Career Knowledge

လုပ္ငန္းခြင္အတြင္း သင္ယူမႈအခြင့္အလမ္းဖန္တီးနိုင္မယ့္ အခ်က္(၃)ခ်က္

အခြင့္အလမ္းမဖန္တီးရင္ေတာ့ တိုးတက္မႈလမ္းစေတြ ေပ်ာက္ဆုံးေနဦးမွာပါ 🤧 🤧 🤧

လုပ္ငန္းခြင္မွာလိုအပ္လာမယ့္  ႀကိဳတင္ျပင္ဆင္မႈေတြကို  စာသင္ေက်ာင္း (သို႔မဟုတ္) အလုပ္ရွင္ေတြက တစ္ခါတစ္ရံ စီစဥ္ေပးတတ္ေပမဲ့ လုပ္ငန္းခြင္တစ္ေလွ်ာက္လုံးမွာ ထူးခၽြန္လာဖို႕ ၊ အတတ္ပညာပိုင္းကၽြမ္းက်င္မႈ အသစ္ေတြကိုသင္ယူၿပီး တိုးတက္လာဖို႕ကိုေတာ့ ကိုယ္တိုင္ဖန္တီးယူရမွာျဖစ္ပါတယ္။ ဒီေတာ့ မင္မင္ကေန  ေန႔စဥ္လုပ္ငန္းခြင္ထဲမွာ  သင္ယူမႈအခြင့္အလမ္းေတြ ဘယ္လိုဖန္တီးရမလဲဆိုတဲ့  အၾကံေပးခ်က္ေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္။ ဒီအခ်က္ေလးေတြက အရည္အခ်င္း အသစ္ေတြပ်ိဳးေထာင္ရာမွာ အေထာက္အကူေပးနိုင္ၿပီး  အဲ့ဒီအရည္အခ်င္းေတြကတဆင့္ ေျခလွမ္းအသစ္ေတြ တက္လွမ္းနိုင္ဖို႕  ေယာင္းတို႕ကိုတြန္းအားျဖစ္ေစနိုင္မွာပါ။

၁။ ေန႔စဥ္မွတ္တမ္းတစ္ခု ေန႔တိုင္းေရးပါ

တစ္ေန႔တာ ၿပီးဆုံးတိုင္း ခံစားခ်က္ေတြ၊ ေပ်ာ္ရႊင္မႈေတြ၊ စိုးရိမ္ပူပန္မႈေတြ၊ ရယ္စရာေကာင္းတဲ့အျဖစ္အပ်က္ေတြနဲ႕  ေယာင္းတို႕ဘာေတြၿပီးေျမာက္ၿပီးၿပီလဲ၊ ဘယ္ေနရာမွာ ႀကိဳးစားရုန္းကန္ရတယ္ဆိုတာေတြကို မွတ္စုေရးထားေပးပါ။

Related article>>>ကိုယ္႔ရဲ႕ career မွာ ေပ်ာ္ရႊင္ဖို႔အတြက္ လက္လႊတ္လုိက္သင့္တဲ႔ ယံုၾကည္မႈ ၃ခု 

၂။ တစ္စုံတစ္ေယာက္နဲ႕ တိုင္ပင္ေဆြးေႏြးပါ

သင္ယူမႈပိရမစ္ သီအိုရီအရ ေယာင္းရဲ႕သင္ယူမႈေတြနဲ႕ စိန္ေခၚမႈေတြကို ေဆြးေႏြးျခင္းဟာ ေယာင္းတို႕ရဲ႕ မွတ္မိနိုင္စြမ္းကို (၇၀)ရာခိုင္ႏႈန္းေလာက္ ျမင့္တက္လာေစပါတယ္။ ေတြ႕ႀကဳံခဲ့ရတဲ့ အေတြ႔အႀကံဳေတြကို သူငယ္ခ်င္း၊ မိသားစု၀င္ (သို႕) လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ေယာက္ကို ေျပာျပတိုင္ပင္ပါ။ အျပန္အလွန္အေတြးေတြ ဖလွယ္ရင္းကေန ေယာင္းတို႕ဘဝ တိုးတက္နိုင္ဖို႕လမ္းစေတြ ၊ အခက္အခဲေျဖရွင္းနိုင္ဖို႕ နည္းလမ္းေတြကို အနည္းအက်ဉ္းေတာ့ ရရွိနိုင္မွာပါ။

၃။ ပန္းတိုင္မ်ား ခြဲျခားသတ္မွတ္ၿပီး လမ္းျပေျမပုံတစ္ခု ဖန္တီးပါ

ေယာင္းတို႕လုပ္ငန္းသက္တမ္း အတြက္ ငါးႏွစ္ (သို႕) ဆယ္ႏွစ္တာ အစီအစဥ္တစ္ခု ဖန္တီးေရးဆြဲပါ။ ပထမဦးဆုံး ရည္မွန္းခ်က္ပန္းတိုင္ကို ေရြးခ်ယ္ပါ။ ပန္းတိုင္ဆီ ေရာက္နိုင္မယ့္ လမ္းေၾကာင္းေတြ ျဖည့္လိုက္ပါ။ ၿပီးရင္ေတာ့ ဘယ္နွနွစ္အတြင္းမွာေတာ့ ဘာေတြၿပီးေအာင္လုပ္မယ္ဆိုတာကို တစ္ခါတည္းသတ္မွတ္ၿပီၤး ျဖစ္ေျမာက္ေအာင္ အေကာင္အထည္ေဖာ္ပါ။

Related article>>>ေအာင္ျမင္တဲ့ဘဝတက္လမ္း ေအာင္ျမင္တဲ့ Career သို႔သြားမယ္

ေယာင္းတို႕ေန႔စဥ္လုပ္ငန္းခြင္ထဲမွာ  သင္ယူမႈအခြင့္အလမ္းေတြဖန္တီးခ်င္တယ္ဆိုရင္ေတာ့ ဒီအႀကံျပဳခ်က္ေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္နိုင္ေအာင္ ႀကိဳးစားၾကပါေနာ္။ နွစ္ေတြေျပာင္းလဲလာတာနဲ႕အမွ် အခြင့္အလမ္းေတြ ဆထက္တပိုးရရွိနိုင္ၾကပါေစေနာ္။

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ Wynee Myanmar Organization အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<<Unicode>>>

အခွင့်အလမ်းမဖန်တီးရင်တော့ တိုးတက်မှုလမ်းစတွေ ပျောက်ဆုံးနေဦးမှာပါ  🤧🤧🤧

လုပ်ငန်းခွင်မှာလိုအပ်လာမယ့်  ကြိုတင်ပြင်ဆင်မှုတွေကို  စာသင်ကျောင်း (သို့မဟုတ်) အလုပ်ရှင်တွေက တစ်ခါတစ်ရံ စီစဉ်ပေးတတ်ပေမဲ့ လုပ်ငန်းခွင်တစ်လျှောက်လုံးမှာ ထူးချွန်လာဖို့ ၊ အတတ်ပညာပိုင်းကျွမ်းကျင်မှု အသစ်တွေကိုသင်ယူပြီး တိုးတက်လာဖို့ကိုတော့ ကိုယ်တိုင်ဖန်တီးယူရမှာဖြစ်ပါတယ်။ ဒီတော့ မင်မင်ကနေ  နေ့စဉ်လုပ်ငန်းခွင်ထဲမှာ  သင်ယူမှုအခွင့်အလမ်းတွေ ဘယ်လိုဖန်တီးရမလဲဆိုတဲ့  အကြံပေးချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒီအချက်လေးတွေက အရည်အချင်း အသစ်တွေပျိုးထောင်ရာမှာ အထောက်အကူပေးနိုင်ပြီး  အဲ့ဒီအရည်အချင်းတွေကတဆင့် ခြေလှမ်းအသစ်တွေ တက်လှမ်းနိုင်ဖို့  ယောင်းတို့ကိုတွန်းအားဖြစ်စေနိုင်မှာပါ။

၁။ နေ့စဉ်မှတ်တမ်းတစ်ခု နေ့တိုင်းရေးပါ

တစ်နေ့တာ ပြီးဆုံးတိုင်း ခံစားချက်တွေ၊ ပျော်ရွှင်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ရယ်စရာကောင်းတဲ့အဖြစ်အပျက်တွေနဲ့  ယောင်းတို့ဘာတွေပြီးမြောက်ပြီးပြီလဲ၊ ဘယ်နေရာမှာ ကြိုးစားရုန်းကန်ရတယ်ဆိုတာတွေကို မှတ်စုရေးထားပေးပါ။

Related article>>>ကိုယ့်ရဲ့ career မှာ ပျော်ရွှင်ဖို့အတွက် လက်လွှတ်လိုက်သင့်တဲ့ ယုံကြည်မှု ၃ခု 

၂။ တစ်စုံတစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးပါ

သင်ယူမှုပိရမစ် သီအိုရီအရ ယောင်းရဲ့သင်ယူမှုတွေနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခြင်းဟာ ယောင်းတို့ရဲ့ မှတ်မိနိုင်စွမ်းကို (၇၀)ရာခိုင်နှုန်းလောက် မြင့်တက်လာစေပါတယ်။ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို သူငယ်ချင်း၊ မိသားစုဝင် (သို့) လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ကို ပြောပြတိုင်ပင်ပါ။ အပြန်အလှန်အတွေးတွေ ဖလှယ်ရင်းကနေ ယောင်းတို့ဘဝ တိုးတက်နိုင်ဖို့လမ်းစတွေ ၊ အခက်အခဲဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို အနည်းအကျဉ်းတော့ ရရှိနိုင်မှာပါ။

၃။ ပန်းတိုင်များ ခွဲခြားသတ်မှတ်ပြီး လမ်းပြမြေပုံတစ်ခု ဖန်တီးပါ

ယောင်းတို့လုပ်ငန်းသက်တမ်း အတွက် ငါးနှစ် (သို့) ဆယ်နှစ်တာ အစီအစဉ်တစ်ခု ဖန်တီးရေးဆွဲပါ။ ပထမဦးဆုံး ရည်မှန်းချက်ပန်းတိုင်ကို ရွေးချယ်ပါ။ ပန်းတိုင်ဆီ ရောက်နိုင်မယ့် လမ်းကြောင်းတွေ ဖြည့်လိုက်ပါ။ ပြီးရင်တော့ ဘယ်နှနှစ်အတွင်းမှာတော့ ဘာတွေပြီးအောင်လုပ်မယ်ဆိုတာကို တစ်ခါတည်းသတ်မှတ်ပြီၤး ဖြစ်မြောက်အောင် အကောင်အထည်ဖော်ပါ။

Related article>>>ေအာင္ျမင္တဲ့ဘဝတက္လမ္း ေအာင္ျမင္တဲ့ Career သို႔သြားမယ္

ယောင်းတို့နေ့စဉ်လုပ်ငန်းခွင်ထဲမှာ  သင်ယူမှုအခွင့်အလမ်းတွေဖန်တီးချင်တယ်ဆိုရင်တော့ ဒီအကြံပြုချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ကြိုးစားကြပါနော်။ နှစ်တွေပြောင်းလဲလာတာနဲ့အမျှ အခွင့်အလမ်းတွေ ဆထက်တပိုးရရှိနိုင်ကြပါစေနော်။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organization အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Wynee Myanmar
Wynee Myanmar
Wynee is a community of young people and professionals dedicated to providing career guidance to the youth of Myanmar. Check out WyneeMyanmar.com to join the community and gain access to many more articles, Sign up for events across Myanmar, and participate in our online question and answer platform.
http://www.wyneemyanmar.com/

Leave a Reply

Your email address will not be published. Required fields are marked *