Career

အံု႔မိႈင္းမိႈင္းျဖစ္ေနတဲ့ ရာသီဥတုႀကီးမွာ အလုပ္လုပ္ခ်င္စိတ္ေတြကို ဘယ္လိုေဖာ္ရမလဲ ?

ပ်င္းစရာ ရာသီဥတုႀကီးကို အံတုၿပီး တက္ႂကြတဲ့ ၾကက္ဖေလး ျပန္ျဖစ္လာဖို႔… 

ေယာင္းတို႔ေရ.. အခုလိုမိုးေတြ အုံံ႔မႈိင္းေနတဲ့ ရာသီဥတုမ်ိဳးမွာ စိတ္ေတြေလးလံထိုင္းမႈိင္းၿပီး အလုပ္လုပ္ခ်င္စိတ္ေတြေပ်ာက္ စိတ္အားတက္ႂကြမႈေတြ ေပ်ာက္ဆံုးေနၿပီလား? ဆိုရင္ေတာ့ မင္မင္ေဝမွ်ေပးမယ့္ အလုပ္လုပ္ခ်င္စိတ္ေတြ ဘယ္လိုျပန္ေဖာ္ရမလဲဆိုတဲ့ အခ်က္ေတြကို အတူတူေလ့လာၾကည့္ၿပီး ႏိုးၾကားတက္ႂကြလာေအာင္ ျပန္လႈံ႕ေဆာ္ၾကည့္ရေအာင္…

အလုပ္စားပြဲ အျပင္အဆင္ကို ေျပာင္းလဲလိုက္ပါ။

ေယာင္းတို႔က ေန႔စဥ္ေန႔တို္င္း ဒီစားပြဲခုံမွာပဲထိုင္ၿပီး အလုပ္လုပ္ေနရတာဆိုေတာ့ အျမင္ရိုးအီလာၿပီး ပ်င္းရိစိတ္ေတြကို ပိုျဖစ္ေပၚေစပါတယ္။ ဒီေတာ့ ေယာင္းေန႔တိုင္းျမင္ေနက် စားပြဲေပၚကပစၥည္းေတြကိ္ု အသစ္လဲလွယ္လိုက္တာမ်ိဳးျဖစ္ျဖစ္ အထားအသို ပုံစံေျပာင္းလိုက္တာမ်ိဳးျဖစ္ျဖစ္ ျပဳလုပ္ၿပီး အျမင္လန္းဆန္းေအာင္ ျပဳလုပ္ပါ။

အလုပ္ပတ္ဝန္းက်င္ကို သန္႔ရွင္းၿပီး အလင္းေရာင္ရရွိေအာင္ထားပါ။

ေယာင္းတို႔ေန႔တိုင္း အလုပ္လုပ္ေနက် ေနရာကို သန္႔ရွင္းၿပီး အလင္းေရာင္ရရွိေအာင္ ထားေပးမယ္ဆိုရင္ ေယာင္းတို႔စိတ္မႈိင္းထိုင္းတာကို ၾကည္လင္လာေစၿပီး ႏိုးၾကားတက္ႂကြလာေစမွာပါ။

Related Article >>> သူငယ္ခ်င္းနဲ႔ အလုပ္တြဲလုပ္တဲ့အခါ အခင္အမင္မပ်က္ စီးပြားလည္းတက္ေစမယ့္ နည္းလမ္းေကာင္း(၄)ခု

အေရးတႀကီး လုပ္ေဆာင္ရမွာေတြကို စာရင္းလုပ္ပါ။

တစ္ေန႔စာအတြက္ အၿပီးလုပ္ေဆာင္ရမယ့္ အလုပ္ေတြကို ဦးစားေပးလုပ္ေဆာင္ၿပီး  တတ္ႏိုင္သေလာက္ ျမန္ျမန္လုပ္ႏိုင္ဖို႔ ႀကိဳးစားပါ။ အလုပ္ေဇာကပ္ၿပီး အလုပ္အေပၚ အာရုံပိုစိုက္ထားတဲ့အတြက္ အလုပ္မၿပီးမခ်င္း စိတ္လြင့္ျပယ္မွာ မဟုတ္ေတာ့ဘဲ အလုပ္ပိုၿပီးေျမာက္ႏိုင္မွာပါ။

ရည္မွန္းခ်က္ခ်မွတ္ပါ။

ေယာင္းတို႔အေနနဲ႕ တစ္ပတ္အတြင္း ဘယ္လိုတိုးတက္ေျပာင္းလဲမႈေတြ ရရွိႏိုင္ရမယ္ဆိုၿပီး ပန္းတိုင္တစ္ခုသတ္မွတ္ထားပါ။ အရင္ကအလုပ္ (၃)ခုလုပ္ႏိုင္တယ္ဆိုရင္ ဒီအပတ္မွာေတာ့ ဘယ္ေလာက္ပိုလုပ္ႏိုင္ရမယ္ဆိုတဲ့ သတ္မွတ္ခ်က္တစ္ခုထားၿပီး လုပ္မယ္ဆိုရင္ စိတ္ခြန္အားတက္ႂကြမႈ ပိုမိုရရွိႏိုင္မွာျဖစ္ပါတယ္။

Related Article >>> အလုပ္သစ္ေျပာင္းခ်င္တဲ့အခါ ဒီေမးခြန္းေလးေတြ ကိုယ့္ကိုယ္ကိုေမးၾကည့္ပါ

မင္မင္ေဝမွ်ေပးခဲ့တဲ့အခ်က္ေတြက အုံ႔မႈိင္းတဲ့ရာသီဥတုႀကီးမွာ အလုပ္လုပ္ခ်င္စိတ္ေတြ ျပန္လည္ႏိုးၾကားလာေအာင္ တစ္ဖက္တစ္လမ္းကေန စြမ္းေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ အၿမဲႏိုးၾကားတက္ႂကြၿပီး လုပ္ငန္းခြင္မွာေအာင္ျမင္သူေတြ ျဖစ္ႏိုင္ၾကပါေစေနာ္….

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

ပျင်းစရာ ရာသီဥတုကြီးကို အံတုပြီး တက်ကြွတဲ့ ကြက်ဖလေး ပြန်ဖြစ်လာဖို့… 

ယောင်းတို့ရေ.. အခုလိုမိုးတွေ အုံံ့မှိုင်းနေတဲ့ ရာသီဥတုမျိုးမှာ စိတ်တွေလေးလံထိုင်းမှိုင်းပြီး အလုပ်လုပ်ချင်စိတ်တွေပျောက် စိတ်အားတက်ကြွမှုတွေ ပျောက်ဆုံးနေပြီလား? ဆိုရင်တော့ မင်မင်ဝေမျှပေးမယ့် အလုပ်လုပ်ချင်စိတ်တွေ ဘယ်လိုပြန်ဖော်ရမလဲဆိုတဲ့ အချက်တွေကို အတူတူလေ့လာကြည့်ပြီး နိုးကြားတက်ကြွလာအောင် ပြန်လှုံ့ဆော်ကြည့်ရအောင်…

အလုပ်စားပွဲ အပြင်အဆင်ကို ပြောင်းလဲလိုက်ပါ။

ယောင်းတို့က နေ့စဉ်နေ့တိုင်း ဒီစားပွဲခုံမှာပဲထိုင်ပြီး အလုပ်လုပ်နေရတာဆိုတော့ အမြင်ရိုးအီလာပြီး ပျင်းရိစိတ်တွေကို ပိုဖြစ်ပေါ်စေပါတယ်။ ဒီတော့ ယောင်းနေ့တိုင်းမြင်နေကျ စားပွဲပေါ်ကပစ္စည်းတွေကို အသစ်လဲလှယ်လိုက်တာမျိုးဖြစ်ဖြစ် အထားအသို ပုံစံပြောင်းလိုက်တာမျိုးဖြစ်ဖြစ် ပြုလုပ်ပြီး အမြင်လန်းဆန်းအောင် ပြုလုပ်ပါ။

အလုပ်ပတ်ဝန်းကျင်ကို သန့်ရှင်းပြီး အလင်းရောင်ရရှိအောင်ထားပါ။

ယောင်းတို့နေ့တိုင်း အလုပ်လုပ်နေကျ နေရာကို သန့်ရှင်းပြီး အလင်းရောင်ရရှိအောင် ထားပေးမယ်ဆိုရင် ယောင်းတို့စိတ်မှိုင်းထိုင်းတာကို ကြည်လင်လာစေပြီး နိုးကြားတက်ကြွလာစေမှာပါ။

Related Article >>> သူငယ်ချင်းနဲ့ အလုပ်တွဲလုပ်တဲ့အခါ အခင်အမင်မပျက် စီးပွားလည်းတက်စေမယ့် နည်းလမ်းကောင်း(၄)ခု

အရေးတကြီး လုပ်ဆောင်ရမှာတွေကို စာရင်းလုပ်ပါ။

တစ်နေ့စာအတွက် အပြီးလုပ်ဆောင်ရမယ့် အလုပ်တွေကို ဦးစားပေးလုပ်ဆောင်ပြီး  တတ်နိုင်သလောက် မြန်မြန်လုပ်နိုင်ဖို့ ကြိုးစားပါ။ အလုပ်ဇောကပ်ပြီး အလုပ်အပေါ် အာရုံပိုစိုက်ထားတဲ့အတွက် အလုပ်မပြီးမချင်း စိတ်လွင့်ပြယ်မှာ မဟုတ်တော့ဘဲ အလုပ်ပိုပြီးမြောက်နိုင်မှာပါ။

ရည်မှန်းချက်ချမှတ်ပါ။

ယောင်းတို့အနေနဲ့ တစ်ပတ်အတွင်း ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေ ရရှိနိုင်ရမယ်ဆိုပြီး ပန်းတိုင်တစ်ခုသတ်မှတ်ထားပါ။ အရင်ကအလုပ် (၃)ခုလုပ်နိုင်တယ်ဆိုရင် ဒီအပတ်မှာတော့ ဘယ်လောက်ပိုလုပ်နိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တစ်ခုထားပြီး လုပ်မယ်ဆိုရင် စိတ်ခွန်အားတက်ကြွမှု ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။

Related Article >>> အလုပ်သစ်ပြောင်းချင်တဲ့အခါ ဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ

မင်မင်ဝေမျှပေးခဲ့တဲ့အချက်တွေက အုံ့မှိုင်းတဲ့ရာသီဥတုကြီးမှာ အလုပ်လုပ်ချင်စိတ်တွေ ပြန်လည်နိုးကြားလာအောင် တစ်ဖက်တစ်လမ်းကနေ စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အမြဲနိုးကြားတက်ကြွပြီး လုပ်ငန်းခွင်မှာအောင်မြင်သူတွေ ဖြစ်နိုင်ကြပါစေနော်….

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *