Career

နိုင်ငံခြားတက္ကသိုလ်ကနေ ဘွဲ့မရထားဘဲ လုပ်ငန်းခွင်မှာ အောင်မြင်အောင် ဘယ်လို လုပ်ရမလဲ?
















<<< Unicode >>>

နိုင်ငံခြားက ဘွဲ့၊ ပြည်တွင်းက ဘွဲ့နဲ့ လုပ်ငန်းခွင် တိုက်ရိုက် အချိုး ကျ၊ မကျ ဆိုတာကတော့… 

ကိုယ့်နိုင်ငံမဟုတ်ဘဲ နိုင်ငံခြားတက္ကသိုလ်တစ်ခုကနေ ဘွဲ့ရတာဟာ ယောင်းအတွက် ထူးချွန်တဲ့ ပညာရေးနောက်ခံရှိစေခြင်းနဲ့အတူ နိုင်ငံခြားဘာသာစကားတစ်ခုကို သေသေချာချာကျွမ်းကျင်စေပြီး တွေးခေါ်မှု အရည်အချင်းကိုလည်း တိုးတက်စေပါတယ်။ ဒါပေမဲ့လည်း ယောင်းရဲ့ လုပ်ငန်းခွင် အောင်မြင်မှုဟာ ယောင်းရဲ့ သဘောထားနဲ့ စွမ်းဆောင်ရည်ပေါ်မှာ အဓိက မူတည်နေပါတယ်။

စီးပွားရေးလောကဟာ အမြဲတမ်း ပြောင်းလဲနေတဲ့အတွက် ရုတ်တရက်ပြောင်းလဲမှုတွေဟာ မြန်မာနိုင်ငံမှာ ပုံမှန်လို ဖြစ်နေပါပြီ။ ဘွဲ့တစ်ခုဟာ လူတစ်ယောက်ကို အသိပညာနဲ့ စနစ်ကျတဲ့ အရည်အချင်းတွေ ပေးစွမ်းနိုင်ပါတယ်။

Related Article >>> ရထားတဲ့ဘွဲ့က လုပ်ချင်တဲ့ အလုပ်နဲ့ ကိုက်ညီမှု မရှိရင် ဘာဆက်လုပ်သင့်သလဲ။

နည်းပညာနဲ့ ထိတွေ့မှုရှိဖို့နဲ့ မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်းကို အမြဲထိတွေ့နေဖို့ဆိုတာ အမြဲတမ်း ရှိနေရမယ့် အားထုတ်မှုတစ်ခုဖြစ်ပြီး ကမ္ဘာမှာဆိုရင်လည်း ဒီအရည်အချင်းဟာ ပညာမတတ်သူနဲ့ တတ်သူကို သိသိသာသာ ကွဲပြားစေတဲ့အရည်အချင်းတစ်ခုပါပဲ။

ဘွဲ့ရပြီးပြီဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် professional certificates ကို ပိုင်ဆိုင်သူဖြစ်အောင် လုပ်လိုက်ပါ။ ငွေကြေးစီမံခန့်ခွဲရေးအပိုင်းက ဘွဲ့ရတာဆိုရင်လည်း နိုင်ငံအတွင်းက အစိုးရ ဘွဲ့တစ်ခုထက်ကို ပိုရအောင် ကြိုးစားပါ။

စည်းစနစ်ကျမှုဟာ ယောင်းကို ပြဿနာတွေကနေ ကင်းဝေးစေပါလိမ့်မယ်။

လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့အမြင်ရှိမှု၊

အလုပ်ကို အချိန်မီပြီးစီးမှုနဲ့ ရိုးသားခြင်း၊

ယောင်းရဲ့ စွမ်းဆောင်ရည်စတာတွေဟာ

ယောင်းရဲ့အိမ်က နံရံမှာ ချိတ်ထားတဲ့ ဘွဲ့လက်မှတ်ထက်ကို ပိုအရေးကြီးပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထမ်းတွေရဲ့ လစာကို လုပ်ဆောင်မှုအပေါ် မူတည်ပြီး ဆုံးဖြတ်ပေးခြင်းရဲ့ အဓိက အချက်ပါပဲ။

ယောင်းအတွက် အက်ဒ်မင်တို့ကတစ်ဆင့် Wynee က ပေးသွားတဲ့ အကြံဉာဏ်ကတော့ အသစ်အသစ်သော ပညာရပ်တွေကို ဆည်းပူးလေ့လာနေဖို့ပါ။ လုပ်ငန်းခွင်မှာ အကောင်းဆုံးဖြစ်အောင် အမြဲတမ်း ကြိုးစားနေမယ်ဆိုရင်တော့ ယောင်းရဲ့ အောင်မြင်မှုဟာ လက်တစ်ကမ်းမှာပါပဲ။

အင်္ဂလိပ် ဘာသာဖြင့်လည်း အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Related Article >>> လုပ်ငန်း အတွေ့အကြုံ လုံးဝမရှိဘဲ ဆွဲဆောင်မှုရှိတဲ့ Resume တစ်စောင် ဘယ်လိုရေးမလဲ

I do not have an overseas graduate degree. How do I make up for this?

An overseas graduate degree may offer you the advantage of a stellar education background, a grounded knowledge of at least another foreign language and critical thinking skills. Yet, the success of one’s career is dependent on a person’s aptitude and attitude.

The economy is ever-changing and rapid changes in Myanmar are beginning to be the norm. A degree endows a person of his/her knowledge and technical skills.

It is the constant effort to be attuned with technology, knowledge and the community in Myanmar and globally that sets an educated person apart from one who is not.

Get yourself equipped with professional certifications even after graduation. An accounting graduate should work towards being a Myanmar Certified Public Accountant.

Your work ethics will set you apart from your peers. A positive work attitude, the ability to deliver quality work and being honest in your words and actions count more than a degree hanging at your wall. This is the reason why businesses evaluate employees’ performance on an annual basis.

Wynee’s advice to you is to keep your insatiable hunger for knowledge alive and to strive for excellence at work – always.

Wynee Myanmar
Wynee Myanmar
Wynee is a community of young people and professionals dedicated to providing career guidance to the youth of Myanmar. Check out WyneeMyanmar.com to join the community and gain access to many more articles, Sign up for events across Myanmar, and participate in our online question and answer platform.
http://www.wyneemyanmar.com/

Leave a Reply

Your email address will not be published. Required fields are marked *