Career

ေလ်ာက္လြႊာတစ္ခုု ျပင္ဆင္ေရးသားျခင္း

အလုပ္၊ ေက်ာင္း၊ ပညာသင္ဆု၊ ဘယ္အမ်ိဳးအစားအတြက္မဆို ဒီနည္းေလးေတြက အသံုးဝင္မွာပါ… 

အၿပိဳင္အဆိုုင္မ်ားတဲ့ ဒီေန႔ေခတ္ႀကီးမွာ ေယာင္းဟာလည္း အစီအစဥ္တစ္ခုမွာ ပါဝင္ဖို႔ ေလွ်ာက္လႊာတင္စရာေတြ ႀကံဳေတြ႕လာဦးမွာပါ။ အလုပ္အတြက္ပဲျဖစ္ျဖစ္၊ ေက်ာင္းဝင္ခြင့္ ရဖို႔ပဲ ျဖစ္ျဖစ္၊ ေငြေၾကးဆိုင္ရာ ဆုေၾကးေငြ ရရွိဖို႔ပဲ ျဖစ္ျဖစ္ အမ်ိဳးမ်ိဳးေသာ အေၾကာင္းေတြေၾကာင့္ ေလွ်ာက္လႊာ တင္ရေတာ့မယ္ဆိုရင္ေတာ့ ေယာင္းအတြက္ တကယ္ကို အသံုးဝင္မယ့္ အေျခခံအခ်က္ေလးေတြကို ဒီမွာ ၾကည့္လိုက္ပါ။ ဒီအခ်က္ေတြက ေယာင္းကို ကိုယ္စားျပဳမယ့္ ေလွ်ာက္လႊာေရးသားဖို႔အတြက္ အေရးႀကီးတဲ့ အခ်က္ေတြခ်ည္းပါပဲ။

၁။ ကိုယ္ေရးထားတဲ့ အေၾကာင္းအရာနဲ႔ ကိုယ့္စြမ္းရည္နဲ႔ တစ္ထပ္တည္း က်ေနပါေစ။ 

စာစီစာကံုးတစ္ပုဒ္ ဒါမွမဟုတ္ ေဆာင္းပါးတစ္ပုဒ္ ေရးမယ္ဆိုရင္ မေရးခင္မွာ ႐ႈေထာင့္ကို ႀကိဳတင္စဥ္းစားၾကရသလိုပါပဲ။ ေလွ်ာက္လႊာတင္ေတာ့မယ္ဆိုရင္လည္း ဘာေၾကာင့္ဆိုတဲ့ အခ်က္ေတြကို အရင္စဥ္းစားၾကည့္သင့္ပါတယ္။ ဥပမာ ေက်ာင္းဝင္ခြင့္ ေလွ်ာက္တယ္ဆိုရင္ ေယာင္းက ဘာေၾကာင့္ ဝင္ခြင့္ရသင့္သလဲ ဒါမွမဟုတ္ စေကာ္လာ (ပညာေတာ္သင္ဆု) ကို ဘာေၾကာင့္ ေယာင္းကို ေပးသင့္သလဲ စတဲ့ အခ်က္ေတြကို အရင္ တြက္ခ်က္ပါ။

ေလွ်ာက္လႊာက အမ်ားၾကားမွာ ထင္းေနေစဖို႔အတြက္ သူတို႔ေတာင္းဆိုတဲ့ အရည္အခ်င္းေတြ၊ လိုအပ္္တဲ့ အရည္အေသြး၊ ကၽြမ္းက်င္မႈေတြ ေယာင္းမွာ ျပည့္စံုေနၿပီလား။ ေျပာမယ္ဆို သက္ေသျပစရာ အျဖစ္ေတြ ရွိေနၿပီလားေပါ့ေနာ္.. ရွိခဲ့မယ္ဆိုရင္ ဒီအခ်က္ေတြကို လွလွပပ ထုတ္သံုးျပပါ။  ဒီအခ်က္ေတြကို ေလွ်ာက္လႊာထဲမွာ အံဝင္ခြင္က် ျဖစ္ေအာင္ သံုးၿပီး ကိုယ္က ဒါေတြနဲ႔ တကယ္ထိုက္တန္သူျဖစ္တယ္ဆိုတဲ့ အေၾကာင္းရင္းေတြကို ေဖာ္ျပပါ။

Related Article >>> အလုပ္ေလွ်ာက္လႊာကို ထင္ေပၚေအာင္ ဘယ္လို လုပ္မလဲ?

၂။    ကိုယ့္ရဲ႕ ခြန္အား၊ ကိုယ့္ရဲ႕ အားသာခ်က္ေတြကို ထင္းလင္းေနေအာင္ ျပပါ။

ေလွ်ာက္လႊာစေရးဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုရင္ ကိုယ္ဘယ္သူလဲဆိုတာ ေဖာ္ျပဖို႔ စဥ္းစားရမယ့္ အခ်ိန္ေရာက္လာပါၿပီ။ အစီအစဥ္တစ္ခုခုအတြက္ ေလွ်ာက္လႊာတင္တဲ့အခါ ဒါမွမဟုတ္ ပညာသင္ဆုေတြအတြက္ ေလွ်ာက္လႊာတင္တဲ့အခါမွာ ေလွ်ာက္လႊာကို ဖတ္ရႈတဲ့သူေတြက အေကာင္းဆံုးနဲ႔ အထူးခၽြန္ဆံုးေတြကို ေရြးခ်ယ္ၾကည့္တတ္တဲ့အျပင္ အသင့္ေတာ္ဆံုးကိုလည္း ရွာေဖြၾကည့္ရႈတတ္ၾကပါေသးတယ္။ ဆိုေတာ့ ကိုယ့္ရဲ႕ အားသာခ်က္ေတြကို ဥပမာအမ်ိဳးမ်ိဳးနဲ႔ ေပၚလြင္ေအာင္ ေဖာ္ျပပါ။ ဥပမာအားျဖင့္ ေယာင္းက တီထြင္ဖန္တီးႏိုင္စြမ္းရွိတဲ့သူေတြကို ရွာေဖြမယ့္ အစီအစဥ္မွာ ပါဖို႔ ေလွ်ာက္လႊာတင္မယ္ဆိုရင္ေတာ့ ေယာင္းေက်ာင္းတက္တုန္းက ထူးျခားဆန္းသစ္တဲ့အရာတစ္ခုခုကို တီထြင္ခဲ့ဖူးတာျဖစ္ျဖစ္၊ ျပဳလုပ္ခဲ့ဖူးတာျဖစ္ျဖစ္ ထည့္သြင္းသင့္တဲ့အျပင္ မၾကာေသးခင္က အသစ္အဆန္းေတြကို ရွာေဖြရင္း ရင္ဆိုင္ေနရတဲ့ ျပႆနာေတြရဲ႕ အေျဖကို ရွာေတြ႕ခဲ့တဲ့အေၾကာင္းလည္း ေဖာ္ျပလို႔ ရပါတယ္။

၃။ ကိုယ္ကိုယ္တိုင္ စိစစ္သူ အေနအထားမွာ ေနၿပီး စဥ္းစားၾကည့္ပါ။ 

အေကာင္းဆံုး ေလွ်ာက္လႊာကို ေရးသားႏုိင္ဖုိ႔အတြက္ ကိုယ္ေရးတဲ့ စာစီစာကံုးကို ဘယ္လို အဓိပၸာယ္ဖြင့္မလဲဆိုတာ အခ်ိန္ခဏယူၿပီး စဥ္းစားပါ။ တကယ္လို႔မ်ား ေလွ်ာက္လႊာက လြန္ခဲ့တဲ့ အခ်ိန္ေတြတုန္းက တစ္ခုခု ျဖစ္ခဲ့တဲ့အေၾကာင္းကို ေမးထားတယ္ ဆိုပါစို႔.. ဒီေမးခြန္းကို ေျဖဖို႔အတြက္ ဒီျဖစ္ရပ္မွာ ေယာင္းဘယ္လို တံု႔ျပန္ခဲ့တယ္၊ ေတြ႕ခဲ့တဲ့ အေျခအေနကို ဘယ္လို ရင္ဆိုင္ခဲ့တယ္၊ ေယာင္းရဲ႕ တံု႔ျပန္မႈကို ဘယ္လို အဓိပၸာယ္ဖြင့္မယ္ဆိုတာေတြကို စဥ္းစားရမွာ ျဖစ္ပါတယ္။

တကယ္လို႔မ်ား စိန္ေခၚမႈတစ္ခုကို ဘယ္လို ေက်ာ္လႊားခဲ့လဲဆိုတဲ့ ေမးခြန္းမ်ိဳးျဖစ္ခဲ့မယ္ဆိုရင္ေတာ့ အတန္းၿပီးခ်ိန္မွာ ေယာင္းကို အႏိုင္က်င့္တဲ့သူကို ကိုယ္တိုင္ ဘယ္လို တုံ႔ျပန္ခဲ့လဲဆိုတာမ်ိဳး သြားေျဖလို႔ မရပါဘူး။ ဒီဥပမာက စိန္ေခၚမႈ တစ္ခုကို ေယာင္းဘယ္လို ေက်ာ္လႊားခဲ့တယ္ဆိုတာကို ျပေနေပမဲ့လည္း ေမးျမန္းသူဘက္က ၾကည့္မယ္ဆိုရင္ ဒါဟာ ေယာင္းရဲ႕ ျပယုဂ္တစ္ခုျဖစ္ၿပီး ေယာင္းဟာ ဆံုးျဖတ္ခ်က္ အားနည္းတဲ့သူတစ္ေယာက္၊ အၾကမ္းဖက္ျခင္းကို အားေပးတဲ့သူတစ္ေယာက္လို႔ ယူဆသြားႏုိင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ေရးလိုက္တဲ့ စာစီစာကံုးေတြကတစ္ဆင့္ ဒါမွမဟုတ္ ဥပမာေတြကတစ္ဆင့္ အဓိပၸာယ္ေကာက္လြဲၿပီး မေကာင္းတဲ့အျမင္နဲ႔ ျမင္သြားႏုိင္တာကို ႀကိဳစဥ္းစားထားရမွာ ျဖစ္ပါတယ္။

၄။ အမွားအမွန္ကိုု ျပန္စိစစ္ပါ။

ေလွ်ာက္လႊာမတင္ေသးခင္မွာ ေယာင္းရဲ႕ စာစီစာကံုးတစ္ခုလံုးကို ေသခ်ာ ျပန္ဖတ္ၿပီး အမွားေတြ ျပင္ပါ။ စစ္တဲ့အခါလည္း မူရင္းေမးခြန္းကို ျပန္ၾကည့္ဦးေနာ္.. ဒါ့အျပင္ ေယာင္းရဲ႕ အေျဖေတြက လံုေလာက္မႈရွိလားဆိုတာ ျပန္စစ္ပါဦး။ အေကာင္းဆံုးကေတာ့ ေယာင္းေရးထားတဲ့ စာစီစာကံုးကို သူငယ္ခ်င္းတစ္ေယာက္ျဖစ္ေစ၊ ကိုယ့္ရဲ႕ မိသားစုဝင္တစ္ေယာက္ျဖစ္ေစ၊ တစ္ေယာက္ေယာက္ကို ဖတ္ခိုင္းၿပီး ေယာင္းေျဖထားတာဟာ မူရင္းေမးခြန္းနဲ႔ ကိုက္လား၊ မကိုက္လား ေျပာခိုင္းၾကည့္ပါ။ ဆိုလိုတာက ဖတ္ရင္းနဲ႔ မူရင္းေမးခြန္းနဲ႔ဆိုင္တဲ့ ေမးခြန္းေတြ ေမးလာခဲ့မယ္ဆိုရင္ ဒါဟာ ေခါင္းစဥ္န႔ဲ ကိုက္ညီပါတယ္။ ဒီလိုေတြ စစ္ေဆးၿပီးရင္ေတာ့ သဒၵါအထားသို၊ စာလံုးေပါင္း အမွားအမွန္ စသျဖင့္ အမွားအယြင္းမရွိေအာင္ ျပန္လည္ စိစစ္ပါ။ ဒီအတြက္ ေပးခ်င္တဲ့ အႀကံကေတာ့ ေရးထားတဲ့ စာစီစာကံုးကို ပံုႏွိပ္ထုတ္ယူၿပီး စာရြက္ေပၚမွာ အမွားရွာတာက ကြန္ပ်ဴတာဖန္သားျပင္ေပၚမွာ ရွာေဖြတာထက္ ပိုၿပီး လြယ္ကူပါတယ္။

Related Article >>> Fellowship ဘာလဲ၊ ဘယ္လဲ?

၅။ ေရးသားသမွွ် အစစ္အမွန္ျဖစ္ပါေစ။

ေနာက္ဆံုုးတစ္ခုကေတာ့ အလုပ္ထက္ အေျပာက ပိုၿပီးလြယ္ပါတယ္။ ဆိုလိုတာက ေယာင္းေလွ်ာက္မယ့္ အစီအစဥ္ ဒါမွမဟုတ္ ပညာသင္ဆုအတြက္ ေယာင္းေရးထားတဲ့ စာစီစာကံုးက ေယာင္းအေၾကာင္း အစစ္အမွန္ျဖစ္ဖို႔ အေရးပါပါတယ္။ ေလွ်ာက္လႊာကို ဖတ္မယ့္သူေတြက ေယာင္းရဲ႕ ကိုယ္ပိုင္အေနအထားကို သိခ်င္ၾကတာပါ။ ဒါမွပဲ ေယာင္းရဲ႕ ေလွ်ာက္ထားခ်က္နဲ႔ ေယာင္းနဲ႔ ကိုက္ညီမႈ ရွိမရွိ ဆံုးျဖတ္ႏုိင္မွာေပါ့.. ဆိုေတာ့ ေယာင္းရဲ႕ အေၾကာင္း၊ ေယာင္းရဲ႕ အားသာခ်က္ကို ေပၚလြင္ေအာင္ ေဖာ္ျပပါ။ ဒါ့အျပင္ ေယာင္းက ဘယ္လို လူမ်ိဳးျဖစ္လဲဆိုတာကို ဖတ္ရႈစစ္ေဆးတဲ့သူေတြ သိေအာင္ ေဖာ္ျပေရးသားပါ။

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ Wynee Myanmar Organisation အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

အလုပ်၊ ကျောင်း၊ ပညာသင်ဆု၊ ဘယ်အမျိုးအစားအတွက်မဆို ဒီနည်းလေးတွေက အသုံးဝင်မှာပါ… 

အပြိုင်အဆိုင်များတဲ့ ဒီနေ့ခေတ်ကြီးမှာ ယောင်းဟာလည်း အစီအစဉ်တစ်ခုမှာ ပါဝင်ဖို့ လျှောက်လွှာတင်စရာတွေ ကြုံတွေ့လာဦးမှာပါ။ အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ကျောင်းဝင်ခွင့် ရဖို့ပဲ ဖြစ်ဖြစ်၊ ငွေကြေးဆိုင်ရာ ဆုကြေးငွေ ရရှိဖို့ပဲ ဖြစ်ဖြစ် အမျိုးမျိုးသော အကြောင်းတွေကြောင့် လျှောက်လွှာ တင်ရတော့မယ်ဆိုရင်တော့ ယောင်းအတွက် တကယ်ကို အသုံးဝင်မယ့် အခြေခံအချက်လေးတွေကို ဒီမှာ ကြည့်လိုက်ပါ။ ဒီအချက်တွေက ယောင်းကို ကိုယ်စားပြုမယ့် လျှောက်လွှာရေးသားဖို့အတွက် အရေးကြီးတဲ့ အချက်တွေချည်းပါပဲ။

၁။ ကိုယ်ရေးထားတဲ့ အကြောင်းအရာနဲ့ ကိုယ့်စွမ်းရည်နဲ့ တစ်ထပ်တည်း ကျနေပါစေ။ 

စာစီစာကုံးတစ်ပုဒ် ဒါမှမဟုတ် ဆောင်းပါးတစ်ပုဒ် ရေးမယ်ဆိုရင် မရေးခင်မှာ ရှုထောင့်ကို ကြိုတင်စဉ်းစားကြရသလိုပါပဲ။ လျှောက်လွှာတင်တော့မယ်ဆိုရင်လည်း ဘာကြောင့်ဆိုတဲ့ အချက်တွေကို အရင်စဉ်းစားကြည့်သင့်ပါတယ်။ ဥပမာ ကျောင်းဝင်ခွင့် လျှောက်တယ်ဆိုရင် ယောင်းက ဘာကြောင့် ဝင်ခွင့်ရသင့်သလဲ ဒါမှမဟုတ် စကော်လာ (ပညာတော်သင်ဆု) ကို ဘာကြောင့် ယောင်းကို ပေးသင့်သလဲ စတဲ့ အချက်တွေကို အရင် တွက်ချက်ပါ။

လျှောက်လွှာက အများကြားမှာ ထင်းနေစေဖို့အတွက် သူတို့တောင်းဆိုတဲ့ အရည်အချင်းတွေ၊ လိုအပ်တဲ့ အရည်အသွေး၊ ကျွမ်းကျင်မှုတွေ ယောင်းမှာ ပြည့်စုံနေပြီလား။ ပြောမယ်ဆို သက်သေပြစရာ အဖြစ်တွေ ရှိနေပြီလားပေါ့နော်.. ရှိခဲ့မယ်ဆိုရင် ဒီအချက်တွေကို လှလှပပ ထုတ်သုံးပြပါ။  ဒီအချက်တွေကို လျှောက်လွှာထဲမှာ အံဝင်ခွင်ကျ ဖြစ်အောင် သုံးပြီး ကိုယ်က ဒါတွေနဲ့ တကယ်ထိုက်တန်သူဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းတွေကို ဖော်ပြပါ။

Related Article >>> အလုပ်လျှောက်လွှာကို ထင်ပေါ်အောင် ဘယ်လို လုပ်မလဲ?

၂။ ကိုယ့်ရဲ့ ခွန်အား၊ ကိုယ့်ရဲ့ အားသာချက်တွေကို ထင်းလင်းနေအောင် ပြပါ။

လျှောက်လွှာစရေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် ကိုယ်ဘယ်သူလဲဆိုတာ ဖော်ပြဖို့ စဉ်းစားရမယ့် အချိန်ရောက်လာပါပြီ။ အစီအစဉ်တစ်ခုခုအတွက် လျှောက်လွှာတင်တဲ့အခါ ဒါမှမဟုတ် ပညာသင်ဆုတွေအတွက် လျှောက်လွှာတင်တဲ့အခါမှာ လျှောက်လွှာကို ဖတ်ရှုတဲ့သူတွေက အကောင်းဆုံးနဲ့ အထူးချွန်ဆုံးတွေကို ရွေးချယ်ကြည့်တတ်တဲ့အပြင် အသင့်တော်ဆုံးကိုလည်း ရှာဖွေကြည့်ရှုတတ်ကြပါသေးတယ်။ ဆိုတော့ ကိုယ့်ရဲ့ အားသာချက်တွေကို ဥပမာအမျိုးမျိုးနဲ့ ပေါ်လွင်အောင် ဖော်ပြပါ။ ဥပမာအားဖြင့် ယောင်းက တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေကို ရှာဖွေမယ့် အစီအစဉ်မှာ ပါဖို့ လျှောက်လွှာတင်မယ်ဆိုရင်တော့ ယောင်းကျောင်းတက်တုန်းက ထူးခြားဆန်းသစ်တဲ့အရာတစ်ခုခုကို တီထွင်ခဲ့ဖူးတာဖြစ်ဖြစ်၊ ပြုလုပ်ခဲ့ဖူးတာဖြစ်ဖြစ် ထည့်သွင်းသင့်တဲ့အပြင် မကြာသေးခင်က အသစ်အဆန်းတွေကို ရှာဖွေရင်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ အဖြေကို ရှာတွေ့ခဲ့တဲ့အကြောင်းလည်း ဖော်ပြလို့ ရပါတယ်။

၃။ ကိုယ်ကိုယ်တိုင် စိစစ်သူ အနေအထားမှာ နေပြီး စဉ်းစားကြည့်ပါ။ 

အကောင်းဆုံး လျှောက်လွှာကို ရေးသားနိုင်ဖို့အတွက် ကိုယ်ရေးတဲ့ စာစီစာကုံးကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲဆိုတာ အချိန်ခဏယူပြီး စဉ်းစားပါ။ တကယ်လို့များ လျှောက်လွှာက လွန်ခဲ့တဲ့ အချိန်တွေတုန်းက တစ်ခုခု ဖြစ်ခဲ့တဲ့အကြောင်းကို မေးထားတယ် ဆိုပါစို့.. ဒီမေးခွန်းကို ဖြေဖို့အတွက် ဒီဖြစ်ရပ်မှာ ယောင်းဘယ်လို တုံ့ပြန်ခဲ့တယ်၊ တွေ့ခဲ့တဲ့ အခြေအနေကို ဘယ်လို ရင်ဆိုင်ခဲ့တယ်၊ ယောင်းရဲ့ တုံ့ပြန်မှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်မယ်ဆိုတာတွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။

တကယ်လို့များ စိန်ခေါ်မှုတစ်ခုကို ဘယ်လို ကျော်လွှားခဲ့လဲဆိုတဲ့ မေးခွန်းမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ အတန်းပြီးချိန်မှာ ယောင်းကို အနိုင်ကျင့်တဲ့သူကို ကိုယ်တိုင် ဘယ်လို တုံ့ပြန်ခဲ့လဲဆိုတာမျိုး သွားဖြေလို့ မရပါဘူး။ ဒီဥပမာက စိန်ခေါ်မှု တစ်ခုကို ယောင်းဘယ်လို ကျော်လွှားခဲ့တယ်ဆိုတာကို ပြနေပေမဲ့လည်း မေးမြန်းသူဘက်က ကြည့်မယ်ဆိုရင် ဒါဟာ ယောင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ယောင်းဟာ ဆုံးဖြတ်ချက် အားနည်းတဲ့သူတစ်ယောက်၊ အကြမ်းဖက်ခြင်းကို အားပေးတဲ့သူတစ်ယောက်လို့ ယူဆသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရေးလိုက်တဲ့ စာစီစာကုံးတွေကတစ်ဆင့် ဒါမှမဟုတ် ဥပမာတွေကတစ်ဆင့် အဓိပ္ပာယ်ကောက်လွဲပြီး မကောင်းတဲ့အမြင်နဲ့ မြင်သွားနိုင်တာကို ကြိုစဉ်းစားထားရမှာ ဖြစ်ပါတယ်။

၄။ အမှားအမှန်ကို ပြန်စိစစ်ပါ။

လျှောက်လွှာမတင်သေးခင်မှာ ယောင်းရဲ့ စာစီစာကုံးတစ်ခုလုံးကို သေချာ ပြန်ဖတ်ပြီး အမှားတွေ ပြင်ပါ။ စစ်တဲ့အခါလည်း မူရင်းမေးခွန်းကို ပြန်ကြည့်ဦးနော်.. ဒါ့အပြင် ယောင်းရဲ့ အဖြေတွေက လုံလောက်မှုရှိလားဆိုတာ ပြန်စစ်ပါဦး။ အကောင်းဆုံးကတော့ ယောင်းရေးထားတဲ့ စာစီစာကုံးကို သူငယ်ချင်းတစ်ယောက်ဖြစ်စေ၊ ကိုယ့်ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်စေ၊ တစ်ယောက်ယောက်ကို ဖတ်ခိုင်းပြီး ယောင်းဖြေထားတာဟာ မူရင်းမေးခွန်းနဲ့ ကိုက်လား၊ မကိုက်လား ပြောခိုင်းကြည့်ပါ။ ဆိုလိုတာက ဖတ်ရင်းနဲ့ မူရင်းမေးခွန်းနဲ့ဆိုင်တဲ့ မေးခွန်းတွေ မေးလာခဲ့မယ်ဆိုရင် ဒါဟာ ခေါင်းစဉ်နဲ့ ကိုက်ညီပါတယ်။ ဒီလိုတွေ စစ်ဆေးပြီးရင်တော့ သဒ္ဒါအထားသို၊ စာလုံးပေါင်း အမှားအမှန် စသဖြင့် အမှားအယွင်းမရှိအောင် ပြန်လည် စိစစ်ပါ။ ဒီအတွက် ပေးချင်တဲ့ အကြံကတော့ ရေးထားတဲ့ စာစီစာကုံးကို ပုံနှိပ်ထုတ်ယူပြီး စာရွက်ပေါ်မှာ အမှားရှာတာက ကွန်ပျူတာဖန်သားပြင်ပေါ်မှာ ရှာဖွေတာထက် ပိုပြီး လွယ်ကူပါတယ်။

Related Article >>> Fellowship ဘာလဲ၊ ဘယ်လဲ?

၅။ ရေးသားသမျှ အစစ်အမှန်ဖြစ်ပါစေ။

နောက်ဆုံးတစ်ခုကတော့ အလုပ်ထက် အပြောက ပိုပြီးလွယ်ပါတယ်။ ဆိုလိုတာက ယောင်းလျှောက်မယ့် အစီအစဉ် ဒါမှမဟုတ် ပညာသင်ဆုအတွက် ယောင်းရေးထားတဲ့ စာစီစာကုံးက ယောင်းအကြောင်း အစစ်အမှန်ဖြစ်ဖို့ အရေးပါပါတယ်။ လျှောက်လွှာကို ဖတ်မယ့်သူတွေက ယောင်းရဲ့ ကိုယ်ပိုင်အနေအထားကို သိချင်ကြတာပါ။ ဒါမှပဲ ယောင်းရဲ့ လျှောက်ထားချက်နဲ့ ယောင်းနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်နိုင်မှာပေါ့.. ဆိုတော့ ယောင်းရဲ့ အကြောင်း၊ ယောင်းရဲ့ အားသာချက်ကို ပေါ်လွင်အောင် ဖော်ပြပါ။ ဒါ့အပြင် ယောင်းက ဘယ်လို လူမျိုးဖြစ်လဲဆိုတာကို ဖတ်ရှုစစ်ဆေးတဲ့သူတွေ သိအောင် ဖော်ပြရေးသားပါ။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

<<< English >>>

Crafting an Application

In today’s competitive world, you will likely be faced with a situation where you have to apply to be a part of a program, get into school, or receive a scholarship or a financial award. Regardless of the situation, Wynee provides a few underlying elements that are essential to putting together the application that best represents you as a person:

1 Match Up Your Skills

Before you start to think about writing the essays or showcasing why you should be awarded entrance/a scholarship, look at the prompt. Does the description outline what type of person would be a “great fit” for the program? Is there a specific list of what skills or qualities needed to be successful applicant? If so, use those “hints” to your advantage and show the readers you are aware of the skills necessary to be a good fit and showcase those skills in particular throughout your essays.

2 Showcase Your Strengths

Once you think you are ready to start writing, think about all of the unique qualities that make you who you are. Think about the question: if we were to ask your friends to describe you, what would they say? When applying to any type of program or scholarship, the readers are always looking for the best and the brightest (in addition to looking for the best fit). Utilize your strengths to your advantage and highlight them in different ways with clear examples. For example, if you are applying to a program that is looking for creative individuals, think about how you’ve not only created a unique innovation at school but also how you recently came up with an innovative solution to a problem you were facing.

3 Put Yourself in the Reader’s Shoes

In order to put together the best application, it’s important to pause and think about how your essay could be interpreted (or misinterpreted). If the application asks you to talk about something that’s happened to you in the past and how you responded to it, be aware of how the situation or your response could be interpreted. If the prompt asks how you overcame a challenge, it might be best to refrain from using the example when you physically confronted a bully after class. While this example shows how you “overcame” a challenge, from the reader’s perspective, it also showcases a lack of judgement and your inclination to use violence. So, try to think through how your essays or examples could be misinterpreted negatively before using them.

4 Proofread

Before you turn in the application, make sure to go through the essays and read over your work for errors. It’s important to look back at the original questions and ensure that your response adequately answers the question. One trick that is often used is to have a friend or a family member read through the essays and try to formulate the original question based on your answer. If they are able to ask the question you are trying to answer, then your essay is on topic. Finally, go back through the application in its entirety and make sure there are no grammatical or spelling errors. Another trick here is to print out the essay to catch all of the errors, as they are easier to identify on paper than on the computer screen.

5 Be Authentic!

This last piece of advice is much easier said than done: be authentic. In simpler terms, it’s absolutely essential to be yourself when writing essays and applying to programs/scholarships. The readers want to get to know the real you in order to determine if you are the right fit. Tell your story, showcase your strengths, and tell the readers who you really are.

Wynee Myanmar
Wynee Myanmar
Wynee is a community of young people and professionals dedicated to providing career guidance to the youth of Myanmar. Check out WyneeMyanmar.com to join the community and gain access to many more articles, Sign up for events across Myanmar, and participate in our online question and answer platform.
http://www.wyneemyanmar.com/

Leave a Reply

Your email address will not be published. Required fields are marked *