ဆံုးျဖတ္ခ်က္ ေကာင္းတစ္ခုကို ခိုင္ခိုင္မာမာခ်တတ္ေစဖို႔ အဓိက လွ်ိဳ႕ဝွက္ခ်က္(၄)ခု

ဇေဝဇဝါျဖစ္ေနတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခိုင္မာသြားေစဖို႔  

ေယာင္းတို႔ေရ… လုပ္ငန္းတစ္ခု ေအာင္ျမင္တိုးတက္ေစတဲ့ အေၾကာင္းအရင္းေတြထဲမွာ ဆုံးျဖတ္ခ်က္ ေကာင္းေကာင္းခ်တတ္တာကလည္း အဓိကေသာ့ခ်က္အေနနဲ႕ ပါဝင္ေနပါတယ္… ဆုံးျဖတ္တယ္ဆိုတာကလည္း အေျပာသာလြယ္ေပမဲ့ လက္ေတြ႕မွာမလြယ္ကူလွတာ ေယာင္းတို႔လည္း အသိ ျဖစ္မွာပါ။ ဆုံးျဖတ္ခ်က္ေပၚမူတည္ၿပီး လုပ္ငန္းေအာင္ျမင္မႈ အေနအထား ကြာဟသြားႏိုင္တာမို႔ ဆုံးျဖတ္ခ်က္ေကာင္းေကာင္း ဘယ္လိုခ်မွတ္သင့္လဲဆိုတာကို ေယာင္းတို႔ ဗဟုသုတရေအာင္ ေဝမွ်ေပးခ်င္ပါတယ္ေနာ္…

ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ေတြကို မနက္ပိုင္းမွာ ခ်သင့္ပါတယ္။ 

ေယာင္းတို႔ေရ…  ေကာင္းမြန္စြာ အိပ္စက္အနားယူၿပီး နိုးထလာတဲ့ မနက္ခင္းအခ်ိန္ေတြမွာ ဆုံးျဖတ္ခ်က္ခ်သင့္ပါတယ္ေနာ္… ဒီလိုအခ်ိန္မွာ စိတ္ရႈပ္ေထြးမႈေတြ ၊ ေမာပန္းႏြမ္းနယ္မႈေတြ ကင္းစင္ၿပီး စိတ္ၾကည္လင္လန္းဆန္းေနတာမို႔ ေသခ်ာတဲ့ ဆုံးျဖတ္ခ်က္ေကာင္းကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။

Related Article >>> ကိုယ္႔ရဲ႕ career မွာ ေပ်ာ္ရႊင္ဖို႔အတြက္ လက္လႊတ္လုိက္သင့္တဲ႔ ယံုၾကည္မႈ ၃ခု 

အေၾကာင္းအရာေပၚမူတည္ၿပီး ခန္႔မွန္းတြက္ခ်က္မႈေတြ ျပဳလုပ္သင့္ပါတယ္။

ေယာင္းတို႔ေရ… ဆုံးျဖတ္ခ်က္ခ်တဲ့အခါမွာ ဆုံးျဖတ္ခ်က္နဲ႕ ဆက္ႏြယ္ၿပီး ဘယ္လိုဆိုးက်ိဳးေတြ၊  ဘယ္လိုအက်ိဳးအျမတ္ေတြ  ရႏိုင္မလဲဆိုတာကို အဓိကထည့္သြင္းစဥ္းစားသင့္ပါတယ္။ အက်ိဴးအျမတ္မရွိရင္ေတာင္ လုပ္ငန္းအတြက္ေရရွည္မွာ ဘယ္လိုသက္ေရာက္မႈေတြရွိႏိုင္မလဲဆိုတာ ခန္႔မွန္းတြက္ခ်က္ၿပီးမွ ဆုံးျဖတ္ခ်က္ေကာင္းတစ္ခုကို ခိုင္ခိုင္မာမာ ခ်သင့္ပါတယ္ေနာ္။

အခ်ိန္ေတြဆြဲၿပီး ဆုံးျဖတ္ခ်က္မခ်သင့္ဘူး။

ေယာင္းတို႔ေရ. ဆုံးျဖတ္ခ်က္တစ္ခု ခ်ဖို႔အတြက္ လိုအပ္တဲ့ အခ်က္အလက္ေတြကို တတ္ႏိုင္သေလာက္ စုေဆာင္းၿပီး တစ္ခ်ိန္တည္းမွာပဲ ေသခ်ာတဲ့ ေဝဖန္ပိုင္းျခားမႈေတြ ျပဳလုပ္သင့္ပါတယ္။ အခ်က္အလက္ေတြ ေသခ်ာခိုင္မာတာနဲ႔ ဆုံးျဖတ္ခ်က္ကို ရဲရဲဝံ့ဝ့့ံခ်သင့္ပါတယ္။

ၿပီးခဲ့တဲ့ ဆုံးျဖတ္ခ်က္ေတြကုိ ျပန္လည္သုံးသပ္သင့္တယ္။

ေယာင္းတို႔အေနနဲ႔ ဆုံးျဖတ္ခ်က္အသစ္ခ်ေတာ့မယ္ဆိုရင္ ၿပီးခဲ့တဲ့ ဆုံးျဖတ္ခ်က္ေတြရဲ႕ အေကာင္းအဆိုး ၊ အက်ိဳးအေၾကာင္းကို ျပန္လည္သင္ခန္းစာယူၿပီး ၿပီးခဲ့တဲ့အေတြ႕အၾကံဳေတြကတဆင့္ ဆုံးျဖတ္ခ်က္ေကာင္းကို ခ်သင့္ပါတယ္ေနာ္။

Related Article >>> အင္တာဗ်ဴးေျဖအၿပီးမွာ အလုပ္ရွင္ကို ေမးသင့္တဲ့ေမးခြန္းႀကီး (၅) ခု

ကဲ… ေယာင္းတို႔ေရ ဒီေလာက္ဆိုရင္ေတာ့  ဆုံးျဖတ္ခ်က္ေကာင္းေတြကို ဘယ္လိုခ်သင့္လဲဆိုတဲ့ လွ်ဳိ႕ဝွက္ခ်က္ေတြကို တီးေခါက္မိသြားေလာက္ၿပီထင္ပါတယ္္။ ေနာက္ထပ္လည္း ေယာင္းတို႔ဗဟုသုတရေစမယ့္ အေၾကာင္းေတြကို For Her Myanmar ကေန ဆက္လက္တင္ဆက္ေပးဦးမွာမို႔  ေစာင့္ေမွ်ာ္ေပးၾကပါဦးလို႔…

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

References: SuccessFast Company

<<< Unicode >>>

ဇဝေဇဝါဖြစ်နေတဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်မာသွားစေဖို့  

ယောင်းတို့ရေ… လုပ်ငန်းတစ်ခု အောင်မြင်တိုးတက်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ဆုံးဖြတ်ချက် ကောင်းကောင်းချတတ်တာကလည်း အဓိကသော့ချက်အနေနဲ့ ပါဝင်နေပါတယ်… ဆုံးဖြတ်တယ်ဆိုတာကလည်း အပြောသာလွယ်ပေမဲ့ လက်တွေ့မှာမလွယ်ကူလှတာ ယောင်းတို့လည်း အသိ ဖြစ်မှာပါ။ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး လုပ်ငန်းအောင်မြင်မှု အနေအထား ကွာဟသွားနိုင်တာမို့ ဆုံးဖြတ်ချက်ကောင်းကောင်း ဘယ်လိုချမှတ်သင့်လဲဆိုတာကို ယောင်းတို့ ဗဟုသုတရအောင် ဝေမျှပေးချင်ပါတယ်နော်…

ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို မနက်ပိုင်းမှာ ချသင့်ပါတယ်။ 

ယောင်းတို့ရေ…  ကောင်းမွန်စွာ အိပ်စက်အနားယူပြီး နိုးထလာတဲ့ မနက်ခင်းအချိန်တွေမှာ ဆုံးဖြတ်ချက်ချသင့်ပါတယ်နော်… ဒီလိုအချိန်မှာ စိတ်ရှုပ်ထွေးမှုတွေ ၊ မောပန်းနွမ်းနယ်မှုတွေ ကင်းစင်ပြီး စိတ်ကြည်လင်လန်းဆန်းနေတာမို့ သေချာတဲ့ ဆုံးဖြတ်ချက်ကောင်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Related Article >>> ကိုယ့်ရဲ့ career မှာ ပျော်ရွှင်ဖို့အတွက် လက်လွှတ်လိုက်သင့်တဲ့ ယုံကြည်မှု ၃ခု 

အကြောင်းအရာပေါ်မူတည်ပြီး ခန့်မှန်းတွက်ချက်မှုတွေ ပြုလုပ်သင့်ပါတယ်။

ယောင်းတို့ရေ… ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဆုံးဖြတ်ချက်နဲ့ ဆက်နွယ်ပြီး ဘယ်လိုဆိုးကျိုးတွေ၊  ဘယ်လိုအကျိုးအမြတ်တွေ  ရနိုင်မလဲဆိုတာကို အဓိကထည့်သွင်းစဉ်းစားသင့်ပါတယ်။ အကျိူးအမြတ်မရှိရင်တောင် လုပ်ငန်းအတွက်ရေရှည်မှာ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာ ခန့်မှန်းတွက်ချက်ပြီးမှ ဆုံးဖြတ်ချက်ကောင်းတစ်ခုကို ခိုင်ခိုင်မာမာ ချသင့်ပါတယ်နော်။

အချိန်တွေဆွဲပြီး ဆုံးဖြတ်ချက်မချသင့်ဘူး။

ယောင်းတို့ရေ. ဆုံးဖြတ်ချက်တစ်ခု ချဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို တတ်နိုင်သလောက် စုဆောင်းပြီး တစ်ချိန်တည်းမှာပဲ သေချာတဲ့ ဝေဖန်ပိုင်းခြားမှုတွေ ပြုလုပ်သင့်ပါတယ်။ အချက်အလက်တွေ သေချာခိုင်မာတာနဲ့ ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ချသင့်ပါတယ်။

ပြီးခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်သင့်တယ်။

ယောင်းတို့အနေနဲ့ ဆုံးဖြတ်ချက်အသစ်ချတော့မယ်ဆိုရင် ပြီးခဲ့တဲ့ ဆုံးဖြတ်ချက်တွေရဲ့ အကောင်းအဆိုး ၊ အကျိုးအကြောင်းကို ပြန်လည်သင်ခန်းစာယူပြီး ပြီးခဲ့တဲ့အတွေ့အကြုံတွေကတဆင့် ဆုံးဖြတ်ချက်ကောင်းကို ချသင့်ပါတယ်နော်။

Related Article >>> အင်တာဗျူးဖြေအပြီးမှာ အလုပ်ရှင်ကို မေးသင့်တဲ့မေးခွန်းကြီး (၅) ခု

ကဲ… ယောင်းတို့ရေ ဒီလောက်ဆိုရင်တော့  ဆုံးဖြတ်ချက်ကောင်းတွေကို ဘယ်လိုချသင့်လဲဆိုတဲ့ လျှို့ဝှက်ချက်တွေကို တီးခေါက်မိသွားလောက်ပြီထင်ပါတယ်။ နောက်ထပ်လည်း ယောင်းတို့ဗဟုသုတရစေမယ့် အကြောင်းတွေကို For Her Myanmar ကနေ ဆက်လက်တင်ဆက်ပေးဦးမှာမို့  စောင့်မျှော်ပေးကြပါဦးလို့…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

References: Success, Fast Company

No Comments Yet

Comments are closed