Career Friendship

သူငယ္ခ်င္းနဲ႔ အလုပ္တြဲလုပ္တဲ့အခါ အခင္အမင္မပ်က္ စီးပြားလည္းတက္ေစမယ့္ နည္းလမ္းေကာင္း(၄)ခု

ခ်စ္လြန္းလို႔ အလုပ္တြဲလုပ္ၿပီးကာမွ ျပတ္စဲသြားရတဲ့ သူငယ္ခ်င္းမ်ိဳးေတြ ေတြ႕ဖူးၾကလား

ေယာင္းတို႔ေရ.. သူငယ္ခ်င္းနဲ႔တြဲဖက္ၿပီး စီးပြားေရးလုပ္ဖို႔ စဥ္းစားေနၿပီလား.. ဘယ္ေလာက္ပဲ ခ်စ္ၾကတဲ့ သူငယ္ခ်င္းေတြျဖစ္ျဖစ္ လုပ္ငန္းတူတြဲလုပ္တဲ့ အခါမွာေတာ့ မထင္မွတ္ထားတဲ့ ျပႆနာေလးေတြ ေပၚလာၿပီး စိတ္ကြက္စရာေတြ ၾကံဳလာရတတ္ပါတယ္.. ဒီေတာ့ မင္မင္ကေန သူငယ္ခ်င္းနဲ႔ အလုပ္တြဲလုပ္တဲ့အခါ အခင္အမင္မပ်က္ဘဲ စီးပြာလည္းတက္ေစမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဝမွ်ေပးမယ္ေနာ္…

တစ္ေယာက္စီရဲ႕ အားသာခ်က္ေတြကို အက်ိဳးအျမတ္အေနနဲ႔ အသုံးခ်ပါ

ႏွစ္ေယာက္ေပါင္းၿပီး လုပ္ငန္းတစ္ခု အေကာင္အထည္ေဖာ္ဖို႔ တစ္ေယာက္တည္းက ဦးေဆာင္ေနရင္ ဘက္မညီေတာ့ပါဘူး။ ႏွစ္ေယာက္လုံးက ဦးေဆာင္သူျဖစ္ေနရမွာမို႔ လုပ္ငန္းရဲ့ မတူညီတဲ့ အပိုင္းႏွစ္ပိုင္းခြဲၿပီး ေယာင္းတို႔အားသန္ရာကို တာဝန္ယူလုပ္ေဆာင္ေပးပါ။ ဒါဆိုရင္ လုပ္ငန္းပိုင္း ပိုမိုကၽြမ္းက်င္လာႏိုင္သလို အလုပ္ၿပီးေျမာက္တာလည္း ပိုၿပီး ျမန္ဆန္ေစမွာပါ။

Related Article >>> သူငယ္ခ်င္းအရင္းေခါက္ေခါက္က စႏုိက္ေက်ာ္ ျဖစ္ေနတဲ့အခါ

တစ္ေယာက္တည္းမဟုတ္ဘူးဆိုတာကို အၿမဲႏွလုံးသြင္းပါ

လုပ္ငန္းအတြက္ လုိအပ္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္တာမ်ိဳးျဖစ္ျဖစ္ ၊ ေဝခြဲမရတဲ့ ျပႆနာေတြကို ရင္ဆိုင္လာရရင္ျဖစ္ျဖစ္ တစ္ဦးတည္းဆုံးျဖတ္ခ်က္နဲ႔ ဘယ္ေတာ့မွ မလုပ္ပါနဲ႔ ။ ေယာင္းနဲ႔ ေယာင္းသူငယ္ခ်င္းတို႔ရဲ့ သေဘာထားကိုယ္စီကို ထည့္သြင္းစဥ္းစားၿပီးမွသာ ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ကိုခ်မွတ္ပါ။ ဒီလိုလုပ္တာက တစ္ဦးအေပၚတစ္ဦး ေလးစားရာေရာက္သလို မွားယြင္းမႈေတြ ရွိလာရင္ေတာင္ ႏွစ္ေယာက္တြဲၿပီး ညီညီမွ်မွ် ေျဖရွင္းႏိုင္မွာပါ။

ေငြေၾကးနဲ႔ ပတ္သက္ၿပီး တိတိက်က် ေဆာင္ရြက္ပါ။ 

စီးပြားေရးတူတူလုပ္တဲ့ သူငယ္ခ်င္းခ်င္း ျပႆနာျဖစ္ရတဲ့ အေၾကာင္းရင္းေတြထဲမွာ ေငြေၾကးျပႆနာက အျဖစ္အမ်ားဆုံးပါ။ ေငြေၾကးထုတ္ယူသုံးစြဲမယ္ဆိုရင္ စာရင္းအင္းေဘာင္ခ်ာေတြနဲ႔ အတိအက်လုပ္တာ အေကာင္းဆုံးပါပဲ။ ေယာင္းအေနနဲ႔ ေငြေၾကးကို တိတိက်က် သုံးစြဲတဲ့အေလ့အက်င့္ ထားရွိမယ္ဆိုရင္ ေယာင္းသူငယ္ခ်င္းအေနနဲ႔လည္း တိက်တဲ့ တုံ႔ျပန္မႈေတြ ျပန္လည္လုပ္ေဆာင္လာမွာမို႔ ေငြေၾကးျပႆနာ လုံးဝကင္းေဝးသြားေစမွာပါ။

Related Article >>> တအားလက္သရမ္းတဲ့ သူငယ္ခ်င္းကို bff ေတာ္ထားရတဲ့အခါ

သင့္ေတာ္တဲ့ စည္းကမ္းေတြကို ခ်မွတ္ထားပါ။

စည္းကမ္းရွိမွ တိုးတက္မယ္ဆိုတာ အလကား ေျပာေနတဲ့ စကား မဟုတ္ပါဘူးေနာ္။ လုပ္ငန္းတစ္ခု အေကာင္အထည္ေဖာ္ေနၿပီဆိုရင္ လိုအပ္တဲ့စည္းကမ္းေတြ ထုတ္ထားသင့္ပါတယ္။ ဥပမာ – အလုပ္ကို ဘယ္အခ်ိန္လာၿပီး ဘယ္အခ်ိန္ျပန္မယ္။ နားရက္က ဘယ္ရက္ေတြ စသျဖင့္ အေျခခံစည္းကမ္းေတြကို ခ်မွတ္ထားမွသာ တစ္ေယာက္အေပၚတစ္ေယာက္ စိတ္ခုစရာေတြ မၾကံဳေတြ႕ရမွာပါ။ အခ်ိ္န္တိတိက်က်လုပ္တဲ့အတြက္လည္း လုပ္ငန္းေအာင္ျမင္ၿပီးေျမာက္မႈကို ပိုျမင့္မားလာေစမွာက်ိန္းေသပါပဲ။

ကဲ.. မင္မင္ေျပာျပထားတဲ့ အခ်က္ေလးေတြက ေယာင္းတို႔သူငယ္ခ်င္းနဲ႔ စီးပြားေရးတြဲဖက္လုပ္ကိုင္ဖို႔ စဥ္းစားတဲ့ေနရာမွာ တစ္ေထာင့္တစ္ေနရာကေန အေထာက္အကူျပဳေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္.. ေနာက္ထပ္လည္း ေယာင္းတို႔အတြက္ အက်ိဳးရွိေစမယ့္ အေၾကာင္းအရာေတြကို တင္ဆက္ေပးဦးမွာမို႔ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္…

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

ချစ်လွန်းလို့ အလုပ်တွဲလုပ်ပြီးကာမှ ပြတ်စဲသွားရတဲ့ သူငယ်ချင်းမျိုးတွေ တွေ့ဖူးကြလား

ယောင်းတို့ရေ.. သူငယ်ချင်းနဲ့တွဲဖက်ပြီး စီးပွားရေးလုပ်ဖို့ စဉ်းစားနေပြီလား.. ဘယ်လောက်ပဲ ချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ဖြစ် လုပ်ငန်းတူတွဲလုပ်တဲ့ အခါမှာတော့ မထင်မှတ်ထားတဲ့ ပြဿနာလေးတွေ ပေါ်လာပြီး စိတ်ကွက်စရာတွေ ကြုံလာရတတ်ပါတယ်.. ဒီတော့ မင်မင်ကနေ သူငယ်ချင်းနဲ့ အလုပ်တွဲလုပ်တဲ့အခါ အခင်အမင်မပျက်ဘဲ စီးပွာလည်းတက်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးမယ်နော်…

တစ်ယောက်စီရဲ့ အားသာချက်တွေကို အကျိုးအမြတ်အနေနဲ့ အသုံးချပါ

နှစ်ယောက်ပေါင်းပြီး လုပ်ငန်းတစ်ခု အကောင်အထည်ဖော်ဖို့ တစ်ယောက်တည်းက ဦးဆောင်နေရင် ဘက်မညီတော့ပါဘူး။ နှစ်ယောက်လုံးက ဦးဆောင်သူဖြစ်နေရမှာမို့ လုပ်ငန်းရဲ့ မတူညီတဲ့ အပိုင်းနှစ်ပိုင်းခွဲပြီး ယောင်းတို့အားသန်ရာကို တာဝန်ယူလုပ်ဆောင်ပေးပါ။ ဒါဆိုရင် လုပ်ငန်းပိုင်း ပိုမိုကျွမ်းကျင်လာနိုင်သလို အလုပ်ပြီးမြောက်တာလည်း ပိုပြီး မြန်ဆန်စေမှာပါ။

Related Article >>> သူငယ်ချင်းအရင်းခေါက်ခေါက်က စနိုက်ကျော် ဖြစ်နေတဲ့အခါ

တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို အမြဲနှလုံးသွင်းပါ

လုပ်ငန်းအတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တာမျိုးဖြစ်ဖြစ် ၊ ဝေခွဲမရတဲ့ ပြဿနာတွေကို ရင်ဆိုင်လာရရင်ဖြစ်ဖြစ် တစ်ဦးတည်းဆုံးဖြတ်ချက်နဲ့ ဘယ်တော့မှ မလုပ်ပါနဲ့ ။ ယောင်းနဲ့ ယောင်းသူငယ်ချင်းတို့ရဲ့ သဘောထားကိုယ်စီကို ထည့်သွင်းစဉ်းစားပြီးမှသာ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ပါ။ ဒီလိုလုပ်တာက တစ်ဦးအပေါ်တစ်ဦး လေးစားရာရောက်သလို မှားယွင်းမှုတွေ ရှိလာရင်တောင် နှစ်ယောက်တွဲပြီး ညီညီမျှမျှ ဖြေရှင်းနိုင်မှာပါ။

ငွေကြေးနဲ့ ပတ်သက်ပြီး တိတိကျကျ ဆောင်ရွက်ပါ။ 

စီးပွားရေးတူတူလုပ်တဲ့ သူငယ်ချင်းချင်း ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ငွေကြေးပြဿနာက အဖြစ်အများဆုံးပါ။ ငွေကြေးထုတ်ယူသုံးစွဲမယ်ဆိုရင် စာရင်းအင်းဘောင်ချာတွေနဲ့ အတိအကျလုပ်တာ အကောင်းဆုံးပါပဲ။ ယောင်းအနေနဲ့ ငွေကြေးကို တိတိကျကျ သုံးစွဲတဲ့အလေ့အကျင့် ထားရှိမယ်ဆိုရင် ယောင်းသူငယ်ချင်းအနေနဲ့လည်း တိကျတဲ့ တုံ့ပြန်မှုတွေ ပြန်လည်လုပ်ဆောင်လာမှာမို့ ငွေကြေးပြဿနာ လုံးဝကင်းဝေးသွားစေမှာပါ။

Related Article >>> တအားလက်သရမ်းတဲ့ သူငယ်ချင်းကို bff တော်ထားရတဲ့အခါ

သင့်တော်တဲ့ စည်းကမ်းတွေကို ချမှတ်ထားပါ။

စည်းကမ်းရှိမှ တိုးတက်မယ်ဆိုတာ အလကား ပြောနေတဲ့ စကား မဟုတ်ပါဘူးနော်။ လုပ်ငန်းတစ်ခု အကောင်အထည်ဖော်နေပြီဆိုရင် လိုအပ်တဲ့စည်းကမ်းတွေ ထုတ်ထားသင့်ပါတယ်။ ဥပမာ – အလုပ်ကို ဘယ်အချိန်လာပြီး ဘယ်အချိန်ပြန်မယ်။ နားရက်က ဘယ်ရက်တွေ စသဖြင့် အခြေခံစည်းကမ်းတွေကို ချမှတ်ထားမှသာ တစ်ယောက်အပေါ်တစ်ယောက် စိတ်ခုစရာတွေ မကြုံတွေ့ရမှာပါ။ အချိန်တိတိကျကျလုပ်တဲ့အတွက်လည်း လုပ်ငန်းအောင်မြင်ပြီးမြောက်မှုကို ပိုမြင့်မားလာစေမှာကျိန်းသေပါပဲ။

ကဲ.. မင်မင်ပြောပြထားတဲ့ အချက်လေးတွေက ယောင်းတို့သူငယ်ချင်းနဲ့ စီးပွားရေးတွဲဖက်လုပ်ကိုင်ဖို့ စဉ်းစားတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်.. နောက်ထပ်လည်း ယောင်းတို့အတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေကို တင်ဆက်ပေးဦးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *