Career Tips

အလုပ်နဲ့ဘဝ အချိုးကျစေဖို့ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက်(၃) ချက်

တစ်နေ့တစ်နေ့ အလုပ်နဲ့ပဲ ပြီးနေသူတွေ ဖတ်ကြည့်သင့်နေပါပြီနော် 🤔


(၁) အချိန်စာရင်းဆွဲပါ


(၂) ငြင်းပယ်တတ်ပါစေ



(၃) စည်းထားပါ





Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ




Stella (For Her Myanmar)

<<<Unicode>>>

မှန်မှန်ကန်ကန်ခွဲခြားတတ်ဖို့ လိုအပ်ပါတယ်နော် 🤔

ယောင်းတို့ရေ… Stella ပတ်ဝန်းကျင်မှာတော့ အလုပ်နဲ့ဘဝကြား ဗျာများနေတဲ့လူတွေကို နေ့စဉ်နဲ့အမျှတွေ့နေရပါတယ်။ အလုပ်တွေများလွန်းတာကြောင့် မိသားစုနဲ့ချစ်သူကို အချိန်မပေးနိုင်လို့ ပြဿနာဖြစ်နေတယ်လို့ လာညည်းသူတွေလည်း ဒုနဲ့ဒေးပါပဲ။ အချိန်မပေးတဲ့ကိစ္စကြောင့် မိသားစုနဲ့ ပဋိပက္ခဖြစ်ရတာတွေ၊ ချစ်သူနဲ့အဆင်မပြေတာတွေများလာတဲ့အခါ စိတ်ဖိစီးမှုတွေပိုလာပါတယ်။ ယောင်းကော…ဒီလူတွေထဲပါနေပြီလား ဒါဆိုရင်တော့ ယောင်းအနေနဲ့ Stella ပြောပြပေးမယ့်အချက်တွေကို ဖတ်ကြည့်ဖို့လိုနေပါပြီ။

(၁) အချိန်စာရင်းဆွဲပါ

အလုပ်နဲ့ဘဝကြားမှာ ဗျာများရတဲ့ အဓိကအကြောင်းအရင်းကတော့ အချိန်ကိုသေချာစီမံခန့်ခွဲခြင်းမလုပ်နိုင်လို့ပါ။ ပထမဆုံးယောင်းအနေနဲ့ တစ်ပတ်စာလုပ်စရာတွေအကုန်လုံးကို အချိန်စာရင်းထဲ ထည့်မှတ်ရပါမယ်။ ဒီလိုထည့်မှတ်တဲ့အခါ အလုပ်ချိန်နောက်ပိုင်းကို ကိုယ်ပိုင်အချိန်အဖြစ်သတ်မှတ်ပါ။ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်ဖို့၊ အနားယူဖို့၊ မိသားစုကို အချိန်ပေးဖို့ ဒီအချိန်မှာ အလုပ်ကိစ္စတွေကင်းပါစေ။ ရုံးပိတ်ရက် စနေ၊တနင်္ဂနွေတွေမှာ အလုပ်လုပ်ခြင်းကိုရှောင်ပါ။

(၂) ငြင်းပယ်တတ်ပါစေ

အလုပ်ရှင်က အထင်သေးမှာစိုးလို့ ဘာအလုပ်ပေးပေးအကုန်ယူပြီး အလုပ်ချိန်ပြင်ပမှာပါ အလုပ်ပုံထဲနှစ်မြုပ်နေတဲ့သူတွေ ရှိပါတယ်။ ကိုယ့်အတိုင်းအတာကိုယ်သိပါယောင်းရေ…ကိုယ်မလုပ်နိုင်တဲ့ အလုပ်ပမာဏကို ပေးလာရင်ငြင်းပယ်လို့ရပါတယ်။ ကိုယ်လုံးဝမနိုင်လောက်တဲ့အထိ အလုပ်တွေများနေပြီဆိုရင် လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းပါ။ အလုပ်ကိုတော့ ဘယ်တော့မှ အိမ်မသယ်ပါနဲ့။

Related article >>> ကိုယ့်ရဲ့ career မှာ ပျော်ရွှင်ဖို့အတွက် လက်လွှတ်လိုက်သင့်တဲ့ ယုံကြည်မှု ၃ခု

 (၃) စည်းထားပါ

အလုပ်နဲ့ဘဝကြားမှာ စည်းထားပါ။ ညအိပ်ရာဝင်ချိန်မှာ အိပ်ရာထဲရောက်တဲ့အထိ အလုပ်မေးလ်တွေ မစစ်ပါနဲ့။ ယောင်းက အလုပ်ချိန်ပြင်ပမှာ မိသားစုနဲ့ညစာစားနေချိန် အလုပ်ကဖုန်းဝင်လာရင် မကိုင်ပါနဲ့။ တချို့အလုပ်ရှင်တွေက ဒီစည်းကို နားလည်ပေမဲ့ နားမလည်တဲ့အလုပ်ရှင်တွေလည်းရှိပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ကအလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားထားတဲ့အကြောင်း အလုပ်ရှင် ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကြိုတင်ညှိနှိုင်းထားဖို့ပါပဲ။ ဒါဟာအလုပ်ကို မလေးစားတာမဟုတ်ပါဘူး။

Related article >>> အလုပ်ရဖို့အတွက် ဝါသနာမပါတဲ့ အလုပ်တစ်ခုကို ရွေးချယ်လိုက်ရတဲ့အခါ

အလုပ်နဲ့ဘဝမျှမျှတတဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ အလုပ်ကြိုးစားတာကောင်းပေမဲ့ အလုပ်ကြောင့် ကိုယ်ပိုင်ဘဝ ပျောက်ဆုံးလာတဲ့အခါ ကိုယ့်ဘေးနားကလူတွေကို မေ့လျော့လာတတ်ပါတယ်။ Stella စဉ်းစားတဲ့အတိုင်းဆိုရင်တော့ အလုပ်က အချိန်မရွေးပြန်ရှာလို့ရပေမဲ့ ကိုယ့်ဘဝအတွက်အရေးပါတဲ့လူတွေကို ဆုံးရှုံးသွားတဲ့အခါ အစားထိုးစရာမရှိပါဘူး။

ဆိုတော့ ဒီလိုကိုယ့်အတွက် အချိန်လေးလည်း ရအောင်၊ လုပ်ငန်းခွင်ထဲမှာလည်း အောင်မြင်အောင် ဘယ်လိုမျိုး အထာကျကျ အလုပ်လုပ်ကြမလဲဆိုတာကို ဒီထက်ပိုသိချင်တယ်ဆိုရင်တော့ ၃၀.၆.၂၀၁၉ (တနင်္ဂနွေနေ့) ကျရင် Park Royal Hotel မှာ အက်ဒ်မင်တို့ For Her Myanmar က ကျင်းပမယ့် “Women of Tomorrow – II” ပွဲလေးကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ ယောင်းတို့ရေ…

Women of Tomorrow 2
ပှဲအကွောငျး အသေးစိတျသိလိုပါက >> http://bit.ly/2WK7oFQ

ဒီပွဲလေးမှာတော့ နိုင်ငံတကာ လုပ်ငန်းခွင်တွေထဲမှာ မြန်မာအမျိုးသမီးတွေ ဝင်ဆန့်ဖို့ ဘာတွေ ပြင်ဆင်ရမယ်၊ ဘာတွေ ကြုံတွေ့ရမယ်၊ ဘယ်လို ဖြေရှင်းရမယ်ဆိုတာတွေကို မျှဝေပေးသွားမှာမို့ လုပ်ငန်းခွင်ထဲက ယောင်းတွေရော၊ လုပ်ငန်းခွင်ဝင်မယ့် ယောင်းတွေအတွက်ပါ ဗဟုသုတတွေ အများကြီး ရသွားဖို့ သေချာပါတယ်နော်…

အခမဲ့ တက်ရောက်ခွင့် ရမှာဖြစ်ပြီး လူဦးရေတော့ ကန့်သတ်ထားတာမို့ နောက်မကျရလေအောင် ဒီလင့်ခ်လေးမှာ အရင် Register လုပ်လိုက်ပါဦးလို့.. ပွဲအကြောင်း အသေးစိတ်ကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်လို့ရတယ်နော်..

ပွဲနေ့မှာ ဆုံကြပါစို့ ယောင်းတို့ရေ…
Stella (For Her Myanmar)

Stella
Stella
Stella ကတော့ Fashion နဲ့ Beauty ကို ဝါသနာပါလို့ For Her Myanmar မှာ ယောင်းယောင်းတို့အတွက် beauty hacks တွေ, fashion နဲ့ပက်သက်တဲ့ အကြောင်းအရာမျိုးစုံကို အဓိကဝေမျှပေးသွားမှာပါ။ သုတရသတွေကိုလည်း လက်လှမ်းမှီသလောက် ရေးပေးပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *