Career Motivation

လူငယ်တစ်ယောက်အနေနဲ့ မိမိရဲ့ အောင်မြင်မှု လမ်းကြောင်းကို ဘယ်လို ထိုးဖောက်မလဲ။

ဆယ်တန်းမှာ ဂုဏ်ထူးတွေ ၊ အမှတ်အမြင့်ကြီးတွေနဲ့ အောင်မှ ဘဝမှာ အောင်မြင်နိုင်မှာတဲ့လား? 

” ကျောင်းမှာ အဆင့်ကောင်းကောင်းရတာဟာ အောင်မြင်မှုဆီကို သွားဖို့အတွက် တစ်ခုတည်းသော လမ်းကြောင်းလား။ ဆယ်တန်းစာမေးပွဲဟာ ယောင်းရဲ့ ဘဝကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ အခြားသူတွေ ပြောတာကိုကော ယောင်း ကြားဖူးပါသလား? “ တကယ်တမ်းတော့ စာသင်ကျောင်းတွေဟာ တစ်ဦးတစ်ယောက်ချင်းစီ သင်ယူရရှိမှုထက် စံစနစ် သတ်မှတ်ချက်တွေရှိတဲ့ စာမေးပွဲတွေအပေါ် ပိုပြီး အာရုံစိုက်လေ့ရှိကြပါတယ်။ ဆိုလိုတာကတော့ ယောင်းဟာ ဆယ်တန်းစာမေးပွဲမှာ အမှတ်များများ မရခဲ့ဘူးဆိုရင်တောင် ဘဝမှာ အောင်မြင်နိုင်ပါတယ်။ ဒါဆို လူငယ်တစ်ယောက်အနေနဲ့ အောင်မြင်မှု လမ်းကြောင်းကို ကိုယ်တိုင် ဘယ်လို ထိုးဖောက်မလဲ။

၁။ လန်းဆန်းတက်ကြွစွာ ပြန်လည်စတင်ပါ။

ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက်မဟုတ်ပါဘူး။ အောင်မြင်မှုရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်။ လောကကြီးက မမျှတဘူးလို့ ယောင်းထင်ကောင်းထင်နေနိုင်ပါတယ်။ ပြီးတော့ ငါ့ဘဝသာ ဒီအတိုင်းမဟုတ်ခဲ့ဘူးဆိုရင်ဆိုတဲ့ အတွေးတွေ ဒါမှမဟုတ် ဟိုးအဝေးကြီးကို ပြေးပြီး တစ်ခုခုသာ လုပ်နိုင်မယ်ဆိုရင် ဆိုတဲ့ အတွေးမျိုးတွေ တွေးပြီး ယောင်း စိတ်ညစ်ရင်လည်း ညစ်နေမှာပေါ့။ ဒါပေမဲ့ လောကကြီး မမျှတတဲ့ အကြောင်းတွေချည်း ထိုင်တွေးပြီး ယောင်းရဲ့ အချိန်တွေကို မဖြုန်းတီးပါနဲ့တော့။

အခြေအနေတိုင်းမှာ ယောင်းအတွက် အမြတ်ထုတ်စရာ အကြောင်းတစ်ခုခု ကျန်နေပါလိမ့်မယ်။ နယူတန်ဟာ သူ့ခေါင်းပေါ် ပန်းသီးပြုတ်ကျလာတဲ့အခါ ဒေါသထွက်ကောင်းထွက်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံး ဒေါသူပုန်ထနေမယ့်အစား သူဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအား နိယာမကို သက်သေပြလိုက်နိုင်တာကြောင့် ယခုခေတ်မှာတော့ ရူပဗေဒ ရဲ့ ဖခင်ကြီးလို့တောင် တင်စားခေါ်ဝေါ်ခံနေရပါပြီ။

၂။ အောင်မြင်မှုကို ကိုယ်တိုင် အဓိပ္ပာယ်ဖွင့်ဆိုပါ။

အောင်မြင်မှုဆိုတာ ယောင်းအတွက် ဘယ်လို အဓိပ္ပာယ်ရှိလဲ? ကိုယ့်ရဲ့ အောင်မြင်မှုက ဘာလဲဆိုတာကို ကိုယ်ကိုယ်တိုင်တောင် မသိသေးရင် အောင်မြင်ဖို့ မဖြစ်နိုင်သေးပါဘူး။ အခြားသူတစ်ယောက်ရဲ့ အောင်မြင်မှု အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုလည်း အရမ်းဂရုမစိုက်ပါနဲ့။ စိတ်ကူးကြည့်ပါ။ အိုင်းစတိုင်းက ပြောခဲ့ဖူးပါတယ်။ ” စိတ်ကူးဆိုတာဟာ သိပ္ပံပညာတွေထက်ကို အရေးကြီးတယ် ” လို့ပေါ့။

တစ်နေ့ကို မိနစ်အနည်းငယ်လောက် ဖြစ်ဖြစ် အောင်မြင်မှု ဆိုတာကို ခံစားကြည့်ပါ။ ယောင်းကိုယ်ယောင်း အောင်မြင်သူတစ်ယောက်အဖြစ် စိတ်ကူးယဉ်ကြည့်ပါ။ အောင်မြင်မှုရဲ့ အရသာကို စိတ်ကူးနဲ့ ခံစားကြည့်ပါ။ ပြီးရင် ဒီအရသာကို ယောင်းအတွက် တွန်းအားတစ်ခု အနေနဲ့ အသုံးချပါ။ လူတိုင်းမှာ အောင်မြင်မှု ဆိုတဲ့ အရာအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အမြဲတမ်း မှတ်ထားရမှာကတော့ ” ခြင်္သေ့တစ်ကောင်ဟာ သူ့အပေါ် သုံးသပ်တဲ့ သိုးတစ်ကောင်ရဲ့ အမြင်ကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး ” ဆိုတာပါပဲ။ ကိုယ်ကိုယ်တိုင် အဓိပ္ပာယ်သတ်မှတ်ပြီးရင်တော့ ပန်းတိုင်တွေ ချမှတ်ပါ။ လက်တွေ့တော့ ကျပါစေ။

၃။ ကိုယ့်ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အရာတွေကို သတ်မှတ်ပါ။ အချိန်ဇယား ဆွဲပါ။

ဘာလိုအပ်သလဲ။ ဘာကို လိုချင်တာလဲ ဆိုတဲ့ အရာတွေကို သတ်မှတ်ပါ။ ပန်းတိုင်ကို ရောက်ဖို့အတွက် ကိုယ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ အရာဝတ္ထု ပစ္စည်းတွေကို စာရွက်ပေါ်မှာ ရေးချပါ။ ရေတို ရည်မှန်းချက် သေးသေးလေးတွေကို ရက်သတ်မှတ်ပါ။ ဒါဆိုရင် ကိုယ်ဟာ အောင်မြင်လား၊ ပိုကြိုးစားသင့်လား အလွယ်တကူ သိနိုင်ပြီး ရေရှည် ရည်မှန်းချက်တွေကို လည်း အောင်မြင်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

ပြီးတော့ ဒီနည်းလမ်းဟာ ယောင်းရဲ့ တချို့ မလိုအပ်တဲ့ အလုပ်တွေကို ဖယ်ထားဖို့ အတွက်လည်း ကူညီပေးပါလိမ့်မယ်။ မလိုအပ်သေးတာတွေကို ဖယ်ထားတယ်ဆိုတာ အချိန်စီမံမှု တစ်ခုပါပဲ။ ဒီလို မလိုအပ်တဲ့အရာတွေကို ယောင်းရဲ့ အချိန်ဇယားထဲက ထုတ်နိုင်ပြီဆိုရင်တော့ ယောင်းအတွက် တကယ်လိုအပ်တာတွေကို ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။ ရည်မှန်းချက်တွေကို အပိုင်းပိုင်းလေးတွေ ခွဲပြီး နည်းနည်းချင်း အောင်မြင်အောင် လုပ်နိုင်တယ်ဆိုရင် ယောင်းရဲ့ နောက်ဆုံး ပန်းတိုင်အတွက် မအောင်မြင်စရာ အကြောင်း မရှိတော့ပါဘူး။ “ယောင်းဖြစ်ချင်တာနဲ့ ယခု လက်ရှိ ယောင်းဖြစ်နေတာရဲ့ကွာခြားချက်က ဒီနေ့ ယောင်းဘာလုပ်လဲဆိုတာပါပဲ။ ”

၎။ စူးစမ်းလေ့လာနေပါ။

စူးစမ်းခြင်းဟာ နှိမ့်ချခြင်း တစ်မျိုးပါပဲ။ ဘာလို့လဲ ဆိုတော့ သင်ယူမှုတွေ များလာလေလေ၊ ကိုယ်ဟာ နည်းနည်းလေးပဲ သိတာပါလား ဆိုတာကို သတိထားမိလာလေလေပါပဲ။ ဒါဟာ သင်ယူမှုတွေ၊ အတွေ့အကြုံတွေအတွက် ယောင်းရဲ့ အချိန်တွေက နည်းသထက်နည်းလာပြီလို့ သတိပေးခြင်းတစ်မျိုးပါပဲ။ တကယ်လို့များ ယောင်းက တစ်ခုခုနဲ့ ပတ်သက်ပြီး အဲဒါ ဘယ်လို ဖြစ်သွားတယ် မသိဘူး၊ ဒါမှမဟုတ် မေးခွန်းတစ်ခုခုကို မဖြေနိုင်ဘူးဆိုရင် ချက်ချင်းရှာလိုက်ပါ။ ဒါဟာ ယောင်းရဲ့ သင်ယူမှု လမ်းကြောင်းပေါ်မှာ ရည်မှန်းချက်လောက်ကိုအရေးပါတဲ့ ကိုယ်တိုင်သင်ယူလေ့လာခြင်း ဆိုတဲ့ အကျင့်တစ်ခု ဖြစ်အောင် လေ့ကျင့်ပေးပါလိမ့်မယ်။

၅။ အောင်မြင်နေတဲ့ သူတွေ နဲ့ နီးနီးကပ်ကပ် နေပါ။

ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်ကို သတိပြုပါ။ အောင်မြင်မှုဆီ ဆောင်ကျဉ်းပေးမယ့် လမ်းကြောင်းတွေကို ရှာဖွေပါ။ ပညာရှင်တွေ ကိုယ်တိုင်ဆောင်ရွက်ပေးနေတဲ့ (ဝင်ကြေးအခမဲ့)အခမ်းအနား၊ ဆွေးနွေးပွဲတွေ အများကြီးရှိပါတယ်။ ယောင်းအတွက် အကျိုးကျေးဇူး ရနိုင်မယ့် ပွဲတွေကို ရှာပါ။ အောင်မြင်တဲ့သူတွေကို လေ့လာပါ။ သူတို့ ဘာတွေ လုပ်နေလဲ။ ဒီလို ဘဝမျိုး ရအောင် သူတို့ ဘယ်လို ကြိုးစားခဲ့လဲ လေ့လာပါ။ သူတို့ဆီက အကြံဉာဏ်တောင်းပါ။ ယောင်းရဲ့ အောင်မြင်မှုဆီ ချဉ်းကပ်နည်းနဲ့ သူတို့ရဲ့ ချဉ်းကပ်နည်းကို နှိုင်းယှဉ်ကြည့်ပါ။ အသိပညာဆိုတာ လွယ်လွယ်ကူကူ အခမဲ့ ရရှိနိုင်သလို အရမ်းအစွမ်းထက်ပါတယ်..။

အင်္ဂလိပ်ဘာသာဖြင့်လည်း အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

How do I pave alternative roads to success as a youth?

Is getting good grades at school the only way to succeed? You may have heard that your high school grades determine the rest of your life. Well, schools tend to focus on standardized tests at the expense of individual learning. That means that you can be successful in your life even if you do not achieve high scores in your matriculation exam. So, how do you pave alternative roads to success as a youth?

1. START AFRESH.
Failure is not the opposite of success, but a part of it. You can moan that life is unfair and wish that it were different. Or, you can go out and do something about it. Stop wasting time about the unfairness of it all and think how to use the situation to your benefit. Newton could have complained about the apple falling from the tree and hitting his head. Instead, he identified the law of gravity and is now known as the father of physics.

2. DEFINE ‘SUCCESS’ as you see it.
You cannot have success if you do not know what it means for you. Don’t use someone else standard for your success. Imagine! Einstein one said that “Imagination is more important than knowledge”. Dedicate a few minutes every day to imagining your success. Savour the feeling of your success, and use it as a motivation of stoke your fire. Everyone has a different taste of success and a lion doesn’t care himself with the opinion of a sheep. Then, set clear goals and be realistic.

3. IDENTIFY resources required to achieve your objectives and SET THE TIMELINE.
Define what you want and what you need. Then write down the things, skills and materials you need to achieve your goals. In this way, you are able to identify short term steps with deadlines, to achieve long term goals. You may be able to outsource certain tasks. Outsourcing is all about time-management. You then have more time to focus on the things that are absolutely essential to your craft. If you have the vision to attack your goal piece by piece, it’s easier and less daunting to execute. Always remember “The difference between what you want to be and what you are is what you do today!”.

4. BE CURIOUS.
Curiosity is humbling. The more you learn, the more you realize how little you know. It reminds us how little time there is to learn and experience. If you don’t understand how something works or do not know the answer to a question, then find out. This will take you on a quest of self-discovery, one in which the journey is just as important as the destination.

5. SURROUND yourself with SUCCESSFUL PEOPLE.
Look around and explore various avenues to success .Many events and workshops attended / hosted by successful people are of free admission. Find out which event can help you. Study successful people. What are they doing? How do they approach life? Ask them for advice. Model some of your approaches around theirs. Knowledge is as free as it is powerful.

Wynee Myanmar
Wynee Myanmar
Wynee is a community of young people and professionals dedicated to providing career guidance to the youth of Myanmar. Check out WyneeMyanmar.com to join the community and gain access to many more articles, Sign up for events across Myanmar, and participate in our online question and answer platform.
http://www.wyneemyanmar.com/

Leave a Reply

Your email address will not be published. Required fields are marked *