ကုမၸဏီေတြက ဘာကိုမူတည္ၿပီး ဝန္ထမ္းေတြကို ေဘာနပ္စ္ဘယ္လိုေပးသလဲ ?

ကုမၸဏီက ေဘာနပ္စ္ေပးတာကို ေမွ်ာ္လင့္ေနတယ္ဆိုရင္ေတာ့ ဒါကိုဖတ္ပါ

သႀကၤန္နားနီးၿပီဆိုေတာ့ ကုမၸဏီက ေဘာနပ္စ္ေပးတာကို ေမွ်ာ္ေနတဲ့ ေယာင္းေတြ ရွိေလာက္မယ္ထင္တယ္။ ေဘာနပ္စ္ေပးတာက ဟုတ္ပါၿပီ။ ဘာကိုမူတည္ၿပီး ေဘာနပ္စ္ေပးတာလဲ ? ဘယ္လိုလူေတြ ေဘာနပ္စ္ရတတ္လဲ ? ေဘာနပ္စ္ေၾကာင့္ ဘာအက်ိဳးအျမတ္ေတြ ရွိႏိုင္လဲ ? ဆိုတာေတြေကာ သိၿပီးၾကၿပီလား ? အခု Stella ေျပာျပေပးသြားမယ့္ ေဘာနပ္စ္အမ်ိဳးအစားေတြကေတာ့ လုပ္ငန္းခြင္ေတြမွာ အမ်ားဆံုးေတြ႔ရတတ္တဲ့ ေဘာနပ္စ္ေတြပါ။

Holiday Bonus

အမ်ားျပည္သူ ရုံးပိတ္ရက္ရွည္ေတြမွာ လုပ္ငန္းရွင္ေတြက ဝန္ထမ္းေတြကို ေပးေလ့ရွိပါတယ္။ Stella တို႔ ႏိုင္ငံမွာဆိုရင္ေတာ့ သႀကၤန္တို႔၊ သီတင္းကၽြတ္တို႔၊ နယူးရီးယားတို႔လို အခ်ိန္ေတြေပါ့။ ဒါက အလုပ္ရွင္အေနနဲ႔ ဝန္ထမ္းေတြကို ေပ်ာ္ေစဖို႔သက္သက္ ေပးတာသာျဖစ္လို႔ ေထြေထြထူးထူးေျပာစရာမရွိပါဘူး

Related article >>> အလုပ္ထဲမွာပိတ္မိေနသလို ခံစားလာရတဲ့အခါ ရုန္းထြက္နုိင္မယ့္ နည္းလမ္း(၃)ခု

Sales Commission

ဒါကေတာ့ အေရာင္းျမွင့္တင္ေရးဝန္ထမ္းေတြကို ေပးတဲ့ေဘာနပ္စ္ပါ။ သတ္မွတ္ထားတဲ့ပမာဏကို ေက်ာ္လြန္ၿပီးေရာင္းရတဲ့အခါမွာ ေရာင္းရေငြထဲက ရာခိုင္ႏႈန္းအလိုက္ ေဘာနပ္စ္ရပါတယ္။ ေျပာရရင္ေတာ့ ပိုေရာင္းရေလ ေဘာနပ္စ္ပိုရေလေပါ့။

Mission Bonus

ကုမၸဏီက ခိုင္းေစထားတဲ့ ပေရာဂ်က္တစ္ခုကို သတ္မွတ္ထားတဲ့အခ်ိန္အတြင္း ေခ်ာေခ်ာေမြ႔ေမြ႔ေအာင္ေအာင္ျမင္ျမင္ ၿပီးသြားတဲ့အခါမ်ိဳးမွာ ဒီေဘာနပ္စ္ရတတ္ပါတယ္။

Gain Sharing

ဒီလိုေဘာနပ္စ္မ်ိဳးကေတာ့ ဝန္ထမ္းက ကုမၸဏီအတြက္ အက်ိဳးအျမတ္ရရွိေစတဲ့အခါမ်ိဳးေတြမွာ ခ်ီးက်ဴးဂုဏ္ျပဳတဲ့အေနနဲ႔ ေပးတာပါ။ ဥပမာ ေယာင္းရဲ႕ ႀကိဳးစားမႈေၾကာင့္ ကုမၸဏီအေနနဲ႔ ခါတိုင္းထက္ ပေရာဂ်က္ပိုဝင္လာတဲ့အခါမ်ိဳးေပါ့။

Related article >>> လုပ္ငန္းခြင္ တိုးတက္မႈကို ေႏွာင့္ယွက္ေနတဲ့ အမွား(၇)ခု

Noncash Bonus

ေငြေၾကးေပးတာမ်ိဳးမဟုတ္ဘဲ “employee of the month” စံျပဝန္ထမ္းဆုေပးတာမ်ိဳးကိုေတာ့ Noncash Bonus လို႔ ေခၚတာပါ။ ဆုတံဆိပ္တို႔ certificate တို႔ တစ္ပတ္ေလာက္ ခရီးစရိတ္ၿငိမ္းထြက္ခြင့္ေပးတာတို႔က noncash bonus ထဲမွာ ပါဝင္ပါတယ္။

 

For Her Myanmar နဲ႔ Shop.com.mm ရဲ႕ Thingyan Flash Sale မွာ ၄၀% ထိ ဒစ္စ္ေကာင့္ေတြ ခံစားခြင့္ ရရွိမွာပါ ေယာင္းတို႔ေရ… ဧၿပီ ၉ရက္ေန႔ထိပဲေနာ္..

 

စိတ္ပညာအရ လူေတြရဲ႕သေဘာသဘာဝက ဘာဆုမွ မရဘဲ အလုပ္လုပ္ေနရတာထက္စာရင္ ဆုရမယ္ေဟ့ဆိုရင္ အလုပ္ႀကိဳးစားခ်င္စိတ္ ပိုျဖစ္ေပၚလာတာေၾကာင့္ အလုပ္ရွင္ေတြအေနနဲ႔ ေဘာနပ္စ္ကို မက္လံုးေပးထားသင့္ပါတယ္။ ေလ့လာခ်က္ေတြအရဆို ကုမၸဏီေတြမွာ ေဘာနပ္စ္ေကာင္းေကာင္းေပးတာက ဝန္ထမ္းေကာင္းေတြကို အလုပ္ခြင္မွာ ေပ်ာ္ေမြ႔ေအာင္ထိန္းထားႏိုင္ၿပီး ကုမၸဏီမွာ ေရရွည္ခံေစတဲ့အျပင္ ကုမၸဏီအတြက္လည္း အျမတ္အစြန္းပိုရေစပါတယ္။

ဒါေၾကာင့္ ကုမၸဏီေတြဖက္ကလည္း ဝန္ထမ္းေကာင္းေတြကို လက္မလႊတ္ခ်င္ရင္ ေဘာနပ္စ္ေကာင္းေကာင္းေပးဖို႔လိုသလို ဝန္ထမ္းဖက္ကလည္း ေဘာနပ္စ္လိုခ်င္ရင္ အလုပ္ရွင္စိတ္ေက်နပ္ေအာင္ ႀကိဳးစားသင့္ပါတယ္ေနာ္ … ကိုင္းကၽြန္းမီွ ကၽြန္းကိုင္းမီွ ေပါ့။

ေယာင္းတို႔ေရာ ကိုယ့္ကိုယ္ကိုယ္ ေဘာနပ္စ္ရသင့္တဲ့လူ တစ္ေယာက္ျဖစ္ၿပီလို႔ ထင္ရဲ႕လား?

Stella (For Her Myanmar)

<<< Unicode >>>

ကုမ္ပဏီက ဘောနပ်စ်ပေးတာကို မျှော်လင့်နေတယ်ဆိုရင်တော့ ဒါကိုဖတ်ပါ

သြင်္ကန်နားနီးပြီဆိုတော့ ကုမ္ပဏီက ဘောနပ်စ်ပေးတာကို မျှော်နေတဲ့ ယောင်းတွေ ရှိလောက်မယ်ထင်တယ်။ ဘောနပ်စ်ပေးတာက ဟုတ်ပါပြီ။ ဘာကိုမူတည်ပြီး ဘောနပ်စ်ပေးတာလဲ ? ဘယ်လိုလူတွေ ဘောနပ်စ်ရတတ်လဲ ? ဘောနပ်စ်ကြောင့် ဘာအကျိုးအမြတ်တွေ ရှိနိုင်လဲ ? ဆိုတာတွေကော သိပြီးကြပြီလား ? အခု Stella ပြောပြပေးသွားမယ့် ဘောနပ်စ်အမျိုးအစားတွေကတော့ လုပ်ငန်းခွင်တွေမှာ အများဆုံးတွေ့ရတတ်တဲ့ ဘောနပ်စ်တွေပါ။

Holiday Bonus

အများပြည်သူ ရုံးပိတ်ရက်ရှည်တွေမှာ လုပ်ငန်းရှင်တွေက ဝန်ထမ်းတွေကို ပေးလေ့ရှိပါတယ်။ Stella တို့ နိုင်ငံမှာဆိုရင်တော့ သြင်္ကန်တို့၊ သီတင်းကျွတ်တို့၊ နယူးရီးယားတို့လို အချိန်တွေပေါ့။ ဒါက အလုပ်ရှင်အနေနဲ့ ဝန်ထမ်းတွေကို ပျော်စေဖို့သက်သက် ပေးတာသာဖြစ်လို့ ထွေထွေထူးထူးပြောစရာမရှိပါဘူး

Related article >>> အလုပ်ထဲမှာပိတ်မိနေသလို ခံစားလာရတဲ့အခါ ရုန်းထွက်နိုင်မယ့် နည်းလမ်း(၃)ခု

Sales Commission

ဒါကတော့ အရောင်းမြှင့်တင်ရေးဝန်ထမ်းတွေကို ပေးတဲ့ဘောနပ်စ်ပါ။ သတ်မှတ်ထားတဲ့ပမာဏကို ကျော်လွန်ပြီးရောင်းရတဲ့အခါမှာ ရောင်းရငွေထဲက ရာခိုင်နှုန်းအလိုက် ဘောနပ်စ်ရပါတယ်။ ပြောရရင်တော့ ပိုရောင်းရလေ ဘောနပ်စ်ပိုရလေပေါ့။

Mission Bonus

ကုမ္ပဏီက ခိုင်းစေထားတဲ့ ပရောဂျက်တစ်ခုကို သတ်မှတ်ထားတဲ့အချိန်အတွင်း ချောချောမွေ့မွေ့အောင်အောင်မြင်မြင် ပြီးသွားတဲ့အခါမျိုးမှာ ဒီဘောနပ်စ်ရတတ်ပါတယ်။

Gain Sharing

ဒီလိုဘောနပ်စ်မျိုးကတော့ ဝန်ထမ်းက ကုမ္ပဏီအတွက် အကျိုးအမြတ်ရရှိစေတဲ့အခါမျိုးတွေမှာ ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ပေးတာပါ။ ဥပမာ ယောင်းရဲ့ ကြိုးစားမှုကြောင့် ကုမ္ပဏီအနေနဲ့ ခါတိုင်းထက် ပရောဂျက်ပိုဝင်လာတဲ့အခါမျိုးပေါ့။

Related article >>> လုပ်ငန်းခွင် တိုးတက်မှုကို နှောင့်ယှက်နေတဲ့ အမှား(၇)ခု

Noncash Bonus

ငွေကြေးပေးတာမျိုးမဟုတ်ဘဲ “employee of the month” စံပြဝန်ထမ်းဆုပေးတာမျိုးကိုတော့ Noncash Bonus လို့ ခေါ်တာပါ။ ဆုတံဆိပ်တို့ certificate တို့ တစ်ပတ်လောက် ခရီးစရိတ်ငြိမ်းထွက်ခွင့်ပေးတာတို့က noncash bonus ထဲမှာ ပါဝင်ပါတယ်။

For Her Myanmar နဲ့ Shop.com.mm ရဲ့ Thingyan Flash Sale မှာ ၄၀% ထိ ဒစ်စ်ကောင့်တွေ ခံစားခွင့် ရရှိမှာပါ ယောင်းတို့ရေ… ဧပြီ ၉ရက်နေ့ထိပဲနော်..

စိတ်ပညာအရ လူတွေရဲ့သဘောသဘာဝက ဘာဆုမှ မရဘဲ အလုပ်လုပ်နေရတာထက်စာရင် ဆုရမယ်ဟေ့ဆိုရင် အလုပ်ကြိုးစားချင်စိတ် ပိုဖြစ်ပေါ်လာတာကြောင့် အလုပ်ရှင်တွေအနေနဲ့ ဘောနပ်စ်ကို မက်လုံးပေးထားသင့်ပါတယ်။ လေ့လာချက်တွေအရဆို ကုမ္ပဏီတွေမှာ ဘောနပ်စ်ကောင်းကောင်းပေးတာက ဝန်ထမ်းကောင်းတွေကို အလုပ်ခွင်မှာ ပျော်မွေ့အောင်ထိန်းထားနိုင်ပြီး ကုမ္ပဏီမှာ ရေရှည်ခံစေတဲ့အပြင် ကုမ္ပဏီအတွက်လည်း အမြတ်အစွန်းပိုရစေပါတယ်။

ဒါကြောင့် ကုမ္ပဏီတွေဖက်ကလည်း ဝန်ထမ်းကောင်းတွေကို လက်မလွှတ်ချင်ရင် ဘောနပ်စ်ကောင်းကောင်းပေးဖို့လိုသလို ဝန်ထမ်းဖက်ကလည်း ဘောနပ်စ်လိုချင်ရင် အလုပ်ရှင်စိတ်ကျေနပ်အောင် ကြိုးစားသင့်ပါတယ်နော် … ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပေါ့။

ယောင်းတို့ရော ကိုယ့်ကိုယ်ကိုယ် ဘောနပ်စ်ရသင့်တဲ့လူ တစ်ယောက်ဖြစ်ပြီလို့ ထင်ရဲ့လား?

Stella (For Her Myanmar)

No Comments Yet

Comments are closed