ွာေဖြၿပီး ေကာ္ဖီဆိုင္မွာမနားတမ္းဖတ္႐ွဳပါေတာ့တယ္။ သူ မွတ္သားလိုတဲ့ အရာေတြဆုိရင္ ဖုန္းကင္မရာနဲ႔ ႐ိုက္ကာသိမ္းဆည္းထားပါတယ္။

သူ ဒီလို ေလ့လာသင့္ယူခဲ့လို႔ အခုဆုိရင္ သူဟာ အသက္ ၃၀ ေအာက္မွာပဲ ေအာင္ျမင္တဲ့ လုပ္ငန္း႐ွင္ အမ်ိဳးသမီးျဖစ္ေနတာပါ။ ဒါေၾကာင့္ ကိုယ့္အလုပ္နဲ႔ ပတ္သက္တာေတြကို ဖတ္မွတ္ေလ့လာသင္ယူပါ။

Related article >>> ေအာင္ျမင္တဲ့ အမ်ိဳးသမီးေတြ သူတို႔ပိတ္ရက္ေတြကို ဘယ္လုိအသံုးခ်ၾကသလဲ?

၄။ ကိုယ့္ စိတ္ဆႏၵကို ယံုၾကည္မႈ႐ွိပါ

လီဇာ ကို႐ွီ တစ္ေယာက္ YouTube ေပၚ ဗီဒီယိုအတိုေလးေတြတင္မယ္ဆုိေတာ့ လူတစ္ဦးက ကန္႔ကြက္ပါတယ္။ YouTube က ေခတ္ကုန္ေတာ့မွာ လုိ႔ ထိုသူက ဆိုပါတယ္။

ဒါေပမဲ့ လီဇာ ကာ နားမေယာင္ပဲ သူ႔ဆႏၵအတုိင္းသာ လုပ္ခဲ့ပါတယ္။ အခုဆိုရင္ လီဇာက YouTube မွာ ေအာင္ျမင္သူတစ္ဦးျဖစ္ေနပါၿပီ။

၅။ ျပႆနာေတြအတြက္ ျပင္ဆင္ထားပါ

ဒန္နီ ႐ိုခ်ီဟာ Kastor & Pollux ဆိုတဲ့ ဖန္တီးမႈ ေအဂ်င္စီတစ္ခုကို တည္ေထာင္ထားသူပါ။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ လုပ္ငန္း႐ွင္ျဖစ္ေနတဲ့ သူ႔အတြက္ စိန္ေခၚမႈေတြဆိုတာ မဆန္းေတာ့ပါဘူး။

“ေန႔တုိင္းက စိန္ေခၚမႈေပါင္းစံုထည့္ထားတဲ့ အိတ္ႀကီးလိုပါပဲ။ ကၽြန္မအေနနဲ႔ ဒီျပႆနာေတြကို ရင္ဆုိင္ေျဖ႐ွင္းဖို႔၊ အတြက္ တည္ၿငိမ္တဲ့ စိတ္ခံစားခ်က္ နဲ႔ စိတ္အာ႐ံုစူးစိုက္မႈက မျဖစ္မေနလိုအပ္တာမို႔ ခက္ခဲပါတယ္” လုိ႔ သူက ဆုိပါတယ္။

ဒါကေတာ့ ေအာင္ျမင္ေနတဲ့ အမ်ိဳးသမီးငယ္ေလးေတြ မွ်ေဝခဲ့တဲ့ ေအာင္ျမင္မႈလမ္းညႊန္ေတြပါပဲ။ ေယာင္းတို႔ေတြလည္း သူတို႔ေတြကို အတုယူၿပီး ေအာင္ျမင္သူေတြ ျဖစ္လာၾကပါေစလုိ႔။

Sugar Cane (For Her Myanmar)

Ref: careergirldaily

>> Unicode >>>

Forbes မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ အမျိုးသမီးတွေပြောတဲ့… 

Forbes မဂ္ဂဇင်းက နှစ်စဉ်တိုင်း အသက်သုံးဆယ်အောက် အောင်မြင်သူများစာရင်းကို ထုတ်ပြန်လေ့ရှိပါတယ်။ အဲ့ဒီစာရင်းထဲမှာ ပါခဲ့တဲ့ အောင်မြင်သူ ၅ ဦးက သူတို့ရဲ့ ဘဝနဲ့ယှဉ်ကာရရှိခဲ့တဲ့ အောင်မြင်မှု သော့ချက် (၅) ခုကို အခုလို မျှဝေခဲ့ပါတယ်။

၁။ အများကြိုက်ဖို့ထက် ကိုယ်ကြိုက်တာကိုယ်လုပ်ပါ

ဂီလ်ဒါ အမ်ဘရိုစီယို ဟာ တွဲဖက်တစ်ယောက်နဲ့အတူ အောင်မြင်တဲ့ အဝတ်အစား Brand တစ်ခုကို အသက်သုံးဆယ်အောက်မှာတင် အောင်မြင်အောင် လုပ်နိုင်ခဲ့သူပါ။သူတို့ရဲ့ Brand ကို စတင်မိတ်ဆက်ချိန်က ဈေးကွက်သုတေသနလုပ်ပြီး လူအများနှစ်သက်တဲ့ ပုံစံက ဘယ်လိုမျိုးလဲဆိုတာကို မစူးစမ်းခဲ့ပါဘူး။ သူတို့ နှစ်သက်ခံစားရတဲ့ ဒီဇိုင်းတွေကို တီထွင်ဖန်တီးကာ အောင်မြင်ခဲ့တာပါ။ဒါကြောင့် “ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်ရိုးသားခဲ့တာလို့ အခုလို အောင်မြင်ခဲ့တာပါ” လို့ ဂီလ်ဒါ က ဆိုခဲ့ပါတယ်။

၂။ မတွေဝေနဲ့ လုပ်သာလုပ်ပါ

ကွင်းန် ရှာပတ်ဟာ အသက် ၁၅ နှစ် လောက်ကတည်းက ရုပ်ရှင်ဇာတ်လမ်းတွေရေးသားခဲ့သူဖြစ်ပြီး လက်ရှိ ၂၃ နှစ် အရွယ်မှာ ရုပ်ရှင်တွေ ကိုယ်တိုင်ဖန်တီးရေးသားထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။“ကျွန်မ ငယ်ငယ်က ကျောင်းဆက်တက်တာထက် ကျွန်မဝါသနာပါရာကို စလုပ်ဖို့အတွက်ပဲ အားသန်နေခဲ့တာ။ ဒါကြောင့်လည်း ဒီလို ကြိုးစားခဲ့တယ်။ အခုလို အောင်မြင်ခဲ့တယ်” လို့ ဆိုပါတယ်။တစ်ခါတရံတော့ သေသေချာချာစဉ်းစားဆုံးဖြတ်ပြီးမှ လုပ်သင့်သလို တစ်ခါတရံတော့လည်း မစဉ်းစားဘဲလုပ်၊ လုပ်ရင်းနဲ့ပဲ သင်ယူသွားတာမျိုး လုပ်သင့်ပါတယ်။

Related article >>> လုပ်ငန်းသစ်(Startup)တွေမှာ လုပ်မလား၊ အောင်မြင်ပြီးသားလုပ်ငန်းတွေကို ရွေးချယ်မလား

၃။ ကိုယ်လုပ်ချင်တဲ့ အလုပ်အတွက် လေ့လာသင်ယူပါ

ဒယ်နီရယ်လီ ဂီယူဇီယို ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးကတည်းက စီးပွားရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရှာဖွေပြီး ကော်ဖီဆိုင်မှာမနားတမ်းဖတ်ရှုပါတော့တယ်။ သူ မှတ်သားလိုတဲ့ အရာတွေဆိုရင် ဖုန်းကင်မရာနဲ့ ရိုက်ကာသိမ်းဆည်းထားပါတယ်။သူ ဒီလို လေ့လာသင့်ယူခဲ့လို့ အခုဆိုရင် သူဟာ အသက် ၃၀ အောက်မှာပဲ အောင်မြင်တဲ့ လုပ်ငန်းရှင် အမျိုးသမီးဖြစ်နေတာပါ။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ ပတ်သက်တာတွေကို ဖတ်မှတ်လေ့လာသင်ယူပါ။

Related article >>> အောင်မြင်တဲ့ အမျိုးသမီးတွေ သူတို့ပိတ်ရက်တွေကို ဘယ်လိုအသုံးချကြသလဲ?

၄။ ကိုယ့် စိတ်ဆန္ဒကို ယုံကြည်မှုရှိပါ

လီဇာ ကိုရှီ တစ်ယောက် YouTube ပေါ် ဗီဒီယိုအတိုလေးတွေတင်မယ်ဆိုတော့ လူတစ်ဦးက ကန့်ကွက်ပါတယ်။ YouTube က ခေတ်ကုန်တော့မှာ လို့ ထိုသူက ဆိုပါတယ်။ဒါပေမဲ့ လီဇာ ကာ နားမယောင်ပဲ သူ့ဆန္ဒအတိုင်းသာ လုပ်ခဲ့ပါတယ်။ အခုဆိုရင် လီဇာက YouTube မှာ အောင်မြင်သူတစ်ဦးဖြစ်နေပါပြီ။

၅။ ပြဿနာတွေအတွက် ပြင်ဆင်ထားပါ

ဒန်နီ ရိုချီဟာ Kastor & Pollux ဆိုတဲ့ ဖန်တီးမှု အေဂျင်စီတစ်ခုကို တည်ထောင်ထားသူပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ်နေတဲ့ သူ့အတွက် စိန်ခေါ်မှုတွေဆိုတာ မဆန်းတော့ပါဘူး။“နေ့တိုင်းက စိန်ခေါ်မှုပေါင်းစုံထည့်ထားတဲ့ အိတ်ကြီးလိုပါပဲ။ ကျွန်မအနေနဲ့ ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့၊ အတွက် တည်ငြိမ်တဲ့ စိတ်ခံစားချက် နဲ့ စိတ်အာရုံစူးစိုက်မှုက မဖြစ်မနေလိုအပ်တာမို့ ခက်ခဲပါတယ်” လို့ သူက ဆိုပါတယ်။

ဒါကေတာ့ ေအာင္ျမင္ေနတဲ့ အမ်ိဳးသမီးငယ္ေလးေတြ မွ်ေဝခဲ့တဲ့ ေအာင္ျမင္မႈလမ္းညႊန္ေတြပါပဲ။ ေယာင္းတို႔ေတြလည္း သူတို႔ေတြကို အတုယူၿပီး ေအာင္ျမင္သူေတြ ျဖစ္လာၾကပါေစလုိ႔။

Sugar Cane (For Her Myanmar)

Ref: careergirldaily

No Comments Yet

Comments are closed