Career

အလုပ္ျမန္ျမန္ၿပီးေအာင္ ဒီလုိေလးေတြလုပ္ၾကည့္ပါ။

တစ္ေနကုန္ အေသအလဲလုပ္ေနတာေတာင္ အလုပ္ေတြ မၿပီးႏိုင္ဘူးဆိုတဲ့သူေတြ ဖတ္သင့္ေသာေနာ္.. 

ေယာင္းတုိ႔ေရ အလုပ္မွာ တစ္ေန႔လံုး အလုပ္တကုပ္ကုပ္လုပ္ေနေပမဲ့ အလုပ္မၿပီးတာမ်ိဳးျဖစ္ဖူးလား? အဲ့လိုမ်ိဳးေတြ ထပ္မျဖစ္ရေအာင္နဲ႔ ေယာင္းတို႔ အလုပ္မ်ားမ်ားၿပီးေအာင္ ဘယ္လိုေတြခန္႔ခြဲသင့္လဲဆိုတာ ေျပာေပးသြားမယ္ေနာ္္။

(၁) အိပ္ေရးဝဝအိပ္ပါ။

တစ္ေန႔ အိပ္ခ်ိန္ ၇-၈ နာရီၾကား ရွိသင့္ပါတယ္တဲ့ေနာ္။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားက အိပ္ခ်ိန္ေလွ်ာ့လိုက္ရင္ အလုပ္ပိုၿပီးမယ္လို႔ထင္ေနတတ္ၾကတာရယ္။ မွားပါတယ္တဲ့။ ေယာင္းတို႔အိပ္ေရးမဝရင္ အလုပ္မွာ ဘယ္အာရံုစိုက္နိုင္ပါ့မလဲေနာ္။

(၂) မနက္စာ ဝဝစားပါ။
မနက္စာ ဝဝစားထားတဲ့သူေတြဟာ မနက္စာမစားတဲ့သူေတြထက္ အာရံုပိုစိုက္နိုင္ၾကပါတယ္တဲ့။ ကိုယ္ေတြဆို မနက္စာမစားရင္ ဘာမွကို မလုပ္ႏုိင္တာ။ ဟိ အစားတစ္လိုင္း ေယာင္းတို႔ကေတာ့ ေျပာဖို႔လိုမယ္မထင္ဘူးေနာ္

Related Article >>> အံု႔မိႈင္းမိႈင္းျဖစ္ေနတဲ့ ရာသီဥတုႀကီးမွာ အလုပ္လုပ္ခ်င္စိတ္ေတြကို ဘယ္လိုေဖာ္ရမလဲ ?

(၃) တစ္ေန႔တာလုပ္ရမွာေတြကို ခ်ေရးပါ။
ရံုးေရာက္ၿပီဆိုတာနဲ႔ ဘာအလုပ္မွ စမလုပ္ပါနဲ႔ဦး။ Sticky note ေလးနဲ႔ပဲျဖစ္ျဖစ္ မွတ္စုစာအုပ္နဲ႔ပဲျဖစ္ျဖစ္ တစ္ေန႔တာလုပ္ရမယ့္အစီအစဥ္ေတြကို ခ်ေရးပစ္ပါ။ အရင္ဆံုး ဦးစားေပးလုပ္ရမယ့္ဟာကို ထိပ္ဆံုးကေန အစဥ္လိုက္ေရးသြားပါ။ (လုပ္လို႔ၿပီးသြားရင္လည္း တစ္ခုၿပီးတာနဲ႔ တစ္ခု ျခစ္ခဲ့ပါ။ ဒါဆို တစ္ေန႔တာလံုး ဘာေတြၿပီးလဲ ျပန္ၾကည့္လို႔ရတာေပါ့။)

(၄) နိုတီေတြကို လ်စ္လ်ဴရႈလိုက္ပါ။
တစ္ခါတစ္ေလ အလုပ္လုပ္ေနတုန္း ကိုယ္ေရးကိုယ္တာဖုန္းေတြဝင္လာတတ္ပါတယ္။ အင္မတန္ အေရးႀကီးတဲ့ ဖုန္းမ်ိဴးမွ ကိုင္ပါ။ ၿပီးေတာ့ အီးေမးလ္ အသစ္ေရာက္လာလည္း ဖြင့္မၾကည့္ပါနဲ႔။ လုပ္လက္စအလုပ္ကို အရင္ၿပီးေအာင္လုပ္ပါ။ မဟုတ္ရင္ အလုပ္ေတြ တန္းစီသြားပါလိမ့္မယ္။
အေရးႀကီးတာက ေဖ့ဘြတ္ခ္နဲ႔ တျခား လူမႈကြန္ယက္ေတြကို မၾကည့္မိေအာင္ႀကိဳးစားပါ။ (ေဖ့ဘြတ္ခ္နဲ႔ အလုပ္လုပ္ေနရသူေတြကေတာ့ ျခြင္းခ်က္ေပါ့ေနာ္)

Related Article >>> အလုပ္ထုတ္ခံရဖို႕ ေသခ်ာေစတဲ့ အခ်က္ (၅) ခ်က္

(၅) မလိုတာေတြ ပိတ္ထားပါ။
ခုေခတ္က အင္တာနက္ေခတ္ အိုင္တီေခတ္ဆိုေတာ့ ကြန္ပ်ဴတာနဲ႔အလုပ္လုပ္ရတဲ့ ကုမၸဏီေတြမ်ားပါတယ္။ ဒါေၾကာင့္ ကြန္ပ်ဴတာနဲ႔အလုပ္လုပ္တဲ့အခါ လုပ္ေနတဲ့ အလုပ္နဲ႔ပက္သက္တဲ့ ဝင္းဒိုးပဲဖြင့္ထားပါ။ က်န္တဲ့မသက္ဆိုင္တာအားလံုးကို ပိတ္ထားပါ။ မဟုတ္ရင္ စိတ္ကိုစုစည္းလို႔မရဘဲ ဟိုလုပ္လိုက္ ဒီလုပ္လိုက္နဲ႔ အခ်ိန္ကုန္သြားပါလိမ့္မယ္။

(၆) မေႏွာင့္ယွက္ဖို႔ေျပာထားပါ။
ရံုးမွာက် “ကၽြန္မ အလုပ္လုပ္ေနလို႔ လာမေႏွာင့္ယွက္နဲ႔” လို႔ေျပာမေကာင္းဘူးေလ။ အဲ့ေတာ့ အယဥ္ေက်းဆံုးနည္းက နားၾကပ္တပ္ၿပီး သီခ်င္းနားေထာင္ေနလိုက္ပါ။ ဒါဟာ “ကၽြန္မ အလုပ္မ်ားေနတယ္ အေရးႀကီးတာတစ္ခုလုပ္ေနလို႔ မေနွာင့္ယွက္ပါနဲ႔” လို႔အသံတိတ္ေျပာတာနဲ႔တူတူပါပဲ။ အဲ့တာေတာင္မွ ခဏခဏလာလာေနွာင့္ယွက္ေနရင္ေတာ့ အဲ့လုပ္ေဖာ္ကိုင္ဘက္ နားလည္ေအာင္ တဲ့တိုးသာ ေျပာျပလိုက္ပါ။ တခ်ိဳ႕က် ေျပာမွသိတာကိုး။

(၇) ခဏတျဖဳတ္နားပါ။
အလုပ္ကို ေစာေစာသြားမယ္ ထမင္းစားခ်ိန္မွာ မနားဘဲ ထမင္းစားရင္းလုပ္မယ္ အလုပ္ကေန ေနာက္က်မ် ျပန္မယ္ ဒါေတြလုပ္ရံုနဲ႔ အလုပ္ပိုၿပီးမွာမဟုတ္ပါဘူး။ နားခ်ိန္မရွိဘဲဆက္တိုက္လုပ္ေနတာဟာ ေယာင္းတို႔ရဲ႕ အလုပ္လုပ္နိုင္စြမ္းကို က်ေစပါတယ္။ဒါေၾကာင့္ အလုပ္တစ္ခုၿပီးတိုင္း ခဏတျဖဳတ္နားေပးပါ။

ကဲ အလုပ္မျပီးလုိ႔ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္တတ္တဲ့ေယာင္းတို႔ေရ။ အခုလုိေလး စနစ္တက်လိုက္လုပ္ၾကည့္ပါ။ ေယာင္းတုိ႔ရဲ႕အလုပ္ေတြ အခ်ိန္မီျပီးသြားပါလိမ့္မယ္။

Christina (For Her Myanmar)

<<< Unicode >>>

တစ်နေကုန် အသေအလဲလုပ်နေတာတောင် အလုပ်တွေ မပြီးနိုင်ဘူးဆိုတဲ့သူတွေ ဖတ်သင့်သောနော်.. 

ယောင်းတို့ရေ အလုပ်မှာ တစ်နေ့လုံး အလုပ်တကုပ်ကုပ်လုပ်နေပေမဲ့ အလုပ်မပြီးတာမျိုးဖြစ်ဖူးလား? အဲ့လိုမျိုးတွေ ထပ်မဖြစ်ရအောင်နဲ့ ယောင်းတို့ အလုပ်များများပြီးအောင် ဘယ်လိုတွေခန့်ခွဲသင့်လဲဆိုတာ ပြောပေးသွားမယ်နော်။

(၁) အိပ်ရေးဝဝအိပ်ပါ။

တစ်နေ့ အိပ်ချိန် ၇-၈ နာရီကြား ရှိသင့်ပါတယ်တဲ့နော်။ ဒါပေမယ့် တော်တော်များများက အိပ်ချိန်လျှော့လိုက်ရင် အလုပ်ပိုပြီးမယ်လို့ထင်နေတတ်ကြတာရယ်။ မှားပါတယ်တဲ့။ ယောင်းတို့အိပ်ရေးမဝရင် အလုပ်မှာ ဘယ်အာရုံစိုက်နိုင်ပါ့မလဲနော်။

(၂) မနက်စာ ဝဝစားပါ။
မနက်စာ ဝဝစားထားတဲ့သူတွေဟာ မနက်စာမစားတဲ့သူတွေထက် အာရုံပိုစိုက်နိုင်ကြပါတယ်တဲ့။ ကိုယ်တွေဆို မနက်စာမစားရင် ဘာမှကို မလုပ်နိုင်တာ။ ဟိ အစားတစ်လိုင်း ယောင်းတို့ကတော့ ပြောဖို့လိုမယ်မထင်ဘူးနော်

Related Article >>> အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ ရာသီဥတုကြီးမှာ အလုပ်လုပ်ချင်စိတ်တွေကို ဘယ်လိုဖော်ရမလဲ ?

(၃) တစ်နေ့တာလုပ်ရမှာတွေကို ချရေးပါ။
ရုံးရောက်ပြီဆိုတာနဲ့ ဘာအလုပ်မှ စမလုပ်ပါနဲ့ဦး။ Sticky note လေးနဲ့ပဲဖြစ်ဖြစ် မှတ်စုစာအုပ်နဲ့ပဲဖြစ်ဖြစ် တစ်နေ့တာလုပ်ရမယ့်အစီအစဉ်တွေကို ချရေးပစ်ပါ။ အရင်ဆုံး ဦးစားပေးလုပ်ရမယ့်ဟာကို ထိပ်ဆုံးကနေ အစဉ်လိုက်ရေးသွားပါ။ (လုပ်လို့ပြီးသွားရင်လည်း တစ်ခုပြီးတာနဲ့ တစ်ခု ခြစ်ခဲ့ပါ။ ဒါဆို တစ်နေ့တာလုံး ဘာတွေပြီးလဲ ပြန်ကြည့်လို့ရတာပေါ့။)

(၄) နိုတီတွေကို လျစ်လျူရှုလိုက်ပါ။
တစ်ခါတစ်လေ အလုပ်လုပ်နေတုန်း ကိုယ်ရေးကိုယ်တာဖုန်းတွေဝင်လာတတ်ပါတယ်။ အင်မတန် အရေးကြီးတဲ့ ဖုန်းမျိူးမှ ကိုင်ပါ။ ပြီးတော့ အီးမေးလ် အသစ်ရောက်လာလည်း ဖွင့်မကြည့်ပါနဲ့။ လုပ်လက်စအလုပ်ကို အရင်ပြီးအောင်လုပ်ပါ။ မဟုတ်ရင် အလုပ်တွေ တန်းစီသွားပါလိမ့်မယ်။
အရေးကြီးတာက ဖေ့ဘွတ်ခ်နဲ့ တခြား လူမှုကွန်ယက်တွေကို မကြည့်မိအောင်ကြိုးစားပါ။ (ဖေ့ဘွတ်ခ်နဲ့ အလုပ်လုပ်နေရသူတွေကတော့ ခြွင်းချက်ပေါ့နော်)

Related Article >>> အလုပ်ထုတ်ခံရဖို့ သေချာစေတဲ့ အချက် (၅) ချက်

(၅) မလိုတာတွေ ပိတ်ထားပါ။
ခုခေတ်က အင်တာနက်ခေတ် အိုင်တီခေတ်ဆိုတော့ ကွန်ပျူတာနဲ့အလုပ်လုပ်ရတဲ့ ကုမ္ပဏီတွေများပါတယ်။ ဒါကြောင့် ကွန်ပျူတာနဲ့အလုပ်လုပ်တဲ့အခါ လုပ်နေတဲ့ အလုပ်နဲ့ပက်သက်တဲ့ ဝင်းဒိုးပဲဖွင့်ထားပါ။ ကျန်တဲ့မသက်ဆိုင်တာအားလုံးကို ပိတ်ထားပါ။ မဟုတ်ရင် စိတ်ကိုစုစည်းလို့မရဘဲ ဟိုလုပ်လိုက် ဒီလုပ်လိုက်နဲ့ အချိန်ကုန်သွားပါလိမ့်မယ်။

(၆) မနှောင့်ယှက်ဖို့ပြောထားပါ။
ရုံးမှာကျ “ကျွန်မ အလုပ်လုပ်နေလို့ လာမနှောင့်ယှက်နဲ့” လို့ပြောမကောင်းဘူးလေ။ အဲ့တော့ အယဉ်ကျေးဆုံးနည်းက နားကြပ်တပ်ပြီး သီချင်းနားထောင်နေလိုက်ပါ။ ဒါဟာ “ကျွန်မ အလုပ်များနေတယ် အရေးကြီးတာတစ်ခုလုပ်နေလို့ မနှောင့်ယှက်ပါနဲ့” လို့အသံတိတ်ပြောတာနဲ့တူတူပါပဲ။ အဲ့တာတောင်မှ ခဏခဏလာလာနှောင့်ယှက်နေရင်တော့ အဲ့လုပ်ဖော်ကိုင်ဘက် နားလည်အောင် တဲ့တိုးသာ ပြောပြလိုက်ပါ။ တချို့ကျ ပြောမှသိတာကိုး။

(၇) ခဏတဖြုတ်နားပါ။
အလုပ်ကို စောစောသွားမယ် ထမင်းစားချိန်မှာ မနားဘဲ ထမင်းစားရင်းလုပ်မယ် အလုပ်ကနေ နောက်ကျမျ ပြန်မယ် ဒါတွေလုပ်ရုံနဲ့ အလုပ်ပိုပြီးမှာမဟုတ်ပါဘူး။ နားချိန်မရှိဘဲဆက်တိုက်လုပ်နေတာဟာ ယောင်းတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ကျစေပါတယ်။ဒါကြောင့် အလုပ်တစ်ခုပြီးတိုင်း ခဏတဖြုတ်နားပေးပါ။

ကဲ အလုပ်မပြီးလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်တဲ့ယောင်းတို့ရေ။ အခုလိုလေး စနစ်တကျလိုက်လုပ်ကြည့်ပါ။ ယောင်းတို့ရဲ့အလုပ်တွေ အချိန်မီပြီးသွားပါလိမ့်မယ်။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *