Stylist တစ္ေယာက္မွာ မျဖစ္မေန ရွိရမယ့္ အရည္အခ်င္း (၅)ရပ္

Stylist တစ္ေယာက္ျဖစ္လာဖို႔ဆိုတာ အေတာ္ႀကီးကို မလြယ္တာပါေနာ္.. 

ေယာင္းတို႔ေရ … ဒီဘက္ေခတ္မွာ ဖက္ရွင္ရဲ႕ အခန္းက႑ တြင္က်ယ္လာတာနဲ႔အမွ် Stylist ေတြလည္း မ်ားျပားလာတာေတြ႔ရပါတယ္။ ဒါေပမဲ့ ခပ္မိုက္မိုက္ stylist အလုပ္က ျမင္ေနေတြ႔ေနရသေလာက္ လြယ္ကူရဲ႕လား ? မထင္ပါနဲ႔ေနာ္ … Stylist တစ္ေယာက္ျဖစ္ဖို႔ ဒီလိုအရည္အခ်င္းေတြ ရွိေနဖို႔လိုအပ္ပါတယ္ …

အလုပ္အမ်ားႀကီးကို ၿပိဳင္တူ လုပ္ႏိုင္စြမ္း (Multi-tasking)

ဒီအလုပ္က အင္မတန္မွ ေခါင္းစားတဲ့အျပင္ လက္ေတြ႔က်က်လည္း ေတြးေခၚရတယ္။ တီထြင္ဉာဏ္လည္း အျပည့္ရွိရတယ္။ Stylist တစ္ေယာက္ျဖစ္ဖို႔ အႏုပညာမ်က္စိရွိဖို႔လည္းလိုသလို ျမန္ျမန္ဆန္ဆန္ အလုပ္လုပ္တတ္ဖို႔လည္း လိုပါေသးတယ္။

Related article >>> ဒီႏွစ္ထဲမွာ ျပန္ေခတ္စားလာႏိုင္တဲ့ ၉၀ ခုႏွစ္ဝန္းက်င္က ဆံပင္ပံုစံ (၅) မ်ိဳး

အလိုက္သင့္ ေျပာင္းလဲႏုိင္စြမ္း (Adaptability)

ပြဲအခ်ိန္နီးခါမွ ဖိနပ္ေတြေျပာင္းခ်င္လို႔ဆိုၿပီး အရပ္ကူပါ၊ လူဝိုင္းပါျဖစ္လာရင္ ခ်က္ခ်င္းဆို ခ်က္ခ်င္း လဲေပးႏိုင္ရတယ္။ အခုခ်က္ခ်င္းလာမွျဖစ္မယ္ဆိုလို႔ ဝုန္းဒိုင္းႀကဲၿပီး ထသြားရတဲ့ အျဖစ္ေတြဆိုတာ ခဏခဏပါပဲ။ ဒီအခ်က္ေတြကို အျပံဳးမပ်က္ခံႏိုင္ရည္ရွိရမွာကလည္း stylist ေတြပါပဲေနာ္..

စနစ္တက် ရွိမႈ (Organization)

အဝတ္အစားေတြ၊ အဆင္တန္ဆာေတြကို အေသးစိတ္ေလးကအစ ဂရုစိုက္ရတဲ့အျပင္ စာရြက္စာတမ္းကိစၥေတြလည္း လိုက္မလုပ္ရဘူး မထင္လိုက္ပါနဲ႔။ ဒါေတြကို စနစ္တက်လုပ္တတ္ဖို႔ကလည္း Stylist တစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့ အရည္အခ်င္းတစ္ခုပါ။

စိတ္ေနစိတ္ထား (Attitude) 

Stylist ေတြမွာလည္း personality (ကိုယ္ရည္ကိုယ္ေသြး) ေကာင္းေကာင္းရွိဖို႔လိုပါတယ္။ လူေတြကို အဝတ္အစား လွလွပပဆင္ေပးၿပီး ေပ်ာ္ရႊင္ေအာင္လုပ္ေပးႏိုင္တာက Stylist တစ္ေယာက္ရဲ႕ စြမ္းအားပါ။ လူတိုင္းနဲ႔ ေပါင္းတတ္သင္းတတ္ၿပီး အဆင္ေျပေအာင္ ေနတတ္ဖို႔ကလည္း အေရးႀကီးပါတယ္။

Related article >>> ဒီႏွစ္မိုးရာသီမွာ ေခတ္စားလာမယ့္ ႏႈတ္ခမ္းနီအေရာင္ (၅) ေရာင္

အလုပ္ႀကိဳးစားျခင္း (Hard working)
Stylist လုပ္ရတာ စိတ္ေကာလူေကာ ပင္ပန္းပါတယ္။ လူအမ်ားစုထင္တာက လွလွပပေက်ာ့ေက်ာ့ေမာ့ေမာ့ေလးပဲ ေနရတယ္ေပါ့။ အမယ္ေလး … မွားမယ္ မွားမယ္။ ေဈးဝယ္တာကအစ ေတာက္တိုမယ္ရအဆံုး ကိုယ္မပါရင္ မၿပီးေခ်ဘူး။ အထုပ္ႀကီးအထုပ္ငယ္ကို ကိုယ္တိုင္ဆြဲၿပီး တစ္ေနရာကေန တစ္ေနရာကူးခ်ည္သန္းခ်ည္လည္း လုပ္ရေသးတာေၾကာင့္ Stylist ေတြက အလုပ္ႀကိဳးစားဆံုးသူေတြပါ။

ကဲ … ဒါေတြကေတာ့ stylist တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ မရွိမျဖစ္လိုအပ္တဲ့ အေျခခံအရည္အခ်င္းေတြပါ။

Stylist ျဖစ္ခ်င္တယ္ဆိုတဲ့ ေယာင္းတို႔ေရ…  ဒီအခ်က္ေတြ ပိုင္ဆိုင္ေနၾကၿပီလား?

Stella (For Her Myanmar)

<<< Unicod >>>

Stylist တစ်ယောက်ဖြစ်လာဖို့ဆိုတာ အတော်ကြီးကို မလွယ်တာပါနော်.. 

ယောင်းတို့ရေ … ဒီဘက်ခေတ်မှာ ဖက်ရှင်ရဲ့ အခန်းကဏ္ဍ တွင်ကျယ်လာတာနဲ့အမျှ Stylist တွေလည်း များပြားလာတာတွေ့ရပါတယ်။ ဒါပေမဲ့ ခပ်မိုက်မိုက် stylist အလုပ်က မြင်နေတွေ့နေရသလောက် လွယ်ကူရဲ့လား ? မထင်ပါနဲ့နော် … Stylist တစ်ယောက်ဖြစ်ဖို့ ဒီလိုအရည်အချင်းတွေ ရှိနေဖို့လိုအပ်ပါတယ် …

အလုပ်အများကြီးကို ပြိုင်တူ လုပ်နိုင်စွမ်း (Multi-tasking)

ဒီအလုပ်က အင်မတန်မှ ခေါင်းစားတဲ့အပြင် လက်တွေ့ကျကျလည်း တွေးခေါ်ရတယ်။ တီထွင်ဉာဏ်လည်း အပြည့်ရှိရတယ်။ Stylist တစ်ယောက်ဖြစ်ဖို့ အနုပညာမျက်စိရှိဖို့လည်းလိုသလို မြန်မြန်ဆန်ဆန် အလုပ်လုပ်တတ်ဖို့လည်း လိုပါသေးတယ်။

Related article >>> ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာနိုင်တဲ့ ၉၀ ခုနှစ်ဝန်းကျင်က ဆံပင်ပုံစံ (၅) မျိုး

အလိုက်သင့် ပြောင်းလဲနိုင်စွမ်း (Adaptability)

ပွဲအချိန်နီးခါမှ ဖိနပ်တွေပြောင်းချင်လို့ဆိုပြီး အရပ်ကူပါ၊ လူဝိုင်းပါဖြစ်လာရင် ချက်ချင်းဆို ချက်ချင်း လဲပေးနိုင်ရတယ်။ အခုချက်ချင်းလာမှဖြစ်မယ်ဆိုလို့ ဝုန်းဒိုင်းကြဲပြီး ထသွားရတဲ့ အဖြစ်တွေဆိုတာ ခဏခဏပါပဲ။ ဒီအချက်တွေကို အပြုံးမပျက်ခံနိုင်ရည်ရှိရမှာကလည်း stylist တွေပါပဲနော်..

စနစ်တကျ ရှိမှု (Organization)

အဝတ်အစားတွေ၊ အဆင်တန်ဆာတွေကို အသေးစိတ်လေးကအစ ဂရုစိုက်ရတဲ့အပြင် စာရွက်စာတမ်းကိစ္စတွေလည်း လိုက်မလုပ်ရဘူး မထင်လိုက်ပါနဲ့။ ဒါတွေကို စနစ်တကျလုပ်တတ်ဖို့ကလည်း Stylist တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတစ်ခုပါ။

စိတ်နေစိတ်ထား (Attitude) 

Stylist တွေမှာလည်း personality (ကိုယ်ရည်ကိုယ်သွေး) ကောင်းကောင်းရှိဖို့လိုပါတယ်။ လူတွေကို အဝတ်အစား လှလှပပဆင်ပေးပြီး ပျော်ရွှင်အောင်လုပ်ပေးနိုင်တာက Stylist တစ်ယောက်ရဲ့ စွမ်းအားပါ။ လူတိုင်းနဲ့ ပေါင်းတတ်သင်းတတ်ပြီး အဆင်ပြေအောင် နေတတ်ဖို့ကလည်း အရေးကြီးပါတယ်။

Related article >>> ဒီနှစ်မိုးရာသီမှာ ခေတ်စားလာမယ့် နှုတ်ခမ်းနီအရောင် (၅) ရောင်

အလုပ်ကြိုးစားခြင်း (Hard working)
Stylist လုပ်ရတာ စိတ်ကောလူကော ပင်ပန်းပါတယ်။ လူအများစုထင်တာက လှလှပပကျော့ကျော့မော့မော့လေးပဲ နေရတယ်ပေါ့။ အမယ်လေး … မှားမယ် မှားမယ်။ ဈေးဝယ်တာကအစ တောက်တိုမယ်ရအဆုံး ကိုယ်မပါရင် မပြီးချေဘူး။ အထုပ်ကြီးအထုပ်ငယ်ကို ကိုယ်တိုင်ဆွဲပြီး တစ်နေရာကနေ တစ်နေရာကူးချည်သန်းချည်လည်း လုပ်ရသေးတာကြောင့် Stylist တွေက အလုပ်ကြိုးစားဆုံးသူတွေပါ။

ကဲ … ဒါတွေကတော့ stylist တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအရည်အချင်းတွေပါ။

Stylist ဖြစ်ချင်တယ်ဆိုတဲ့ ယောင်းတို့ရေ…  ဒီအချက်တွေ ပိုင်ဆိုင်နေကြပြီလား?

Stella (For Her Myanmar)

No Comments Yet

Comments are closed