Career

အလုပ္သစ္ေျပာင္းခ်င္တဲ့အခါ ဒီေမးခြန္းေလးေတြ ကိုယ့္ကိုယ္ကိုေမးၾကည့္ပါ

ေမးခြန္းေတြ အကုန္ေျဖၿပီးမွ ေျပာင္းဖို႔ သင့္မသင့္ ဆုံးျဖတ္ပါေနာ္ 😎

အလုပ္အသစ္ေတြမွာ ဘယ္ရာထူးေတြေခၚေနလဲလို႔ အလုပ္ေခၚစာေတြ လိုက္ၾကည့္ၿပီး C.V ေတြ ပို႔ေနမိၿပီလား ေယာင္းေရ… ဒါမွမဟုတ္ တကယ္ပဲ အလုပ္ေျပာင္းဖုိ႔ဆံုးျဖတ္ၿပီး ေျပာင္းဖုိ႔ႀကိဳးစားေနၿပီလား ? ဒါဆို ကိုယ့္ကိုယ္ကိုယ္ ဒီေမးခြန္းေလးေတြ ေမးၾကည့္ဖို႔ လုိေနပါၿပီေနာ္…

၁။ အေျပာင္းအလဲလိုခ်င္႐ံု သက္သက္ပဲလား။

ဟုတ္တာေပါ့ အလုပ္သစ္ ပတ္ဝန္းက်င္သစ္ အေပါင္းအသင္းအသစ္ေတြဆိုတာ ေယာင္းစိတ္ကို ႏိုးၾကားတက္ႂကြေစတယ္ေလ.. ဒါေပမဲ့ ဒီအတြက္သက္သက္နဲ႔ပဲ အလုပ္ေျပာင္းခ်င္ေနတာလား ?

အဲ့ဒါဆိုရင္ေတာ့ ဒီအေျပာင္းအလဲက ကိုယ့္ Career တစ္ခုလံုးအတြက္ အက်ိဳး႐ွိတဲ့အေျပာင္းအလဲျဖစ္လာမလား၊ ဒါမွမဟုတ္ ကိုယ့္တိုးတက္မႈကိုထိခိုက္ေစမယ့္ အေျပာင္းအလဲလားဆိုတာ ေသခ်ာစဥ္းစားသင့္ပါတယ္ေနာ္။

Related Article >>> ဆံုးျဖတ္ခ်က္ ေကာင္းတစ္ခုကို ခိုင္ခိုင္မာမာခ်တတ္ေစဖို႔ အဓိက လွ်ိဳ႕ဝွက္ခ်က္(၄)ခု

၂။ အလုပ္အသစ္မွာ လက္႐ွိအလုပ္က ျပႆနာေတြ ေျပလည္သြားမွာလား။

အလုပ္အသစ္ေျပာင္းခ်င္တယ္ဆုိတာ လက္႐ွိအလုပ္မွာ အဆင္မေျပတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ကိုယ့္လူႀကီးက မေကာင္းတာ၊ လုပ္ေဖာ္ကိုင္ဖက္ေတြက အဆင္မေျပတာ၊ ကိုယ္နဲ႔မဆုိင္တဲ့ အလုပ္ေတြကို ခိုင္းၾကတာ စသျဖင့္ေပါ့။

ဒီျပႆနာေတြက ကိုယ့္ကို တကယ္ပဲ ဒုကၡေပးေနတယ္ဆိုရင္ေတာ့ ေျပာင္းသင့္တာအမွန္ပါ။ ဒါေပမဲ့ အလုပ္အသစ္မွာလည္း ကိုယ္မသိႏိုင္တဲ့ စိန္ေခၚမႈေတြ၊ အခက္အခဲေတြ၊ ျပႆနာေတြက ေစာင့္ႀကိဳေနခ်င္ေနမယ္ဆိုတာကိုလည္း မေမ့ပါနဲ႔ဦးေနာ္။

၃။ အလုပ္အသစ္က ေယာင္းတို႔တိုးတက္မႈကို ေဖာ္ေဆာင္ေပးႏုိင္မယ့္ ေနရာမ်ိဳးလား။

ေယာင္းဘဝ နဲ႔ အလုပ္တိုးတက္ေရးအတြက္ ႀကိဳးစားအားထုတ္ရမယ့္သူက ေယာင္းကိုယ္တိုင္ပဲေလ။ တစ္ဘက္မွာလည္း ကိုယ္အလုပ္လုပ္ေနတဲ့ေနရာက ကိုယ့္တိုးတက္မႈအတြက္ အခြင့္အလမ္းေတြ ဖန္တီးေပးႏုိင္တဲ့ ေနရာမ်ိဳးျဖစ္ဖို႔လိုပါတယ္။ ေယာင္းကို အသိပညာေတြေပးႏိုင္မယ့္ အလုပ္ခြင္မ်ိဳး၊ ရာထူးေတြတစ္ဆင့္ၿပီး တစ္ဆင့္ျမင့္သြားမယ့္ ေနရာမ်ိဳး၊ အၿပိဳင္အဆုိင္ ႀကိဳးစားခ်င္စိတ္ေတြ ႐ွိေနမယ့္ေနရာမ်ိဳးေပါ့။

Related Article >>> လုပ္ငန္းခြင္မွာ စြမ္းေဆာင္ရည္ျမင့္မားတဲ့သူေတြ က်င့္သုံးလုပ္ေဆာင္တတ္တဲ့အရာ (၅)ခု

၄။ အလုပ္အသစ္က လက္ရွိေနရာထက္ သာလြန္ႏိုင္လား။

ျဖစ္တတ္တာက ေယာင္းလုပ္ေနတဲ့ေနရာမွာ လစာတိုးဖို႔ခက္ေနတာ၊ ရာထူးတိုးဖို႔ခက္ေနတာမ်ိဳးေပါ့။ ဘယ္ေန႔ဘယ္ရက္ေတာ့ တိုးေပးမွာပါ ဆိုတာေတြကလည္း တကယ္ျဖစ္မလာဘူးေလ။

အဲ့ဒီအခါ အလုပ္အသစ္မွာေတာ့ လခပဲျဖစ္ေစ၊ ရာထူးပဲျဖစ္ေစ ကိုယ္လုိခ်င္တဲ့ အတုိင္းအတာမ်ိဳးကို ရႏုိင္တယ္ဆိုရင္ အေကာင္းဆံုးေပါ့။ ဒီလုိ အေျပာင္းအလဲမ်ိဳးဆိုရင္ စြန္႔စားၾကည့္ဖို႔ ၉၀ ရာခုိင္ႏႈန္းေလာက္ ထုိက္တန္ေနပါၿပီ။ တိုးလာမယ့္ စိန္ေခၚမႈေတြအတြက္ေတာ့ အသင့္ျပင္ဆင္ထားေပါ့ေနာ္။

အခု အက္ဒ္မင္ေျပာျပခဲ့တဲ့ အခ်က္ေတြက ေယာင္း တုိ႔ရဲ႕ အလုပ္ခြင္ဘဝ တိုးတက္ေျပာင္းလဲေရးအတြက္ တစ္ေထာင့္တစ္ေနရာကေန အေထာက္အကူျပဳႏိုင္ပါေစလို႔ ေမွ်ာ္လင့္ရင္း….

Sugar Cane (For Her Myanmar)

References: medium, forbes

<<< Unicode >>>

မေးခွန်းတွေ အကုန်ဖြေပြီးမှ ပြောင်းဖို့ သင့်မသင့် ဆုံးဖြတ်ပါနော် 😎

အလုပ်အသစ်တွေမှာ ဘယ်ရာထူးတွေခေါ်နေလဲလို့ အလုပ်ခေါ်စာတွေ လိုက်ကြည့်ပြီး C.V တွေ ပို့နေမိပြီလား ယောင်းရေ… ဒါမှမဟုတ် တကယ်ပဲ အလုပ်ပြောင်းဖို့ဆုံးဖြတ်ပြီး ပြောင်းဖို့ကြိုးစားနေပြီလား ? ဒါဆို ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းလေးတွေ မေးကြည့်ဖို့ လိုနေပါပြီနော်…

၁။ အပြောင်းအလဲလိုချင်ရုံ သက်သက်ပဲလား။

ဟုတ်တာပေါ့ အလုပ်သစ် ပတ်ဝန်းကျင်သစ် အပေါင်းအသင်းအသစ်တွေဆိုတာ ယောင်းစိတ်ကို နိုးကြားတက်ကြွစေတယ်လေ.. ဒါပေမဲ့ ဒီအတွက်သက်သက်နဲ့ပဲ အလုပ်ပြောင်းချင်နေတာလား ?

အဲ့ဒါဆိုရင်တော့ ဒီအပြောင်းအလဲက ကိုယ့် Career တစ်ခုလုံးအတွက် အကျိုးရှိတဲ့အပြောင်းအလဲဖြစ်လာမလား၊ ဒါမှမဟုတ် ကိုယ့်တိုးတက်မှုကိုထိခိုက်စေမယ့် အပြောင်းအလဲလားဆိုတာ သေချာစဉ်းစားသင့်ပါတယ်နော်။

Related Article >>> ဆုံးဖြတ်ချက် ကောင်းတစ်ခုကို ခိုင်ခိုင်မာမာချတတ်စေဖို့ အဓိက လျှို့ဝှက်ချက်(၄)ခု

၂။ အလုပ်အသစ်မှာ လက်ရှိအလုပ်က ပြဿနာတွေ ပြေလည်သွားမှာလား။

အလုပ်အသစ်ပြောင်းချင်တယ်ဆိုတာ လက်ရှိအလုပ်မှာ အဆင်မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်လူကြီးက မကောင်းတာ၊ လုပ်ဖော်ကိုင်ဖက်တွေက အဆင်မပြေတာ၊ ကိုယ်နဲ့မဆိုင်တဲ့ အလုပ်တွေကို ခိုင်းကြတာ စသဖြင့်ပေါ့။

ဒီပြဿနာတွေက ကိုယ့်ကို တကယ်ပဲ ဒုက္ခပေးနေတယ်ဆိုရင်တော့ ပြောင်းသင့်တာအမှန်ပါ။ ဒါပေမဲ့ အလုပ်အသစ်မှာလည်း ကိုယ်မသိနိုင်တဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ ပြဿနာတွေက စောင့်ကြိုနေချင်နေမယ်ဆိုတာကိုလည်း မမေ့ပါနဲ့ဦးနော်။

၃။ အလုပ်အသစ်က ယောင်းတို့တိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မယ့် နေရာမျိုးလား။

ယောင်းဘဝ နဲ့ အလုပ်တိုးတက်ရေးအတွက် ကြိုးစားအားထုတ်ရမယ့်သူက ယောင်းကိုယ်တိုင်ပဲလေ။ တစ်ဘက်မှာလည်း ကိုယ်အလုပ်လုပ်နေတဲ့နေရာက ကိုယ့်တိုးတက်မှုအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ နေရာမျိုးဖြစ်ဖို့လိုပါတယ်။ ယောင်းကို အသိပညာတွေပေးနိုင်မယ့် အလုပ်ခွင်မျိုး၊ ရာထူးတွေတစ်ဆင့်ပြီး တစ်ဆင့်မြင့်သွားမယ့် နေရာမျိုး၊ အပြိုင်အဆိုင် ကြိုးစားချင်စိတ်တွေ ရှိနေမယ့်နေရာမျိုးပေါ့။

Related Article >>> လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်မြင့်မားတဲ့သူတွေ ကျင့်သုံးလုပ်ဆောင်တတ်တဲ့အရာ (၅)ခု

၄။ အလုပ်အသစ်က လက်ရှိနေရာထက် သာလွန်နိုင်လား။

ဖြစ်တတ်တာက ယောင်းလုပ်နေတဲ့နေရာမှာ လစာတိုးဖို့ခက်နေတာ၊ ရာထူးတိုးဖို့ခက်နေတာမျိုးပေါ့။ ဘယ်နေ့ဘယ်ရက်တော့ တိုးပေးမှာပါ ဆိုတာတွေကလည်း တကယ်ဖြစ်မလာဘူးလေ။

အဲ့ဒီအခါ အလုပ်အသစ်မှာတော့ လခပဲဖြစ်စေ၊ ရာထူးပဲဖြစ်စေ ကိုယ်လိုချင်တဲ့ အတိုင်းအတာမျိုးကို ရနိုင်တယ်ဆိုရင် အကောင်းဆုံးပေါ့။ ဒီလို အပြောင်းအလဲမျိုးဆိုရင် စွန့်စားကြည့်ဖို့ ၉၀ ရာခိုင်နှုန်းလောက် ထိုက်တန်နေပါပြီ။ တိုးလာမယ့် စိန်ခေါ်မှုတွေအတွက်တော့ အသင့်ပြင်ဆင်ထားပေါ့နော်။

အခု အက်ဒ်မင်ပြောပြခဲ့တဲ့ အချက်တွေက ယောင်း တို့ရဲ့ အလုပ်ခွင်ဘဝ တိုးတက်ပြောင်းလဲရေးအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနိုင်ပါစေလို့ မျှော်လင့်ရင်း….

Sugar Cane (For Her Myanmar)

References: medium, forbes
5599a64d6ecc”>forbes

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *