Career

လစာညွိႏႈိင္းတဲ့အခါ ေရွာင္ရွားသင့္တဲ့ အမွား (၅) ခု

ဂ်င္းမမိဖို႕ အေရးႀကီးပါတယ္

>>> Zawgyi >>>

အလုပ္အင္တာဗ်ဴး လို႕ဆိုလိုက္ရင္ မပါမျဖစ္ အခ်က္ကေတာ့  ေမွ်ာ္မွန္းလစာပါ။ ကိုယ္ေမွ်ာ္မွန္းထားတဲ့ လစာအတိုင္းရဖို႕ ကိုယ့္ရဲ႕ performance ေတြကို အံဝင္ခြင္က် ေျပာျပႏိုင္မလား ဒါမွမဟုတ္ ဂ်င္းထည့္တဲ့ ကုမၸဏီ ျဖစ္ေနမလား ဆိုတာကိုလည္း ေတြးၿပီး ရင္ခုန္ရပါတယ္။ ကိုယ့္ရဲ႕ ေမွ်ာ္မွန္းလစာက သူတို႔ေပးႏိုင္တာထက္ နည္းေနမလား ပိုသြားမလား ဆိုတာကိုလည္း ႀကိဳတင္ စဥ္းစားရပါတယ္။

လစာညွိႏိႈင္းတဲ့အခါ ျပဳလုပ္မိတဲ့ အမွားတစ္ခ်ိဳ႕ေၾကာင့္ ရာထူးေနရာနဲ႕ လြဲေခ်ာ္သြားသူေတြလည္း ရွိပါတယ္။ ဘယ္လိုအမွားေတြေၾကာင့္လဲ ဆိုတာ တစ္ခ်က္ေျပာျပမယ္ေနာ္။

၁။ လံုးဝညွိႏႈိင္းမႈ မရွိျခင္း

ဒီလို ျပႆနာက ေက်ာင္းၿပီးၿပီးခ်င္း လုပ္ငန္းခြင္ထဲ ဝင္ဖို႕ တာဆူေနသူေတြမွာ အျဖစ္မ်ားပါတယ္။ အလုပ္တစ္ခုရရင္ၿပီးေရာ ကိုယ့္လစာကိုယ္ သံုးရမယ္ဆိုရင္ ဘယ္ေလာက္ေပးေပး လုပ္မယ္ကြာ ဆိုလို႕ကေတာ့ ငါးပါးေမွာက္ပါၿပီ။ ဒီလို အခြင့္ေကာင္းမ်ိဳးကို ေစာင့္ေနတဲ့ လုပ္ငန္းရွင္ေတြကေတာ့ No experience ဆိုတဲ့ အခ်က္နဲ႕ ကိုင္ေပါက္ၿပီး ေပးသင့္တဲ့ လစာထက္ ပိုနည္းတဲ့ ပမာဏကို ကမ္းလွမ္းမွာပါ။

Related article >>> ဘြဲ႕ရခါစ လူငယ္မ်ားအတြက္ အလုပ္ခြင္ဝင္ရန္ လိုအပ္ေသာ အရည္အခ်င္းမ်ား ႏွင့္ ထိုအရည္အခ်င္းမ်ားကို ရယူနည္းမ်ား။

၂။ လစာအေၾကာင္းကို ပြဲဦးထြက္ စေမးမိျခင္း

အင္တာဗ်ဴး ေျဖတဲ့အခါ ျမန္ျမန္ၿပီးေအာင္ လစာအေၾကာင္း ေစာေစာေျပာလိုက္မယ္ ဆိုရင္ေတာ့ မွားပါတယ္ ေယာင္းေရ။ ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းရည္ကို မျပရေသးခင္ ေတာင္းလိုက္တဲ့ လစာက သူတို႕စိတ္ထဲမွာ မတန္ဘူးလို႕ ယူဆသြားႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က သူတို႕သိခ်င္တာေတြ အားလံုးကုန္ေတာ့မွ လစာအေၾကာင္း စေျပာတဲ့ HR နဲ႕ တိုးရင္ ကိုယ္ရဲ႕ အလ်င္လိုမႈက ဒုကၡျဖစ္သြားေစႏိုင္ပါတယ္။ အကယ္လို႕ ေပးမယ့္လစာက နည္းခဲ့ရင္ေတာင္မွ တျခားေသာ ခံစားခြင့္ေတြ ရွိမလားဆိုတာကို ခ်ိန္ဆရပါဦးမယ္။

၃။ ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းရည္ကို လိမ္ညာေျပာျခင္း

အင္တာဗ်ဴးမွာ ကိုယ့္ရဲ႕ စြမ္းရည္ကို မ်ားမ်ားဇမ္းတင္ႏိုင္ေလ လစာပိုရေလလို႕ ထင္ၾကသူေတြ ရွိပါတယ္။ ဒါေပမဲ့ လိမ္ညာမုသားေျပာၿပီး ပိုပိုသာသာ ဂ်င္းထည့္မယ္ဆိုရင္ေတာ့ ကိုယ့္စကားနဲ႕ ကိုယ္ တိုင္ျပန္ပတ္ေနမွာပါ။ တကယ္လို႕ ကိုယ့္ရဲ႕ အလိမ္အညာကို ယံုၾကည္ၿပီး အလုပ္ခန္႔တယ္ ဆိုရင္ေတာင္မွ ေနာက္ပိုင္းသိသြားတဲ့အခါ ကိုယ္အလုပ္ျပဳတ္မွာပါ။

Related article >>> ေဘာစိဆီက လစာတိုးေတာင္းၾကမယ္

၄။ လစာတစ္ခုတည္းကိုပဲ မညွိႏႈိင္းပါနဲ႕

အင္တာဗ်ဴးေျဖတဲ့အခါ လစာတစ္ခုတည္းပဲ ညွိႏႈိင္းရံုနဲ႕ မၿပီးပါဘူး ေယာင္းေရ။ လစာႀကီး တစ္ပံုတစ္ပင္ရေပမဲ့ ေပ်ာ္ဖို႔မေကာင္းတဲ့ လုပ္ငန္းခြင္မွာဆိုလည္း ေက်နပ္ဖို႕ရာ မရွိပါဘူး။ တစ္ျခားေသာ ခံစားခြင့္ေတြကို သိၿပီးေတာ့မွ လစာက ထိုက္တန္မႈ ရွိမရွိကို ဆံုးျဖတ္ရင္ ပိုေကာင္းပါတယ္ ေယာင္းေရ။

၅။ စကားအမ်ားႀကီးေျပာျခင္း

အင္တာဗ်ဴးမွာ လစာညွိႏိႈင္းၿပီး မန္ေနဂ်ာဘက္က ခဏတာ ႏႈတ္ဆိတ္ေနခ်ိန္မွာ ကိုယ္က ေျပာခ်င္ေဇာေလာၿပီး ကရားေရလႊတ္ ေလွ်ာက္ေျပာတာေတြ မလုပ္ပါနဲ႕ ေယာင္းေရ။ ဒီလိုဆိုရင္ သူတို႕ စဥ္းစားရက်ပ္ၿပီး မွန္ကန္တဲ့ ပမာဏကို ဆံုးျဖတ္ေပးႏိုင္မွာ မဟုတ္ပါဘူး။

ဒီအခ်က္ေလးေတြကို သိထားၿပီဆိုရင္ေတာ့ လစာညွိႏႈိင္းရာမွာ ေယာင္း အဆင္ေျပႏိုင္ပါေစ ေနာ္။

With love

Ei Mon (For Her Myanmar)

Reference: psychologytoday,glassdoor

>>> Unicode >>>

ဂျင်းမမိဖို့ အရေးကြီးပါတယ်

အလုပ်အင်တာဗျူး လို့ဆိုလိုက်ရင် မပါမဖြစ် အချက်ကတော့  မျှော်မှန်းလစာပါ။ ကိုယ်မျှော်မှန်းထားတဲ့ လစာအတိုင်းရဖို့ ကိုယ့်ရဲ့ performance တွေကို အံဝင်ခွင်ကျ ပြောပြနိုင်မလား ဒါမှမဟုတ် ဂျင်းထည့်တဲ့ ကုမ္ပဏီ ဖြစ်နေမလား ဆိုတာကိုလည်း တွေးပြီး ရင်ခုန်ရပါတယ်။ ကိုယ့်ရဲ့ မျှော်မှန်းလစာက သူတို့ပေးနိုင်တာထက် နည်းနေမလား ပိုသွားမလား ဆိုတာကိုလည်း ကြိုတင် စဉ်းစားရပါတယ်။

လစာညှိနှိုင်းတဲ့အခါ ပြုလုပ်မိတဲ့ အမှားတစ်ချို့ကြောင့် ရာထူးနေရာနဲ့ လွဲချော်သွားသူတွေလည်း ရှိပါတယ်။ ဘယ်လိုအမှားတွေကြောင့်လဲ ဆိုတာ တစ်ချက်ပြောပြမယ်နော်။

၁။ လုံးဝညှိနှိုင်းမှု မရှိခြင်း

ဒီလို ပြဿနာက ကျောင်းပြီးပြီးချင်း လုပ်ငန်းခွင်ထဲ ဝင်ဖို့ တာဆူနေသူတွေမှာ အဖြစ်များပါတယ်။ အလုပ်တစ်ခုရရင်ပြီးရော ကိုယ့်လစာကိုယ် သုံးရမယ်ဆိုရင် ဘယ်လောက်ပေးပေး လုပ်မယ်ကွာ ဆိုလို့ကတော့ ငါးပါးမှောက်ပါပြီ။ ဒီလို အခွင့်ကောင်းမျိုးကို စောင့်နေတဲ့ လုပ်ငန်းရှင်တွေကတော့ No experience ဆိုတဲ့ အချက်နဲ့ ကိုင်ပေါက်ပြီး ပေးသင့်တဲ့ လစာထက် ပိုနည်းတဲ့ ပမာဏကို ကမ်းလှမ်းမှာပါ။

Related article >>> ဘွဲ့ရခါစ လူငယ်များအတွက် အလုပ်ခွင်ဝင်ရန် လိုအပ်သော အရည်အချင်းများ နှင့် ထိုအရည်အချင်းများကို ရယူနည်းများ။

၂။ လစာအကြောင်းကို ပွဲဦးထွက် စမေးမိခြင်း

အင်တာဗျူး ဖြေတဲ့အခါ မြန်မြန်ပြီးအောင် လစာအကြောင်း စောစောပြောလိုက်မယ် ဆိုရင်တော့ မှားပါတယ် ယောင်းရေ။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရည်ကို မပြရသေးခင် တောင်းလိုက်တဲ့ လစာက သူတို့စိတ်ထဲမှာ မတန်ဘူးလို့ ယူဆသွားနိုင်ပါတယ်။ နောက်တစ်ချက်က သူတို့သိချင်တာတွေ အားလုံးကုန်တော့မှ လစာအကြောင်း စပြောတဲ့ HR နဲ့ တိုးရင် ကိုယ်ရဲ့ အလျင်လိုမှုက ဒုက္ခဖြစ်သွားစေနိုင်ပါတယ်။ အကယ်လို့ ပေးမယ့်လစာက နည်းခဲ့ရင်တောင်မှ တခြားသော ခံစားခွင့်တွေ ရှိမလားဆိုတာကို ချိန်ဆရပါဦးမယ်။

၃။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရည်ကို လိမ်ညာပြောခြင်း

အင်တာဗျူးမှာ ကိုယ့်ရဲ့ စွမ်းရည်ကို များများဇမ်းတင်နိုင်လေ လစာပိုရလေလို့ ထင်ကြသူတွေ ရှိပါတယ်။ ဒါပေမဲ့ လိမ်ညာမုသားပြောပြီး ပိုပိုသာသာ ဂျင်းထည့်မယ်ဆိုရင်တော့ ကိုယ့်စကားနဲ့ ကိုယ် တိုင်ပြန်ပတ်နေမှာပါ။ တကယ်လို့ ကိုယ့်ရဲ့ အလိမ်အညာကို ယုံကြည်ပြီး အလုပ်ခန့်တယ် ဆိုရင်တောင်မှ နောက်ပိုင်းသိသွားတဲ့အခါ ကိုယ်အလုပ်ပြုတ်မှာပါ။

Related article >>> ဘောစိဆီက လစာတိုးတောင်းကြမယ်

၄။ လစာတစ်ခုတည်းကိုပဲ မညှိနှိုင်းပါနဲ့

အင်တာဗျူးဖြေတဲ့အခါ လစာတစ်ခုတည်းပဲ ညှိနှိုင်းရုံနဲ့ မပြီးပါဘူး ယောင်းရေ။ လစာကြီး တစ်ပုံတစ်ပင်ရပေမဲ့ ပျော်ဖို့မကောင်းတဲ့ လုပ်ငန်းခွင်မှာဆိုလည်း ကျေနပ်ဖို့ရာ မရှိပါဘူး။ တစ်ခြားသော ခံစားခွင့်တွေကို သိပြီးတော့မှ လစာက ထိုက်တန်မှု ရှိမရှိကို ဆုံးဖြတ်ရင် ပိုကောင်းပါတယ် ယောင်းရေ။

၅။ စကားအများကြီးပြောခြင်း

အင်တာဗျူးမှာ လစာညှိနှိုင်းပြီး မန်နေဂျာဘက်က ခဏတာ နှုတ်ဆိတ်နေချိန်မှာ ကိုယ်က ပြောချင်ဇောလောပြီး ကရားရေလွှတ် လျှောက်ပြောတာတွေ မလုပ်ပါနဲ့ ယောင်းရေ။ ဒီလိုဆိုရင် သူတို့ စဉ်းစားရကျပ်ပြီး မှန်ကန်တဲ့ ပမာဏကို ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီအချက်လေးတွေကို သိထားပြီဆိုရင်တော့ လစာညှိနှိုင်းရာမှာ ယောင်း အဆင်ပြေနိုင်ပါစေ နော်။

With love

Ei Mon (For Her Myanmar)

Reference: psychologytoday,glassdoor

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *