အလုပ္ႀကိဳးစားတဲ့သူနဲ႔ အလုပ္ကို စြဲလမ္းေနသူ (Workaholic) တို႔ၾကားက ကြာျခားခ်က္

ေယာင္းက အလုပ္ႀကိဳးစားသူတစ္ေယာက္လား အလုပ္စြဲလမ္းေနသူတစ္ေယာက္လား ?

>>> Zawgyi >>>

ေယာင္းတို႔ေရ…အလုပ္ႀကိဳးစားတဲ့သူ (Hard Worker) နဲ႔ အလုပ္ကို စြဲလမ္းေနသူ (Workaholic) ကို ေတာ္ေတာ္မ်ားမ်ားက တူညီတယ္ဆိုၿပီး အမွတ္မွားေနတတ္ၾကပါတယ္။ တကယ္ေတာ့ ဒီႏွစ္မ်ိဳးက လံုးဝကြဲျပားေနတာပါေနာ္။ ကြဲျပားပံု ကြဲျပားနည္းေတြကို ဒီေန႔Stella ေျပာျပသြားေပးမွာ ျဖစ္ပါတယ္။

အရင္ဆံုး အလုပ္ႀကိဳးစားတဲ့သူ (Hard Worker) ဆိုတာ ဘယ္လိုလူမ်ိဳးလဲဆိုတာကေန စလိုက္ၾကရေအာင္…

အလုပ္ႀကိဳးစားတဲ့သူဆိုတာ ဘယ္လိုအေျခအေနျဖစ္ျဖစ္ အလုပ္ကို အေကာင္းဆံုးလုပ္ႏိုင္တဲ့သူေတြပါ။ ရည္မွန္းခ်က္ျမင့္ျမင့္ထားတတ္ၿပီး အလုပ္အေပၚ အေကာင္းျမင္တတ္သူေတြေပါ့။ ဒီလိုလူမ်ိဳးေတြက အလုပ္ကို ကိုယ္ႏိုင္သေလာက္ပဲလုပ္ၿပီး ကုမၼဏီအရာရွိေတြ အၿမဲခ်ီးက်ဴးေနရသူေတြပါ။

အလုပ္ႀကိဳးစားသူေတြရဲ႕ ဝိေသသလကၡဏာေတြကေတာ့ …

(၁) အခ်ိန္နည္းနည္းပဲ ရွိရင္ေတာင္မွ အဲ့အခ်ိန္ေလးအတြင္းမွာ အေကာင္းဆံုးရလာဒ္ေတြ ထြက္လာေအာင္ လုပ္ႏိုင္ျခင္း၊

(၂) ကိုယ္မႏိုင္ေလာက္တဲ့ အလုပ္ေတြေပးလာရင္ ျငင္းပယ္တတ္ျခင္း၊

(၃) စီနီယာေတြဆီက ကိုယ္မသိေသးတာေတြကို သင္ယူလိုစိတ္ရွိျခင္း၊ နဲ႔

(၄) အၿမဲကိုယ့္ကိုယ္ကိုယ္ ပိုေကာင္းေအာင္ ျမွင့္တင္ဖို႔ ႀကိဳးစားေနျခင္း စတာေတြပဲ ျဖစ္ပါတယ္။

Related article >>> အသက္ ၃၀ ေအာက္ ေအာင္ျမင္ေနသူအမ်ိဳးသမီးမ်ားေျပာတဲ့ ေအာင္ျမင္ေရးလွ်ိဳ႕ဝွက္ခ်က္မ်ား

ဒါဆို အလုပ္ကို စြဲလမ္းေနသူ (Workaholic) ေတြကေကာ ?

အလုပ္ကို စြဲလမ္းေနသူေတြက ဘယ္အခ်ိန္မွာ ကြန္ပ်ဴတာကိုပိတ္ၿပီး အိ္မ္ျပန္နားရမယ္ဆိုတာ မသိၾကသူေတြပါ။ ဘယ္အခ်ိန္ၾကည့္ၾကည့္ အလုပ္ကိုပဲ စိတ္ႏွစ္ေနတာေတြ႔ရမွာပါ။ သူတို႔ရဲ႕ ဘဝက အလုပ္ပဲျဖစ္ေနတတ္တဲ့ အလြန္အၾကဴးေတြေပါ့။

Workaholic ေတြရဲ႕ ထင္ရွားတဲ့ေစတာကေတာ့ …

(၁) အၿမဲတမ္းအလုပ္ေတြရႈပ္ေနတဲ့အတြက္ စိတ္တိုၿပီး ရန္လိုေနတတ္ျခင္း၊

(၂) ခရီးထြက္အနားယူဖို႔မေျပာနဲ႔ ခဏတစ္ျဖဳတ္ေတာင္ အနားမယူျခင္း၊

(၃) အိမ္မွာေတာင္မွ အလုပ္အေၾကာင္းေတြးၿပီး စိတ္ဖိစီးေနတတ္ျခင္း၊ နဲ႔

(၄) အလုပ္ေတြပိေနရင္ေတာင္ အလုပ္အသစ္ေတြ ေပးလာရင္ မျငင္းပယ္ျခင္း စတဲ့အခ်က္ေတြပါ။

Related article >>> အလုပ္နဲ႕ဘဝ အခ်ိဳးက်ေစဖို႔ မျဖစ္မေန လိုက္နာရမယ့္ စည္းကမ္းခ်က္(၃) ခ်က္

အခ်ဳပ္အေနနဲ႔ကေတာ့ အလုပ္ကိုစြဲလမ္းေနတဲ့သူေတြဟာ မိသားစုေရး၊ အခ်စ္ေရး၊ ကိုယ္စိတ္က်န္းမာေရးေတြမွာ ျပႆနာျဖစ္လာႏိုင္ပါတယ္။ အိပ္မေပ်ာ္တဲ့ေရာဂါ၊ စိတ္မက်န္းမာတဲ့ေရာဂါ၊ အူကင္ဆာနဲ႔ ကိုယ္ခံအားနည္းတဲ့ေရာဂါေတြက အလုပ္စြဲလမ္းေနသူေတြမွာ အျဖစ္မ်ားပါတယ္။ အလုပ္ႀကိဳးစားတာေကာင္းေပမဲ့ က်န္းမာေရးထိခိုက္ေလာက္တဲ့အထိ အလုပ္လုပ္ရမေနႏိုင္ျဖစ္တာကေတာ့ လံုးဝမေကာင္းပါဘူး ေယာင္းေရ။ ေယာင္းတို႔လည္း အလုပ္နဲ႔ကိုယ္ပိုင္အခ်ိန္ ညီမွ်တဲ့ဘဝေတြ ပိုင္ဆိုင္ရပါေစေနာ္။

Stella (For Her Myanmar)

>> Unicode >>> 

ယောင်းက အလုပ်ကြိုးစားသူတစ်ယောက်လား အလုပ်စွဲလမ်းနေသူတစ်ယောက်လား ?

ယောင်းတို့ရေ…အလုပ်ကြိုးစားတဲ့သူ (Hard Worker) နဲ့ အလုပ်ကို စွဲလမ်းနေသူ (Workaholic) ကို တော်တော်များများက တူညီတယ်ဆိုပြီး အမှတ်မှားနေတတ်ကြပါတယ်။ တကယ်တော့ ဒီနှစ်မျိုးက လုံးဝကွဲပြားနေတာပါနော်။ ကွဲပြားပုံ ကွဲပြားနည်းတွေကို ဒီနေ့Stella ပြောပြသွားပေးမှာ ဖြစ်ပါတယ်။

အရင်ဆုံး အလုပ်ကြိုးစားတဲ့သူ (Hard Worker) ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာကနေ စလိုက်ကြရအောင်…

အလုပ်ကြိုးစားတဲ့သူဆိုတာ ဘယ်လိုအခြေအနေဖြစ်ဖြစ် အလုပ်ကို အကောင်းဆုံးလုပ်နိုင်တဲ့သူတွေပါ။ ရည်မှန်းချက်မြင့်မြင့်ထားတတ်ပြီး အလုပ်အပေါ် အကောင်းမြင်တတ်သူတွေပေါ့။ ဒီလိုလူမျိုးတွေက အလုပ်ကို ကိုယ်နိုင်သလောက်ပဲလုပ်ပြီး ကုမ္မဏီအရာရှိတွေ အမြဲချီးကျူးနေရသူတွေပါ။

အလုပ်ကြိုးစားသူတွေရဲ့ ဝိသေသလက္ခဏာတွေကတော့ …

(၁) အချိန်နည်းနည်းပဲ ရှိရင်တောင်မှ အဲ့အချိန်လေးအတွင်းမှာ အကောင်းဆုံးရလာဒ်တွေ ထွက်လာအောင် လုပ်နိုင်ခြင်း၊

(၂) ကိုယ်မနိုင်လောက်တဲ့ အလုပ်တွေပေးလာရင် ငြင်းပယ်တတ်ခြင်း၊

(၃) စီနီယာတွေဆီက ကိုယ်မသိသေးတာတွေကို သင်ယူလိုစိတ်ရှိခြင်း၊ နဲ့

(၄) အမြဲကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် မြှင့်တင်ဖို့ ကြိုးစားနေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Related article >>> အသက် ၃၀ အောက် အောင်မြင်နေသူအမျိုးသမီးများပြောတဲ့ အောင်မြင်ရေးလျှို့ဝှက်ချက်များ

ဒါဆို အလုပ်ကို စွဲလမ်းနေသူ (Workaholic) တွေကကော ?အလုပ်ကို စွဲလမ်းနေသူတွေက ဘယ်အချိန်မှာ ကွန်ပြူတာကိုပိတ်ပြီး အိမ်ပြန်နားရမယ်ဆိုတာ မသိကြသူတွေပါ။ ဘယ်အချိန်ကြည့်ကြည့် အလုပ်ကိုပဲ စိတ်နှစ်နေတာတွေ့ရမှာပါ။

သူတို့ရဲ့ ဘဝက အလုပ်ပဲဖြစ်နေတတ်တဲ့ အလွန်အကြူးတွေပေါ့။Workaholic တွေရဲ့ ထင်ရှားတဲ့စေတာကတော့ …

(၁) အမြဲတမ်းအလုပ်တွေရှုပ်နေတဲ့အတွက် စိတ်တိုပြီး ရန်လိုနေတတ်ခြင်း၊

(၂) ခရီးထွက်အနားယူဖို့မပြောနဲ့ ခဏတစ်ဖြုတ်တောင် အနားမယူခြင်း၊

(၃) အိမ်မှာတောင်မှ အလုပ်အကြောင်းတွေးပြီး စိတ်ဖိစီးနေတတ်ခြင်း၊ နဲ့

(၄) အလုပ်တွေပိနေရင်တောင် အလုပ်အသစ်တွေ ပေးလာရင် မငြင်းပယ်ခြင်း စတဲ့အချက်တွေပါ။

Related article >>> အလုပ်နဲ့ဘဝ အချိုးကျစေဖို့ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက်(၃) ချက်

အချုပ်အနေနဲ့ကတော့ အလုပ်ကိုစွဲလမ်းနေတဲ့သူတွေဟာ မိသားစုရေး၊ အချစ်ရေး၊ ကိုယ်စိတ်ကျန်းမာရေးတွေမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ အိပ်မပျော်တဲ့ရောဂါ၊ စိတ်မကျန်းမာတဲ့ရောဂါ၊ အူကင်ဆာနဲ့ ကိုယ်ခံအားနည်းတဲ့ရောဂါတွေက အလုပ်စွဲလမ်းနေသူတွေမှာ အဖြစ်များပါတယ်။ အလုပ်ကြိုးစားတာကောင်းပေမဲ့ ကျန်းမာရေးထိခိုက်လောက်တဲ့အထိ အလုပ်လုပ်ရမနေနိုင်ဖြစ်တာကတော့ လုံးဝမကောင်းပါဘူး ယောင်းရေ။ ယောင်းတို့လည်း အလုပ်နဲ့ကိုယ်ပိုင်အချိန် ညီမျှတဲ့ဘဝတွေ ပိုင်ဆိုင်ရပါစေနော်။

Stella (For Her Myanmar)

No Comments Yet

Comments are closed