Career

အလုပ္မွာ အေပ်ာ္ေတြမ်ားလာတဲ့အခ်ိန္ ျဖစ္တတ္တဲ့ ဆိုးက်ိဳး (၅) ခ်က္

အေပ်ာ္ေတြမ်ားလာတဲ့အခါ အပ်က္ဘက္ေရာက္သြားတတ္တာ သဘာဝပါ 🙄 

ကိုယ့္ရဲ႕ စိတ္အေျခအေန အေကာင္းအဆိုးေပၚ မူတည္ၿပီး ကိုယ့္အလုပ္ခြင္ကို တိုက္ရိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ထိခိုက္တာမ်ိဳးျဖစ္ေစတတ္ပါတယ္တဲ့။ အရင္တုန္းကေတာ့ ကုမၸဏီေတြမွာ ကိုယ့္အလုပ္ၿပီးရင္ၿပီးေရာ ဝန္ထမ္းက ေသေသေၾကေၾက ကိုယ္နဲ႔မဆိုင္ဘူးဆိုတဲ့ ဘယ္သူေသေသ ငေတမာရင္ၿပီးေရာဆိုတဲ့ စိတ္ဓာတ္နဲ႔ အထက္လူႀကီးေတြ မ်ားခဲ့ေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ ကိုယ့္ကုမၸဏီပိုၿပီး တိုးတက္ဖို႔အတြက္ ဝန္ထမ္းေတြရဲ႕ စိတ္ခ်မ္းသာမႈကို ဦးစားေပးၿပီး စိတ္ဓာတ္ျမွင့္တင္ေရး လုပ္ငန္းေတြကို လုပ္ေဆာင္လာၾကပါတယ္။ ဒါေပမဲ့ တန္ေဆးလြန္ေဘး ဆိုတဲ့စကားအတိုင္း အေပ်ာ္ေတြပဲ စြတ္မ်ားလာတဲ့အခါ ေဘးထြက္ဆိုးက်ိဳးေလးေတြ ရွိလာတတ္ပါတယ္။

(၁) အလုပ္မလုပ္ခ်င္ေတာ့ဘူး။

ဒါကေတာ့ ရွင္းပါတယ္။ လူဆိုတဲ့အမ်ိဳးကိုက သာရာေနာက္လိုက္တတ္တဲ့ သေဘာမို႔ အေပ်ာ္ေတြပဲ ဆက္တိုက္ဆိုသလို လုပ္ေနတဲ့အခါ လံုးဝအလုပ္လုပ္ခ်င္စိတ္ မရွိေတာ့တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ (အခ်ိဳစားေနက် လူတစ္ေယာက္ကို အခါးရုတ္တရက္ ေကၽြးတဲ့အခါ ခါးခါးတူးတူးျငင္းသလိုမ်ိဳးေပါ့။) ပ်င္းသြားတာေပါ့ေလ အလြယ္ေျပာရရင္…

(၂) အလုပ္ကို ေန႔ေရႊ႕ညေရႊ႕ လုပ္လာတယ္။

ဒါကေတာ့ ပထမတစ္ခ်က္ရဲ႕ေနာက္ဆက္တြဲေပါ့။ အလုပ္လုပ္ရမွာ ပ်င္းလာေတာ့ ဒီေန႔ မလုပ္လည္း ရပါတယ္ကြာ။ မနက္ျဖန္မွ လုပ္မယ္။ အဲဒီ မနက္ျဖန္ဆိုတဲ့ ေန႔ေရာက္လာေတာ့လည္း ေနာက္ေန႔မွ လုပ္မယ္ဆိုၿပီး မၿပီးဆံုးႏိုင္တဲ့ မနက္ျဖန္ေပါင္းမ်ားစြားကို ေရႊ႕ရင္းေရႊ႕ရင္းနဲ႔ လကုန္တဲ့အထိ ဘာအလုပ္မွ မလုပ္ျဖစ္ေတာ့တဲ့ အကြက္ဆန္းေတြ ျဖစ္လာတာေပါ့။

Related Article >>> ေအာင္ျမင္တဲ့ဘဝတက္လမ္း ေအာင္ျမင္တဲ့ Career သို႔သြားမယ္

(၃) အလုပ္အေပၚမွာ ေလးစားမႈမရွိေတာ့ဘူး။

ဒီေလာက္ ေပ်ာ္စရာေကာင္းတဲ့အလုပ္ကို ေျပာင္းပါဆိုရင္ေတာ့ ကုတ္နဲ႔ ေကာ္ထုတ္ေတာင္ ေျပာင္းခ်င္မွာ မဟုတ္ေပမဲ့ တကယ္တမ္း အလုပ္အေပၚမွာ ေလးစားမႈ မရွိေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ အလုပ္ေတြဆိုတာ ကိုယ့္အတြက္ ေဆာ့ခ်င္တဲ့အခ်ိန္မွ ထုတ္ေဆာ့တဲ့ ကေလးကစားစရာသာသာ ျဖစ္ေနၿပီေလ။ 

(၄) ထုတ္လုပ္မႈႏႈန္းေတြ က်လာမယ္။

ဒါကေတာ့ ကုမၸဏီအတြက္ ထိခိုက္မႈ အႀကီးႀကီးေပါ့။ အရမ္းေပ်ာ္လြန္းလို႔ အလုပ္ေတြမွ မလုပ္ၾကတာ။ အလုပ္ဘယ္ၿပီးမလဲ? အလုပ္မၿပီးေတာ့ ဘာမွမထုတ္ႏိုင္၊ မထုတ္ႏိုင္ေတာ့ ထုတ္လုပ္မႈႏႈန္းေတြ က်ရင္း ေနာက္ဆံုး ကုမၸဏီက ေဒဝါလီခံလိုက္ရေတာ့မလုိလို 😛 

Related Article >>> ကိုယ္႔ရဲ႕ career မွာ ေပ်ာ္ရႊင္ဖို႔အတြက္ လက္လႊတ္လုိက္သင့္တဲ႔ ယံုၾကည္မႈ ၃ခု

(၅) ကိုယ့္အတြက္ ဘာမွမတိုးတက္လာေတာ့ဘူး။

လူတစ္ေယာက္က ဘဝမွာ ပိုေကာင္းတဲ့ေနရာ၊ အေျခအေနတစ္ခု ေရာက္ခ်င္ရင္ မနက္ျဖန္နဲ႔ ဒီေန႔ေတာင္မတူဘဲ ပိုတိုးတက္လာတဲ့ လူတစ္ေယာက္ ျဖစ္ေနရမယ္တဲ့။ ဒါေပမဲ့ ဒီအလုပ္က်ေတာ့ ကိုယ့္အိမ္ကိုယ့္ယာလိုမ်ိဳး ေနခ်င္သလိုေန၊ စားခ်င္သလိုစား၊ သြားခ်င္သလို သြားၿပီး အရမ္းေတြ ေပ်ာ္ေနေတာ့ တိုးတက္ဖို႔ ေနေနသာသာ ကိုယ့္ရဲ႕ ရွိရင္းစြဲ ခႏၶာကိုယ္ထက္ ႏွစ္ဆေလာက္ မဝလာရင္ေတာင္ ေတာ္ေတာ္ကို ကံေကာင္းတယ္လို႔ ေျပာရမွာ။  ဒီလို အေပ်ာ္ေတြပဲ ျပည့္ႏွက္ေနတဲ့ ေနရာမွာ အလုပ္လုပ္ရင္ေတာ့ ကိုယ့္ကိုယ္ကိုယ္ညွာၿပီး ႏြံထဲကို ဆြဲႏွစ္ေနတယ္ဆိုတာ သတိထားမိဖို႔ လိုပါလိမ့္မယ္။

ကဲ… အဲဒီေတာ့ လုပ္ငန္းခြင္က ပ်င္းစရာေကာင္းလြန္းရင္လည္း လူေတြစိတ္ဓာတ္က်လာတတ္သလို၊ အရမ္းေပ်ာ္ေနရရင္လည္း အေပၚကလို ဆိုးက်ိဳးေတြ ျဖစ္တတ္တယ္ဆိုေတာ့ ဘယ္လိုလုပ္ၾကမလဲ? ရွင္းပါတယ္။ ႏွစ္ဘက္ကို ညီညီမွ်မွ် ထိန္းခ်ဳပ္တတ္ရင္ ရပါၿပီ။ အေပ်ာ္အပါးအတြက္ အခ်ိန္တခ်ိဳ႕ေပးရမယ္ဆိုသလို၊ အလုပ္ခ်ိန္မွာလည္း တင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္တတ္ရင္ေတာ့ ဒီလိုျပႆနာမ်ိဳးေတြ ျဖစ္မွာ မဟုတ္ေတာ့ပါဘူးေနာ္။

Hnin Ei Oo (For Her Myanmar)

<<<Unicode>>>

အပျော်တွေများလာတဲ့အခါ အပျက်ဘက်ရောက်သွားတတ်တာ သဘာဝပါ 🙄 

ကိုယ့်ရဲ့ စိတ်အခြေအနေ အကောင်းအဆိုးပေါ် မူတည်ပြီး ကိုယ့်အလုပ်ခွင်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်တာမျိုးဖြစ်စေတတ်ပါတယ်တဲ့။ အရင်တုန်းကတော့ ကုမ္ပဏီတွေမှာ ကိုယ့်အလုပ်ပြီးရင်ပြီးရော ဝန်ထမ်းက သေသေကြေကြေ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ အထက်လူကြီးတွေ များခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ကိုယ့်ကုမ္ပဏီပိုပြီး တိုးတက်ဖို့အတွက် ဝန်ထမ်းတွေရဲ့ စိတ်ချမ်းသာမှုကို ဦးစားပေးပြီး စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်လာကြပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေး ဆိုတဲ့စကားအတိုင်း အပျော်တွေပဲ စွတ်များလာတဲ့အခါ ဘေးထွက်ဆိုးကျိုးလေးတွေ ရှိလာတတ်ပါတယ်။

(၁) အလုပ်မလုပ်ချင်တော့ဘူး။

ဒါကတော့ ရှင်းပါတယ်။ လူဆိုတဲ့အမျိုးကိုက သာရာနောက်လိုက်တတ်တဲ့ သဘောမို့ အပျော်တွေပဲ ဆက်တိုက်ဆိုသလို လုပ်နေတဲ့အခါ လုံးဝအလုပ်လုပ်ချင်စိတ် မရှိတော့တာမျိုးတွေဖြစ်တတ်ပါတယ်။ (အချိုစားနေကျ လူတစ်ယောက်ကို အခါးရုတ်တရက် ကျွေးတဲ့အခါ ခါးခါးတူးတူးငြင်းသလိုမျိုးပေါ့။) ပျင်းသွားတာပေါ့လေ အလွယ်ပြောရရင်…

(၂) အလုပ်ကို နေ့ရွှေ့ညရွှေ့ လုပ်လာတယ်။

ဒါကတော့ ပထမတစ်ချက်ရဲ့နောက်ဆက်တွဲပေါ့။ အလုပ်လုပ်ရမှာ ပျင်းလာတော့ ဒီနေ့ မလုပ်လည်း ရပါတယ်ကွာ။ မနက်ဖြန်မှ လုပ်မယ်။ အဲဒီ မနက်ဖြန်ဆိုတဲ့ နေ့ရောက်လာတော့လည်း နောက်နေ့မှ လုပ်မယ်ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖြန်ပေါင်းများစွားကို ရွှေ့ရင်းရွှေ့ရင်းနဲ့ လကုန်တဲ့အထိ ဘာအလုပ်မှ မလုပ်ဖြစ်တော့တဲ့ အကွက်ဆန်းတွေ ဖြစ်လာတာပေါ့။

Related Article >>> အောင်မြင်တဲ့ဘဝတက်လမ်း အောင်မြင်တဲ့ Career သို့သွားမယ်

(၃) အလုပ်အပေါ်မှာ လေးစားမှုမရှိတော့ဘူး။

ဒီလောက် ပျော်စရာကောင်းတဲ့အလုပ်ကို ပြောင်းပါဆိုရင်တော့ ကုတ်နဲ့ ကော်ထုတ်တောင် ပြောင်းချင်မှာ မဟုတ်ပေမဲ့ တကယ်တမ်း အလုပ်အပေါ်မှာ လေးစားမှု မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ အလုပ်တွေဆိုတာ ကိုယ့်အတွက် ဆော့ချင်တဲ့အချိန်မှ ထုတ်ဆော့တဲ့ ကလေးကစားစရာသာသာ ဖြစ်နေပြီလေ။ 

(၄) ထုတ်လုပ်မှုနှုန်းတွေ ကျလာမယ်။

ဒါကတော့ ကုမ္ပဏီအတွက် ထိခိုက်မှု အကြီးကြီးပေါ့။ အရမ်းပျော်လွန်းလို့ အလုပ်တွေမှ မလုပ်ကြတာ။ အလုပ်ဘယ်ပြီးမလဲ? အလုပ်မပြီးတော့ ဘာမှမထုတ်နိုင်၊ မထုတ်နိုင်တော့ ထုတ်လုပ်မှုနှုန်းတွေ ကျရင်း နောက်ဆုံး ကုမ္ပဏီက ဒေဝါလီခံလိုက်ရတော့မလိုလို 😛 

Related Article >>> ကိုယ့်ရဲ့ career မှာ ပျော်ရွှင်ဖို့အတွက် လက်လွှတ်လိုက်သင့်တဲ့ ယုံကြည်မှု ၃ခု

(၅) ကိုယ့်အတွက် ဘာမှမတိုးတက်လာတော့ဘူး။

လူတစ်ယောက်က ဘဝမှာ ပိုကောင်းတဲ့နေရာ၊ အခြေအနေတစ်ခု ရောက်ချင်ရင် မနက်ဖြန်နဲ့ ဒီနေ့တောင်မတူဘဲ ပိုတိုးတက်လာတဲ့ လူတစ်ယောက် ဖြစ်နေရမယ်တဲ့။ ဒါပေမဲ့ ဒီအလုပ်ကျတော့ ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး နေချင်သလိုနေ၊ စားချင်သလိုစား၊ သွားချင်သလို သွားပြီး အရမ်းတွေ ပျော်နေတော့ တိုးတက်ဖို့ နေနေသာသာ ကိုယ့်ရဲ့ ရှိရင်းစွဲ ခန္ဓာကိုယ်ထက် နှစ်ဆလောက် မဝလာရင်တောင် တော်တော်ကို ကံကောင်းတယ်လို့ ပြောရမှာ။  ဒီလို အပျော်တွေပဲ ပြည့်နှက်နေတဲ့ နေရာမှာ အလုပ်လုပ်ရင်တော့ ကိုယ့်ကိုယ်ကိုယ်ညှာပြီး နွံထဲကို ဆွဲနှစ်နေတယ်ဆိုတာ သတိထားမိဖို့ လိုပါလိမ့်မယ်။

ကဲ… အဲဒီတော့ လုပ်ငန်းခွင်က ပျင်းစရာကောင်းလွန်းရင်လည်း လူတွေစိတ်ဓာတ်ကျလာတတ်သလို၊ အရမ်းပျော်နေရရင်လည်း အပေါ်ကလို ဆိုးကျိုးတွေ ဖြစ်တတ်တယ်ဆိုတော့ ဘယ်လိုလုပ်ကြမလဲ? ရှင်းပါတယ်။ နှစ်ဘက်ကို ညီညီမျှမျှ ထိန်းချုပ်တတ်ရင် ရပါပြီ။ အပျော်အပါးအတွက် အချိန်တချို့ပေးရမယ်ဆိုသလို၊ အလုပ်ချိန်မှာလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်တတ်ရင်တော့ ဒီလိုပြဿနာမျိုးတွေ ဖြစ်မှာ မဟုတ်တော့ပါဘူးနော်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *