Career

အလုပ်လျှောက်လွှာကို ထင်ပေါ်အောင် ဘယ်လို လုပ်မလဲ?






(၂) လိုရင်းရောက်ပါစေ။






www.resumegenius.com

www.livecareer.com


<<< Unicode >>>

လူပဲ ထင်းနေစရာ လိုတာမဟုတ်ဘူးနော်.. အလုပ်လျှောက်လွှာလည်း ထင်းနေဖို့ လိုသေးတယ်..

ယောင်းရေးပြီး တင်လိုက်တဲ့ အလုပ်လျှောက်လွှာက ယောင်းကို အလုပ်ခန့်နိုင်မယ့်သူတွေရဲ့ လူတွေ့စစ်ဆေးမှုကို အပြီးအပိုင်ကျော်လွှားသွားစေနိုင်မယ့် သော့ချက်တစ်ခုပါ။ အလုပ်လျှောက်လွှာကောင်းတစ်ခုဟာ တိကျပြီး အချက်အလက်စုံလင်ဖို့ လိုအပ်သလို ရေးသားရာမှာလည်း ပညာသားပါဖို့ လိုအပ်ပါတယ်။ ဒီတော့ လွယ်ကူရိုးရှင်းပြီး ယောင်းအတွက် အသုံးဝင်စေမယ့် အချက် (၃)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်လျှောက်ထားတဲ့ အလုပ်၊ ရာထူးနဲ့ ကိုက်ညီမယ့် စကားလုံးများကို ရွေးချယ်ပါ။

ယောင်းရဲ့ အရင်လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ အရည်အချင်းတွေ ကောင်းကောင်းပြနိုင်ခဲ့တယ်ဆိုတာကို အသားပေးဖော်ပြတဲ့ စကားလုံးတွေကို အသုံးပြုပါ။ သတိပြုရမှာကတော့ ဒီလို ရေးလိုက်တဲ့ စကားလုံးတွေဟာ ယောင်းခုလျှောက်ထားမယ့် ရာထူးကိုလည်း အထောက်အပံ့ဖြစ်ေ်နစေရပါမယ်။
ဥပမာ – စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍ နဲ့ ပတ်သက်ပြီး လုပ်ကိုင်ခဲ့မယ်ဆိုရင် ” လုပ်ငန်းရဲ့ ချိတ်ဆက်မှုတွေကို တည်မြဲအောင် ထိန်းသိမ်းနိုင်မှု ” ဆိုတဲ့ အချက်ကို အသာပေး ဖော်ပြသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ” အရောင်းမြှင့်တင်တဲ့နေရာမှာ အောင်မြင်တယ်” ဆိုတဲ့ အချက်ကို ရေးသားမယ်ဆိုရင် ယောင်းကိုယ်ယောင်း အရည်အချင်း ပြည့်ဝတဲ့ အရောင်းမြှင့်တင်ရေး သမားလို့ ဖော်ညွှန်းလိုက်ရာလည်း ရောက်ပါတယ်။ ဒါဆို လွဲပြီပေါ့… Digital Marketing နဲ့ ပတ်သက်လာတယ်ဆိုရင်တော့ ယောင်းဟာ Search Engine တွေနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေ အများကြီး လုပ်ခဲ့တဲ့ အကြောင်း ဖော်ပြနိုင်ပါတယ်။

Related Article >>> အလုပ်လျှောက်လွှာကောင်းကောင်း တစ်ခုဆိုတာ

(၂) လိုရင်းရောက်ပါစေ။

ယောင်းလုပ်ခဲ့ဖူးသမျှ အလုပ်တိုင်းကို ပြောပြနေတာထက်စာရင် အခု လျှောက်မယ့်အလုပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ဘယ်လို ထူးချွန်အောင် လုပ်နိုင်ခဲ့တယ်ဆိုတာကို ထိထိမိမိ ပြောပြသင့်ပါတယ်။ ယောင်းရဲ့ အရင်လုပ်ငန်းမှာ အမြတ်စွန်းတွေ တက်လာအောင် လုပ်နိုင်ခဲ့တာကို ဖော်ပြချင်တယ်ဆိုရင်တော့ ငွေကြေးပမာဏ ဒါမှမဟုတ် ရာခိုင်နှုန်းနဲ့ ဖော်ပြတာဟာလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။

(၃) သေသပ် တိကျပြီး လုပ်ငန်းခွင်ဆန်သော လျှောက်လွှာပုံစံကို အသုံးပြုပါ။

ယောင်းရဲ့ အလုပ်လျှောက်လွှာက ကြည့်ရသူ အမြင်ရှင်းအောင် အရင် ပုံစံချပါ။ နာမည်၊ လိပ်စာနဲ့ ပညာအရည်အချင်းတွေကို နံပါတ်တပ်ပြီး ဖော်ပြနေတာနဲ့ စာရင် ပိုအရေးကြီးတဲ့ အကြောင်းအရာကို ချရေးပါ။ ဥပမာအားဖြင့် အရင်လုပ်ငန်းအတွေ့အကြုံက ဘာလဲ ဆိုတာမျိုးပေါ့.. ဒါပေမဲ့ အရင်လုပ်ငန်းနှင့် ပတ်သက်ပြီး မကောင်းတဲ့ဘက် နည်းနည်းရောက်တဲ့ အသုံးအနှုန်းတွေ ထည့်ခြင်းကို ရှောင်ပါ။ ရေးသားတဲ့ စကားလုံးပုံစံနဲ့ အရောင်ကို အရမ်း ရှုပ်ထွေးအောင် အလှမဆင်ပါနဲ့။ ဖြစ်နိုင်မယ်ဆိုရင် မှင် အနက်ရောင်ကိုပဲ အသုံးပြုပါ။

Related Article >>> ဗီဒီယို Resume တစ်ခုကို ဘယ်လို ဖန်တီးကြမလဲ?

အလုပ်လျှောက်လွှာ နမူနာတွေကိုတော့ အောက်ပါ လင့်ခ်တွေကနေ တစ်ဆင့်လည်း လေ့လာနိုင်ပါတယ်။

www.resumegenius.com

www.livecareer.com

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

<<< English>>>

How do I make my resume (CV) stand out?

Your resume is the key to clinching the interview with your potential employer. A good resume is specific, informative and professional. Wynee has come up with these 3 simple steps.

(1) TAILOR FOR THE INDUSTRY AND ROLE

Use action words to highlight how you have performed in your previous job(s) which can help you stand out for the role you are applying for. For business development roles, consider mentioning “maintained the relationship”. By saying that you have “hit the sales targets”, you display your skill as a sales person. In your digital marketing roles, you may have “optimized the search engine”.

(2) THE PAST RESULTS

Instead of listing all your past work experiences, highlight how you impacted the company(s) you worked for. A good way to demonstrate how you added value to the bottom line is showing quantifiable achievements, example as in monetary ($) signs or margins (%).

(3) USE A MODERN, PROFESSIONAL FORMAT

Format your resume so that it is pleasing to the eye. Do focus more on content, rather than visual. List the content in the order of importance. Avoid including negative information about previous job(s) or employer(s). Also avoid overusing fancy fonts and colors.

Some downloadable sample resume template sites: www.resumegenius.com and www.livecareer.com

Wynee Myanmar
Wynee Myanmar
Wynee is a community of young people and professionals dedicated to providing career guidance to the youth of Myanmar. Check out WyneeMyanmar.com to join the community and gain access to many more articles, Sign up for events across Myanmar, and participate in our online question and answer platform.
http://www.wyneemyanmar.com/

Leave a Reply

Your email address will not be published. Required fields are marked *