Career

သူေဌးေကာင္း တစ္ေယာက္ျဖစ္ဖို႕ လိုက္နာသင့္တဲ့ အခ်က္ (၅) ခ်က္

ကိုယ္ပိုင္လုပ္ငန္းေထာင္ၿပီး ေအာင္ျမင္ေအာင္ လုပ္မယ္ဆိုတဲ့သူေတြ သိကို သိထားရမယ္လို႔ ေျပာရင္ မလြန္ပါဘူးေနာ္… 

ပိုက္ဆံရွိရင္ ကိုယ့္လုပ္ငန္းကိုယ္ေထာင္ၿပီး ေဘာ့စ္ျဖစ္ႏိုင္တယ္ ဆိုေပမဲ့ ဝန္ထမ္းေတြ ေလးစားၿပီး ခ်စ္ခင္ရတဲ့ သူေဌးျဖစ္ဖို႔က ပိုၿပီး တာဝန္ႀကီးသလို ပိုၿပီးလည္း ခက္ခဲပါတယ္။ ေအာက္လက္ငယ္သား ဝန္ထမ္းေတြအေပၚ တာဝန္ယူမႈ ၊ အေလးထားမႈ ရွိတဲ့ ေဘာ့စ္ကို ဝန္ထမ္းတိုင္းက ေလးစားၾကပါတယ္။ ဒီလိုမွ မဟုတ္ဘဲ ကပ္ေစးႏွဲ ေခါင္းပံုျဖတ္ အျမတ္ႀကီးစားမယ္ ဆိုရင္ေတာ့ ဝန္ထမ္းေတြ အထြက္မ်ားၿပီး ကိုယ္သာ တစ္ေယာက္တည္း ကုမၸဏီမွာ ၿမဲေနတဲ့ ေဘာစိ ျဖစ္ေနမွာပါ။

ဒါေၾကာင့္ ဝန္ထမ္းေတြရဲ႕ ရင္ဖြင့္သံကို အေလးထားၿပီး တန္ဖိုးထားတတ္တဲ့ သူေဌးေကာင္းတစ္ေယာက္ျဖစ္ေအာင္ လိုက္နာသင့္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဝန္ထမ္းေတြနဲ႕ လက္တြဲေဆာင္ရြက္ပါ။

ေဘာစိဆိုတာ အေပၚစီးကေနပဲ အားလံုးကို ခ်ဳပ္ကိုင္ထားရမယ္ဆိုတဲ့ ေခတ္က ကုန္သြားခဲ့ပါၿပီ။ တကယ္ေတာ္တဲ့ ေဘာစိဆုိတာက တာဝန္နဲ႔ လုပ္ပိုင္ခြင့္ကို ခြဲေဝေပးတတ္သူ ျဖစ္ရပါမယ္။ ဝန္ထမ္းေတြနဲ႔အတူ လက္တြဲပူးေပါင္း ေဆာင္ရြက္တတ္တာကလည္း ရင္းႏွီးမႈ တိုးေစသလို တစ္ဦးခ်င္းစီရဲ႕ အားသာခ်က္ အားနည္းခ်က္ေတြကိုလည္း ေလ့လာႏိုင္ေစပါတယ္။ ဝန္ထမ္းေတြအေနနဲ႔လည္း ကိုယ့္သူေဌးရဲ႕ စိတ္သေဘာထားကို ပြင့္ပြင့္လင္းလင္း သိရမွ ယံုၾကည္မႈ တိုးလာမွာပါ။

Related Article >>> အရမ္းဆိုးတဲ့ ေဘာစိနဲ႔ဘယ္လုိဆက္ဆံၾကမလဲ

၂။ တိက်တဲ့ ေမွ်ာ္မွန္းခ်က္တစ္ခု ထားရွိပါ။

တခ်ိဳ႕ အလုပ္ခြင္ေတြမွာ ေမွ်ာ္မွန္းခ်က္တစ္ခု ေသခ်ာ မထားရွိတဲ့ သူေဌးေၾကာင့္ အလုပ္ဟာ ထင္သေလာက္ ခရီးမေပါက္တာမ်ိဳး ရွိတတ္ပါတယ္။ အလုပ္ မွန္သမွ်ကို ပံုေအာခိုင္းၿပီး မွန္းခ်က္အတိုင္း ျဖစ္မလာတဲ့အခါ အျပစ္တင္ေဝဖန္ေနတာမ်ိဳးက လံုးဝအလုပ္မျဖစ္ပါဘူး။ ဝန္ထမ္းေတြကလည္း ကိုယ္တိုင္ႀကိဳးစားလို႔ ရလာတဲ့ ေအာင္ျမင္မႈဆိုတာကို အေလးထားၾကပါတယ္။ ဒါေၾကာင့္ ပေရာဂ်က္တာဝန္အသစ္ေတြ ေပးတဲ့အခါမွာ တိက်တဲ့ ပန္းတိုင္သတ္မွတ္ေပးၿပီး အၿမဲလိုလို ၾကပ္မတ္ၾကည့္ရႈေပးတာက သူေဌးေကာင္းတစ္ေယာက္ရဲ႕ တာဝန္ပါ။

၃။ ေအာင္ျမင္မႈရတဲ့အခါ အသိအမွတ္ ျပဳေပးပါ။

သူေဌးေကာင္းတစ္ေယာက္က ဝန္ထမ္းေတြကို အေလးထားသလို တတ္ႏိုင္သမွ် ေက်းဇူးတင္စကား ေျပာတတ္သူလည္း ျဖစ္ပါတယ္။ တစ္ခုခု လုပ္လုိက္လို႔ ေအာင္ျမင္သြားခဲ့ရင္ ခ်ီးက်ဴးခံခ်င္တာဟာ သဘာဝပါ။ အလုပ္ခြင္ထဲမွာ ကိုယ္ရခဲ့တဲ့ ေအာင္ျမင္မႈအတြက္ သူေဌးက အသိအမွတ္ျပဳလိုက္ရင္ေတာ့ျဖင့္ ဆထက္တိုးၿပီး ပိုႀကိဳးစားခ်င္စိတ္ေလး ေပါက္လာေတာ့တာပါပဲ။ ဒါေၾကာင့္ ခ်ီးက်ဴးစကား ေျပာၾကားေပးတာက အလုပ္ေတြ ပိုမိုၿပီးေျမာက္ဖို႔ လမ္းစ တစ္ခုပါပဲလုိ႔…

၄။ ေပါင္းသင္းဆက္ဆံေရးေကာင္းသူ ျဖစ္ပါေစ။

ပြင့္လင္းျမင္သာမႈရွိျခင္းဟာလည္း သူေဌးေကာင္းတစ္ေယာက္ရဲ႕ အရည္အေသြးတစ္ခုပါပဲ။ ဝန္ထမ္းေတြနဲ႕ ပြင့္ပြင့္လင္းလင္း ေျပာဆိုဆက္ဆံတတ္ၿပီး တစ္ေလွတည္းစီး တစ္ခရီးတည္း သြားတဲ့ စိတ္ထားမ်ိဳးက ဝန္ထမ္းေတြနဲ႔ သူေဌးၾကားက ယံုၾကည္မႈ၊ ေလးစားမႈေတြကို ေတာက္ေျပာင္လာေစမယ့္ ေဆးတစ္ခုပါပဲ။ ျပႆနာတစ္ခုခု တက္လာခဲ့သည့္တိုင္ အမ်ားေရွ႕မွာ ဆူပူေျပာဆုိေနတာမ်ိဳးမဟုတ္ဘဲ ႏွစ္ေယာက္တည္း ရွိတဲ့အခ်ိန္မွ သြန္သင္ျပသတာက ဝန္ထမ္းေတြရဲ႕ ေလးစားမႈကို ပိုရရွိႏုိင္မယ့္ နည္းလမ္းတစ္ခုပါ။

Related Article >>> လစာညွိႏႈိင္းတဲ့အခါ ေရွာင္ရွားသင့္တဲ့ အမွား (၅) ခု

၅။ ေခတ္မီနည္းပညာေတြကို မ်က္ေျခမျပတ္တမ္း သိထားပါ။

ဒါကလည္း မရွိမျဖစ္ပါပဲ။ လုပ္ငန္းတစ္ခုကို ဦးစီးေနတဲ့ သူေဌးတစ္ေယာက္ျဖစ္ေနၿပီး ေခတ္နဲ႔ မ်က္ေျချပတ္ေနတာမ်ိဳးေတာ့ မျဖစ္သင့္ဘူးေပါ့ေနာ္… ဒီလို မ်က္ေျချပတ္မွျဖင့္လည္း ကိုယ့္လုပ္ငန္းႀကီး ေနာက္က်က်န္ေနခဲ့ေရာေပါ့… ဆိုေတာ့ ေနာက္ဆုံးေပၚ နည္းပညာေတြ ၊ စီမံခန္႔ခြဲမႈနဲ႔ ဝန္ထမ္းေကာင္း ဖြဲ႕စည္းမႈဆိုင္ရာ ေနာက္ဆံုးေပၚ သတင္းအခ်က္အလက္ေတြကိုေတာ့ သတိျပဳမွ ရပါမယ္ေနာ္…

ကဲ..ေယာင္းေယာင္းတုိ႕ရဲ႕ ေဘာ့စ္ေတြကေရာ ဒီထဲက ဘယ္ႏွစ္ခ်က္ေလာက္နဲ႔ ညီေနလဲ ေျပာသြားၾကဦးေနာ္…

With love

Ei Mon (For Her Myanmar)

<<< Unicode >>>

ကိုယ်ပိုင်လုပ်ငန်းထောင်ပြီး အောင်မြင်အောင် လုပ်မယ်ဆိုတဲ့သူတွေ သိကို သိထားရမယ်လို့ ပြောရင် မလွန်ပါဘူးနော်… 

ပိုက်ဆံရှိရင် ကိုယ့်လုပ်ငန်းကိုယ်ထောင်ပြီး ဘော့စ်ဖြစ်နိုင်တယ် ဆိုပေမဲ့ ဝန်ထမ်းတွေ လေးစားပြီး ချစ်ခင်ရတဲ့ သူဌေးဖြစ်ဖို့က ပိုပြီး တာဝန်ကြီးသလို ပိုပြီးလည်း ခက်ခဲပါတယ်။ အောက်လက်ငယ်သား ဝန်ထမ်းတွေအပေါ် တာဝန်ယူမှု ၊ အလေးထားမှု ရှိတဲ့ ဘော့စ်ကို ဝန်ထမ်းတိုင်းက လေးစားကြပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကပ်စေးနှဲ ခေါင်းပုံဖြတ် အမြတ်ကြီးစားမယ် ဆိုရင်တော့ ဝန်ထမ်းတွေ အထွက်များပြီး ကိုယ်သာ တစ်ယောက်တည်း ကုမ္ပဏီမှာ မြဲနေတဲ့ ဘောစိ ဖြစ်နေမှာပါ။

ဒါကြောင့် ဝန်ထမ်းတွေရဲ့ ရင်ဖွင့်သံကို အလေးထားပြီး တန်ဖိုးထားတတ်တဲ့ သူဌေးကောင်းတစ်ယောက်ဖြစ်အောင် လိုက်နာသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဝန်ထမ်းတွေနဲ့ လက်တွဲဆောင်ရွက်ပါ။

ဘောစိဆိုတာ အပေါ်စီးကနေပဲ အားလုံးကို ချုပ်ကိုင်ထားရမယ်ဆိုတဲ့ ခေတ်က ကုန်သွားခဲ့ပါပြီ။ တကယ်တော်တဲ့ ဘောစိဆိုတာက တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ခွဲဝေပေးတတ်သူ ဖြစ်ရပါမယ်။ ဝန်ထမ်းတွေနဲ့အတူ လက်တွဲပူးပေါင်း ဆောင်ရွက်တတ်တာကလည်း ရင်းနှီးမှု တိုးစေသလို တစ်ဦးချင်းစီရဲ့ အားသာချက် အားနည်းချက်တွေကိုလည်း လေ့လာနိုင်စေပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း ကိုယ့်သူဌေးရဲ့ စိတ်သဘောထားကို ပွင့်ပွင့်လင်းလင်း သိရမှ ယုံကြည်မှု တိုးလာမှာပါ။

Related Article >>> အရမ်းဆိုးတဲ့ ဘောစိနဲ့ဘယ်လိုဆက်ဆံကြမလဲ

၂။ တိကျတဲ့ မျှော်မှန်းချက်တစ်ခု ထားရှိပါ။

တချို့ အလုပ်ခွင်တွေမှာ မျှော်မှန်းချက်တစ်ခု သေချာ မထားရှိတဲ့ သူဌေးကြောင့် အလုပ်ဟာ ထင်သလောက် ခရီးမပေါက်တာမျိုး ရှိတတ်ပါတယ်။ အလုပ် မှန်သမျှကို ပုံအောခိုင်းပြီး မှန်းချက်အတိုင်း ဖြစ်မလာတဲ့အခါ အပြစ်တင်ဝေဖန်နေတာမျိုးက လုံးဝအလုပ်မဖြစ်ပါဘူး။ ဝန်ထမ်းတွေကလည်း ကိုယ်တိုင်ကြိုးစားလို့ ရလာတဲ့ အောင်မြင်မှုဆိုတာကို အလေးထားကြပါတယ်။ ဒါကြောင့် ပရောဂျက်တာဝန်အသစ်တွေ ပေးတဲ့အခါမှာ တိကျတဲ့ ပန်းတိုင်သတ်မှတ်ပေးပြီး အမြဲလိုလို ကြပ်မတ်ကြည့်ရှုပေးတာက သူဌေးကောင်းတစ်ယောက်ရဲ့ တာဝန်ပါ။

၃။ အောင်မြင်မှုရတဲ့အခါ အသိအမှတ် ပြုပေးပါ။

သူဌေးကောင်းတစ်ယောက်က ဝန်ထမ်းတွေကို အလေးထားသလို တတ်နိုင်သမျှ ကျေးဇူးတင်စကား ပြောတတ်သူလည်း ဖြစ်ပါတယ်။ တစ်ခုခု လုပ်လိုက်လို့ အောင်မြင်သွားခဲ့ရင် ချီးကျူးခံချင်တာဟာ သဘာဝပါ။ အလုပ်ခွင်ထဲမှာ ကိုယ်ရခဲ့တဲ့ အောင်မြင်မှုအတွက် သူဌေးက အသိအမှတ်ပြုလိုက်ရင်တော့ဖြင့် ဆထက်တိုးပြီး ပိုကြိုးစားချင်စိတ်လေး ပေါက်လာတော့တာပါပဲ။ ဒါကြောင့် ချီးကျူးစကား ပြောကြားပေးတာက အလုပ်တွေ ပိုမိုပြီးမြောက်ဖို့ လမ်းစ တစ်ခုပါပဲလို့…

၄။ ပေါင်းသင်းဆက်ဆံရေးကောင်းသူ ဖြစ်ပါစေ။

ပွင့်လင်းမြင်သာမှုရှိခြင်းဟာလည်း သူဌေးကောင်းတစ်ယောက်ရဲ့ အရည်အသွေးတစ်ခုပါပဲ။ ဝန်ထမ်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်ပြီး တစ်လှေတည်းစီး တစ်ခရီးတည်း သွားတဲ့ စိတ်ထားမျိုးက ဝန်ထမ်းတွေနဲ့ သူဌေးကြားက ယုံကြည်မှု၊ လေးစားမှုတွေကို တောက်ပြောင်လာစေမယ့် ဆေးတစ်ခုပါပဲ။ ပြဿနာတစ်ခုခု တက်လာခဲ့သည့်တိုင် အများရှေ့မှာ ဆူပူပြောဆိုနေတာမျိုးမဟုတ်ဘဲ နှစ်ယောက်တည်း ရှိတဲ့အချိန်မှ သွန်သင်ပြသတာက ဝန်ထမ်းတွေရဲ့ လေးစားမှုကို ပိုရရှိနိုင်မယ့် နည်းလမ်းတစ်ခုပါ။

Related Article >>> လစာညှိနှိုင်းတဲ့အခါ ရှောင်ရှားသင့်တဲ့ အမှား (၅) ခု

၅။ ခေတ်မီနည်းပညာတွေကို မျက်ခြေမပြတ်တမ်း သိထားပါ။

ဒါကလည်း မရှိမဖြစ်ပါပဲ။ လုပ်ငန်းတစ်ခုကို ဦးစီးနေတဲ့ သူဌေးတစ်ယောက်ဖြစ်နေပြီး ခေတ်နဲ့ မျက်ခြေပြတ်နေတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့နော်… ဒီလို မျက်ခြေပြတ်မှဖြင့်လည်း ကိုယ့်လုပ်ငန်းကြီး နောက်ကျကျန်နေခဲ့ရောပေါ့… ဆိုတော့ နောက်ဆုံးပေါ် နည်းပညာတွေ ၊ စီမံခန့်ခွဲမှုနဲ့ ဝန်ထမ်းကောင်း ဖွဲ့စည်းမှုဆိုင်ရာ နောက်ဆုံးပေါ် သတင်းအချက်အလက်တွေကိုတော့ သတိပြုမှ ရပါမယ်နော်…

ကဲ..ယောင်းယောင်းတို့ရဲ့ ဘော့စ်တွေကရော ဒီထဲက ဘယ်နှစ်ချက်လောက်နဲ့ ညီနေလဲ ပြောသွားကြဦးနော်…

With love

Ei Mon (For Her Myanmar)

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *