Career

ေယာင္းရဲ႕အခ်ိန္ေတြကို မွန္ကန္တဲ့နည္းနဲ႔ အသံုးခ်ေနရဲ႕လား?

အရင္ဆံုး ေမးၾကည့္ပါ…ကိုယ့္ရဲ႕ အခ်ိန္ေတြကို အက်ိဳးရွိရွိ အသံုးခ်ေနတာ ေသခ်ာရဲ႕လား? 

“လူတိုင္းက တစ္ေန႔မွာ ၂၄နာရီ ပိုင္ဆိုင္ၾကပါတယ္။” ဒီစာေၾကာင္းကို ေလးေလးနက္နက္ ေတြးၾကည့္ပါ။ အခ်ိန္ဆိုတဲ့ ေဝါဟာရဘက္ကၾကည့္ရင္ ေယာင္းဟာ ကမာၻေပၚမွာ အခ်မ္းသာဆုံး လူတစ္ေယာက္ ျဖစ္ပါတယ္။ လူတိုင္းက တစ္ေန႔တာအတြက္ တူညီတဲ့ အခ်ိန္ေတြ ရရွိထားၾကပါတယ္။ ေယာင္းမွာရွိေနတဲ့ အခ်ိန္ေတြကို ဘယ္လိုအသုံးခ်လဲဆိုတဲ့အေပၚ မူတည္ၿပီး ေယာင္းကိုယ္တိုင္က ဘယ္လိုလူမ်ိဳး ျဖစ္လာမလဲဆိုတာကို ပုံေဖာ္ႏိုင္ပါတယ္။

“အခ်ိန္ဆိုတာ ေငြပါ” လို႔ ဆိုၾကတယ္။ တကယ္ေတာ့ အခ်ိန္ဟာ ေငြထက္ပို တန္ဖိုးႀကီးၿပီး ျပန္လည္အစားထိုးလို႔ရတဲ့အရာလည္း မဟုတ္ပါဘူး။ အက္ဒ္မင္တို႔ေတြက အာ႐ုံပ်က္လြယ္တာမို႔ ကိုယ္ပိုင္ထားတဲ့ အခ်ိန္ေတြကို Facebookမွာေတြ၊ အက်ိဳးမရွိတဲ့ ေဖ်ာ္ေျဖမႈေတြ၊ မလိုလားအပ္တဲ့ လူမႈေရး လုပ္ေဆာင္ခ်က္ေတြ ဒါမွမဟုတ္ အခ်ိန္ျဖဳန္းျခင္းေတြအေပၚမွာ သံုးေနတာ အေတာ္မ်ားပါတယ္။ တစ္ခါတစ္ေလမွာ ကိုယ္လုပ္လက္စအရာေတြကို ခဏေလာက္ရပ္ၿပီး “ငါ့ရဲ႕အခ်ိန္ေတြကို မွန္ကန္စြာ အသုံးခ်ေနရဲ႕လား” ဆိုတဲ့ ႐ိုးရွင္းတဲ့ေမးခြန္းကို ေမးဖို႔ေမ့ေနတတ္ၾကတာလည္း ပါတာေပါ့…

ရလဒ္ေတြအေပၚမွာ အာ႐ုံထားပါ။

အက်ိဳးရလဒ္ေကာင္းေတြ ရလာႏုိင္မယ့္ အလုပ္ေတြကို အာရံုထား လုပ္ေဆာင္ျခင္းက အာ႐ုံရႈပ္ေထြးေစတဲ့အလုပ္ေတြ ဒါမွမဟုတ္ အက်ိဳးမရွိတဲ့ လုပ္ေဆာင္ခ်က္ေတြကို တားဆီးႏိုင္ဖို႔ အေထာက္အကူျပဳႏိုင္ပါတယ္။ ေနာက္ဆုံးအဆင့္ ထြက္ေပၚလာတဲ့ ရလဒ္ကို အာရံုထားလိုက္မယ္ဆိုရင္ ကိုယ္ဒီလုပ္ငန္းစဥ္ႀကီးကို လုပ္ေဆာင္ရင္း အဆင့္ တစ္ဆင့္ကေန တစ္ဆင့္ကို ကူးေျပာင္းတဲ့အခါ၊ လုပ္ငန္းစဥ္ တစ္ခုကေန တစ္ခုကို ကူးေျပာင္းတဲ့အခါမွာ ရႈပ္ေထြးသြားမယ့္အစား အစီအစဥ္တက် စဥ္ဆက္မျပတ္ေတြးေခၚျခင္း အေလ့အထေတြကို ပိုၿပီး ရႏုိင္ေစပါတယ္။

ကိုယ္လုပ္ေဆာင္လိုက္တဲ့ လုပ္ငန္းစဥ္တစ္ခုရဲ႕ ေနာက္ဆံုး ရလဒ္ဆိုတာ ၾကည္လင္ျပတ္သားမႈ၊ engagement နဲ႔ အလုပ္ရဲ႕အရည္အေသြးတို႔ပဲျဖစ္ပါတယ္။ ဒါကို ေမ့ထားလို႔မရဘူးေနာ္.. ဒီေတာ့ တစ္ရက္တာရဲ႕ အဆံုးမွာ ကိုယ္လုပ္ခဲ့တဲ့ အလုပ္ေတြရဲ႕ အဆံုးသတ္ရလဒ္ဟာ ဘာျဖစ္မလဲဆိုတာ တစ္ခုကို အၿမဲထားရွိ စစ္ေဆးျခင္းက ေယာင္းရဲ႕ ရည္မွန္းခ်က္ပန္းတုိင္ကို ပိုၿပီး နီးကပ္လာေစႏုိင္ပါတယ္။

Related Article >>> ႀကိဳးစားတဲ့ လူတိုင္းအတြက္ အၿမဲတမ္း ေနရာတစ္ေနရာရွိပါတယ္ဆိုတဲ့ မေဝေဝေက်ာ္

ကိုယ့္အတြက္ကိုယ္ ရင္ႏွီးျမႇဳပ္ႏွံပါ။

ေန႔စဥ္ အလုပ္တာဝန္ေတြနဲ႔ပဲ ရႈပ္ေထြးေနလို႔လည္း မျဖစ္ေသးပါဘူး။ ကိုယ့္အတြက္ကိုယ္ ရင္းႏွီးျမွဳပ္ႏွံဖို႔လည္း လိုပါေသးတယ္။ ဒီအတြက္ အခ်ိန္ကို စီမံခန္႔ခြဲတတ္ဖို႔က မရွိမျဖစ္ေပါ့…

အနာဂတ္အတြက္ အနားယူဖို႔၊ က်န္းမာေရးဂ႐ုစိုက္ဖို႔၊ မွန္ကန္သင့္ေတာ္တဲ့ေမးခြန္းေတြေမးဖို႔၊ ကိုယ့္ရဲ႕ အရည္အခ်င္းေတြကို ျမႇင့္တင္ဖို႔၊ အဖိုးတန္တဲ့ စာအုပ္ေတြ ဖတ္ဖို႔၊ network ခ်ဲ႕ထြင္ဖို႔၊ အျခားသူေတြကို ပံ့ပိုးကူညီဖို႔၊ အျခားသူေတြနဲ႔ ေပါငး္သင္းဆက္ဆံေရး ေကာင္းေနဖို႔၊ ေျပလည္ဖို႔၊ စဥ္းစားေတြးေတာဖို႔၊ စီစဥ္ေဆာင္႐ြက္ဖို႔နဲ႔ ကိုယ့္ အစီအစဥ္ေတြ ျဖစ္ေျမာက္လာဖို႔ ႀကိဳတင္ေဆာင္ရြက္ႏိုင္ဖို႔ အခ်ိန္ေတြ ထားပါ။

ဒီလို လုပ္ျခင္းက အက္ဒ္မင္တို႔ ေယာင္းတို႔ရဲ႕ စိတ္ဝင္စားမႈေတြကို ရွာေဖြေတြ႕ရွိႏိုင္တာအျပင္ ဗဟုသုတနဲ႔ ေတြးေခၚစဥ္းစားမႈ အေျမာ္အျမင္ရွိမႈတို႔ကို ေလ့လာဆည္းပူးရႏိုင္ေစၿပီး ေကာင္းမြန္တဲ့ ရလဒ္ကို ျဖစ္ေပၚေစပါတယ္။ ဒီလို လုပ္ျခင္းက ကိုယ့္တိုးတက္မႈအတြက္ ခိုင္မာတဲ့ အေျခခံအုတ္ျမစ္တစ္ခုကို တည္ေဆာက္ေနျခင္းပါပဲ။

Related Article >>> သိပၸံနည္းက် စိတ္အားတက္ႂကြေအာင္ ဘယ္လို လုပ္မလဲ?

ကိုယ့္ကိုယ္ကိုယ္ ေျပာင္းလဲဖို႔အတြက္ ကိုယ့္စည္းကိုယ့္ကမ္းနဲ႔ ေနတတ္ေအာင္ ေျပာင္းလဲပါ။

လူေတြက လြယ္ကူတဲ့ နည္းလမ္းေတြ၊ ျဖတ္လမ္းေတြဆို အရမ္းကို သေဘာက်တတ္ပါတယ္။ ဒါေပမဲ့ ကိုယ္စိတ္အားထက္သန္တဲ့ ပန္းတိုင္ကို ေရာက္ဖို႔အတြက္ စြမ္းေဆာင္ရည္က ေယာင္းကိုယ္တိုင္ ႀကိဳးစားျခင္းပါပဲ။ ဒါမွသာ  ႀကိဳးစားမႈနဲ႔ ထိုက္တန္တဲ့ ေအာင္ျမင္မႈ အရသာကို ခံစားရမွာ မဟုတ္လား..

ဆိုၾကပါစို႔… တစ္ေယာက္ေယာက္က ကိုယ့္ကိုယ္ကိုယ္ တုိးတက္ေအာင္ ဘယ္လို ေျပာင္းလဲမလဲလို႔ ေမးခဲ့ရင္ ဒီေမးခြန္းရဲ႕ အေျဖက ကိုယ့္စည္းကမ္းေလး ကိုယ္ထားၿပီး ႀကိဳးစားျခင္းကသာ သိသာထင္ရွားၿပီး အက်ိဳးရွိတဲ့ ေျပာင္းလဲမႈကို ယူလာေပးႏုိင္တာပါေနာ္.. ေကာင္းေသာဦးတည္ျခင္းနဲ႔ ေျပာင္းလဲလာဖို႔အတြက္ ျဖတ္လမ္းနည္းဆိုတာ မရွိပါဘူး ေယာင္းတို႔ေရ… ကိုယ္တိုင္ ႀကိဳးစားႏိုင္မွသာ ရမွာပါေနာ္…

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ Wynee Myanmar Organisation အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

အရင်ဆုံး မေးကြည့်ပါ…ကိုယ့်ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေတာ သေချာရဲ့လား?

“လူတိုင်းက တစ်နေ့မှာ ၂၄နာရီ ပိုင်ဆိုင်ကြပါတယ်။” ဒီစာကြောင်းကို လေးလေးနက်နက် တွေးကြည့်ပါ။ အချိန်ဆိုတဲ့ ဝေါဟာရဘက်ကကြည့်ရင် ယောင်းဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်ပါတယ်။ လူတိုင်းက တစ်နေ့တာအတွက် တူညီတဲ့ အချိန်တွေ ရရှိထားကြပါတယ်။ ယောင်းမှာရှိနေတဲ့ အချိန်တွေကို ဘယ်လိုအသုံးချလဲဆိုတဲ့အပေါ် မူတည်ပြီး ယောင်းကိုယ်တိုင်က ဘယ်လိုလူမျိုး ဖြစ်လာမလဲဆိုတာကို ပုံဖော်နိုင်ပါတယ်။

“အချိန်ဆိုတာ ငွေပါ” လို့ ဆိုကြတယ်။ တကယ်တော့ အချိန်ဟာ ငွေထက်ပို တန်ဖိုးကြီးပြီး ပြန်လည်အစားထိုးလို့ရတဲ့အရာလည်း မဟုတ်ပါဘူး။ အက်ဒ်မင်တို့တွေက အာရုံပျက်လွယ်တာမို့ ကိုယ်ပိုင်ထားတဲ့ အချိန်တွေကို Facebookမှာတွေ၊ အကျိုးမရှိတဲ့ ဖျော်ဖြေမှုတွေ၊ မလိုလားအပ်တဲ့ လူမှုရေး လုပ်ဆောင်ချက်တွေ ဒါမှမဟုတ် အချိန်ဖြုန်းခြင်းတွေအပေါ်မှာ သုံးနေတာ အတော်များပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်လုပ်လက်စအရာတွေကို ခဏလောက်ရပ်ပြီး “ငါ့ရဲ့အချိန်တွေကို မှန်ကန်စွာ အသုံးချနေရဲ့လား” ဆိုတဲ့ ရိုးရှင်းတဲ့မေးခွန်းကို မေးဖို့မေ့နေတတ်ကြတာလည်း ပါတာပေါ့…

ရလဒ်တွေအပေါ်မှာ အာရုံထားပါ။

အကျိုးရလဒ်ကောင်းတွေ ရလာနိုင်မယ့် အလုပ်တွေကို အာရုံထား လုပ်ဆောင်ခြင်းက အာရုံရှုပ်ထွေးစေတဲ့အလုပ်တွေ ဒါမှမဟုတ် အကျိုးမရှိတဲ့ လုပ်ဆောင်ချက်တွေကို တားဆီးနိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ နောက်ဆုံးအဆင့် ထွက်ပေါ်လာတဲ့ ရလဒ်ကို အာရုံထားလိုက်မယ်ဆိုရင် ကိုယ်ဒီလုပ်ငန်းစဉ်ကြီးကို လုပ်ဆောင်ရင်း အဆင့် တစ်ဆင့်ကနေ တစ်ဆင့်ကို ကူးပြောင်းတဲ့အခါ၊ လုပ်ငန်းစဉ် တစ်ခုကနေ တစ်ခုကို ကူးပြောင်းတဲ့အခါမှာ ရှုပ်ထွေးသွားမယ့်အစား အစီအစဉ်တကျ စဉ်ဆက်မပြတ်တွေးခေါ်ခြင်း အလေ့အထတွေကို ပိုပြီး ရနိုင်စေပါတယ်။

ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ငန်းစဉ်တစ်ခုရဲ့ နောက်ဆုံး ရလဒ်ဆိုတာ ကြည်လင်ပြတ်သားမှု၊ engagement နဲ့ အလုပ်ရဲ့အရည်အသွေးတို့ပဲဖြစ်ပါတယ်။ ဒါကို မေ့ထားလို့မရဘူးနော်.. ဒီတော့ တစ်ရက်တာရဲ့ အဆုံးမှာ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေရဲ့ အဆုံးသတ်ရလဒ်ဟာ ဘာဖြစ်မလဲဆိုတာ တစ်ခုကို အမြဲထားရှိ စစ်ဆေးခြင်းက ယောင်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပိုပြီး နီးကပ်လာစေနိုင်ပါတယ်။

Related Article >>> ကြိုးစားတဲ့ လူတိုင်းအတွက် အမြဲတမ်း နေရာတစ်နေရာရှိပါတယ်ဆိုတဲ့ မဝေဝေကျော်

ကိုယ့်အတွက်ကိုယ် ရင်နှီးမြှုပ်နှံပါ။

နေ့စဉ် အလုပ်တာဝန်တွေနဲ့ပဲ ရှုပ်ထွေးနေလို့လည်း မဖြစ်သေးပါဘူး။ ကိုယ့်အတွက်ကိုယ် ရင်းနှီးမြှုပ်နှံဖို့လည်း လိုပါသေးတယ်။ ဒီအတွက် အချိန်ကို စီမံခန့်ခွဲတတ်ဖို့က မရှိမဖြစ်ပေါ့…

အနာဂတ်အတွက် အနားယူဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့၊ မှန်ကန်သင့်တော်တဲ့မေးခွန်းတွေမေးဖို့၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ဖို့၊ အဖိုးတန်တဲ့ စာအုပ်တွေ ဖတ်ဖို့၊ network ချဲ့ထွင်ဖို့၊ အခြားသူတွေကို ပံ့ပိုးကူညီဖို့၊ အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းနေဖို့၊ ပြေလည်ဖို့၊ စဉ်းစားတွေးတောဖို့၊ စီစဉ်ဆောင်ရွက်ဖို့နဲ့ ကိုယ့် အစီအစဉ်တွေ ဖြစ်မြောက်လာဖို့ ကြိုတင်ဆောင်ရွက်နိုင်ဖို့ အချိန်တွေ ထားပါ။

ဒီလို လုပ်ခြင်းက အက်ဒ်မင်တို့ ယောင်းတို့ရဲ့ စိတ်ဝင်စားမှုတွေကို ရှာဖွေတွေ့ရှိနိုင်တာအပြင် ဗဟုသုတနဲ့ တွေးခေါ်စဉ်းစားမှု အမြော်အမြင်ရှိမှုတို့ကို လေ့လာဆည်းပူးရနိုင်စေပြီး ကောင်းမွန်တဲ့ ရလဒ်ကို ဖြစ်ပေါ်စေပါတယ်။ ဒီလို လုပ်ခြင်းက ကိုယ့်တိုးတက်မှုအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နေခြင်းပါပဲ။

Related Article >>> သိပ္ပံနည်းကျ စိတ်အားတက်ကြွအောင် ဘယ်လို လုပ်မလဲ?

ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက် ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေတတ်အောင် ပြောင်းလဲပါ။

လူတွေက လွယ်ကူတဲ့ နည်းလမ်းတွေ၊ ဖြတ်လမ်းတွေဆို အရမ်းကို သဘောကျတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်စိတ်အားထက်သန်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် စွမ်းဆောင်ရည်က ယောင်းကိုယ်တိုင် ကြိုးစားခြင်းပါပဲ။ ဒါမှသာ  ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အောင်မြင်မှု အရသာကို ခံစားရမှာ မဟုတ်လား..

ဆိုကြပါစို့… တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ဘယ်လို ပြောင်းလဲမလဲလို့ မေးခဲ့ရင် ဒီမေးခွန်းရဲ့ အဖြေက ကိုယ့်စည်းကမ်းလေး ကိုယ်ထားပြီး ကြိုးစားခြင်းကသာ သိသာထင်ရှားပြီး အကျိုးရှိတဲ့ ပြောင်းလဲမှုကို ယူလာပေးနိုင်တာပါနော်.. ကောင်းသောဦးတည်ခြင်းနဲ့ ပြောင်းလဲလာဖို့အတွက် ဖြတ်လမ်းနည်းဆိုတာ မရှိပါဘူး ယောင်းတို့ရေ… ကိုယ်တိုင် ကြိုးစားနိုင်မှသာ ရမှာပါနော်…
ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

<<< English >>>

Are You Spending Your Time the Right Way

“Everyone has 24 hours in a day!”  Think about the statement deeply. In terms of time, you are as rich as the richest person in the world.  Everyone has equal time for a day – how you use this resource will shape the person that you become.

There is saying “Time is Money”.  In fact, time is more valuable than money and unreplaceable.

Still, we are wired to be easily distracted, so we spend too much time on Facebook, low value entertainments, unnecessary social activities, or procrastinating.  Sometime we forget to pause and ask a sample question, “ Are you spending your time the right way?”

Focus on Outcomes

Using outcome based activity can help avoid distracting work streams or low value actions. Focusing on an end-product can drive you to a linear mindset rather than be busy trying to move from one activity to another. Please remember outcome is the result of clarity, engagement and quality of work. At the end of each day, only outcome that matters and it will bring closer to long term goal.

Invest in Yourself

Apart from being busy with daily obligations, it is also important to allocate time to invest in yourself.   Ensure that you have time to rest, maintain good health, ask right questions, improve yours skills, read valuable books,  network, contribute to others, invest in relationships and think, plan and prepare for future. These activities help us find inspiration, acquire knowledge and wisdom, and good exposure.  In a way, you are building a strong platform for exponential growth.

Develop Self-discipline for Self-transformation

Human beings are attracted to easy way outs and shortcuts.  But achieving your ambitious goals requires transforming yourself into a person who is capable of achieving them. The question is “how to transform yourself”.  Unfortunately, there is no easy shortcut for self transformation. Self-discipline is the essential tool for self transformation and developing the habit of discipline can bring dramatic and sustainable change.

Wynee Myanmar
Wynee Myanmar
Wynee is a community of young people and professionals dedicated to providing career guidance to the youth of Myanmar. Check out WyneeMyanmar.com to join the community and gain access to many more articles, Sign up for events across Myanmar, and participate in our online question and answer platform.
http://www.wyneemyanmar.com/

Leave a Reply

Your email address will not be published. Required fields are marked *