Career
Introvert တွေအတွက် လုပ်ငန်းခွင် ကွန်ရက်ဖြန့်ကျက်နည်း (၆) သွယ်
၅။ ကြိုတင်ပြင်ဆင်ထားပါ။
၆။ ပြုံးပါ။
With love
Ei Mon (For Her Myanmar)
Reference: balancecareers, psychologytoday
<<< Unicode >>>
တျောက်တည်း နေရတာ ကြိုက်တဲ့ ချိဖတို့ ချိမတို့အတွက်
Introverts သမားတွေက တစ်ယောက်တည်း နေရတာ ကြိုက်တတ်သူတွေ ဖြစ်တာကြောင့် သူတို့အတွက် ပေါင်းသင်းဆက်ဆံရေးက ထင်သလောက် မကျယ်ပြန့်ပါဘူး။ လုပ်ငန်းခွင်ထဲရောက်တဲ့အခါ ကွန်ရက်ဖြန့် ပေါင်းသင်းဆက်ဆံရေးက လိုအပ်လာပြီဖြစ်လို့ introverts တွေ အခက်တွေ့ပါပြီ။ networking event တွေ မဖြစ်မနေ တက်ဖို့ အကြောင်းဖန်လာတဲ့အခါ အဆင်ပြေချောမွေ့ချင်ရင်တော့ အိမွန်ပြောတဲ့ ဒီအချက်လေးတွေကို လိုက်နာမှ ဖြစ်မှာနော်…
၁။ အွန်လိုင်းပေါ်ကနေ ပေါင်းသင်းဆက်ဆံရေး ကွန်ရက် ဖြန့်ပါ။
အလုပ်သဘောအရ လူချင်းတွေ့ပြီး အိုင်ဒီယာနှီးနှောဖလှယ်ပွဲလုပ်မယ်လို့ စဉ်းစားလိုက်တဲ့အခါ လူကြောက်တဲ့ introvert သမားတွေ ချွေးပြန်ရပါပြီ။ ဒါပေမဲ့လို့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဖေ့စ်ဘွတ်ပေါ်မှာ networking events ပွဲတွေတက်ဖို့ ကြေညာတဲ့အခါ ကိုယ့်နယ်ပယ်နဲ့ သက်ဆိုင်တာမြင်ရင် join ထားလိုက်ရုံပါပဲ။ ပြီးတော့ အွန်လိုင်းကနေပြီး အရင်ဆုံး မိတ်ဆွေဖွဲ့ထားတဲ့အခါ အပြင်မှာ လူချင်းတွေ့ ဆွေးနွေးချိန်မှာ အဆင်ပြေပါပြီ။
၂။ တစ်ယောက်ချင်းစီကို သေချာလိုက်ပေါင်းပါ။
Networking တိုင်းက ပွဲအကြီးစား ကျင်းပပြီး တွေ့ဆုံဖို့တော့ မလိုပါဘူး။ လူတွေ အဖွဲ့လိုက်နဲ့ စကားပြောရတာ ခက်ခဲတယ်လို့ ထင်ရင် တစ်ယောက်ချင်းစီနဲ့ သေချာစကားပြောကြည့်ပြီး ချိတ်ဆက်ကြည့်ပါ။ တစ်ယောက်မဟုတ် တစ်ယောက် မိတ်ဆွေဖြစ်သွားတဲ့အခါမှာလည်း ရေရှည်ခင်မင်သွားအောင် အဆက်အသွယ် လုပ်ပေးရပါမယ်။ Introvert တစ်ယောက်အတွက် ဒါက ခက်ခဲတယ်လို့ ဆိုပေမဲ့ နည်းနည်းတော့ ကြိုးစားကြည့်ရမှာပေါ့နော်..
၃။ မိတ်ဆွေဟောင်းတွေနဲ့လည်း ဆက်ဆံရေး ထိန်းထားပါ။
မိတ်ဆွေဟောင်းတွေ ပါလာရင် Introvert လေးတွေအတွက် ပိုတောင် အဆင်ပြေသေးတယ်နော်.. ကိုယ်စကားပြောစရာ ရပြီလေ… ဒါပေမဲ့ Networking ပွဲမှာ တွေ့တာမို့ ပွဲရဲ့ ခေါင်းစဉ်နဲ့ ဆိုင်တဲ့ အကြောင်းလေးတွေတော့ ပြောပေးပေါ့နော်… ဒီမှာ ပြန်ပြီးအဆက်အသွယ်ရသွားခဲ့ပြီဆိုတော့ နောက်ပိုင်းမှာလည်း အပြင်မှာ မကြာမကြာ တွေ့ပြီး ဆက်ဆံရေးကို ထိန်းထားလို့ ရပြီလေ.. ဒါကလည်း ကွန်ရက်ဖြန့်ကျက်နည်း တစ်ခုပေါ့ ယောင်းတို့ရယ်…
Related article>>>Introvert (ဘာသိဘာသာနေတတ်သူ) ယောင်းတို့အတွက် အသင့်လျော်ဆုံးဖြစ်မယ့် အလုပ်အကိုင်များ
၄။ ပွဲမှာ တွေ့လာ၊ ခင်လာသူတွေနဲ့ နောက်ဆက်တွဲ ဆက်သွယ်ပါ။
ပွဲတက်လာသူတွေထဲက business cards တွေ စုထားပြီး နောက်တစ်နေ့မှာ အီးမေးလ်ပို့ရင်း ဆက်သွယ်ပါ။ အီးမေးလ်ကို ဘာအကြောင်းပို့ရမှာလဲဆိုတော့ ပြောစရာ တစ်ခုတည်းရှိတဲ့ ပွဲအကြောင်းပေါ့ ယောင်းတို့ရယ်… နောက်ပိုင်း မေးလ်တွေကျမှ တခြား အကြောင်းတွေ ပြောပေါ့နော်… ဒါဟာလည်း လူစိမ်းတွေနဲ့ ရင်းနှီးမှုယူနည်းတစ်မျိုးပါပဲ။ ကိုယ့်ရဲ့ ကွန်ရက်လည်း ပိုပိုကျယ်လာတာပေါ့နော်…
၅။ ကြိုတင်ပြင်ဆင်ထားပါ။
ပွဲတက်မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ဒီပွဲမှာ ကိုယ်ရွေးပြီး စကားပြောလို့ရမယ့်သူကို ကြိုတင်ရှာထားတာ အကောင်းဆုံးပါ။ ကိုယ်ကစကားနည်းတဲ့သူဖြစ်လို့ ဘယ်လိုလူတွေနဲ့ပိုအဆင်ပြေနိုင်မလဲဆိုတာကို ပွဲလာနိုင်တဲ့ လူစာရင်းကနေ တစ်ဆင့်လည်း ခန့်မှန်းလို့ ရတယ် မဟုတ်လား…
၆။ ပြုံးပါ။
Networking ပွဲတော့ တက်ပါရဲ့။ လူများများနဲ့ စကားမပြောချင်လို့ ထောင့်နားမှာ သွားထိုင်ပြီး ဖုန်းသုံးနေတာမျိုးတွေ၊ တစ်ယောက်တည်း တစ်ကမ္ဘာဆောက်နေတာမျိုးတွေက တခြားသူအမြင်မှာတော့ မသင့်တော်ပါဘူး။ ဒီတော့ ပွဲမှာ တတ်နိုင်သမျှ စိတ်ထည့်ပြီး လူတွေနဲ့ ပေါင်းသင်းကြည့်ပါ။ စိတ်ထဲမှာ နေရတာ သက်တောင့်သက်သာ မရှိဘူးဆိုရင်တောင် အပြင်မှာတော့ ပြုံးထားပါ။
ဒီတော့ ကိုယ်က introvert မို့ networking event တွေ တက်ရတာ အဆင်မပြေဘူးလို့ မတွေးပါနဲ့ ယောင်းရေ။ ယောင်းလိုပဲ ဘဝတူ introvert တွေ ရှိနေသေးတယ် ဆိုတာကိုတော့ မမေ့နဲ့နော်… အင်း ပြောသွားတဲ့ နည်းတွေကတော့ ဟုတ်ပါရဲ့.. Networking ပွဲတွေကို ဘယ်လိုတက်ရမှာလဲဆိုရင်တော့ ခေါင်းအရမ်းကြီး စားမနေပါနဲ့… အက်ဒ်မင်တို့ For Her Myanmar Club မန်ဘာဝင်တွေအတွက် တစ်လတစ်ခါ လုပ်ပေးနေတဲ့ ပွဲလေးတွေ လာတက်လို့ ရပါတယ်လို့… ပြီးတော့ ပိတ်ရက်တွေမှာ ဘယ်ပွဲတွေ လုပ်နေတယ်ဆိုတာကိုလည်း တစ်ပတ်တစ်ခါ အက်ဒ်မင်တို့ ရေးပေးနေတယ်လေ.. သိချင်ရင်တော့ ဗုဒ္ဓဟူးနေ့တိုင်း စောင့်ကြည့်ပေါ့နော် 😀 (ဤကား ကြော်ငြာ 😛 )
Introvert တွေက သူစိမ်းတွေနဲ့ဆို စကားလုံးဝမပြောချင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ မဖြစ်မနေ အလုပ်ကိစ္စအကြောင်းတွေ၊ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းတွေ ပြောရပြီဆိုရင်လည်း သေသေချာျချာ စေ့စေ့စပ်စပ် ပြောပြတတ်တာမျိုးလည်း ရှိသေးတာကိုး.. ဆိုတော့ ဒါကို အားသာချက်တစ်ခုအနေနဲ့ အသုံးချပြီး ကွန်ရက်ဖြန့်ကျက်နိုင်ပါစေလို့…
With love
Ei Mon (For Her Myanmar)
References: balancecareers, psychologytoday
Ei Mon
Ei Mon
For Her Myanmar ရဲ့တက်သစ်စ ဆောင်းပါးရှင် အိမွန်ဖြစ်ပါတယ်။ စာရေးရတာ ဝါသနာ ပါပါတယ်။ ဆောင်းပါးတွေကတစ်ဆင့် စိတ်ကူးလေးတွေကို ယောင်းတို့ရဲ့ ရင်ထဲအရောက် ပို့ပေးချင်ပါတယ်။ အထူးအားသာတာကတော့ အနုပညာရှင်သတင်းတွေပဲ ဖြစ်ပါတယ်။ အိမွန်ရဲ့ လက်ရာဆောင်းပါးတွေကို အားပေးမယ်မှတ်လား…….
Leave a Reply
Your email address will not be published. Required fields are marked *