Career

အသက္ ၃၀ ေအာက္မွာကိုယ္ပိုင္လုုပ္ငန္းစေတာ့မယ္ဆိုရင္ သိထားရမယ့္အခ်က္ (၅)ခ်က္

အသက္ငယ္ေသးေတာ့ လုပ္ငန္းတစ္ခုကို ဦးစီးဖုိ႔ ျဖစ္ႏုိင္ပါ့မလား စိုးရိမ္ေနၾကတဲ့ ေယာင္းတို႔အတြက္

ကိုယ္ပိုင္စီးပြားေရးတစ္ခုကို တည္ေထာင္ခ်င္ေပမဲ့ အသက္ကလည္း ႏွစ္ဆယ္ေက်ာ္ သံုးဆယ္ၾကားပဲ ႐ွိေသးတာေၾကာင့္ စိတ္ပူေနၿပီလား။ ဘာမွ စိတ္မပူပါနဲ႔ တကယ္က ငယ္႐ြယ္တုန္းအခ်ိန္ဟာ ကိုယ္ပိုင္စီးပြားေရးတစ္ခုစဖို႔ အေကာင္းဆံုး အခ်ိန္တစ္ခုပါပဲ။ လုပ္ငန္း႐ွင္ျဖစ္ေအာင္ ႀကိဳးစားမယ္လုိ႔ လံုးဝဆံုးျဖတ္ခ်က္ခ်ၿပီးၿပီဆိုရင္ေတာ့ အသက္ ၃၀ ေအာက္အ႐ြယ္ေတြအတြက္ စီးပြားေရးတစ္ခုစဖို႔ ဘာေတြသိထားသင့္လဲဆိုတာ အက္ဒ္မင္ ေျပာျပမယ္ေနာ္။

၁။ ကိုယ့္ရဲ႕ အားနည္းခ်က္ကို အရင္သိေအာင္ႀကိဳးစားပါ။

လူတိုင္းက ဘာပဲလုပ္လုပ္ ကိုယ့္ရဲ႕ အားနည္းခ်က္ကို အရင္သိေအာင္ ႀကိဳးစားရပါမယ္။ အသက္ ၃၀ ေအာက္ လူငယ္အမ်ားစုရဲ႕ အားနည္းခ်က္ကေတာ့ အေတြ႕အၾကံဳနည္းတာပါ။ ဒီေတာ့ ဒီအားနည္းခ်က္ကို အႏိုင္ယူႏိုင္ဖုိ႔အတြက္ တျခားအားသာခ်က္ေတြနဲ႔ ျဖည့္ဆည္းရမွာပါ။

ကိုယ့္မွာ အေတြ႕အၾကံဳမ႐ွိရင္ အေတြ႕အၾကံဳ႐ွိသူနဲ႔ လက္တြဲအလုပ္လုပ္တာ၊ ကိုယ့္ကို နည္းေပးလမ္းျပလုပ္ႏုိင္မယ့္ ပုဂၢိဳလ္ေတြကို ဆည္းကပ္တာ ဒါမွမဟုတ္ အသိပညာ နဲ႔ စာေတြ႕ေတြ မ်ားမ်ား႐ွိလာေအာင္ ႀကိဳးစားသင့္ပါတယ္။

၂။ စာရင္းဇယား ႏိုင္နင္းပါေစ။

လုပ္ငန္းခြင္တစ္ခုရဲ႕အသက္ဟာ စာရင္းဇယားပါပဲ။ လုပ္ငန္း႐ွင္ကလည္း ေတာ္တယ္၊ အလုပ္လည္း ျဖစ္တယ္၊ ေငြေတြလည္း ဝင္တယ္ဆုိေပမဲ့ စာရင္းဇယား မႏိုင္နင္းတာေၾကာင့္ က်ဆံုးသြားတဲ့ လုပ္ငန္းေတြ အမ်ားႀကီးပါ။

ကိုယ္တိုင္ စာရင္းအင္းပညာ မကၽြမ္းက်င္ရင္ေတာင္ အေျခခံေလာက္ သိနားလည္ထားသင့္ပါတယ္။ စာရင္းဇယား ကၽြမ္းက်င္သူတစ္ေယာက္ကို ငွားရမ္းကာ ကိုယ့္လုပ္ငန္းရဲ႕ စာရင္းေတြကို တာဝန္ယူခုိင္းၿပီး ကိုယ္တုိင္က မၾကာမၾကာ စစ္ေဆးႏိုင္ရင္ အေကာင္းဆံုးပါ။

Related Article >>> အသက္သံုးဆယ္အရြယ္မွာ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးသင့္တဲ့ေမးခြန္း (၅)ခု

ဘယ္အ႐ြယ္မွာပဲျဖစ္ျဖစ္ ႀကိဳးစားရင္ေအာင္ျမင္ႏိုင္ပါတယ္

၃။ စြန္႔စားဖုိ႔ ဝန္မေလးပါနဲ႔။

လူႀကီးေတြမွာ မ႐ွိတဲ့ လူငယ္ေတြရဲ႕ အားသာခ်က္တစ္ခုက စြန္႔စားလိုစိတ္ပါပဲ။ ငယ္႐ြယ္ေသးတဲ့အျပင္ ငဲ့ကြက္စရာလည္း မ႐ွိေလေတာ့ ျဖစ္ခ်င္ရာျဖစ္ ငါလုပ္မယ္ဆုိတဲ့ စိတ္ကေလး ႐ွိၾကပါတယ္။ ဒါဟာ ေကာင္းတဲ့အခ်က္ပါ။ ကိုယ္ပိုင္ စီးပြားေရးလုပ္မယ္ဆုိရင္ ဒီစိတ္ဓာတ္ေလး မေပ်ာက္ပ်က္ပါေစနဲ႔။

စြန္႔စားဖုိ႔ ဝန္မေလးပါနဲ႔။ အကယ္၍ ႐ံႈးနိမ့္မႈေတြ၊ အမွားေတြ ႐ွိတယ္ဆုိရင္ေတာင္ ျပင္ဆင္ဖို႔ အခ်ိန္ေတြ အမ်ားႀကီး က်န္ပါေသးတယ္။

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက>>> http://bit.ly/2WK7oFQ

၄။ အေလာမႀကီးပါနဲ႔။

လူငယ္ေတြဆုိေတာ့ ဘာမဆို လုပ္လိုက္မယ္၊ ကိုင္လုိက္မယ္ဆုိတဲ့ စိတ္နဲ႔ တက္ႂကြၾကတာေပါ့။ ဒါေပမဲ့ အေလာေတာ့ မႀကီးေစခ်င္ပါဘူး။ ဆံုးျဖတ္ခ်က္မွားတာနဲ႔ အခ်ိန္ေတြ ေငြေတြ ဆံုး႐ံႈးႏိုင္တယ္ေလ။ ဘာပဲ ဆံုးျဖတ္ခ်က္ခ်ခ် ေသေသခ်ာခ်ာ အခ်ိန္ယူစဥ္းစား၊ သိနားလည္သူေတြနဲ႔ တုိင္ပင္ေဆြးေႏြးၿပီးမွ ဆံုးျဖတ္ခ်က္ခ်တာ မမွားပါဘူး။

Related Article >>> ကိုယ္ပိုင္အလုပ္တစ္ခုစတင္ဖုိ႔ စိုးရိမ္စိတ္ေတြကို ဘယ္လုိေက်ာ္ျဖတ္ၾကမလဲ

၅။ ဒါဟာ အဆံုးသတ္ မဟုတ္ပါဘူး။

ကိုယ္ပိုင္လုပ္ငန္းဆုိေတာ့ စိုးရိမ္စိတ္ေတြပိုမ်ားမွာေပါ့။ အခ်ိန္ေတြ၊ ေငြေတြရင္းႏွီးျမွဳပ္ႏွံထားရတာေလ။ ဆံုး႐ွံုးသြားရင္ေတာ့ ငါေတာ့သြားၿပီ ဆုိတဲ့အေတြးက ကိုယ့္ကိုဖိစီးေနႏုိင္ပါတယ္။ စိတ္မပူပါနဲ႔ေလ။ အဲဒီလို ဖိစီးမႈ မ်ားတာက မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မိေစပါတယ္။

ဒါေၾကာင့္ စိတ္ထဲမွာ ဒီလို အေတြးေလး ေတြးထားလုိက္ပါ။ ဒီလုပ္ငန္း ေအာင္ျမင္သည္ျဖစ္ေစ ဆံုး႐ံႈးသည္ျဖစ္ေစ ကိုယ္ကေတာ့ ႐ွိေနမွာပါ။ (ေသမသြားပါဘူး) အသက္႐ွင္ေနသမွ် ေနာက္တစ္ႀကိမ္ႀကိဳးစားခြင့္႐ွိတာပဲေလ။ ေငြေၾကးအားျဖင့္ အျမတ္အစြန္း မရရင္ေတာင္ အသိပညာေတြ၊ အေတြ႕အႀကံဳေတြက ကိုယ့္အတြက္ အျမတ္ပါပဲ။ ဒါေၾကာင့္ စိုးရိမ္စိတ္ကုိ ဖယ္႐ွားၿပီး ကိုယ္လုပ္ရမယ့္ အရာေတြကို အေကာင္းဆံုး လုပ္လုိက္ပါ။

ဒီေလာက္ဆုိရင္ အသက္ ၃၀ ေအာက္လူငယ္ေတြ ကိုယ္ပိုင္လုပ္ငန္းတစ္ခုတည္ေထာင္ဖို႔ ခြန္အားေတြရသြားၾကမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။ ဒီလုပ္ငန္းကေန တစ္ဆင့္ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္း႐ွင္ႀကီးေတြအျဖစ္ တက္လွမ္းႏုိင္ၾကပါေစလုိ႔ ဆုေတာင္းေပးရင္း ….

Sugar Cane (For Her Myanmar)

References : .businessinsidermoneyunder30

<<< Unicode >>>

အသက်ငယ်သေးတော့ လုပ်ငန်းတစ်ခုကို ဦးစီးဖို့ ဖြစ်နိုင်ပါ့မလား စိုးရိမ်နေကြသူများအတွက်

ကိုယ်ပိုင်စီးပွားရေးတစ်ခုကို တည်ထောင်ချင်ပေမဲ့ အသက်ကလည်း နှစ်ဆယ်ကျော် သုံးဆယ်ကြားပဲ ရှိသေးတာကြောင့် စိတ်ပူနေပြီလား။ ဘာမှ စိတ်မပူပါနဲ့ တကယ်က ငယ်ရွယ်တုန်းအချိန်ဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုစဖို့ အကောင်းဆုံး အချိန်တစ်ခုပါပဲ။ လုပ်ငန်းရှင်ဖြစ်အောင် ကြိုးစားမယ်လို့ လုံးဝဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့ အသက် ၃၀ အောက်အရွယ်တွေအတွက် စီးပွားရေးတစ်ခုစဖို့ ဘာတွေသိထားသင့်လဲဆိုတာ အက်ဒ်မင် ပြောပြမယ်နော်။

၁။ ကိုယ့်ရဲ့ အားနည်းချက်ကို အရင်သိအောင်ကြိုးစားပါ။

လူတိုင်းက ဘာပဲလုပ်လုပ် ကိုယ့်ရဲ့ အားနည်းချက်ကို အရင်သိအောင် ကြိုးစားရပါမယ်။ အသက် ၃၀ အောက် လူငယ်အများစုရဲ့ အားနည်းချက်ကတော့ အတွေ့အကြုံနည်းတာပါ။ ဒီတော့ ဒီအားနည်းချက်ကို ထေနိုင်ဖို့အတွက် တခြားအားသာချက်တွေနဲ့ ဖြည့်ဆည်းရမှာပါ။

ကိုယ့်မှာ အတွေ့အကြုံမရှိရင် အတွေ့အကြုံရှိသူနဲ့ လက်တွဲအလုပ်လုပ်တာ၊ ကိုယ့်ကို နည်းပေးလမ်းပြလုပ်နိုင်မယ့် ပုဂ္ဂိုလ်တွေကို ဆည်းကပ်တာ ဒါမှမဟုတ် အသိပညာ နဲ့ စာတွေ့တွေ များများရှိလာအောင် ကြိုးစားသင့်ပါတယ်။

၂။ စာရင်းဇယား နိုင်နင်းပါစေ။

လုပ်ငန်းခွင်တစ်ခုရဲ့အသက်ဟာ စာရင်းဇယားပါပဲ။ လုပ်ငန်းရှင်ကလည်း တော်တယ်၊ အလုပ်လည်း ဖြစ်တယ်၊ ငွေတွေလည်း ဝင်တယ်ဆိုပေမဲ့ စာရင်းဇယား မနိုင်နင်းတာကြောင့် ကျဆုံးသွားတဲ့ လုပ်ငန်းတွေ အများကြီးပါ။

ကိုယ်တိုင် စာရင်းအင်းပညာ မကျွမ်းကျင်ရင်တောင် အခြေခံလောက် သိနားလည်ထားသင့်ပါတယ်။ စာရင်းဇယား ကျွမ်းကျင်သူတစ်ယောက်ကို ငှားရမ်းကာ ကိုယ့်လုပ်ငန်းရဲ့ စာရင်းတွေကို တာဝန်ယူခိုင်းပြီး ကိုယ်တိုင်က မကြာမကြာ စစ်ဆေးနိုင်ရင် အကောင်းဆုံးပါ။

Related Article >>> အသက်သုံးဆယ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တဲ့မေးခွန်း (၅)ခု


ဘယ်အရွယ်မှာပဲဖြစ်ဖြစ် ကြိုးစားရင်အောင်မြင်နိုင်ပါတယ်

၃။ စွန့်စားဖို့ ဝန်မလေးပါနဲ့။

လူကြီးတွေမှာ မရှိတဲ့ လူငယ်တွေရဲ့ အားသာချက်တစ်ခုက စွန့်စားလိုစိတ်ပါပဲ။ ငယ်ရွယ်သေးတဲ့အပြင် ငဲ့ကွက်စရာလည်း မရှိလေတော့ ဖြစ်ချင်ရာဖြစ် ငါလုပ်မယ်ဆိုတဲ့ စိတ်ကလေး ရှိကြပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါ။ ကိုယ်ပိုင် စီးပွားရေးလုပ်မယ်ဆိုရင် ဒီစိတ်ဓာတ်လေး မပျောက်ပျက်ပါစေနဲ့။

စွန့်စားဖို့ ဝန်မလေးပါနဲ့။ အကယ်၍ ရှုံးနိမ့်မှုတွေ၊ အမှားတွေ ရှိတယ်ဆိုရင်တောင် ပြင်ဆင်ဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက>>> http://bit.ly/2WK7oFQ

၄။ အလောမကြီးပါနဲ့။

လူငယ်တွေဆိုတော့ ဘာမဆို လုပ်လိုက်မယ်၊ ကိုင်လိုက်မယ်ဆိုတဲ့ စိတ်နဲ့ တက်ကြွကြတာပေါ့။ ဒါပေမဲ့ အလောတော့ မကြီးစေချင်ပါဘူး။ ဆုံးဖြတ်ချက်မှားတာနဲ့ အချိန်တွေ ငွေတွေ ဆုံးရှုံးနိုင်တယ်လေ။ ဘာပဲ ဆုံးဖြတ်ချက်ချချ သေသေချာချာ အချိန်ယူစဉ်းစား၊ သိနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချတာ မမှားပါဘူး။

Related Article >>> ကိုယ်ပိုင်အလုပ်တစ်ခုစတင်ဖို့ စိုးရိမ်စိတ်တွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

၅။ ဒါဟာ အဆုံးသတ် မဟုတ်ပါဘူး။

ကိုယ်ပိုင်လုပ်ငန်းဆိုတော့ စိုးရိမ်စိတ်တွေပိုများမှာပေါ့။ အချိန်တွေ၊ ငွေတွေရင်းနှီးမြှုပ်နှံထားရတာလေ။ ဆုံးရှုံးသွားရင်တော့ ငါတော့သွားပြီ ဆိုတဲ့အတွေးက ကိုယ့်ကိုဖိစီးနေနိုင်ပါတယ်။ စိတ်မပူပါနဲ့လေ။ အဲဒီလို ဖိစီးမှု များတာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိစေပါတယ်။

ဒါကြောင့် စိတ်ထဲမှာ ဒီလို အတွေးလေး တွေးထားလိုက်ပါ။ ဒီလုပ်ငန်း အောင်မြင်သည်ဖြစ်စေ ဆုံးရှုံးသည်ဖြစ်စေ ကိုယ်ကတော့ ရှိနေမှာပါ။ (သေမသွားပါဘူး) အသက်ရှင်နေသမျှ နောက်တစ်ကြိမ်ကြိုးစားခွင့်ရှိတာပဲလေ။ ငွေကြေးအားဖြင့် အမြတ်အစွန်း မရရင်တောင် အသိပညာတွေ၊ အတွေ့အကြုံတွေက ကိုယ့်အတွက် အမြတ်ပါပဲ။ ဒါကြောင့် စိုးရိမ်စိတ်ကို ဖယ်ရှားပြီး ကိုယ်လုပ်ရမယ့် အရာတွေကို အကောင်းဆုံး လုပ်လိုက်ပါ။

ဒီလောက်ဆိုရင် အသက် ၃၀ အောက်လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်ဖို့ ခွန်အားတွေရသွားကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီလုပ်ငန်းကနေ တစ်ဆင့် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအဖြစ် တက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ….

Sugar Cane (For Her Myanmar)

References : businessinsidermoneyunder30

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *