အင္တာဗ်ဴးေျဖအၿပီးမွာ အလုပ္ရွင္ကို ေမးသင့္တဲ့ေမးခြန္းႀကီး (၅) ခု

အလုပ္ရွင္ရဲ႕အထင္တႀကီး စိတ္ဝင္စားမႈကို ရဖို႔ ဒီလိုေမးခြန္းေတြ ေမးတတ္ဖို႔ လိုမယ္ေနာ္.. 

ေယာင္းတို႔ေရ … အလုပ္ေလွ်ာက္တိုင္းမွာ အလုပ္ရွင္ဘက္ ကိုယ့္ရဲ႕အရည္အခ်င္းေတြကို သေဘာက်တယ္ဆိုရင္ အင္တာဗ်ဴးေခၚတာ သိၾကမယ္ထင္ပါတယ္။ ဒါေပမဲ့ အင္တာဗ်ဴးဆိုတာ သူေမးတာေတြေျဖလိုက္ရုံနဲ႔လည္း မၿပီးေသးဘူး ေယာင္းရဲ႕။ အလုပ္ရွင္ကိုလည္း ကိုယ္သိဖို႔လိုအပ္တာေတြ ေမးခြန္းျပန္ထုတ္တတ္ဦးမွ။ ဒီေတာ့ အင္တာဗ်ဴးအၿပီးမွာ အလုပ္ရွင္ကို ဘယ္လိုေမးခြန္းေတြ ေမးသင့္လဲဆိုေတာ့ …

(၁) ဒီအလုပ္ရဲ႕ တာဝန္ေတြက ဘာေတြလဲ ?

ဒါက ေယာင္းအတြက္ ဒီအလုပ္နဲ႔ကိုယ္နဲ႔ တကယ္ေကာအပ္စပ္ရဲ႕လားဆိုတာ သိႏိုင္တဲ့အခြင့္အေရးတစ္ခုပါပဲ။ တစ္ေန႔နဲ႔တစ္ေန႔လုပ္ေဆာင္ရမယ့္ တာဝန္ေတြကို နားလည္ထားတဲ့အခါ လိုအပ္တဲ့အရည္အခ်င္းေတြ၊ အျမင္သစ္ေတြကို ရွင္းရွင္းလင္းလင္းသိႏိုင္တာေပါ့။

(၂) ကုမၸဏီရဲ႕ေမွ်ာ္မွန္းခ်က္ေတြက ဘာေတြလဲ ? ဒီေမွ်ာ္မွန္းခ်က္အတိုင္းျဖစ္လာဖို႔ ဝန္ထမ္းဆီက ဘယ္လိုအရည္အခ်င္းေတြ ေမွ်ာ္လင့္သလဲ ?

ဒီေမးခြန္းက ဒီအလုပ္ကို ေယာင္းအမွန္တကယ္စိတ္ဝင္စားေၾကာင္း အလုပ္ရွင္ကို သတိထားမိေစပါတယ္။ ၿပီးေတာ့ အလုပ္ရွင္ရဲ႕ ပန္းတိုင္ကိုသိထားေတာ့ အလုပ္လုပ္ရတဲ့အခါ ကိုယ္ႀကိဳးစားသေလာက္ အရာမထင္တာမ်ိဳးေတြ မျဖစ္ေတာ့ဘူးေပါ့။

Related article >>> ကိုယ္႔ရဲ႕ career မွာ ေပ်ာ္ရႊင္ဖို႔အတြက္ လက္လႊတ္လုိက္သင့္တဲ႔ ယံုၾကည္မႈ ၃ခု 

(၃) ဒီကုမၸဏီမွာ အလုပ္လုပ္ရင္ ကိုယ့္ဘဝတိုးတက္ဖို႔ ဘယ္လိုအခြင့္အေရးေတြရွိလဲ ?

ကိုယ့္ဘက္က အခ်ိန္နဲ႔လူအင္အားစိုက္ထုတ္ရတဲ့အတူေတာ့ လုပ္ငန္းခြင္ကေန သင္ယူစရာေတြလည္းရွိဖို႔လိုတာေပါ့ေနာ္။ ဒါေၾကာင့္ ကိုယ့္ကို လုပ္ငန္းခြင္အေတြ႔အၾကံဳတိုးေစဖို႔ ေရွ႕ေလွ်ာက္ဘယ္လိုအခြင့္အေရးေတြရွိႏိုင္လဲဆိုတာ တစ္ခါတည္းသိေအာင္ေမးထားပါ။

(၄) ကိုယ္အလုပ္လုပ္ရမယ့္ လုပ္ငန္းခြင္အေျခအေန

ရုံးမွာ ကိုယ္နဲ႔တူတူအလုပ္တြဲလုပ္ရမယ့္လူေတြနဲ႔ အဆင္ေျပေအာင္ ေနတတ္ထိုင္တတ္ဖို႔ကလည္း အေရးႀကီးေသးတာဆိုေတာ့ ကိုယ္ ဘယ္သူေတြနဲ႔ တြဲလုပ္ရမယ္၊ လုပ္ငန္းခြင္ထဲမွာ ဘယ္လို အေျခအေနရွိတယ္ဆိုတာ အရိပ္အႁမြက္ေလာက္သိထားတာက ေယာင္းကို အေထာက္အကူ ျဖစ္ေစမယ့္အျပင္ ကိုယ့္ရဲ႕ စိတ္ဝင္စားမႈကိုလည္း ေပၚလြင္ေစပါတယ္။

Related article >>> ေအာင္ျမင္တဲ့ဘဝတက္လမ္း ေအာင္ျမင္တဲ့ Career သို႔သြားမယ္

(၅) ကိုယ္ရင္ဆိုင္ရေလာက္တဲ့ စိန္ေခၚမႈေတြက ဘာေတြျဖစ္ေလာက္မလဲ?

အေကာင္းေတြခ်ည္းပဲ သိထားလို႔မရပါဘူးေနာ္။ ဒီအလုပ္မွာ ျဖစ္လိုက္ႏိုင္တဲ့ ျပႆနာေတြ၊ ကိုယ္ၾကံဳေတြ႕ရမယ့္ စိန္ေခၚမႈေတြကို ႀကိဳသိထားမွသာ အေရးဟယ္အေၾကာင္းဟယ္ဆို ျမန္ျမန္ဆန္ဆန္ ခ်က္က်လက္က်ေျဖရွင္းႏိုင္မွာေပါ့… ဒီေမးခြန္းကလည္း ေယာင္းအေပၚ အလုပ္ရွင္ရဲ႕ စိတ္ဝင္စားမႈကို တိုးသြားေစပါတယ္။

ကဲ … ဒါေတြကေတာ့ အင္တာဗ်ဴးအၿပီးမွာ ကိုယ့္ရဲ႕အလုပ္ရွင္ျဖစ္လာႏိုင္သူကို ေမးသင့္တဲ့ေမးခြန္းေလးေတြပါပဲ။ ရိုင္းသလိုလည္းမျဖစ္ဘဲ ကိုယ္လိုခ်င္တဲ့အခ်က္ေတြကို သိႏိုင္တာမို႔ ေယာင္းတို႔အတြက္ အကူအညီျဖစ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္။

Stella (For Her Myanmar)

References : The balance career, Big Interview, Glass door

<<< Unicode >>>

အလုပ်ရှင်ရဲ့အထင်ကြီးခြင်းခံရဖို့ ဒီလိုမေးခွန်းတွေ မေးတတ်ဖို့လိုမယ်

ယောင်းတို့ရေ … အလုပ်လျှောက်တိုင်းမှာ အလုပ်ရှင်ဘက် ကိုယ့်ရဲ့အရည်အချင်းတွေကို သဘောကျတယ်ဆိုရင် အင်တာဗျူးခေါ်တာ သိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးဆိုတာ သူမေးတာတွေဖြေလိုက်ရုံနဲ့လည်း မပြီးသေးဘူး ယောင်းရဲ့။ အလုပ်ရှင်ကိုလည်း ကိုယ်သိဖို့လိုအပ်တာတွေ မေးခွန်းပြန်ထုတ်တတ်ဦးမှ။ ဒီတော့ အင်တာဗျူးအပြီးမှာ အလုပ်ရှင်ကို ဘယ်လိုမေးခွန်းတွေ မေးသင့်လဲဆိုတော့ …

(၁) ဒီအလုပ်ရဲ့ တာဝန်တွေက ဘာတွေလဲ ?

ဒါက ယောင်းအတွက် ဒီအလုပ်နဲ့ကိုယ်နဲ့ တကယ်ကောအပ်စပ်ရဲ့လားဆိုတာ သိနိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ။ တစ်နေ့နဲ့တစ်နေ့လုပ်ဆောင်ရမယ့် တာဝန်တွေကို နားလည်ထားတဲ့အခါ လိုအပ်တဲ့အရည်အချင်းတွေ၊ အမြင်သစ်တွေကို ရှင်းရှင်းလင်းလင်းသိနိုင်တာပေါ့။

(၂) ကုမ္ပဏီရဲ့မျှော်မှန်းချက်တွေက ဘာတွေလဲ ? ဒီမျှော်မှန်းချက်အတိုင်းဖြစ်လာဖို့ ဝန်ထမ်းဆီက ဘယ်လိုအရည်အချင်းတွေ မျှော်လင့်သလဲ ?

ဒီမေးခွန်းက ဒီအလုပ်ကို ယောင်းအမှန်တကယ်စိတ်ဝင်စားကြောင်း အလုပ်ရှင်ကို သတိထားမိစေပါတယ်။ ပြီးတော့ အလုပ်ရှင်ရဲ့ ပန်းတိုင်ကိုသိထားတော့ အလုပ်လုပ်ရတဲ့အခါ ကိုယ်ကြိုးစားသလောက် အရာမထင်တာမျိုးတွေ မဖြစ်တော့ဘူးပေါ့။

Related article >>> ကိုယ့်ရဲ့ career မှာ ပျော်ရွှင်ဖို့အတွက် လက်လွှတ်လိုက်သင့်တဲ့ ယုံကြည်မှု ၃ခု 

(၃) ဒီကုမ္ပဏီမှာ အလုပ်လုပ်ရင် ကိုယ့်ဘဝတိုးတက်ဖို့ ဘယ်လိုအခွင့်အရေးတွေရှိလဲ ?

ကိုယ့်ဘက်က အချိန်နဲ့လူအင်အားစိုက်ထုတ်ရတဲ့အတူတော့ လုပ်ငန်းခွင်ကနေ သင်ယူစရာတွေလည်းရှိဖို့လိုတာပေါ့နော်။ ဒါကြောင့် ကိုယ့်ကို လုပ်ငန်းခွင်အတွေ့အကြုံတိုးစေဖို့ ရှေ့လျှောက်ဘယ်လိုအခွင့်အရေးတွေရှိနိုင်လဲဆိုတာ တစ်ခါတည်းသိအောင်မေးထားပါ။

(၄) ကိုယ်အလုပ်လုပ်ရမယ့် လုပ်ငန်းခွင်အခြေအနေ

ရုံးမှာ ကိုယ်နဲ့တူတူအလုပ်တွဲလုပ်ရမယ့်လူတွေနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်ဖို့ကလည်း အရေးကြီးသေးတာဆိုတော့ ကိုယ် ဘယ်သူတွေနဲ့ တွဲလုပ်ရမယ်၊ လုပ်ငန်းခွင်ထဲမှာ ဘယ်လို အခြေအနေရှိတယ်ဆိုတာ အရိပ်အမြွက်လောက်သိထားတာက ယောင်းကို အထောက်အကူ ဖြစ်စေမယ့်အပြင် ကိုယ့်ရဲ့ စိတ်ဝင်စားမှုကိုလည်း ပေါ်လွင်စေပါတယ်။

Related article >>> အောင်မြင်တဲ့ဘဝတက်လမ်း အောင်မြင်တဲ့ Career သို့သွားမယ်

(၅) ကိုယ်ရင်ဆိုင်ရလောက်တဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်လောက်မလဲ?

အကောင်းတွေချည်းပဲ သိထားလို့မရပါဘူးနော်။ ဒီအလုပ်မှာ ဖြစ်လိုက်နိုင်တဲ့ ပြဿနာတွေ၊ ကိုယ်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကြိုသိထားမှသာ အရေးဟယ်အကြောင်းဟယ်ဆို မြန်မြန်ဆန်ဆန် ချက်ကျလက်ကျဖြေရှင်းနိုင်မှာပေါ့… ဒီမေးခွန်းကလည်း ယောင်းအပေါ် အလုပ်ရှင်ရဲ့ စိတ်ဝင်စားမှုကို တိုးသွားစေပါတယ်။

ကဲ … ဒါတွေကတော့ အင်တာဗျူးအပြီးမှာ ကိုယ့်ရဲ့အလုပ်ရှင်ဖြစ်လာနိုင်သူကို မေးသင့်တဲ့မေးခွန်းလေးတွေပါပဲ။ ရိုင်းသလိုလည်းမဖြစ်ဘဲ ကိုယ်လိုချင်တဲ့အချက်တွေကို သိနိုင်တာမို့ ယောင်းတို့အတွက် အကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။

Stella (For Her Myanmar)

References : The balance career, Big Interview, Glass door

No Comments Yet

Comments are closed