Career

အင်တာဗျူးဖြေတိုင်း အများတကာထက် သာလွန်ထင်ရှားနေဖို့ ဘာတွေ လိုအပ်လဲ?









တကယ်တော့ ယောင်းတို့ရေ… လူတွေ့စစ်ဆေးမှုတွေဆိုတာ အတော်ဆုံး သူတွေချည်းကသာ အမြဲ အောင်မြင်တတ်ကြတာ မဟုတ်ဘဲ အကောင်းဆုံး ပြင်ဆင်တတ်သူတွေကသာ အောင်မြင်တတ်ကြတာပါ။




<<< Unicode >>>

ရိုးရိုးရှင်းရှင်း အချက်လေးတွေကို ဒီလို သုံးတတ်ရင် ရပါပြီ… 

လူတွေ့စစ်ဆေးမှုမှာ အောင်မြင်နိုင်ဖို့အတွက်က သူများတွေ ပြောသလောက် မခက်ခဲဘူးဆိုတာ ယောင်းတို့ သိပါသလား? ယောင်းတို့အတွက် အထောက်အကူဖြစ်စေမယ့် အချက်တွေကို ဝိုင်းက အက်ဒ်မင်တို့ကနေတစ်ဆင့် တင်ဆက်ပေးလိုက်ပါတယ်။

(၁) ကိုယ်လျှောက်ထားမယ့် လုပ်ငန်းခွင် အကြောင်းကို စုံစမ်းလေ့လာပါ။ ဒီလိုဆိုရင် ယောင်းဟာ ယောင်းကိုယ်ယောင်း မေးခွန်းတွေ ထုတ်ပြီး လေ့ကျင့်ထားလို့ ရနိုင်နေပါပြီ။

(၂) လူတွေ့ စစ်ဆေးမှု ဖြေနေစဉ်အတွင်း ရင်းနှီးဖော်ရွေပြီး ရိုသေလေးစားတဲ့ အပြုအမူကို ထိန်းသိမ်းထားပါ။ ရုံးခန်းထဲကို တံခါးခေါက်ပြီး ဝင်ဖို့ အတွက်လည်း မမေ့ပါနဲ့။

Related Article >>> အင်တာဗျူးဖြေပြီးတဲ့နောက် အကြောင်းမပြန်တော့တဲ့ အကြောင်းရင်း (၈) ချက်

(၃) ဒီအလုပ်အတွက် ယောင်းက သင့်လျော်ကြောင်း သက်သေပြနိုင်မယ့် အရာတွေကို လူတွေ့စစ်ဆေးသူ သဘောကျ လက်ခံလာအောင် စည်းရုံးပါ။ ယောင်းလေ့လာခဲ့တာတွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ယောင်းရဲ့ဝါသနာ၊ ရည်မှန်းချက်တွေနဲ့ ဆက်စပ်ပြီး ပြောဆိုပါ။

(၄) လူတွေ့စစ်ဆေးမှုပြီးခါနီးမှာ ကိုယ်လျှောက်ထားတဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို မေးမြန်းပါ။ ဥပမာ- လျှောက်ထားတဲ့ ရာထူးနဲ့ ပတ်သက်ပြီး နောင် ရရှိနိုင်မယ့် အခွင့်လမ်းတွေ၊ စသဖြင့်…။

(၅) လူတွေ့စစ်ဆေးပြီးတဲ့နောက် ကိုယ့်ကို မေးမြန်းတဲ့သူဆီ ကျေးဇူးတင်ကြောင်း ပေးပို့ဆက်သွယ်ပါ။

တကယ်တော့ ယောင်းတို့ရေ… လူတွေ့စစ်ဆေးမှုတွေဆိုတာ အတော်ဆုံး သူတွေချည်းကသာ အမြဲ ေအာင်မြင်တတ်ကြတာ မဟုတ်ဘဲ အကောင်းဆုံး ပြင်ဆင်တတ်သူတွေကသာ အောင်မြင်တတ်ကြတာပါ။

Related Article >>> အင်တာဗျူးဖြေပြီးတိုင်း အဆင်ပြေ ၊ မပြေသိရဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်

အင်္ဂလိပ်ဘာသာဖြင့်လည်း အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

<<< English >>>

How to ace an interview?

Do You Know that acing an interview is not as hard as it sounds. Wynee has come up with these expert tips for you.

(1) RESEARCH the company you are applying for. So as to prepare yourself with the potential questions during the interview.

(2) MAINTAIN friendly yet respectful gestures throughout the interview. Don’t forget to knock the door before you enter.

(3) CONVINCE the interviewer why you are suitable for the job. Relate your passion and interest for the role through your past work/study experiences.

(4) ASK some engaging questions at the end of the interview. This could be the future development of this role, etc.

(5) FOLLOW-UP with a thank-you-email to the interviewer. Remember – it’s not the smartest candidates that normally ace the interviews; it’s the ones who are best prepared.

Remember – it’s not the smartest candidates that normally ace the interviews; it’s the ones who are best prepared.

Wynee Myanmar
Wynee Myanmar
Wynee is a community of young people and professionals dedicated to providing career guidance to the youth of Myanmar. Check out WyneeMyanmar.com to join the community and gain access to many more articles, Sign up for events across Myanmar, and participate in our online question and answer platform.
http://www.wyneemyanmar.com/

Leave a Reply

Your email address will not be published. Required fields are marked *