Career

လုပ္ငန္းခြင္မွာ ေအာင္ျမင္ဖို႔အတြက္ စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ေယာက္ရဲ႕ စိတ္ေနသေဘာထားကို ေမြးျမဴပါ။

ဘာဆိုင္လဲ မေမးနဲ႔.. ဒါေတြ ဒီလို ဆိုင္ပါတယ္ 😉 

ဘယ္ကုမၸဏီမွာ ဘယ္လိုရာထူးနဲ႔ပဲ အလုပ္လုပ္ေနပါေစ.. ဘဝအေပၚ စိတ္ေက်နပ္မႈနဲ႔ ေငြေရးေၾကးေရးဆိုင္ရာ တိုးတက္မႈမွာ ျဖစ္ႏိုင္သမွ် အျမင့္ဆံုးကို ရရွိဖို႔ ေမွ်ာ္လင့္တတ္ၾကတာ လူတိုင္းနီးနီးပါပဲ။ ဒါေပမဲ့ တကယ့္တကယ္ ေအာင္ျမင္တဲ့သူေတြကေတာ့ နည္းၾကပါတယ္။ ဒီလို ေအာင္ျမင္ႂကြယ္ဝေနတဲ့သူေတြနဲ႔ သာမန္လူေတြကို ခြဲျခားထားတာဟာ တကယ္တမ္းကေတာ့ စိတ္ေနသေဘာထားပါပဲ။

ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းပဲျဖစ္တယ္ဆိုရင္ေတာင္ ေအာင္ျမင္မႈရရွိခ်င္တဲ့သူအတြက္ စြန္႔ဦးတီထြင္လုပ္ငန္းရွင္လိုမ်ဳိး စိတ္ေနသေဘာထားကို က်င့္သံုးဖို႔ အႀကံျပဳလိုပါတယ္။ ကိုယ့္ရဲ႕ လုပ္ငန္းရွင္ဆန္တဲ့ စိတ္အားထက္သန္မႈက လုပ္ငန္းခြင္ဘဝမွာ ထူးျခားေကာင္းမြန္တဲ့အက်ဳိးေက်းဇူးေတြကို ေပးပါလိမ့္မယ္။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ေယာက္လိုမ်ဳိး စဥ္းစားေတြးေခၚၿပီး ျပဳမူဖို႔ ေမြးျမဴရမယ့္ စိတ္ေနစိတ္ထားေတြအတြက္ အခ်က္ (၇) ခ်က္ကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

(၁) ျပင္းျပတဲ့ စိတ္အားထက္သန္မႈကို ျပပါ။

စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြက သူတို႔လုပ္ေနတဲ့အလုပ္ေတြေပၚမွာ စိတ္အားထက္သန္မႈ ျပင္းျပင္းျပျပရွိၾကတယ္လို႔ ေက်ာ္ၾကားပါတယ္။ ျပင္းျပတဲ့စိတ္အားထက္သန္မႈက ကိုယ္လုပ္ႏိုင္တယ္လို႔ ထင္ထားတာထက္ ပိုျဖစ္ေစႏိုင္ၿပီး ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းကို အျမင့္ဆံုးထိ ေရာက္ရွိသြားေစပါတယ္။ ဒါက လုပ္ငန္းေအာင္ျမင္မႈနဲ႔ ဘဝၿပီးျပည့္စံုမႈေတြအတြက္ ေသာ့ခ်က္ပါပဲ။

ကိုယ္လုပ္ေနတဲ့အလုပ္ေတြအေပၚ စိတ္အားထက္သန္မႈမရွိဘူးဆုိရင္ ကိုယ္ မလုပ္ႏိုင္တဲ့အရာေတြေပၚမွာ စိတ္ကူးယဥ္မေနဘဲနဲ႔ ကိုယ္လိုခ်င္တဲ့ ေနရာေရာက္ေအာင္ ကိုယ့္ရဲ႕အလုပ္ကို ဘယ္လိုတိုးတက္ေအာင္ လုပ္ႏိုင္မလဲဆိုတာကို စဥ္းစားပါ။ ကိုယ္လုပ္ေနတဲ့ အရာေတြထဲမွာ ပိတ္မိေနတယ္လို႔ မခံစားပါနဲ႔။ အဲဒီအစား ကိုယ့္မွာရွိတဲ့ အရည္အခ်င္းေတြကို တျခားလုပ္ငန္းနယ္ပယ္၊ သို႔မဟုတ္ တျခားဌာနမွာ ျပန္လည္အသံုးျပဳႏိုင္ေအာင္ စီစဥ္ပါ။

၂။ Customer ေတြေပၚမွာ အာရံုစိုက္ပါ။

လုပ္ငန္းခြင္က ဝန္ထမ္းေတြဟာ ျဖစ္လာႏိုင္ဖြယ္ရွိတဲ့ အလုပ္တာဝန္ေတြအေၾကာင္း စဥ္းစားေနရင္းနဲ႔ Customer (စားသံုးသူ/ ေဖာက္သည္) ေတြအေပၚ အာရံုစိုက္ဖို႔ မၾကာခဏ ေမ့တတ္ၾကပါတယ္။ ကုမၸဏီရဲ႕ Customer ေတြကိုပဲ အာရံုစိုက္ရမွာလားဆိုေတာ့ မဟုတ္ေသးပါဘူး… ကိုယ့္ရဲ႕ပတ္ဝန္းက်င္မွာ တျခားအေရးႀကီးတဲ့ ပါဝင္ပတ္သက္သူေတြလည္း ရွိပါတယ္။ ကိုယ့္ရဲ႕အထက္လူႀကီးေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ ကိုယ္နဲ႔ ေန႔စဥ္ဆက္ဆံေနရတဲ့သူေတြ အားလံုးကိုလည္း အၿမဲလိုလို ေလးစားသမႈနဲ႔ ဆက္ဆံေပးသင့္ပါတယ္။ သူတို႔ရဲ႕ လိုအပ္ခ်က္ေတြကို ဘယ္လို ျဖည့္ဆည္းေပးႏုိင္မလဲ၊ ကိုယ့္ရဲ႕ ဝန္ေဆာင္မႈကို ဘယ္လို တိုးတက္ေအာင္ လုပ္မလဲဆိုတာကို အၿမဲ ႀကံစည္ေတြးေတာေနသင့္ပါတယ္။ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အထက္လူႀကီးေတြ၊ စားသံုးသူေတြကို အေကာင္းဆံုး ဝန္ေဆာင္မႈ ေပးတာက ေယာင္းတို႔ရဲ႕ အလုပ္အကိုင္ တိုးတက္ေရးအတြက္ ေက်ာရိုးျဖစ္လာပါလိမ့္မယ္။

Related Article >>> လုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္ႏိုင္ဖို႔ လွ်ိဳ႕ဝွက္ခ်က္မ်ား

၃။ ကိုယ့္အလုပ္ကို တာဝန္ယူမႈရွိပါ။

ကိုယ့္အလုပ္အေပၚ တာဝန္ယူတာက ေအာင္ျမင္တဲ့ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြအတြက္သာမက ေအာင္ျမင္တဲ့သူတိုင္းအတြက္ အေရးႀကီးဆံုးက႑ေတြထဲက တစ္ခုျဖစ္ပါတယ္။ အမွားေတြနဲ႔ ဆံုးရႈံးမႈေတြအတြက္ တျခားသူေတြကို အျပစ္တင္ေနမယ့္အစား တာဝန္ယူၿပီး အမွားထဲက သင္ယူကာ ပိုေကာင္းေအာင္ လုပ္ဖို႔အတြက္ နည္းလမ္းေတြကို ရွာေဖြပါ။ အသင္းေခါင္းေဆာင္ေတြနဲ႔ အဖြဲ႔ဝင္ေတြရဲ႕ မမွ်တတဲ့ ဆက္ဆံမႈေတြအေပၚ ျပစ္တင္ေျပာဆိုေနမယ့္အစား ကိုယ္တိုင္က ဦးေဆာင္ဦးရြက္လုပ္ၿပီး အသင္းမွာ အားကိုးရသူျဖစ္ေအာင္ လုပ္ပါ။ တစ္ဖက္မွာ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ သူတို႔ရဲ႕ အေျခအေနေပၚလိုက္ၿပီး ကိုယ့္ရဲ႕ အရည္အေသြးကိုျပသခြင့္ရမယ့္ လုပ္ငန္းတာဝန္ေတြနဲ႔ ပေရာဂ်က္ေတြကို လုပ္ေဆာင္ပါ။

၄။ ထိေရာက္မႈမရွိတာေတြကို ေရွာင္ၾကဥ္ပါ။

စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြက ထိေရာက္မႈမရွိဘဲ အလကားျဖစ္သြားမယ့္ အရာေတြကို လုပ္ေဆာင္ေလ့ မရွိပါဘူး။ ကုမၸဏီေသးေသးေလးေတြမွာက ထံုးထမ္းစဥ္လာအရ အဆင့္ဆင့္လုပ္ရတဲ့ လုပ္ငန္းစဥ္ေတြ မရွိတဲ့အတြက္ ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲႏုိင္သလို ပိုထိေရာက္မယ့္ နည္းလမ္းေတြအတြက္လည္း အခ်ိန္ဆိုင္းေနျခင္းမရွိဘဲ ေဆာင္ရြက္ႏိုင္ပါတယ္။

တကယ္လို႔ ဒီလိုအေျခအေနအထိ ကိုယ္က ခ်က္ခ်င္း မလုပ္ႏုိင္ေသးဘူးဆိုရင္ေတာင္ ကိုယ့္ကုမၸဏီမွာ ဘာေတြ လိုအပ္ေနတယ္၊ ဘယ္လုပ္ငန္းစဥ္မွာေတာ့ ဘယ္လို တိုးတက္မႈေတြ ရလာေအာင္ ဘယ္ပံု ေျဖရွင္းရမယ္ စတာေတြကို စဥ္းစားထားသင့္ပါတယ္။ ဒါက ကုမၸဏီအတြက္ ေရရွည္မွာ တန္ဖိုးတက္လာေအာင္ ဖန္တီးႏိုင္မယ့္ ေရႊေရာင္အခြင့္အလမ္းေတြပဲျဖစ္ပါတယ္။

၅။ စြန္႔စားမႈေတြလုပ္ပါ။

စြန္႔စားမႈေတြမ်ားလာတာနဲ႔အမွ် ရလာမယ့္ ရလဒ္က ပိုေကာင္းလာမွာပါ။ စြန္႔စားမႈေတြကို သေဘာက်တာက စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြကို သာမန္လူေတြကေန ကြာျခားသြားေစပါတယ္။ ကိုယ္က ႀကိဳးစားၿပီး စမ္းသပ္ၾကည့္ရမယ္၊ စြန္႔စားတာက တန္ဖိုးရွိတယ္ဆိုတာကို စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြတိုင္းက သိၾကပါတယ္။

အလုပ္မွာလည္း စြန္႔ုစားမႈေတြကို ေမြးျမဴႏိုင္ပါတယ္။ ကိုယ့္ရဲ႕ သက္ေသာင့္သက္သာျဖစ္တဲ့အေျခအေနကေန ထြက္ၿပီး အေတြးအေခၚအသစ္ေတြ လက္ခံတာမ်ိဳး ဒါမွမဟုတ္ စိန္ေခၚမႈေတြလုပဖို႔ တက္တက္ႂကြႂကြ စိတ္ဝင္တစား လုပ္ေဆာင္တာမ်ိဳး စတာေတြကေန စတင္ႏိုင္ပါတယ္။ စြန္႔စားမႈရဲ႕ ရလဒ္ေတြက ကိုယ့္ကို စြမ္းရည္အသစ္ေတြကို ေပးစြမ္းႏိုင္သလို ကုမၸဏီရဲ႕ စီမံခန္႔ခြဲသူေတြဆီကေန ကိုယ့္ကို ရာထူးတိုးေပးဖို႔အတြက္ သေဘာတူညီခ်က္ေတြကို ရရွိေစပါလိမ့္မယ္။

Related Article >>> ႏိုင္ငံျခားတကၠသိုလ္ကေန ဘြဲ႕မရထားဘဲ လုပ္ငန္းခြင္မွာ ေအာင္ျမင္ေအာင္ ဘယ္လို လုပ္ရမလဲ?

၆။ ကုမၸဏီရဲ႕ေအာင္ျမင္မႈအတြက္ လုပ္ေဆာင္ပါ။

ဝန္ထမ္း ေတာ္ေတာ္မ်ားမ်ားက ကုမၸဏီရဲ႕ေအာင္ျမင္မႈထက္ ကိုယ့္အတြက္ ရပိုင္ခြင့္ေတြကိုသာ စဥ္းစားတတ္ၾကပါတယ္။ ၉ နာရီကေန ၅ နာရီထိ အလုပ္လုပ္တာက ကုမၸဏီအတြက္ လံုေလာက္တာမို႔ ႏွစ္တစ္ႏွစ္ကုန္ဆံုးတဲ့အခ်ိန္မွာ လစာတိုးေပးတာ၊ အပိုဆုေငြရတာက မလြဲမေသြျဖစ္သင့္တယ္လို႔ ထင္တတ္ၾကပါတယ္။

ဒါေပမဲ့ ကုမၸဏီက ဘယ္ေလာက္ျပန္ေပးႏိုင္လဲဆိုတာက ကုမၸဏီရဲ႕ေအာင္ျမင္မႈေပၚမွာ မူတည္ေနပါလိမ့္မယ္။ ကိုယ္က ကုမၸဏီရဲ႕ေအာင္ျမင္မႈကို ေရွ႕႐ႈတယ္၊ ကုမၸဏီရဲ႕ ဝင္ေငြေတြနဲ႔ လုပ္ငန္းစဥ္ေတြကို တုိးတက္ေအာင္ အလုပ္လုပ္တယ္ဆိုရင္ ကိုယ့္ရဲ႕ တန္ဖိုးကလည္း အလိုလုိ ျမင့္တက္လာမွာပါပဲ။

၇။ အိပ္မက္ေတြကို မကန္႔သတ္ပါနဲ႔။

စြန္႔ဦးတီထြင္သူေတြရဲ႕ေအာင္ျမင္မႈမွာ အေရးႀကီးဆံုးရႈေထာင့္က အိပ္မက္ႀကီးႀကီးမားမားမက္ျခင္းနဲ႔ မျဖစ္ႏိုင္တဲ့အရာေတြကို ျဖစ္ေအာင္ ျပဳလုပ္ျခင္းပဲျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက လက္ေတြ႕က်ၿပီး တကယ္ျဖစ္ႏိုင္တဲ့ အရာေတြကို ေတြးၾကတဲ့အတြက္ အိပ္မက္ေတြက ေသးငယ္သထက္ ေသးငယ္လာၾကပါတယ္။  ကိုယ့္ရဲ႕ အိပ္မက္ေတြကို စြန္႔လႊတ္ဖို႔ မလိုပါဘူး။ အမွန္က အိပ္မက္ႀကီးႀကီးမက္ဖို႔ပဲ အေရးႀကီးပါတယ္။ ဒါမွသာ အိပ္မက္ေတြကို ရရွိဖို႔ အင္မတန္ႀကိဳးစားလာမွာျဖစ္ၿပီး ေနာက္ဆံုးမွာ ႀကိဳးစားမႈက တန္ဖိုးရွိလာမွာျဖစ္ပါတယ္။

ကိုယ့္ရာထူးက ဘာပဲျဖစ္ေနပါေစ၊ စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ေယာက္ အျဖစ္ ခံစားၾကည့္ပါ။ လုပ္ေဆာင္ၾကည့္ပါ။ ကိုယ္တိုင္က စြန္႔ဦးတီထြင္ လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္ေနပါေစ။ ကိုယ္လက္ရွိ ေရာက္ေနတဲ့ေနရာမွာ အခြင့္အလမ္းေတြကို ရယူပါ။ စြန္႔ဦးတီထြင္သူတစ္ေယာက္လိုမ်ဳိး စိတ္ေနသေဘာထားကို ေမြးျမဴျခင္းက ကိုယ္ စိတ္ကူးထားတဲ့ အနာဂတ္အတြက္ ျပင္ဆင္ေနရင္းနဲ႔ ကိုယ့္ရဲ႕ လက္ရွိရာထူးမွာလည္း တိုးတက္မႈရရွိၿပီး ကုမၸဏီအတြက္ အက်ဳိးသက္ေရာက္မႈရွိေစမွာျဖစ္ပါတယ္။

အဂၤလိပ္ဘာသာျဖင့္လည္း ေအာက္တြင္ ဖတ္ရႈႏုိင္ပါသည္။

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ Wynee Myanmar Organisation အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

ဘာဆိုင်လဲ မမေးနဲ့.. ဒါတွေ ဒီလို ဆိုင်ပါတယ် 😉 

ဘယ်ကုမ္ပဏီမှာ ဘယ်လိုရာထူးနဲ့ပဲ အလုပ်လုပ်နေပါစေ.. ဘဝအပေါ် စိတ်ကျေနပ်မှုနဲ့ ငွေရေးကြေးရေးဆိုင်ရာ တိုးတက်မှုမှာ ဖြစ်နိုင်သမျှ အမြင့်ဆုံးကို ရရှိဖို့ မျှော်လင့်တတ်ကြတာ လူတိုင်းနီးနီးပါပဲ။ ဒါပေမဲ့ တကယ့်တကယ် အောင်မြင်တဲ့သူတွေကတော့ နည်းကြပါတယ်။ ဒီလို အောင်မြင်ကြွယ်ဝနေတဲ့သူတွေနဲ့ သာမန်လူတွေကို ခွဲခြားထားတာဟာ တကယ်တမ်းကတော့ စိတ်နေသဘောထားပါပဲ။

ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းပဲဖြစ်တယ်ဆိုရင်တောင် အောင်မြင်မှုရရှိချင်တဲ့သူအတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်လိုမျိုး စိတ်နေသဘောထားကို ကျင့်သုံးဖို့ အကြံပြုလိုပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းရှင်ဆန်တဲ့ စိတ်အားထက်သန်မှုက လုပ်ငန်းခွင်ဘဝမှာ ထူးခြားကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကို ပေးပါလိမ့်မယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်လိုမျိုး စဉ်းစားတွေးခေါ်ပြီး ပြုမူဖို့ မွေးမြူရမယ့် စိတ်နေစိတ်ထားတွေအတွက် အချက် (၇) ချက်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁။ ပြင်းပြတဲ့ စိတ်အားထက်သန်မှုကို ပြပါ။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက သူတို့လုပ်နေတဲ့အလုပ်တွေပေါ်မှာ စိတ်အားထက်သန်မှု ပြင်းပြင်းပြပြရှိကြတယ်လို့ ကျော်ကြားပါတယ်။ ပြင်းပြတဲ့စိတ်အားထက်သန်မှုက ကိုယ်လုပ်နိုင်တယ်လို့ ထင်ထားတာထက် ပိုဖြစ်စေနိုင်ပြီး ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို အမြင့်ဆုံးထိ ရောက်ရှိသွားစေပါတယ်။ ဒါက လုပ်ငန်းအောင်မြင်မှုနဲ့ ဘဝပြီးပြည့်စုံမှုတွေအတွက် သော့ချက်ပါပဲ။

ကိုယ်လုပ်နေတဲ့အလုပ်တွေအပေါ် စိတ်အားထက်သန်မှုမရှိဘူးဆိုရင် ကိုယ် မလုပ်နိုင်တဲ့အရာတွေပေါ်မှာ စိတ်ကူးယဉ်မနေဘဲနဲ့ ကိုယ်လိုချင်တဲ့ နေရာရောက်အောင် ကိုယ့်ရဲ့အလုပ်ကို ဘယ်လိုတိုးတက်အောင် လုပ်နိုင်မလဲဆိုတာကို စဉ်းစားပါ။ ကိုယ်လုပ်နေတဲ့ အရာတွေထဲမှာ ပိတ်မိနေတယ်လို့ မခံစားပါနဲ့။ အဲဒီအစား ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို တခြားလုပ်ငန်းနယ်ပယ်၊ သို့မဟုတ် တခြားဌာနမှာ ပြန်လည်အသုံးပြုနိုင်အောင် စီစဉ်ပါ။

၂။ Customer တွေပေါ်မှာ အာရုံစိုက်ပါ။

လုပ်ငန်းခွင်က ဝန်ထမ်းတွေဟာ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အလုပ်တာဝန်တွေအကြောင်း စဉ်းစားနေရင်းနဲ့ Customer (စားသုံးသူ/ ဖောက်သည်) တွေအပေါ် အာရုံစိုက်ဖို့ မကြာခဏ မေ့တတ်ကြပါတယ်။ ကုမ္ပဏီရဲ့ Customer တွေကိုပဲ အာရုံစိုက်ရမှာလားဆိုတော့ မဟုတ်သေးပါဘူး… ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ တခြားအရေးကြီးတဲ့ ပါဝင်ပတ်သက်သူတွေလည်း ရှိပါတယ်။ ကိုယ့်ရဲ့အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ်နဲ့ နေ့စဉ်ဆက်ဆံနေရတဲ့သူတွေ အားလုံးကိုလည်း အမြဲလိုလို လေးစားသမှုနဲ့ ဆက်ဆံပေးသင့်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းပေးနိုင်မလဲ၊ ကိုယ့်ရဲ့ ဝန်ဆောင်မှုကို ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာကို အမြဲ ကြံစည်တွေးတောနေသင့်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးတွေ၊ စားသုံးသူတွေကို အကောင်းဆုံး ဝန်ဆောင်မှု ပေးတာက ယောင်းတို့ရဲ့ အလုပ်အကိုင် တိုးတက်ရေးအတွက် ကျောရိုးဖြစ်လာပါလိမ့်မယ်။

Related Article >>> လုပ်ငန်းခွင်မှာ ပျော်ရွှင်နိုင်ဖို့ လျှို့ဝှက်ချက်များ

၃။ ကိုယ့်အလုပ်ကို တာဝန်ယူမှုရှိပါ။

ကိုယ့်အလုပ်အပေါ် တာဝန်ယူတာက အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက်သာမက အောင်မြင်တဲ့သူတိုင်းအတွက် အရေးကြီးဆုံးကဏ္ဍတွေထဲက တစ်ခုဖြစ်ပါတယ်။ အမှားတွေနဲ့ ဆုံးရှုံးမှုတွေအတွက် တခြားသူတွေကို အပြစ်တင်နေမယ့်အစား တာဝန်ယူပြီး အမှားထဲက သင်ယူကာ ပိုကောင်းအောင် လုပ်ဖို့အတွက် နည်းလမ်းတွေကို ရှာဖွေပါ။ အသင်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေရဲ့ မမျှတတဲ့ ဆက်ဆံမှုတွေအပေါ် ပြစ်တင်ပြောဆိုနေမယ့်အစား ကိုယ်တိုင်က ဦးဆောင်ဦးရွက်လုပ်ပြီး အသင်းမှာ အားကိုးရသူဖြစ်အောင် လုပ်ပါ။ တစ်ဖက်မှာ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူတို့ရဲ့ အခြေအနေပေါ်လိုက်ပြီး ကိုယ့်ရဲ့ အရည်အသွေးကိုပြသခွင့်ရမယ့် လုပ်ငန်းတာဝန်တွေနဲ့ ပရောဂျက်တွေကို လုပ်ဆောင်ပါ။

၄။ ထိရောက်မှုမရှိတာတွေကို ရှောင်ကြဉ်ပါ။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက ထိရောက်မှုမရှိဘဲ အလကားဖြစ်သွားမယ့် အရာတွေကို လုပ်ဆောင်လေ့ မရှိပါဘူး။ ကုမ္ပဏီသေးသေးလေးတွေမှာက ထုံးထမ်းစဉ်လာအရ အဆင့်ဆင့်လုပ်ရတဲ့ လုပ်ငန်းစဉ်တွေ မရှိတဲ့အတွက် မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်သလို ပိုထိရောက်မယ့် နည်းလမ်းတွေအတွက်လည်း အချိန်ဆိုင်းနေခြင်းမရှိဘဲ ဆောင်ရွက်နိုင်ပါတယ်။

တကယ်လို့ ဒီလိုအခြေအနေအထိ ကိုယ်က ချက်ချင်း မလုပ်နိုင်သေးဘူးဆိုရင်တောင် ကိုယ့်ကုမ္ပဏီမှာ ဘာတွေ လိုအပ်နေတယ်၊ ဘယ်လုပ်ငန်းစဉ်မှာတော့ ဘယ်လို တိုးတက်မှုတွေ ရလာအောင် ဘယ်ပုံ ဖြေရှင်းရမယ် စတာတွေကို စဉ်းစားထားသင့်ပါတယ်။ ဒါက ကုမ္ပဏီအတွက် ရေရှည်မှာ တန်ဖိုးတက်လာအောင် ဖန်တီးနိုင်မယ့် ရွှေရောင်အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။

၅။ စွန့်စားမှုတွေလုပ်ပါ။

စွန့်စားမှုတွေများလာတာနဲ့အမျှ ရလာမယ့် ရလဒ်က ပိုကောင်းလာမှာပါ။ စွန့်စားမှုတွေကို သဘောကျတာက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို သာမန်လူတွေကနေ ကွာခြားသွားစေပါတယ်။ ကိုယ်က ကြိုးစားပြီး စမ်းသပ်ကြည့်ရမယ်၊ စွန့်စားတာက တန်ဖိုးရှိတယ်ဆိုတာကို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေတိုင်းက သိကြပါတယ်။

အလုပ်မှာလည်း စွန့်ုစားမှုတွေကို မွေးမြူနိုင်ပါတယ်။ ကိုယ့်ရဲ့ သက်သောင့်သက်သာဖြစ်တဲ့အခြေအနေကနေ ထွက်ပြီး အတွေးအခေါ်အသစ်တွေ လက်ခံတာမျိုး ဒါမှမဟုတ် စိန်ခေါ်မှုတွေလုပဖို့ တက်တက်ကြွကြွ စိတ်ဝင်တစား လုပ်ဆောင်တာမျိုး စတာတွေကနေ စတင်နိုင်ပါတယ်။ စွန့်စားမှုရဲ့ ရလဒ်တွေက ကိုယ့်ကို စွမ်းရည်အသစ်တွေကို ပေးစွမ်းနိုင်သလို ကုမ္ပဏီရဲ့ စီမံခန့်ခွဲသူတွေဆီကနေ ကိုယ့်ကို ရာထူးတိုးပေးဖို့အတွက် သဘောတူညီချက်တွေကို ရရှိစေပါလိမ့်မယ်။

Related Article >>> နိုင်ငံခြားတက္ကသိုလ်ကနေ ဘွဲ့မရထားဘဲ လုပ်ငန်းခွင်မှာ အောင်မြင်အောင် ဘယ်လို လုပ်ရမလဲ?

၆။ ကုမ္ပဏီရဲ့အောင်မြင်မှုအတွက် လုပ်ဆောင်ပါ။

ဝန်ထမ်း တော်တော်များများက ကုမ္ပဏီရဲ့အောင်မြင်မှုထက် ကိုယ့်အတွက် ရပိုင်ခွင့်တွေကိုသာ စဉ်းစားတတ်ကြပါတယ်။ ၉ နာရီကနေ ၅ နာရီထိ အလုပ်လုပ်တာက ကုမ္ပဏီအတွက် လုံလောက်တာမို့ နှစ်တစ်နှစ်ကုန်ဆုံးတဲ့အချိန်မှာ လစာတိုးပေးတာ၊ အပိုဆုငွေရတာက မလွဲမသွေဖြစ်သင့်တယ်လို့ ထင်တတ်ကြပါတယ်။

ဒါပေမဲ့ ကုမ္ပဏီက ဘယ်လောက်ပြန်ပေးနိုင်လဲဆိုတာက ကုမ္ပဏီရဲ့အောင်မြင်မှုပေါ်မှာ မူတည်နေပါလိမ့်မယ်။ ကိုယ်က ကုမ္ပဏီရဲ့အောင်မြင်မှုကို ရှေ့ရှုတယ်၊ ကုမ္ပဏီရဲ့ ဝင်ငွေတွေနဲ့ လုပ်ငန်းစဉ်တွေကို တိုးတက်အောင် အလုပ်လုပ်တယ်ဆိုရင် ကိုယ့်ရဲ့ တန်ဖိုးကလည်း အလိုလို မြင့်တက်လာမှာပါပဲ။

၇။ အိပ်မက်တွေကို မကန့်သတ်ပါနဲ့။

စွန့်စားတီထွင်သူတွေရဲ့အောင်မြင်မှုမှာ အရေးကြီးဆုံးရှုထောင့်က အိပ်မက်ကြီးကြီးမားမားမက်ခြင်းနဲ့ မဖြစ်နိုင်တဲ့အရာတွေကို ဖြစ်အောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ လူတော်တော်များများက လက်တွေ့ကျပြီး တကယ်ဖြစ်နိုင်တဲ့ အရာတွေကို တွေးကြတဲ့အတွက် အိပ်မက်တွေက သေးငယ်သထက် သေးငယ်လာကြပါတယ်။  ကိုယ့်ရဲ့ အိပ်မက်တွေကို စွန့်လွှတ်ဖို့ မလိုပါဘူး။ အမှန်က အိပ်မက်ကြီးကြီးမက်ဖို့ပဲ အရေးကြီးပါတယ်။ ဒါမှသာ အိပ်မက်တွေကို ရရှိဖို့ အင်မတန်ကြိုးစားလာမှာဖြစ်ပြီး နောက်ဆုံးမှာ ကြိုးစားမှုက တန်ဖိုးရှိလာမှာဖြစ်ပါတယ်။

ကိုယ့်ရာထူးက ဘာပဲဖြစ်နေပါစေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက် အဖြစ် ခံစားကြည့်ပါ။ လုပ်ဆောင်ကြည့်ပါ။ ကိုယ်တိုင်က စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပါစေ။ ကိုယ်လက်ရှိ ရောက်နေတဲ့နေရာမှာ အခွင့်အလမ်းတွေကို ရယူပါ။ စွန့်ဦးတီထွင်သူတစ်ယောက်လိုမျိုး စိတ်နေသဘောထားကို မွေးမြူခြင်းက ကိုယ် စိတ်ကူးထားတဲ့ အနာဂတ်အတွက် ပြင်ဆင်နေရင်းနဲ့ ကိုယ့်ရဲ့ လက်ရှိရာထူးမှာလည်း တိုးတက်မှုရရှိပြီး ကုမ္ပဏီအတွက် အကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာဖြင့်လည်း အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

<<< English >>>

Cultivate an Entrepreneurial Mindset for Career Progression

Everyone is looking to achieve highest possible level of life satisfaction and financial progression no matter the position they are holding in the company. However, what separates the average person from those who are achieving greatness is mindset.

I advise people who want to strive for success to adopt an entrepreneur mindset even if you are an employee in a company. Your entrepreneurial zeal will give you a distinct advantage in your professional life. Here’s are the seven steps to cultivate your mindsets to think and act more like an entrepreneur.

Show Passion

Entrepreneurs are famous for being immensely passionate about what they are doing. Passion allows you to be more than you think you can and drives you to your limits. It is the key to professional success and life fulfillment.

If you are not passionate about what you are doing, instead of daydreaming on what you could be doing, think about how you can progress your career to the area that you desire. Do not feel stuck in what you are doing, rather plan how your skill-sets will translate into another industry or department.

Focus on Customers

Corporate employees are often preoccupied with the tasks at hand and forget to focus on customers. The company’s customers are of course important, but there are other important stakeholders around you.  You should regards your bosses, colleagues and everybody with whom you interact daily as your customer, and serve them well! You should consider how best you can satisfy their needs and improve your service. Your quality of service to your colleague and your boss will be a backbone to your career progression.

Take Ownership of Your Work

Taking ownership of your work is one of the biggest aspects of not only the successful entrepreneur but also for the successful professional. Instead of blaming others for mistakes and failure, take responsibility and always find ways to learn from mistakes to make it better. Instead of complaining about unfair treatment from team leaders and members, take initiative and be a dependable member of your team. Take on challenging tasks and projects while keeping interest in your co-workers and their well-being.

Avoid Inefficiency

Entrepreneurs have no tolerance for inefficiency. Since small companies often don’t have red tape and procedures, entrepreneurs can quickly change the way things are done to be more efficient.

While you might not be able to do it at the same pace, you still should think about the inefficiencies in your company and address the areas where you can make improvements to the process. It is your golden opportunity for you to create long-term value for the company and shine.

Take on More Risk

With more risk comes the better reward.  Appetite for risk sets entrepreneurs apart from the average person. Every entrepreneur knows that you are to give it a try (or many tries) and that when the risk pays off, it will be worth it.

You can also cultivate your risk adversity at work, too. You can start by pitching your new ideas or volunteering to take on challenges that are outside of your comfort zone. The rewards of the risk will be you gaining new skills and approval from senior management of the company which may even land you a promotion.

Commit to the success of the company

Most employees think about their own entitlements more than the success of the company. Most think working 9 to 5 is enough for the company and therefore a pay raise and bonus at the end of the year is inevitable and well deserved.

However, how much the company can pay will ultimately depend on the success of the company. If you are committed to the success of the company and work to improve the company’s revenues and processes, you will create your value towards the company.

Don’t Limit your Dreams

The most important aspect of entrepreneurial success is dreaming big and making the impossible possible. Most people are conditioned to be realistic and practical, and as a result, our dreams get smaller and smaller.  There is no need for you to abandon your dreams. In truth, it is important for you to dream big. You will work harder to achieve your dreams but it will be worth it in the end.

No matter your position, be an entrepreneur and seize the opportunities to make the role your own. Cultivating an entrepreneurial mindset will enrich your role, create impact for your company while preparing you for the future that you dream about.

Wynee Myanmar
Wynee Myanmar
Wynee is a community of young people and professionals dedicated to providing career guidance to the youth of Myanmar. Check out WyneeMyanmar.com to join the community and gain access to many more articles, Sign up for events across Myanmar, and participate in our online question and answer platform.
http://www.wyneemyanmar.com/

Leave a Reply

Your email address will not be published. Required fields are marked *