အေတြ႔အႀကံဳမရွိဘဲ အလုပ္ရႏိုင္တဲ့ နည္းလမ္း (၅) ခု

အလုပ္လုပ္ခ်င္ေပမဲ့ အေတြ႔အၾကံဳမရွိေသးလို႔ အခက္ေတြ႕ေနတဲ့ ေယာင္းတို႔အတြက္

ေယာင္းတို႔ေရ…ေက်ာင္းမၿပီးခင္ (သို႔မဟုတ္) ေက်ာင္းၿပီးၿပီးခ်င္း အလုပ္ဝင္ဖို႔ ျပင္ဆင္ၾကတဲ့အခါ အလုပ္ေခၚစာအမ်ားစုက အေတြ႔အၾကံဳ အနည္းဆံုး တစ္ႏွစ္ရွိမွ ေလွ်ာက္လို႔ရတဲ့အတြက္ စိတ္ညစ္ရပါတယ္။ အထူးသျဖင့္ ေက်ာင္းမၿပီးေသးတဲ့ ေယာင္းေတြအတြက္ ပိုဆိုးပါတယ္။ ကိုယ္က ဘြဲ႔မရေသးတဲ့အျပင္ သူတို႔အလုပ္ေခၚစာက အေတြ႔အၾကံဳကလည္း လိုေသးတယ္ဆိုေတာ့ အေတာ္တိုင္ပတ္ပါတယ္။ Stella ကိုယ္တိုင္လည္း အေတြ႔အၾကံဳလံုးဝမရွိခဲ့တာမို႔ အလုပ္ေလွ်ာက္ဖို႔ ရင္တထိတ္ထိတ္ျဖစ္ခဲ့ရတာပါ။ ဒီေတာ့ ေယာင္းတို႔ကို Stella သိသေလာက္ အေတြ႔အၾကံဳမရွိလည္း အလုပ္ရႏိုင္မယ့္ နည္းလမ္းေလးေတြ မွ်ေဝေပးမယ္ေနာ္။

(၁) ကိုယ္လိုခ်င္တဲ့အလုပ္နဲ႔ သက္ဆိုင္ရာအေၾကာင္းေတြကို သိေနပါေစ

ေယာင္းလိုခ်င္တဲ့အလုပ္က ဘာေတြလုပ္ရတာလဲ၊ ဘယ္လိုတာဝန္ေတြကို ယူရမွာလဲ၊ ဘယ္လို ျပႆနာေတြ ျဖစ္လာႏိုင္လဲဆိုတာနဲ႔ ျပႆနာေျဖရွင္းနည္းေတြကို အင္တာနက္ကေန ရသေလာက္ ဖတ္ထားပါ။

(၂) အၾကံဉာဏ္ ေတာင္းပါ။

ကိုယ့္ထက္ အေတြ႔အၾကံဳရွိတဲ့လူေတြဆီက အၾကံဉာဏ္ေတာင္းဖို႔ ဝန္မေလးပါနဲ႔။ ဘာပဲျဖစ္ျဖစ္ သူတို႔က ကိုယ့္ထက္ပိုၿပီး အလုပ္နဲ႔ လက္ပြန္းတတီးရွိတဲ့သူေတြမို႔လို႔ သူတို႔ေျပာတဲ့ အၾကံဉာဏ္ေတြကို နားေထာင္တာ မမွားပါဘူး။

Related article >>> အလုပ္ရဖုိ႔အတြက္ ဝါသနာမပါတဲ့ အလုပ္တစ္ခုကို ေ႐ြးခ်ယ္လိုက္ရတဲ့အခါ

(၃) အလုပ္ေလွ်ာက္လႊာကို အေကာင္းဆံုးျပင္ဆင္ပါ။

အလုပ္ရွင္ေတြ အရင္ဆံုးၾကည့္တာ CV ပါပဲ။ CV မွာ ေယာင္းရထားခဲ့တဲ့ ဒီပလိုမာေတြ certificate ေတြနဲ႔ တတ္ထားတဲ့ ဘာသာစကားေတြကို ထည့္ေရးေပးရပါမယ္။ တျခားအရည္အခ်င္းေတြျဖစ္တဲ့ leadership skill, multitasking skill, teamwork communication skill ေတြကိုလည္း မေမ့ပါနဲ႔။

အလုပ္ေလွ်ာက္လႊာဆိုတာနဲ႔ cover letter ကလည္း ခ်န္ထားခဲ့လို႔မရပါဘူးေနာ္။ ေယာင္းမွာ အေတြ႔အၾကံဳ မရွိတဲ့အေၾကာင္းကို cover letter မွာထဲက  ပြင့္ပြင့္လင္းေျပာထားပါ။ အေတြ႔အၾကံဳ မရွိေပမဲ့ ေယာင္းမွာရွိတဲ့ အရည္အခ်င္းေကာင္းေတြေၾကာင့္ အလုပ္ခန္႔ရင္ ေနာင္တမရေစရပါဘူးဆိုတာ သိသာေအာင္ ေျပာပါေနာ္။ ဒီလို အလုပ္ေလွ်ာက္လႊာေရးတဲ့အခါ ေယာင္းမွာ လန္ပ်ံေနတဲ့ စေကးေတြ မရွိရင္ေတာင္မွ အဂၤလိပ္လို သတ္ပံုမွန္မွန္ သဒၵါမွန္မွန္ေရးႏိုင္ရင္ အလုပ္ရွင္က သေဘာက်ပါတယ္။

(၄) အေၾကာင္းျပခ်က္ ေကာင္းေကာင္းရွိပါေစ။

အင္တာဗ်ဴးဝင္တဲ့အခါမွာ ေယာင္းက အေတြ႔အၾကံဳ မရွိဘူးဆိုရင္ ေယာင္းကို အလုပ္ရွင္က်ိန္းေသေပါက္ေမးမယ့္ ေမးခြန္းက ဘာေၾကာင့္ေယာင္းကို အလုပ္ခန္႔သင့္လဲဆိုတာပါပဲ။ ဒီအခ်ိန္က ေယာင္းရဲ႕စေကးေတြကို ထုတ္ေျပာရမယ့္အခ်ိန္ပါေနာ္..  ေနာက္ဆံုးမွာေတာ့ ဒီလို စေကးေတြရွိေပမဲ့ အေတြ႔အၾကံဳမရွိတာေၾကာင့္ အခြင့္အေရးေပးမယ္ဆို ဒီအလုပ္မွာ အေကာင္းဆံုး ႀကိဳးစားသြားမွာ ျဖစ္တဲ့အေၾကာင္းနဲ႔ အဆံုးသတ္ပါ။

Related article >>> အလုပ္ေလွ်ာက္ခ်င္သူတုိင္း မျဖစ္မေန သိထားရမယ့္ Cover Letter

(၅) စိတ္ရွည္ပါ။

အေတြ႔အၾကံဳ မရွိရင္ေတာ့ ေအာက္ေျခကေန စလုပ္ရမွာပါပဲ ေယာင္းေရ။ အဲ့ကေနမွ ေယာင္းရဲ႕ ႀကိဳးစားမႈေပၚမူတည္ၿပီး တစ္ဆင့္ၿပီးတစ္ဆင့္ တက္လို႔ရမွာပါ။ ငယ္ငယ္တုန္းက ဖတ္ခဲ့ရတဲ့ မပုႂကြယ္နဲ႔ ခရုငယ္ ပံုျပင္လိုေပါ့။

ဘယ္အလုပ္ကမွေတာ့ မပင္ပန္းတဲ့ အလုပ္ရယ္လို႔ မရွိပါဘူး။ Stella ကေတာ့ ပင္ပန္းလည္း ကိုယ္ႀကိဳးစားရင္ ႀကိဳးစားသေလာက္ ရမယ္လို႔ ခံယူထားပါတယ္။ Stella လို ေက်ာင္းမၿပီးေသးဘဲ အလုပ္ဝင္ခ်င္တဲ့ ေယာင္းတို႔လည္း ဒီနည္းလမ္းေတြကို သံုးၿပီး အဆင္ေျပၾကပါေစေနာ္။

Stella (For Her Myanmar)

<<< Unicode >>>

အလုပ်လုပ်ချင်ပေမဲ့ အတွေ့အကြုံမရှိသေးလို့ အခက်တွေ့နေတဲ့ ယောင်းတို့အတွက်

ယောင်းတို့ရေ…ကျောင်းမပြီးခင် (သို့မဟုတ်) ကျောင်းပြီးပြီးချင်း အလုပ်ဝင်ဖို့ ပြင်ဆင်ကြတဲ့အခါ အလုပ်ခေါ်စာအများစုက အတွေ့အကြုံ အနည်းဆုံး တစ်နှစ်ရှိမှ လျှောက်လို့ရတဲ့အတွက် စိတ်ညစ်ရပါတယ်။ အထူးသဖြင့် ကျောင်းမပြီးသေးတဲ့ ယောင်းတွေအတွက် ပိုဆိုးပါတယ်။ ကိုယ်က ဘွဲ့မရသေးတဲ့အပြင် သူတို့အလုပ်ခေါ်စာက အတွေ့အကြုံကလည်း လိုသေးတယ်ဆိုတော့ အတော်တိုင်ပတ်ပါတယ်။ Stella ကိုယ်တိုင်လည်း အတွေ့အကြုံလုံးဝမရှိခဲ့တာမို့ အလုပ်လျှောက်ဖို့ ရင်တထိတ်ထိတ်ဖြစ်ခဲ့ရတာပါ။ ဒီတော့ ယောင်းတို့ကို Stella သိသလောက် အတွေ့အကြုံမရှိလည်း အလုပ်ရနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးမယ်နော်။

(၁) ကိုယ်လိုချင်တဲ့အလုပ်နဲ့ သက်ဆိုင်ရာအကြောင်းတွေကို သိနေပါစေ

ယောင်းလိုချင်တဲ့အလုပ်က ဘာတွေလုပ်ရတာလဲ၊ ဘယ်လိုတာဝန်တွေကို ယူရမှာလဲ၊ ဘယ်လို ပြဿနာတွေ ဖြစ်လာနိုင်လဲဆိုတာနဲ့ ပြဿနာဖြေရှင်းနည်းတွေကို အင်တာနက်ကနေ ရသလောက် ဖတ်ထားပါ။

(၂) အကြံဉာဏ် တောင်းပါ။

ကိုယ့်ထက် အတွေ့အကြုံရှိတဲ့လူတွေဆီက အကြံဉာဏ်တောင်းဖို့ ဝန်မလေးပါနဲ့။ ဘာပဲဖြစ်ဖြစ် သူတို့က ကိုယ့်ထက်ပိုပြီး အလုပ်နဲ့ လက်ပွန်းတတီးရှိတဲ့သူတွေမို့လို့ သူတို့ပြောတဲ့ အကြံဉာဏ်တွေကို နားထောင်တာ မမှားပါဘူး။

Related article >>> အလုပ်ရဖို့အတွက် ဝါသနာမပါတဲ့ အလုပ်တစ်ခုကို ရွေးချယ်လိုက်ရတဲ့အခါ

(၃) အလုပ်လျှောက်လွှာကို အကောင်းဆုံးပြင်ဆင်ပါ။

အလုပ်ရှင်တွေ အရင်ဆုံးကြည့်တာ CV ပါပဲ။ CV မှာ ယောင်းရထားခဲ့တဲ့ ဒီပလိုမာတွေ certificate တွေနဲ့ တတ်ထားတဲ့ ဘာသာစကားတွေကို ထည့်ရေးပေးရပါမယ်။ တခြားအရည်အချင်းတွေဖြစ်တဲ့ leadership skill, multitasking skill, teamwork communication skill တွေကိုလည်း မမေ့ပါနဲ့။ အလုပ်လျှောက်လွှာဆိုတာနဲ့ cover letter ကလည်း ချန်ထားခဲ့လို့မရပါဘူးနော်။ ယောင်းမှာ အတွေ့အကြုံမရှိတဲ့အကြောင်းကို cover letter မှာထဲက ပွင့်ပွင့်လင်းပြောထားပါ။ အတွေ့အကြုံမရှိပေမဲ့ ယောင်းမှာရှိတဲ့ အရည်အချင်းကောင်းတွေကြောင့် အလုပ်ခန့်ရင် နောင်တမရစေရပါဘူးဆိုတာ သိသာအောင် ပြောပါနော်။ ဒီလို အလုပ်လျှောက်လွှာရေးတဲ့အခါ ယောင်းမှာ လန်ပျံနေတဲ့ စကေးတွေ မရှိရင်တောင်မှ အင်္ဂလိပ်လို သတ်ပုံမှန်မှန် သဒ္ဒါမှန်မှန်ရေးနိုင်ရင် အလုပ်ရှင်က သဘောကျပါတယ်။

(၄) အကြောင်းပြချက် ကောင်းကောင်းရှိပါစေ။

အင်တာဗျူးဝင်တဲ့အခါမှာ ယောင်းက အတွေ့အကြုံ မရှိဘူးဆိုရင် ယောင်းကို အလုပ်ရှင်ကျိန်းသေပေါက်မေးမယ့် မေးခွန်းက ဘာကြောင့်ယောင်းကို အလုပ်ခန့်သင့်လဲဆိုတာပါပဲ။ ဒီအချိန်က ယောင်းရဲ့စကေးတွေကို ထုတ်ပြောရမယ့်အချိန်ပါနော်.. နောက်ဆုံးမှာတော့ ဒီလို စကေးတွေရှိပေမဲ့ အတွေ့အကြုံမရှိတာကြောင့် အခွင့်အရေးပေးမယ်ဆို ဒီအလုပ်မှာ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်တဲ့အကြောင်းနဲ့ အဆုံးသတ်ပါ။

Related article >>> အလုပ်လျှောက်ချင်သူတိုင်း မဖြစ်မနေ သိထားရမယ့် Cover Letter

(၅) စိတ်ရှည်ပါ။

အတွေ့အကြုံ မရှိရင်တော့ အောက်ခြေကနေ စလုပ်ရမှာပါပဲ ယောင်းရေ။ အဲ့ကနေမှ ယောင်းရဲ့ ကြိုးစားမှုပေါ်မူတည်ပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်လို့ရမှာပါ။ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ မပုကြွယ်နဲ့ ခရုငယ် ပုံပြင်လိုပေါ့။

ဘယ်အလုပ်ကမှတော့ မပင်ပန်းတဲ့ အလုပ်ရယ်လို့ မရှိပါဘူး။ Stella ကတော့ ပင်ပန်းလည်း ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ရမယ်လို့ ခံယူထားပါတယ်။ Stella လို ကျောင်းမပြီးသေးဘဲ အလုပ်ဝင်ချင်တဲ့ ယောင်းတို့လည်း ဒီနည်းလမ်းတွေကို သုံးပြီး အဆင်ပြေကြပါစေနော်။

Stella (For Her Myanmar)

No Comments Yet

Comments are closed