Career

အရင္လုပ္ဖူးတဲ့ ကုမၸဏီမွာအလုပ္ျပန္ရေအာင္ ႀကိဳးစားႏုိင္မယ့္ အခ်က္ (၄) ခ်က္

အလုပ္ေဟာင္းကို သံေယာဇဥ္ မကုန္ေသးသူမ်ားအတြက္

အလုပ္ေဟာင္းဆိုတာ အခ်စ္ေဟာင္းနဲ႔ အတူတူပါပဲ။ အရင္းႏွီးဆံုး သူစိမ္းေတြပဲ ဆိုသလို ကိုယ့္ဘဝထဲက ခ်န္လွပ္လုိ႔မရတဲ့ စာမ်က္ႏွာေတြေပါ့။ အခ်စ္ေဟာင္း နဲ႔ သံေယာဇဥ္မျပတ္တဲ့အခါ ျပန္ဆက္ခ်င္သလုိပဲ အလုပ္ေဟာင္းကို သံေယာဇဥ္မကုန္တဲ့အခါ ျပန္သြားခ်င္ၾကသူေတြ ႐ွိပါတယ္။ ဒီလုိသြားတဲ့အခါ ျပန္သြားဖုိ႔ ျဖစ္ႏိုင္ရဲ႕လားဆုိေတာ့ ျဖစ္ႏုိင္ပါတယ္လို႔ ေျပာပါရေစ။ ဒီအခါ အလုပ္ေဟာင္းကိုျပန္ရဖို႔အတြက္ ဘာေတြလုပ္သင့္လဲဆိုတာေတြ သိထားဖို႔ လိုလာပါေတာ့တယ္… ဘာေတြလိုလဲဆိုေတာ့…

၁။ ဂုဏ္သိကၡာနဲ႔ လမ္းခြဲခဲ့ရဲ႕လား?

အလုပ္ထြက္စာ တင္ထားတဲ့အခ်ိန္မွာ ကိုယ္က အလုပ္ကို ထြက္ေတာ့မွာပဲ ဆုိၿပီး ၿပီးၿပီးေရာလုပ္ခဲ့တာမ်ိဳး၊ အထက္အရာ႐ွိနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကို မေလးမစား ဆက္ဆံခဲ့တာမ်ိဳး၊ အလုပ္သစ္ရၿပီးတဲ့ေနာက္ သူတုိ႔ကို အဖက္မလုပ္ေတာ့တာမ်ိဳးဆိုရင္ေတာ့ အလုပ္ေဟာင္းကို ျပန္သြားခြင့္ရာခုိင္ႏႈန္းသိပ္ကိုနည္းသြားပါၿပီ။

ဒီေတာ့ ကိုယ္ဟာ အလုပ္ေဟာင္းမွာ ဂုဏ္သိကၡာ႐ွိစြာ ထြက္ခြာခဲ့ဖုိ႔ သိပ္အေရးႀကီးပါတယ္။ ဒီ အလုပ္ေဟာင္းကို ျပန္မသြားျဖစ္ဘူးဆုိရင္ေတာင္ ကိုယ္ဟာ အလုပ္ကို မေလးစားသူအျဖစ္ နာမည္တြင္သြားၿပီး အလုပ္အသစ္မွာေတာင္ အဆင္ေျပဖို႔ မလြယ္ေတာ့ပါဘူး။

Related Article >>> အင္တာဗ်ဴးေျဖတိုင္း အမ်ားတကာထက္ သာလြန္ထင္ရွားေနဖို႔ ဘာေတြ လိုအပ္လဲ?

၂။ ဆက္ဆံေရး မျပတ္ပါေစနဲ႔။

အလုပ္ေဟာင္းက အရာ႐ွိေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆက္အသြယ္မျပတ္ဖုိ႔ကလည္း အေရးႀကီးပါတယ္။ ဒါက ဒီေခတ္မွာ သိပ္လြယ္တဲ့ ကိစၥပါ။ အလုပ္ေဟာင္းက လူေတြနဲ႔ Facebook ေပၚမွာ သူငယ္ခ်င္းအျဖစ္႐ွိေနသလုိ မၾကာမၾကာ Messenger ကေန၊ စကားေျပာေပးတာ၊ ကြန္မန္႔ေတြ အျပန္အလွန္ေပးတာမ်ိဳး လုပ္ေပးရင္း ခင္မင္မႈ မပ်က္ေအာင္ေနလုိ႔ရပါတယ္။ ငါက သူတုိ႔နဲ႔ပတ္သက္စရာမလုိဘူး Unfriend လိုက္မယ္လို႔ေတာ့ မလုပ္ေစခ်င္ဘူးရယ္…

ဒီေတာ့ အလုပ္ျပန္ရခ်င္တဲ့အခါမွာ ျပန္လာဖို႔ အဆင္ေျပမေျပ သူတို႔ကို ဒီအတုိင္း ေမးၾကည့္ၿပီး အဆင္ေျပႏုိင္တယ္ဆို ေလွ်ာက္ၾကည့္လုိ႔ ရတယ္ေလ။

ဘယ္သူနဲ႔မဆို ေကာင္းမြန္တဲ့ဆက္ဆံေရးထား႐ွိဖို႔ အေရးႀကီးပါတယ္

၃။ ကုမၸဏီ နဲ႔ မ်က္ေျခမျပတ္ပါေစနဲ႔

ကုမၸဏီ ရဲ႕ Facebook Page ေတြကို Like လုပ္ထားပါ။ ကုမၸဏီ ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို အၿမဲေလ့လာေနပါ။ ဒါေတြက အလုပ္ျပန္လုိခ်င္မွ ဝုန္းဆုိ ထလုပ္လို႔ ရတာ မဟုတ္ပါဘူး။ ကိုယ့္ဘက္က အေျမာ္အျမင္႐ွိစြာ လုပ္ေနခဲ့ရမွာပါ။ ကိုယ္က အလုပ္ေဟာင္းကို ျပန္ခန္႔ဖို႔ေတာင္းဆိုတဲ့အခါ ကိုယ္က ကုမၸဏီရဲ႕ လုပ္ေဆာင္ခ်က္ေတြကို သိေနတယ္ဆုိရင္ ကိုယ့္ကိုခန္႔မယ့္သူေတြက သေဘာက်မွာပါပဲ။

Related Article  >>> လစာညွိႏႈိင္းတဲ့အခါ ေရွာင္ရွားသင့္တဲ့ အမွား (၅) ခု

၄။ ေမးခြန္းေတြအတြက္ ျပင္ဆင္ထားပါ

သူတုိ႔ ေမးမွာ ေသခ်ာတာကေတာ့ ဘာေၾကာင့္ ဒီအလုပ္က ထြက္သြားတာလဲ၊ ဘာေၾကာင့္ ဒီမွာ ျပန္လုပ္ခ်င္တာလဲ ဆိုတာမ်ိဳးပါ။ ကိုယ့္ဘက္က ႐ိုးသားစြာေျဖဖို႔ လုိသလုိ အေျဖပါးနပ္ဖို႔လည္း လုိျပန္ေရာ။ ဒါေၾကာင့္ အမွန္တရားလည္းျဖစ္၊ သူတို႔လည္း သေဘာက်မယ့္ အေျဖမ်ိဳးကို ေျဖတတ္ပါေစေနာ္။

ဒါဆုိရင္ေတာ့ အလုပ္ေဟာင္းကို ျပန္သြားဖို႔ ဘာေတြ လိုအပ္တယ္ဆုိတာ သိၿပီေပါ့ေနာ္။ အပိုအႀကံဉာဏ္ေလးေပးရမယ္ဆိုရင္ တခ်ိဳ႕က အလုပ္အေဟာင္းကို ျပန္သြားခ်င္ေပမဲ့ ျဖစ္ပါ့မလားဆုိၿပီး စိုး႐ြံ႕တတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ျပန္ေလွ်ာက္ၾကည့္တာက ကိုယ့္အတြက္ မမွားတာမို႔ လက္မေလွ်ာ့လုိက္ပါနဲ႔ေနာ္။

ေအာင္ျမင္ထက္ျမက္တဲ့ ေယာင္းေလးေတြ ျဖစ္ႏိုင္ၾကပါေစေနာ္…

Sugar Cane(For Her Myanmar)

References : thebalancecareers, fastcompany

<<< Unicode >>>

အလုပ်ဟောင်းကို သံယောဇဉ် မကုန်သေးသူများအတွက်

အလုပ်ဟောင်းဆိုတာ အချစ်ဟောင်းနဲ့ အတူတူပါပဲ။ အရင်းနှီးဆုံး သူစိမ်းတွေပဲ ဆိုသလို ကိုယ့်ဘဝထဲက ချန်လှပ်လို့မရတဲ့ စာမျက်နှာတွေပေါ့။ အချစ်ဟောင်း နဲ့ သံယောဇဉ်မပြတ်တဲ့အခါ ပြန်ဆက်ချင်သလိုပဲ အလုပ်ဟောင်းကို သံယောဇဉ်မကုန်တဲ့အခါ ပြန်သွားချင်ကြသူတွေ ရှိပါတယ်။ ဒီလိုသွားတဲ့အခါ ပြန်သွားဖို့ ဖြစ်နိုင်ရဲ့လားဆိုတော့ ဖြစ်နိုင်ပါတယ်လို့ ပြောပါရစေ။ ဒီအခါ အလုပ်ဟောင်းကိုပြန်ရဖို့အတွက် ဘာတွေလုပ်သင့်လဲဆိုတာတွေ သိထားဖို့ လိုလာပါတော့တယ်… ဘာတွေလိုလဲဆိုတော့…

၁။ ဂုဏ်သိက္ခာနဲ့ လမ်းခွဲခဲ့ရဲ့လား?

အလုပ်ထွက်စာ တင်ထားတဲ့အချိန်မှာ ကိုယ်က အလုပ်ကို ထွက်တော့မှာပဲ ဆိုပြီး ပြီးပြီးရောလုပ်ခဲ့တာမျိုး၊ အထက်အရာရှိနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မလေးမစား ဆက်ဆံခဲ့တာမျိုး၊ အလုပ်သစ်ရပြီးတဲ့နောက် သူတို့ကို အဖက်မလုပ်တော့တာမျိုးဆိုရင်တော့ အလုပ်ဟောင်းကို ပြန်သွားခွင့်ရာခိုင်နှုန်းသိပ်ကိုနည်းသွားပါပြီ။

ဒီတော့ ကိုယ်ဟာ အလုပ်ဟောင်းမှာ ဂုဏ်သိက္ခာရှိစွာ ထွက်ခွာခဲ့ဖို့ သိပ်အရေးကြီးပါတယ်။ ဒီ အလုပ်ဟောင်းကို ပြန်မသွားဖြစ်ဘူးဆိုရင်တောင် ကိုယ်ဟာ အလုပ်ကို မလေးစားသူအဖြစ် နာမည်တွင်သွားပြီး အလုပ်အသစ်မှာတောင် အဆင်ပြေဖို့ မလွယ်တော့ပါဘူး။

Related Article >>> အင်တာဗျူးဖြေတိုင်း အများတကာထက် သာလွန်ထင်ရှားနေဖို့ ဘာတွေ လိုအပ်လဲ?

၂။ ဆက်ဆံရေး မပြတ်ပါစေနဲ့။

အလုပ်ဟောင်းက အရာရှိတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အသွယ်မပြတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါက ဒီခေတ်မှာ သိပ်လွယ်တဲ့ ကိစ္စပါ။ အလုပ်ဟောင်းက လူတွေနဲ့ Facebook ပေါ်မှာ သူငယ်ချင်းအဖြစ်ရှိနေသလို မကြာမကြာ Messenger ကနေ၊ စကားပြောပေးတာ၊ ကွန်မန့်တွေ အပြန်အလှန်ပေးတာမျိုး လုပ်ပေးရင်း ခင်မင်မှု မပျက်အောင်နေလို့ရပါတယ်။ ငါက သူတို့နဲ့ပတ်သက်စရာမလိုဘူး Unfriend လိုက်မယ်လို့တော့ မလုပ်စေချင်ဘူးရယ်…

ဒီတော့ အလုပ်ပြန်ရချင်တဲ့အခါမှာ ပြန်လာဖို့ အဆင်ပြေမပြေ သူတို့ကို ဒီအတိုင်း မေးကြည့်ပြီး အဆင်ပြေနိုင်တယ်ဆို လျှောက်ကြည့်လို့ ရတယ်လေ။

ဘယ်သူနဲ့မဆို ကောင်းမွန်တဲ့ဆက်ဆံရေးထားရှိဖို့ အရေးကြီးပါတယ်

၃။ ကုမ္ပဏီ နဲ့ မျက်ခြေမပြတ်ပါစေနဲ့

ကုမ္ပဏီ ရဲ့ Facebook Page တွေကို Like လုပ်ထားပါ။ ကုမ္ပဏီ ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲလေ့လာနေပါ။ ဒါတွေက အလုပ်ပြန်လိုချင်မှ ဝုန်းဆို ထလုပ်လို့ ရတာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က အမြော်အမြင်ရှိစွာ လုပ်နေခဲ့ရမှာပါ။ ကိုယ်က အလုပ်ဟောင်းကို ပြန်ခန့်ဖို့တောင်းဆိုတဲ့အခါ ကိုယ်က ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေကို သိနေတယ်ဆိုရင် ကိုယ့်ကိုခန့်မယ့်သူတွေက သဘောကျမှာပါပဲ။

Related Article  >>> လစာညှိနှိုင်းတဲ့အခါ ရှောင်ရှားသင့်တဲ့ အမှား (၅) ခု

၄။ မေးခွန်းတွေအတွက် ပြင်ဆင်ထားပါ

သူတို့ မေးမှာ သေချာတာကတော့ ဘာကြောင့် ဒီအလုပ်က ထွက်သွားတာလဲ၊ ဘာကြောင့် ဒီမှာ ပြန်လုပ်ချင်တာလဲ ဆိုတာမျိုးပါ။ ကိုယ့်ဘက်က ရိုးသားစွာဖြေဖို့ လိုသလို အဖြေပါးနပ်ဖို့လည်း လိုပြန်ရော။ ဒါကြောင့် အမှန်တရားလည်းဖြစ်၊ သူတို့လည်း သဘောကျမယ့် အဖြေမျိုးကို ဖြေတတ်ပါစေနော်။

ဒါဆိုရင်တော့ အလုပ်ဟောင်းကို ပြန်သွားဖို့ ဘာတွေ လိုအပ်တယ်ဆိုတာ သိပြီပေါ့နော်။ အပိုအကြံဉာဏ်လေးပေးရမယ်ဆိုရင် တချို့က အလုပ်အဟောင်းကို ပြန်သွားချင်ပေမဲ့ ဖြစ်ပါ့မလားဆိုပြီး စိုးရွံ့တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြန်လျှောက်ကြည့်တာက ကိုယ့်အတွက် မမှားတာမို့ လက်မလျှော့လိုက်ပါနဲ့နော်။

အောင်မြင်ထက်မြက်တဲ့ ယောင်းလေးတွေ ဖြစ်နိုင်ကြပါစေနော်…

Sugar Cane(For Her Myanmar)

References : thebalancecareers, fastcompany

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *