Career

မွန္ကန္တဲ့အလုပ္အကိုင္လမ္းေၾကာင္းကို ေရြးခ်ယ္နိုင္ဖို႕ ကိုယ္တိုင္ျပန္ေမးၾကည့္သင့္တဲ့ ေမးခြန္း(၃)ခု

အေရြးမွားသြားရင္ ေရွ႕တိုးရခက္ ေနာက္ဆုတ္ရခက္နဲ႕ ဒြိဟေတြျဖစ္ေရာ 🤧🤧

ေယာင္းတို႕ဘဝတစ္ေလွ်ာက္လုံး တည့္မတ္စြာေလွ်ာက္လွမ္းနိုင္ဖို႕ ဘယ္လိုအလုပ္အကိုင္မ်ိဳး ေရြးခ်ယ္သင့္လဲဆိုတာကို ကိုယ္တိုင္စမ္းစစ္ေမးျမန္းမိၾကလိမ့္မယ္ထင္ပါတယ္။ ေရြးခ်ယ္တဲ့အခါမွာလည္း လုပ္ငန္းခြင္မဝင္ေရာက္ခင္တည္းက ႀကိဳတင္ေတြးေတာႀကံစည္ၿပီး ျပင္ဆင္ထားမွသာ မွန္ကန္တဲ့ေရြးခ်ယ္မႈေတြ ျဖစ္လာနိုင္မွာပါ။ အလုပ္လုပ္ရင္းနဲ႕ အဆင္ေျပသြားမွာပါဆိုၿပီး ကိုယ္ဝါသနာမပါတဲ့အလုပ္တစ္ခုကို ဝင္ေရာက္လုပ္ကိုင္လိုက္မယ္ဆိုရင္ ဝါသနာနဲ႕အလုပ္ထပ္တူမက်ဘဲ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ၾကတာေတြ တစ္ပုံတစ္ေခါင္းႀကီးပါ။

ဒီေတာ့ ေယာင္းတို႕ အလုပ္အကိုင္လမ္းေၾကာင္း ေရြးခ်ယ္တဲ့အခါ အေရြးမမွားေစဖို႕ ကိုယ့္ကိုယ္ကိုယ္ ဘာေတြေမးျမန္းသင့္လဲဆိုတာေတြကို မင္မင္ကေဝမွ်ေပးခ်င္ပါတယ္။

Related article>>>ေအာင္ျမင္တဲ့ဘဝတက္လမ္း ေအာင္ျမင္တဲ့ Career သို႔သြားမယ္

၁- လက္ရွိသင္ယူေနတဲ့ပညာရပ္မွာ ဘယ္အပိုင္းကို အႀကိဳက္ဆုံးလဲဆိုတာ ကိုယ္တိုင္ျပန္ေမးပါ။

ေယာင္းတို႕လက္ရွိသင္ၾကားေနတဲ့ ပညာရပ္ပိုင္းနဲ႕ပတ္သက္ၿပီး နည္းပညာပိုင္း ၊ နည္းဗ်ဴဟာပိုင္း ၊ အဖြဲ႕အစည္းပိုင္း ၊ ဆက္သြယ္ေရးအပိုင္း ၊ ဖန္တီးမႈပိုင္းဆိုၿပီး ခြဲထုတ္လိုက္ကာ ကိုယ္ကဘယ္လမ္းေၾကာင္းကို ဝါသနာအပါဆုံးလဲဆိုတာ ဆုံးျဖတ္ပါ။

ဒီလိုပိုင္းျခားၿပီးေရြးခ်ယ္လိုက္တာေၾကာင့္ ကိုယ္ဝါသနာပါတဲ့လမ္းေၾကာင္းကို ေနရာတက်ေရာက္ရွိနိုင္ၿပီး ေန႕စဉ္ကိုယ္လုပ္ရမယ့္ အလုပ္အကို္င္ကို ပိုၿပီးခ်စ္ျမတ္နိုးစြာလုပ္ကိုင္လာနိုင္သလို  ေအာင္ျမင္မႈအခြင့္အ လမ္းေတြအတြက္လည္း ပိုႀကိဳးစားမိလာမွာျဖစ္ပါတယ္။

 ၂- အလုပ္အကိုင္လမ္းေၾကာင္းကို ဘယ္လိုစတင္သင့္လဲဆိုတာ ကိုယ္တိုင္ျပန္ေမးပါ

ဘယ္အလုပ္အကိုင္ကိုပဲေရြးခ်ယ္လိုက္ပါေစ။ စတင္လုပ္ကိုင္ဖို႕ လမ္းေၾကာင္းကိုေတာ့ စဉ္းစားရစၿမဲပါ။ တခ်ိဳ႕အလုပ္ေတြအတြက္ ေသခ်ာတဲ့အရည္အခ်င္းေတြနဲ႕ သင္ယူခဲ့မႈမွတ္တမ္းေတြလိုအပ္ပါတယ္။ တျခားအလုပ္ေတြမွာေတာ့ အလုပ္သင္လုပ္ကိုင္ခဲ့တာမ်ိဳးေတြ ၊ အလုပ္နဲ႕ပတ္သက္တဲ့ သီးသန္႔ သင္တန္းတက္ေရာက္ထားတာေတြ လိုအပ္တတ္ပါတယ္။ ဒီေတာ့ ေရြးခ်ယ္လိုက္တဲ့ အလုပ္အကိုင္ကို စတင္ဖို႕ ေယာင္းမွာရွိတဲ့အရည္အခ်င္းေတြ ၊ ပညာေတြနဲ႕ကိုက္ညီမႈရွိရဲ႕လားနဲ႕ လိုအပ္ေနတာေတြကို ဘယ္လိုျဖည့္ဆည္းရမလဲဆိုတာ ကိုယ္တိုင္ျပန္ေမးပါ။

 Related article>>>အလုပ္ႀကိဳးစားတဲ့သူနဲ႔ အလုပ္ကို စြဲလမ္းေနသူ (Workaholic) တို႔ၾကားက ကြာျခားခ်က္

 

၃-ပိုက္ဆံ(သို႕) ဝါသနာ (သို႕) အဆင္ေျပမႈထဲက ဘယ္ဟာကအေရးႀကီးဆုံးလဲဆိုတာ ျပန္ေမးပါ

ေယာင္းတို႕က ပိုက္ဆံမ်ားမ်ားရခ်င္လို႕အလုပ္လုပ္ခ်င္တာဆိုရင္ အလုပ္လုပ္ခ်ိန္နဲ႕ ရရွိတဲ့ေငြပမာဏ ဟန္ခ်က္ညီတာမ်ိဳးကိုေရြးခ်ယ္ပါ။ ဝါသနာပါတာကိုပဲ ဦးစားေပးလုပ္ကိုင္ခ်င္တာဆိုရင္ ရရွိနိုင္တဲ့လစာကိုအရမ္းမၾကည့္ေနဘဲ ကိုယ္နဲ႕အေပးအယူတည့္ၿပီး အကိုက္ညီဆုံးျဖစ္မယ့္ အလုပ္ကိုေရြးခ်ယ္ပါ။ ကိုယ္နဲ႕အဆင္ေျပတာမ်ိဳးကိုပဲ လုပ္ကိုင္ခ်င္တာဆိုရင္ေတာ့ အိ္မ္နဲ႕နီးတာမ်ိဳးပဲျဖစ္ျဖစ္ ထပ္မံေလ့လာစရာမလိုဘဲ လက္ရွိကိုယ့္အရည္အခ်င္းနဲ႕ပဲလုံေလာက္တဲ့ အလုပ္မ်ိဳးကို ေရြးခ်ယ္လုပ္ကိုင္ပါ။ ဒီလိုေရြးခ်ယ္ဖို႕အတြက္ ေယာင္းတို႕အတြက္ဘယ္ဟာက အေရးႀကီးဆုံးလဲဆိုတာကို ျပန္ေမးၾကည့္ပါ။

ရရွိနိုင္တဲ့အခြင့္အလမ္းေတြနဲ႕ အက်ိဳးရလဒ္ေတြဦးစားေပးၿပီး ေရြးခ်ယ္လုပ္ကိုင္လိုက္ေပမဲ့ ကိုယ့္အတြက္အဆင္မေျပနိုင္ဘူးလို႕ ထင္လိုက္တာနဲ႕ အလုပ္အကိုင္လမ္းေၾကာင္း ျပန္ေျပာင္းလိုက္မယ္ဆိုရင္လည္း လုံးဝေနာက္မက်ေသးပါဘူးေနာ္။ မင္မင္ေဝမွ်ေပးထားတဲ့ ေမးခြန္းသုံးခုကိုျပန္ေမးၾကည့္ၿပီး ေယာင္းတို႕နဲ႕အသင့္ေတာ္ဆုံးအလုပ္အကိုင္ကို ေရြးခ်ယ္နိုင္ၾကပါေစ။

ခ်စ္ရတဲ့မင္မင္

DiDi (For Her Myanmar)

<<<Unicode>>>

အရွေးမှားသွားရင် ရှေ့တိုးရခက် နောက်ဆုတ်ရခက်နဲ့ ဒွိဟတွေဖြစ်ရော 🤧🤧

ယောင်းတို့ဘဝတစ်လျှောက်လုံး တည့်မတ်စွာလျှောက်လှမ်းနိုင်ဖို့ ဘယ်လိုအလုပ်အကိုင်မျိုး ရွေးချယ်သင့်လဲဆိုတာကို ကိုယ်တိုင်စမ်းစစ်မေးမြန်းမိကြလိမ့်မယ်ထင်ပါတယ်။ ရွေးချယ်တဲ့အခါမှာလည်း လုပ်ငန်းခွင်မဝင်ရောက်ခင်တည်းက ကြိုတင်တွေးတောကြံစည်ပြီး ပြင်ဆင်ထားမှသာ မှန်ကန်တဲ့ရွေးချယ်မှုတွေ ဖြစ်လာနိုင်မှာပါ။ အလုပ်လုပ်ရင်းနဲ့ အဆင်ပြေသွားမှာပါဆိုပြီး ကိုယ်ဝါသနာမပါတဲ့အလုပ်တစ်ခုကို ဝင်ရောက်လုပ်ကိုင်လိုက်မယ်ဆိုရင် ဝါသနာနဲ့အလုပ်ထပ်တူမကျဘဲ အောင်မြင်သင့်သလောက် မအောင်မြင်ကြတာတွေ တစ်ပုံတစ်ခေါင်းကြီးပါ။ဒီတော့ ယောင်းတို့ အလုပ်အကိုင်လမ်းကြောင်း ရွေးချယ်တဲ့အခါ အရွေးမမှားစေဖို့ ကိုယ့်ကိုယ်ကိုယ် ဘာတွေမေးမြန်းသင့်လဲဆိုတာတွေကို မင်မင်ကဝေမျှပေးချင်ပါတယ်။

Related article>>>အောင်မြင်တဲ့ဘဝတက်လမ်း အောင်မြင်တဲ့ Career သို့သွားမယ်

၁- လက်ရှိသင်ယူနေတဲ့ပညာရပ်မှာ ဘယ်အပိုင်းကို အကြိုက်ဆုံးလဲဆိုတာ ကိုယ်တိုင်ပြန်မေးပါ။

ယောင်းတို့လက်ရှိသင်ကြားနေတဲ့ ပညာရပ်ပိုင်းနဲ့ပတ်သက်ပြီး နည်းပညာပိုင်း ၊ နည်းဗျူဟာပိုင်း ၊ အဖွဲ့အစည်းပိုင်း ၊ ဆက်သွယ်ရေးအပိုင်း ၊ ဖန်တီးမှုပိုင်းဆိုပြီး ခွဲထုတ်လိုက်ကာ ကိုယ်ကဘယ်လမ်းကြောင်းကို ဝါသနာအပါဆုံးလဲဆိုတာ ဆုံးဖြတ်ပါ။ဒီလိုပိုင်းခြားပြီးရွေးချယ်လိုက်တာကြောင့် ကိုယ်ဝါသနာပါတဲ့လမ်းကြောင်းကို နေရာတကျရောက်ရှိနိုင်ပြီး နေ့စဉ်ကိုယ်လုပ်ရမယ့် အလုပ်အကိုင်ကို ပိုပြီးချစ်မြတ်နိုးစွာလုပ်ကိုင်လာနိုင်သလို  အောင်မြင်မှုအခွင့်အ လမ်းတွေအတွက်လည်း ပိုကြိုးစားမိလာမှာဖြစ်ပါတယ်။

၂- အလုပ်အကိုင်လမ်းကြောင်းကို ဘယ်လိုစတင်သင့်လဲဆိုတာ ကိုယ်တိုင်ပြန်မေးပါ

ဘယ်အလုပ်အကိုင်ကိုပဲရွေးချယ်လိုက်ပါစေ။ စတင်လုပ်ကိုင်ဖို့ လမ်းကြောင်းကိုတော့ စဉ်းစားရစမြဲပါ။ တစ်ချို့အလုပ်တွေအတွက် သေချာတဲ့အရည်အချင်းတွေနဲ့ သင်ယူခဲ့မှုမှတ်တမ်းတွေလိုအပ်ပါတယ်။ တခြားအလုပ်တွေမှာတော့ အလုပ်သင်လုပ်ကိုင်ခဲ့တာမျိုးတွေ ၊ အလုပ်နဲ့ပတ်သက်တဲ့ သီးသန့်သင်တန်းတက်ရောက်ထားတာတွေ လိုအပ်တတ်ပါတယ်။ ဒီတော့ ရွေးချယ်လိုက်တဲ့ အလုပ်အကိုင်ကို စတင်ဖို့ ယောင်းမှာရှိတဲ့အရည်အချင်းတွေ ၊ ပညာတွေနဲ့ကိုက်ညီမှုရှိရဲ့လားနဲ့ လိုအပ်နေတာတွေကို ဘယ်လိုဖြည့်ဆည်းရမလဲဆိုတာ ကိုယ်တိုင်ပြန်မေးပါ။

Related article>>>အလုပ်ကြိုးစားတဲ့သူနဲ့ အလုပ်ကို စွဲလမ်းနေသူ (Workaholic) တို့ကြားက ကွာခြားချက်

၃-ပိုက်ဆံ(သို့) ဝါသနာ (သို့) အဆင်ပြေမှုထဲက ဘယ်ဟာကအရေးကြီးဆုံးလဲဆိုတာ ပြန်မေးပါ

ယောင်းတို့က ပိုက်ဆံများများရချင်လို့အလုပ်လုပ်ချင်တာဆိုရင် အလုပ်လုပ်ချိန်နဲ့ ရရှိတဲ့ငွေပမာဏဟန်ချက်ညီတာမျိုးကိုရွေးချယ်ပါ။ ဝါသနာပါတာကိုပဲ ဦးစားပေးလုပ်ကိုင်ချင်တာဆိုရင် ရရှိနိုင်တဲ့လစာကိုအရမ်းမကြည့်နေဘဲ ကိုယ်နဲ့အပေးအယူတည့်ပြီး အကိုက်ညီဆုံးဖြစ်မယ့် အလုပ်ကိုရွေးချယ်ပါ။ ကိုယ်နဲ့အဆင်ပြေတာမျိုးကိုပဲ လုပ်ကိုင်ချင်တာဆိုရင်တော့ အိမ်နဲ့နီးတာမျိုးပဲဖြစ်ဖြစ် ထပ်မံလေ့လာစရာမလိုဘဲ လက်ရှိကိုယ့်အရည်အချင်းနဲ့ပဲလုံလောက်တဲ့ အလုပ်မျိုးကို ရွေးချယ်လုပ်ကိုင်ပါ။ ဒီလိုရွေးချယ်ဖို့အတွက် ယောင်းတို့အတွက်ဘယ်ဟာက အရေးကြီးဆုံးလဲဆိုတာကို ပြန်မေးကြည့်ပါ။

ရရှိနိုင်တဲ့အခွင့်အလမ်းတွေနဲ့ အကျိုးရလဒ်တွေဦးစားပေးပြီး ရွေးချယ်လုပ်ကိုင်လိုက်ပေမဲ့ ကိုယ့်အတွက်အဆင်မပြေနိုင်ဘူးလို့ ထင်လိုက်တာနဲ့ အလုပ်အကိုင်လမ်းကြောင်း ပြန်ပြောင်းလိုက်မယ်ဆိုရင်လည်း လုံးဝနောက်မကျသေးပါဘူးနော်။ မင်မင်ဝေမျှပေးထားတဲ့ မေးခွန်းသုံးခုကိုပြန်မေးကြည့်ပြီး ယောင်းတို့နဲ့အသင့်တော်ဆုံးအလုပ်အကိုင်ကို ရွေးချယ်နိုင်ကြပါစေ။

ချစ်ရတဲ့မင်မင်

DiDi (For Her Myanmar)

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *