Career

လုပ္ငန္းခြင္ထဲမွာ အထာက်က် ေဈးဗန္းခင္းႏုိင္မယ့္ နည္းလမ္း (၄)သြယ္

တစ္မ်ိဳးေတာ့ မေတြးေစခ်င္.. 🙄 🙄 

လုပ္ငန္းခြင္ထဲမွာ ေဈးဗန္းခင္းမယ္ဆိုေတာ့ စိတ္ဝင္စားသြားၿပီဟုတ္? တကယ္ေတာ့ လုပ္ငန္းခြင္အတြက္ ေဈးဗန္းခင္းတယ္ဆိုတာ လုပ္ငန္းခြင္အတြင္းမွာ ကိုယ့္ရဲ႕ ပံုရိပ္ေကာင္းၿပီး ကိုယ့္ကို လိုလားတဲ့သူ၊ ကိုယ့္အရည္အခ်င္းကို အသိအမွတ္ျပဳတဲ့သူေတြ တိုးလာဖို႔ ကိုယ့္အရည္အခ်င္းးကိုယ္ ထုတ္ျပတာပါပဲ။ ဒါကို Self Marketing တစ္ျဖစ္လဲ Self Branding လို႔ေခၚပါတယ္။ ဒီလို Self Branding ကို အထာက်က် လုပ္တတ္ၿပီဆိုရင္ေတာ့ လူခ်စ္လူခင္လည္း ေပါမ်ားလာမယ့္အျပင္ ရာထူးတက္ဖို႔လည္း ပိုၿပီး လြယ္ကူတတ္ပါတယ္။

ဒါေပမဲ့ Self Branding လို႔ ေျပာလိုက္ရင္ ေတာ္ေတာ္မ်ားမ်ား ေတြးေၾကာက္တတ္ၾကတာက ကိုယ့္ေကာင္းေၾကာင္းခ်ည္း ကိုယ္ေျပာေနရင္ လူအျမင္ကတ္မွာေပါ့ဆိုတဲ့ ျပႆနာပါပဲ။ Introvert သမားေတြဆို ပိုဆိုးပါတယ္။ နဂိုကမွ စကားက မေျပာခ်င္ပါဘူးဆို ကိုယ့္အေၾကာင္းကိုယ္ ထိုင္ေျပာေနရေတာ့ကာ… အဆင္မေျပပါဘူးရွင္ေပါ့ ေယာင္းတို႔ေရ… ဆိုေပမဲ့ ခ်က္ခ်င္းႀကီး လက္မေလွ်ာ့လိုက္ဘဲ ဒီနည္းလမ္း (၅)မ်ိဳးကို သံုးၿပီးေတာ့ေတာ့ ႀကိဳးစားၾကည့္ပါဦးလို႔ တိုက္တြန္းပါရေစေနာ္… ဘယ္ နည္းလမ္း (၅)မ်ိဳးလဲ ဆုိေတာ့ကာ…

Related Article >>> Self-esteemလို႔ေခၚတဲ့ ကိုယ့္ကိုယ္ကိုယ္ ခ်စ္ေအာင္ ဘယ္လိုေနၾကမလဲ

၁။ မိမိအျပဳအမူကို သတိထားထိန္းသိမ္းျခင္း

ဘဝရဲ႕ အခန္းက႑တိုင္းမွာ အေရးအႀကီးဆံုးက မိမိကုိယ္ကို သိမႈပါပဲ။ ကိုယ့္ကိုယ္ကိုယ္ သိျခင္းရဲ႕ ေနာက္မွာေတာ့ သတိထားထိန္းသိမ္းျခင္းဆိုတာက လိုက္လာပါတယ္။ ဆိုလိုတာက ေျပာစရာ စကားရွိလာရင္ စကားကို ထိန္းသိမ္းၿပီးေျပာတာ၊ ကိုယ့္ေနရာကို သိၿပီး ေျပာတာမ်ိဳးနဲ႔ အျပဳအမူနဲ႔ စကားလံုးေရြးခ်ယ္မႈေတြကို သတိထားေျပာျဖစ္သြားတာ စသျဖင့္ေပါ့.. ဒါေတြဟာ သူမ်ားအတြက္ စဥ္းစားေပးတယ္လို႔ ေတြးၾကည့္ရင္ ရေပမဲ့ တကယ့္တကယ္မွာေတာ့ ကိုယ့္ရဲ႕ ပံုရိပ္ကိုလည္း ျမင့္တက္ေစပါတယ္။ လူေတြနဲ႔ တအားေရာစရာလည္း မလိုဘဲ အဆင္ေျပႏုိင္တဲ့ နည္းလမ္းတစ္ခုေပါ့ ေယာင္းတို႔ေရ…

၂။ အျခားသူေတြကို ကူညီပါ။

ကိုယ့္ပတ္ဝန္းက်င္မွာ ရွိတဲ့သူေတြကို ေကာင္းတဲ့ဘက္က ကူညီေပးတတ္တဲ့သူ ဒါမွမဟုတ္ ေျမေတာင္ေျမွာက္ေပးတတ္သူေတြ ျဖစ္လာေအာင္ ေလ့က်င့္ပါ။ အရာရာတိုင္းမွာ အျပဳသေဘာေဆာင္ၿပီး ကူညီအားေပးလိုစိတ္ရွိတယ္ဆိုရင္ ေစတနာကလည္း ေရာင္ျပန္ဟပ္မွာပါ။ ကိုယ့္ရဲ႕ ေစတနာနဲ႔ လုပ္ရပ္ေတြဟာ ကိုယ့္အေပၚ အျခားသူေတြရဲ႕ အျမင္ကိုလည္း ေျပာင္းလဲေပးတတ္ပါတယ္။

Related Article>>>ကုမၸဏီေတြက ဘာကိုမူတည္ၿပီး ဝန္ထမ္းေတြကို ေဘာနပ္စ္ဘယ္လိုေပးသလဲ ?

၃။ လိုအပ္တဲ့အခ်က္ကိုပဲ ေျပာတတ္ပါေစ။ 

လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္ ေနဖို႔ေျပာတာ မဟုတ္ဘူးေနာ္… ဒါေပမဲ့ ကိုယ့္ရဲ႕ အေၾကာင္းကိစၥတစ္ခုလံုးကို နားေထာင္ေနဖို႔က်ေတာ့လည္း ဘယ္သူက အားမွာလဲေနာ္.. ဒါေၾကာင့္ ကိုယ္ေျပာစရာ ရွိလာတယ္ဆိုရင္ ေျပာလိုရာ အေၾကာင္းရင္းကို တိုတိုနဲ႔ ရွင္းရွင္း၊ လိုရင္းကို ေျပာတတ္ဖို႔ အေရးႀကီးပါတယ္။ အျပဳသေဘာေဆာင္ၿပီး ေဖာ္ျပတတ္ဖို႔ကလည္း အေရးႀကီးေသးတယ္ေလေနာ္… ဒီလို စကားေျပာေကာင္းျခင္းဆိုတာကလည္း ကိုယ့္ပံုရိပ္ကို ျမွင့္တင္ေပးႏုိင္မယ့္ လက္နက္တစ္ခုပါပဲ ေယာင္းတို႔ေရ…

၄။ အရွိကို အရွိအတိုင္းေနပါ။ 

ကိုယ့္အေၾကာင္း ေကာင္းတဲ့အခ်က္ေတြခ်ည္း ေရြးၿပီး Self Branding ကို ျမွင့္တင္ဖို႔ဆိုတာ သိပ္ေတာ့ မျဖစ္ႏုိင္ဘူး ေယာင္းတို႔ေရ… ဘာလို႔ဆို လူတိုင္းမွာ အားသာခ်က္၊ အားနည္းခ်က္ရွိတယ္ဆိုတာကို အားလံုးသိၿပီးသားပဲေလ.. အဲဒီေတာ့ ကိုယ့္အားသာခ်က္က ဘာလဲ၊ ကိုယ့္အားနည္းခ်က္ကဘာလဲ ေသခ်ာ ရွင္းရွင္းလင္းလင္း နားလည္ထားဖို႔လိုၿပီး ဒါကိုပဲ ကိုယ့္ရဲ႕ အားသာခ်က္အျဖစ္ အသံုးခ်တတ္ဖို႔လိုပါတယ္။ အရာရာတိုင္း အေကာင္းခ်ည္း ေျပာေနမယ္ဆိုရင္ ဘယ္သူက အယံုအၾကည္ရွိမွာလဲေနာ္.. လုပ္ေျပာထားတဲ့ ပံုႀကီးျဖစ္ေနမွာေပါ့.. အဲဒီေတာ့ ကိုယ့္ရဲ႕ ႀကိဳးစားအားထုတ္မႈေတြ၊ ေအာင္ျမင္မႈ၊ ရံႈးနိမ့္မႈေတြကို ပြင့္ပြင့္လင္းလင္း ထိထိေရာက္ေရာက္ ေဖာ္ျပတတ္သူေတြသာ ေရရွည္မွာ ေအာင္ျမင္မႈေတြကို ရယူပိုင္ဆုိင္ႏိုင္မယ္လို႔ဆိုရင္ေတာင္ ရပါတယ္ေနာ္။

ဒီအခ်က္ေလးေတြက ေယာင္းတို႔အတြက္ အသံုးဝင္မယ္လို႔ ထင္ပါတယ္။ ေယာင္းတို႔ အျမင္ေလးေတြကိုလည္း မွ်ေဝေပးသြားေပးဖို႔လည္း မေမ့နဲ႔ဦးေနာ္…

Reference: socialmediatoday, marketing-schools.com

With love

Ei Mon (For Her Myanmar)

<<< Unicode >>>

တစ်မျိုးတော့ မတွေးစေချင်.. 🙄 🙄 

လုပ်ငန်းခွင်ထဲမှာ ဈေးဗန်းခင်းမယ်ဆိုတော့ စိတ်ဝင်စားသွားပြီဟုတ်? တကယ်တော့ လုပ်ငန်းခွင်အတွက် ဈေးဗန်းခင်းတယ်ဆိုတာ လုပ်ငန်းခွင်အတွင်းမှာ ကိုယ့်ရဲ့ ပုံရိပ်ကောင်းပြီး ကိုယ့်ကို လိုလားတဲ့သူ၊ ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုတဲ့သူတွေ တိုးလာဖို့ ကိုယ့်အရည်အချင်းးကိုယ် ထုတ်ပြတာပါပဲ။ ဒါကို Self Marketing တစ်ဖြစ်လဲ Self Branding လို့ခေါ်ပါတယ်။ ဒီလို Self Branding ကို အထာကျကျ လုပ်တတ်ပြီဆိုရင်တော့ လူချစ်လူခင်လည်း ပေါများလာမယ့်အပြင် ရာထူးတက်ဖို့လည်း ပိုပြီး လွယ်ကူတတ်ပါတယ်။

ဒါပေမဲ့ Self Branding လို့ ပြောလိုက်ရင် တော်တော်များများ တွေးကြောက်တတ်ကြတာက ကိုယ့်ကောင်းကြောင်းချည်း ကိုယ်ပြောနေရင် လူအမြင်ကတ်မှာပေါ့ဆိုတဲ့ ပြဿနာပါပဲ။ Introvert သမားတွေဆို ပိုဆိုးပါတယ်။ နဂိုကမှ စကားက မပြောချင်ပါဘူးဆို ကိုယ့်အကြောင်းကိုယ် ထိုင်ပြောနေရတော့ကာ… အဆင်မပြေပါဘူးရှင်ပေါ့ ယောင်းတို့ရေ… ဆိုပေမဲ့ ချက်ချင်းကြီး လက်မလျှော့လိုက်ဘဲ ဒီနည်းလမ်း (၅)မျိုးကို သုံးပြီးတော့တော့ ကြိုးစားကြည့်ပါဦးလို့ တိုက်တွန်းပါရစေနော်… ဘယ် နည်းလမ်း (၅)မျိုးလဲ ဆိုတော့ကာ…

Related Article >>> Self-esteemလို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်အောင် ဘယ်လိုနေကြမလဲ

၁။ မိမိအပြုအမူကို သတိထားထိန်းသိမ်းခြင်း

ဘဝရဲ့ အခန်းကဏ္ဍတိုင်းမှာ အရေးအကြီးဆုံးက မိမိကိုယ်ကို သိမှုပါပဲ။ ကိုယ့်ကိုယ်ကိုယ် သိခြင်းရဲ့ နောက်မှာတော့ သတိထားထိန်းသိမ်းခြင်းဆိုတာက လိုက်လာပါတယ်။ ဆိုလိုတာက ပြောစရာ စကားရှိလာရင် စကားကို ထိန်းသိမ်းပြီးပြောတာ၊ ကိုယ့်နေရာကို သိပြီး ပြောတာမျိုးနဲ့ အပြုအမူနဲ့ စကားလုံးရွေးချယ်မှုတွေကို သတိထားပြောဖြစ်သွားတာ စသဖြင့်ပေါ့.. ဒါတွေဟာ သူများအတွက် စဉ်းစားပေးတယ်လို့ တွေးကြည့်ရင် ရပေမဲ့ တကယ့်တကယ်မှာတော့ ကိုယ့်ရဲ့ ပုံရိပ်ကိုလည်း မြင့်တက်စေပါတယ်။ လူတွေနဲ့ တအားရောစရာလည်း မလိုဘဲ အဆင်ပြေနိုင်တဲ့ နည်းလမ်းတစ်ခုပေါ့ ယောင်းတို့ရေ…

၂။ အခြားသူတွေကို ကူညီပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို ကောင်းတဲ့ဘက်က ကူညီပေးတတ်တဲ့သူ ဒါမှမဟုတ် မြေတောင်မြှောက်ပေးတတ်သူတွေ ဖြစ်လာအောင် လေ့ကျင့်ပါ။ အရာရာတိုင်းမှာ အပြုသဘောဆောင်ပြီး ကူညီအားပေးလိုစိတ်ရှိတယ်ဆိုရင် စေတနာကလည်း ရောင်ပြန်ဟပ်မှာပါ။ ကိုယ့်ရဲ့ စေတနာနဲ့ လုပ်ရပ်တွေဟာ ကိုယ့်အပေါ် အခြားသူတွေရဲ့ အမြင်ကိုလည်း ပြောင်းလဲပေးတတ်ပါတယ်။

Related Article>>>ကုမ္ပဏီတွေက ဘာကိုမူတည်ပြီး ဝန်ထမ်းတွေကို ဘောနပ်စ်ဘယ်လိုပေးသလဲ ?

၃။ လိုအပ်တဲ့အချက်ကိုပဲ ပြောတတ်ပါစေ။ 

လျှို့လျှို့ဝှက်ဝှက် နေဖို့ပြောတာ မဟုတ်ဘူးနော်… ဒါပေမဲ့ ကိုယ့်ရဲ့ အကြောင်းကိစ္စတစ်ခုလုံးကို နားထောင်နေဖို့ကျတော့လည်း ဘယ်သူက အားမှာလဲနော်.. ဒါကြောင့် ကိုယ်ပြောစရာ ရှိလာတယ်ဆိုရင် ပြောလိုရာ အကြောင်းရင်းကို တိုတိုနဲ့ ရှင်းရှင်း၊ လိုရင်းကို ပြောတတ်ဖို့ အရေးကြီးပါတယ်။ အပြုသဘောဆောင်ပြီး ဖော်ပြတတ်ဖို့ကလည်း အရေးကြီးသေးတယ်လေနော်… ဒီလို စကားပြောကောင်းခြင်းဆိုတာကလည်း ကိုယ့်ပုံရိပ်ကို မြှင့်တင်ပေးနိုင်မယ့် လက်နက်တစ်ခုပါပဲ ယောင်းတို့ရေ…

၄။ အရှိကို အရှိအတိုင်းနေပါ။ 

ကိုယ့်အကြောင်း ကောင်းတဲ့အချက်တွေချည်း ရွေးပြီး Self Branding ကို မြှင့်တင်ဖို့ဆိုတာ သိပ်တော့ မဖြစ်နိုင်ဘူး ယောင်းတို့ရေ… ဘာလို့ဆို လူတိုင်းမှာ အားသာချက်၊ အားနည်းချက်ရှိတယ်ဆိုတာကို အားလုံးသိပြီးသားပဲလေ.. အဲဒီတော့ ကိုယ့်အားသာချက်က ဘာလဲ၊ ကိုယ့်အားနည်းချက်ကဘာလဲ သေချာ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့လိုပြီး ဒါကိုပဲ ကိုယ့်ရဲ့ အားသာချက်အဖြစ် အသုံးချတတ်ဖို့လိုပါတယ်။ အရာရာတိုင်း အကောင်းချည်း ပြောနေမယ်ဆိုရင် ဘယ်သူက အယုံအကြည်ရှိမှာလဲနော်.. လုပ်ပြောထားတဲ့ ပုံကြီးဖြစ်နေမှာပေါ့.. အဲဒီတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေကို ပွင့်ပွင့်လင်းလင်း ထိထိရောက်ရောက် ဖော်ပြတတ်သူတွေသာ ရေရှည်မှာ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်နိုင်မယ်လို့ဆိုရင်တောင် ရပါတယ်နော်။

ဒီအချက်လေးတွေက ယောင်းတို့အတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။ ယောင်းတို့ အမြင်လေးတွေကိုလည်း မျှဝေပေးသွားပေးဖို့လည်း မမေ့နဲ့ဦးနော်…

Reference: socialmediatoday, marketing-schools.com

With love

Ei Mon (For Her Myanmar)

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *