အလုပ္ထြက္လိုက္တယ္ဆိုတာ စိတ္ဓာတ္က်စရာမဟုတ္ပါဘူး…

ေသခ်ာမွတ္ထားၿပီး လုိက္လုပ္ရမယ္ေနာ္…

<<<Zawgyi>>>

လက္ရွိ လုပ္ေနတဲ့ အလုပ္မွာ အဆင္မေျပလို႔ ထြက္ခ်င္ေနၿပီး ထြက္စာတင္ဖို႔ စဥ္းစားေနေပမဲ့လည္း အေၾကာင္းေၾကာင္းေၾကာင့္ မထြက္ျဖစ္ေသးဘဲ ေတြေဝေနတဲ့သူေတြ ရွိေနမယ္ ဆိုရင္ေတာ့ ဒီစာေလးကို အခ်ိန္ခဏေလး ေပးၿပီး ဖတ္ၾကည့္ေပးေနာ္။

အရင္ဆံုး ကိုယ္က ဘာလို႔ထြက္ခ်င္တာလဲ ဆုိတာကို ေသခ်ာ အေျဖထုတ္ပါ ေယာင္းတုိ႔ေရ။ ဒီထက္ ေကာင္းတဲ့ အလုပ္ရထားလို႔ ဆုိရင္ေတာ့ ကိစၥမရွိေပမဲ့ … “ငါကေတာ့ ဒီ company မွာ မလုပ္ရေတာ့ရင္ ၿပီးေရာ” ဆုိတဲ့အေတြးနဲ႔ ေနာက္အလုပ္တစ္ခု မရေသးဘဲ ထြက္ကို ထြက္ရမွေက်နပ္မွာ ဆုိရင္ေတာ့ ကိုယ့္ဘက္က ႀကိဳတင္ ျပင္ဆင္မႈေတြ လုပ္ထားဖုိ႕လိုပါတယ္။ ဘာလို႔လဲ ဆုိေတာ့ အလုပ္တစ္ခုကေန ထြက္လိုက္တဲ့အခါ လစာအျပင္ တျခားစိတ္ပိုင္းဆုိင္ရာ ဆံုးရံႈးရမွာေတြက မ်ားေနလို႔ပါ။

အလုပ္က ထြက္ၿပီးၿပီးခ်င္း တစ္ပတ္ေလာက္ကေတာ့ အိပ္ရာထခ်င္တဲ့အခ်ိန္ ထ၊ စားလုိက္ ေသာက္လုိက္ ရုပ္ရွင္ေလးၾကည့္လုိက္နဲ႔ သာသာယာယာပဲ ျဖစ္ေနမွာဆိုေပမဲ့ တစ္ပတ္ေက်ာ္လာၿပီး ေနာက္ပိုင္းမွာေတာ့ မနက္ႏိုးလို႔ အလုပ္သြားေနက် အခ်ိန္မွာ သြားစရာ အလုပ္မရွိေတာ့တဲ့ အခါ၊ ရုပ္ရွင္ေတြၾကည္႔ရတာ ၿငီးေငြ႔လာတဲ့အခါ၊ ဘာမွလုပ္စရာမရွိဘဲ ၿငီးေငြ႔လာတတ္ပါတယ္။ ပိုဆိုးတာက ပ်င္းလို႕ အြန္လိုင္းတက္တဲ့အခ်ိန္ သူမ်ားေတြအဖြဲ႔အစည္းနဲ႔ အလုပ္လုပ္ေနတာေတြ၊ အလုပ္က ဒင္နာသြားၾကတာေတြ၊ အရင္အလုပ္က ကိုယ့္ရဲ ႔လုပ္ေဖာ္ကိုင္ဖက္ေတြ အျပင္သြားဘာညာ လုပ္ၾကတာကို ျမင္လာတဲ့ အခါ ငါက တစ္ေယာက္တည္းပါလား ဆုိတာႀကီးကို ေတြးရင္း အခ်ိန္ၾကာလာတဲ့အခါမွာ စိတ္ဓာတ္ပါ က်လာႏုိင္ပါတယ္။

Related Article >>> ကိုယ္႔ရဲ႕ career မွာ ေပ်ာ္ရႊင္ဖို႔အတြက္ လက္လႊတ္လုိက္သင့္တဲ႔ ယံုၾကည္မႈ ၃ခု

ဒါေၾကာင့္ အဓိကကေတာ့ အလုပ္ထြက္ဖို႔ ဆံုးျဖတ္ခ်က္ကို မခ်လိုက္ခင္မွာ ကိုယ့္ရဲ႕စိတ္ဓာတ္ကို အမ်ားႀကီးျပင္ဆင္ထားဖို႔ လိုပါတယ္။  ဒါမွ အလုပ္ထြက္လုိက္ေပမဲ့လည္း ေနာက္အလုပ္တစ္ခုမရခင္အတြင္းမွာ စိတ္ေလမသြားဘဲ ႀကိဳတင္အားေမြးႏိုင္မွာေလ။ ကိုယ့္အလုပ္နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ဆက္ေလ့လာပါ။ သင္တန္း ဆက္တက္ခ်င္တက္၊ မတက္ခ်င္ဘူးဆုိရင္လည္း တစ္ေန႕ကို ၂နာရီေလာက္အခ်ိန္ေပးၿပီး YouTube၊ google  ေတြကေနတစ္ဆင့္ ေလ့လာပါ။

အစစအရာရာျပန္ျပင္ဆင္ထားပါ။

ေနာက္ၿပီး အလုပ္ရွာေပးတဲ့ ေအဂ်င္စီေတြ၊  ဝက္ဘ္ဆိုဒ္ေတြ မွာ ကိုယ့္အတြက္ အခြင့္အလမ္းေတြကို ေစာင့္ၾကည့္ေနပါ။ ကိုယ့္ရဲ ႔ CV form (ကိုယ္ေရးရာဇဝင္အက်ဥ္း) ကို ေသခ်ာျပင္ဆင္ထားၿပီး အဲဒီေနရာေတြကေနတစ္ဆင့္ အလုပ္ေလွ်ာက္ပါ။

အားကစားတစ္ခုခုလုပ္ပါ။

ျဖစ္ႏိုင္မယ္ဆုိရင္ေတာ့ အားကစား တစ္ခုခုကိုပါ အခ်ိန္ေပးၿပီး လုပ္ေစခ်င္ပါတယ္။ ဘာလုိ႔လဲဆုိေတာ့ တစ္ေယာက္တည္း ေနရတာမ်ားလာတဲ့အခါ အခ်ိန္ကုန္တာက ပိုၾကာသလို ခံစားရၿပီး အထီးက်န္လာႏုိင္တာမို႔ေလ။

သူငယ္ခ်င္းအသစ္ေတြ ရွာၿပီး မိတ္ဖြဲ႔ပါ။

ကိုယ္တက္ေနတဲ့ သင္တန္းက ျဖစ္ျဖစ္ အားကစားအဖြဲ႔အစည္း ေတြကပဲျဖစ္ျဖစ္ မိတ္ေဆြအသစ္ေတြဖြဲ႔ၿပီး အတူတူ စကားစျမည္ေျပာရင္း အခ်ိန္ျဖဳန္းတာကလည္း အိမ္မွာ တေယာက္တည္း Facebook သံုးေနတာထက္စာရင္ ကိုယ့္အတြက္ ပိုအက်ိဳးရွိပါတယ္ေနာ္။

Related Article >>> ေအာင္ျမင္တဲ့ဘဝတက္လမ္း ေအာင္ျမင္တဲ့ Career သို႔သြားမယ္

ဝါသနာပါတာေလးေတြကိုျပန္လုပ္ပါ။

ဝါသနာပါေပမဲ့ အရင္တုန္းကအခ်ိန္မရွိလို႔ မလုပ္ခဲ့ရတဲ့ အရာေလးေတြကို ျပန္လုပ္ၾကည့္ပါ။ (ဥပမာ – သစ္ပင္ေလးေတြ စိုက္တာမ်ိဳးျဖစ္ျဖစ္၊ ပန္းခ်ီဆြဲတာမ်ိဳးျဖစ္ျဖစ္၊ Handmade (လက္လုပ္) ပစၥည္းေလးေတြ လုပ္တာမ်ိဳးျဖစ္ျဖစ္ေပါ့။)

မိသားစုကို အခ်ိန္ျပန္ေပးပါ။

အရင္က အလုပ္မွာ တစ္ေနကုန္ေနရေတာ့ မိသားစုနဲ႔ေတြ႔ျဖစ္တဲ့အခ်ိန္က ရွားတယ္ေလ။ အဲ့ေတာ့ ေနာက္အလုပ္တစ္ခုမရခင္စပ္ၾကားမွာ ကိုယ့္ရဲ႕ အေဖ၊ အေမ၊ ေမာင္ႏွမေတြနဲ႔ အတူတူ အခ်ိန္ကုန္ဆံုးပါ။ ေမာင္ေလး ညီမေလးေတြ ရွိရင္လည္း သူတို႔နဲ႔အတူတူ အျပင္ထြက္မုန္႔စားၿပီး သူတို႔ သြားခ်င္တဲ့ေနရာေလးေတြ လုိုက္ပို႔ေပးလုိက္ေပါ႔ေနာ္႔။

ဒီအေပၚက အခ်က္ကေလးေတြ အတုိင္းလုပ္မယ္ဆုိရင္ေတာ့ အလုပ္ထြက္လုိက္ၿပီးေပမဲ့လည္း စိတ္ေလေနစရာ၊ စိတ္ဓာတ္က်ေနစရာ မရွိေတာ့ဘူးေလ။ အိပ္ခ်ိန္မွန္မွန္နဲ႔ အိပ္ေရးဝဝ အိပ္၊ အစားကို ပံုမွန္စားၿပီး ကိုယ့္ကိုယ္ကိုယ္လည္း အရင္အလုပ္သြားေနတုန္းကလိုပဲ ၾကည့္ေကာင္းေနေအာင္ ျပင္ဆင္ဖုိ႔လည္း သတိေပးပါရေစ။ ဒါမွ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈအျပည့္နဲ႔ ေနာက္အလုပ္အတြက္ အဆင္သင့္ျဖစ္ၿပီး တက္တက္ႂကြႂကြနဲ႔ ေရွ႕ဆက္ႏိုင္မွာေပါ့။

With Love,

Megan (For Her Myanmar)

<<<Unicode>>>

အလုပ်ထွက်လိုက်တယ် ဆိုတာ စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး… ဒါပေမဲ့ ………….

လက်ရှိ လုပ်နေတဲ့ အလုပ်မှာ အဆင်မပြေလို့ ထွက်ချင်နေပြီး ထွက်စာတင်ဖို့ စဉ်းစားနေပေမဲ့လည်း အကြောင်းကြောင်းကြောင့် မထွက်ဖြစ်သေးဘဲ တွေဝေနေတဲ့သူတွေ ရှိနေမယ် ဆိုရင်တော့ ဒီစာလေးကို အချိန်ခဏလေး ပေးပြီး ဖတ်ကြည့်ပေးနော်။

အရင်ဆုံး ကိုယ်က ဘာလို့ထွက်ချင်တာလဲ ဆိုတာကို သေချာ အဖြေထုတ်ပါ ယောင်းတို့ရေ။ ဒီထက် ကောင်းတဲ့ အလုပ်ရထားလို့ ဆိုရင်တော့ ကိစ္စမရှိပေမဲ့ … “ငါကတော့ ဒီ company မှာ မလုပ်ရတော့ရင် ပြီးရော” ဆိုတဲ့အတွေးနဲ့ နောက်အလုပ်တစ်ခု မရသေးဘဲ ထွက်ကို ထွက်ရမှကျေနပ်မှာ ဆိုရင်တော့ ကိုယ့်ဘက်က ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုပါတယ်။ ဘာလို့လဲ ဆိုတော့ အလုပ်တစ်ခုကနေ ထွက်လိုက်တဲ့အခါ လစာအပြင် တခြားစိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးရမှာတွေက များနေလို့ပါ။

အလုပ်က ထွက်ပြီးပြီးချင်း တစ်ပတ်လောက်ကတော့ အိပ်ရာထချင်တဲ့အချိန် ထ၊ စားလိုက် သောက်လိုက် ရုပ်ရှင်လေးကြည့်လိုက်နဲ့ သာသာယာယာပဲ ဖြစ်နေမှာဆိုပေမဲ့ တစ်ပတ်ကျော်လာပြီး နောက်ပိုင်းမှာတော့ မနက်နိုးလို့ အလုပ်သွားနေကျ အချိန်မှာ သွားစရာ အလုပ်မရှိတော့တဲ့ အခါ၊ ရုပ်ရှင်တွေကြည့်ရတာ ငြီးငွေ့လာတဲ့အခါ၊ ဘာမှလုပ်စရာမရှိဘဲ ငြီးငွေ့လာတတ်ပါတယ်။ ပိုဆိုးတာက ပျင်းလို့ အွန်လိုင်းတက်တဲ့အချိန် သူများတွေအဖွဲ့အစည်းနဲ့ အလုပ်လုပ်နေတာတွေ၊ အလုပ်က ဒင်နာသွားကြတာတွေ၊ အရင်အလုပ်က ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အပြင်သွားဘာညာ လုပ်ကြတာကို မြင်လာတဲ့ အခါ ငါက တစ်ယောက်တည်းပါလား ဆိုတာကြီးကို တွေးရင်း အချိန်ကြာလာတဲ့အခါမှာ စိတ်ဓာတ်ပါ ကျလာနိုင်ပါတယ်။

Related Article >>> ကိုယ့်ရဲ့ career မှာ ပျော်ရွှင်ဖို့အတွက် လက်လွှတ်လိုက်သင့်တဲ့ ယုံကြည်မှု ၃ခု

ဒါကြောင့် အဓိကကတော့ အလုပ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို မချလိုက်ခင်မှာ ကိုယ့်ရဲ့စိတ်ဓာတ်ကို အများကြီးပြင်ဆင်ထားဖို့ လိုပါတယ်။  ဒါမှ အလုပ်ထွက်လိုက်ပေမဲ့လည်း နောက်အလုပ်တစ်ခုမရခင်အတွင်းမှာ စိတ်လေမသွားဘဲ ကြိုတင်အားမွေးနိုင်မှာလေ။ ကိုယ့်အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆက်လေ့လာပါ။ သင်တန်း ဆက်တက်ချင်တက်၊ မတက်ချင်ဘူးဆိုရင်လည်း တစ်နေ့ကို ၂နာရီလောက်အချိန်ပေးပြီး YouTube၊ google  တွေကနေတစ်ဆင့် လေ့လာပါ။

အစစအရာရာပြန်ပြင်ဆင်ထားပါ။

နောက်ပြီး အလုပ်ရှာပေးတဲ့ အေဂျင်စီတွေ၊  ဝက်ဘ်ဆိုဒ်တွေ မှာ ကိုယ့်အတွက် အခွင့်အလမ်းတွေကို စောင့်ကြည့်နေပါ။ ကိုယ့်ရဲ့ CV form (ကိုယ်ရေးရာဇဝင်အကျဉ်း) ကို သေချာပြင်ဆင်ထားပြီး အဲဒီနေရာတွေကနေတစ်ဆင့် အလုပ်လျှောက်ပါ။

အားကစားတစ်ခုခုလုပ်ပါ။

ဖြစ်နိုင်မယ်ဆိုရင်တော့ အားကစား တစ်ခုခုကိုပါ အချိန်ပေးပြီး လုပ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်တည်း နေရတာများလာတဲ့အခါ အချိန်ကုန်တာက ပိုကြာသလို ခံစားရပြီး အထီးကျန်လာနိုင်တာမို့လေ။

သူငယ်ချင်းအသစ်တွေ ရှာပြီး မိတ်ဖွဲ့ပါ။

ကိုယ်တက်နေတဲ့ သင်တန်းက ဖြစ်ဖြစ် အားကစားအဖွဲ့အစည်း တွေကပဲဖြစ်ဖြစ် မိတ်ဆွေအသစ်တွေဖွဲ့ပြီး အတူတူ စကားစမြည်ပြောရင်း အချိန်ဖြုန်းတာကလည်း အိမ်မှာ တယောက်တည်း Facebook သုံးနေတာထက်စာရင် ကိုယ့်အတွက် ပိုအကျိုးရှိပါတယ်နော်။

Related Article >>> အောင်မြင်တဲ့ဘဝတက်လမ်း အောင်မြင်တဲ့ Career သို့သွားမယ်

ဝါသနာပါတာလေးတွေကိုပြန်လုပ်ပါ။

ဝါသနာပါပေမဲ့ အရင်တုန်းကအချိန်မရှိလို့ မလုပ်ခဲ့ရတဲ့ အရာလေးတွေကို ပြန်လုပ်ကြည့်ပါ။ (ဥပမာ – သစ်ပင်လေးတွေ စိုက်တာမျိုးဖြစ်ဖြစ်၊ ပန်းချီဆွဲတာမျိုးဖြစ်ဖြစ်၊ Handmade (လက်လုပ်) ပစ္စည်းလေးတွေ လုပ်တာမျိုးဖြစ်ဖြစ်ပေါ့။)

မိသားစုကို အချိန်ပြန်ပေးပါ။

အရင်က အလုပ်မှာ တစ်နေကုန်နေရတော့ မိသားစုနဲ့တွေ့ဖြစ်တဲ့အချိန်က ရှားတယ်လေ။ အဲ့တော့ နောက်အလုပ်တစ်ခုမရခင်စပ်ကြားမှာ ကိုယ့်ရဲ့ အဖေ၊ အမေ၊ မောင်နှမတွေနဲ့ အတူတူ အချိန်ကုန်ဆုံးပါ။ မောင်လေး ညီမလေးတွေ ရှိရင်လည်း သူတို့နဲ့အတူတူ အပြင်ထွက်မုန့်စားပြီး သူတို့ သွားချင်တဲ့နေရာလေးတွေ လိုက်ပို့ပေးလိုက်ပေါ့နော့်။

ဒီအပေါ်က အချက်ကလေးတွေ အတိုင်းလုပ်မယ်ဆိုရင်တော့ အလုပ်ထွက်လိုက်ပြီးပေမဲ့လည်း စိတ်လေနေစရာ၊ စိတ်ဓာတ်ကျနေစရာ မရှိတော့ဘူးလေ။ အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝဝ အိပ်၊ အစားကို ပုံမှန်စားပြီး ကိုယ့်ကိုယ်ကိုယ်လည်း အရင်အလုပ်သွားနေတုန်းကလိုပဲ ကြည့်ကောင်းနေအောင် ပြင်ဆင်ဖို့လည်း သတိပေးပါရစေ။ ဒါမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ နောက်အလုပ်အတွက် အဆင်သင့်ဖြစ်ပြီး တက်တက်ကြွကြွနဲ့ ရှေ့ဆက်နိုင်မှာပေါ့။

With Love,

Megan (For Her Myanmar)

No Comments Yet

Comments are closed