အင္တာဗ်ဴးေတြမွာ အေမးအမ်ားဆံုး ေမးခြန္း(၁၀)ခု

ဘာေတြေမးမလဲႀကိဳသိထားရင္ ႏႈတ္ေျဖေအာင္ဖို႕ တဝက္ေလာက္ေသခ်ာေနၿပီေယာင္းေရ

လုပ္ငန္းခြင္ေလာကမွာ က်င္လည္ေနတဲ့ ေယာင္းတုိ႔အတြက္ အင္တာဗ်ဴးဆုိတာ အၿမဲေရွာင္လႊဲလုိ႔မရတဲ့ အရာပါ။ ဒါေၾကာင့္ အက္ဒ္မင္ ဒီတစ္ခါေျပာျပခ်င္တာက အင္တာဗ်ဴးမွာ ေမးေလ့ရွိတဲ့ ေမးခြန္းေတြအေၾကာင္းပဲျဖစ္ပါတယ္။ ဒီေမးခြန္းေတြက အလုပ္စဝင္ကာစသူေတြကေန ရာထူးအဆင့္ဆင့္တုိင္းအတြက္ ေမးေလ့ရွိတဲ့ ေမးခြန္းေတြပါပဲ..

၁။ ကိုယ့္အေၾကာင္းကိုယ္ မိတ္ဆက္ေပးပါ။

ဒါကေတာ့ ငယ္ငယ္ကေရးဖူးတဲ့ Myself အေၾကာင္းလိုပါပဲ။ ဒါေပမဲ့ ကေလးတုန္းကလုိ အေဖနာမည္ အေမနာမည္ကအစ ထည့္ေျပာဖုိ႔ကေတာ့ မလိုပါဘူး။ ကုိယ့္ ပညာေရး၊ အရင္က အလုပ္လုပ္ဖူးတယ္ဆိုလည္း အရင္က အလုပ္အေၾကာင္း၊ ကိုယ့္ရည္မွန္းခ်က္အေၾကာင္း၊ ၿပီးေတာ့ ကိုယ့္ဝါသနာ၊ ကုိယ့္အားသာခ်က္ အားနည္းခ်က္စတာေတြကို ေျပာလို႔ရပါတယ္။

၂။ ဒီကုမၸဏီအေၾကာင္းကို ဘယ္ေလာက္သိလဲ

ဒီေမးခြန္းအတြက္ဆိုရင္ ဒီကုမၸဏီအေၾကာင္းကို အရင္ကသိသည္ျဖစ္ေစ မသိသည္ျဖစ္ေစ အင္တာဗ်ဴးမလာခင္ထဲက ဒီကုမၸဏီအေၾကာင္းကို ေလ့လာသြားပါ။ ၿပီးရင္ ကိုယ္သိသေလာက္ နည္းနည္းပဲ ျဖစ္ပါေစ ေျဖလုိ႔ရပါတယ္။ မသိဘူးလုိ႔ လံုးဝမေျဖသင့္တဲ့ ေမးခြန္းပါ။ မသိဘူးလို႔ ေျဖလိုက္မယ္ဆိုရင္ေတာ့ “ဟင္… ကိုယ္အလုပ္ဝင္မယ့္ ကုမၸဏီအေၾကာင္းေတာင္ ကိုယ္မသိဘူး၊ စိတ္ဝင္စားမႈ မရွိဘူး” ဆိုတာမ်ိဳး ျဖစ္သြားႏုိင္ပါတယ္။

၃။ ဘာေၾကာင့္ ဒီကုမၸဏီမွာ အလုပ္လုပ္ခ်င္တာလဲ

ဒီကုမၸဏီက ကိုယ့္ရဲ႕ အနာဂတ္ရည္မွန္းခ်က္ကို ေရာက္ေအာင္ ကူညီေပးႏိုင္ပါတယ္၊ ဒီ ကုမၸဏီမွာဆိုရင္ ကိုယ္ဝါသနာပါရာေတြလုပ္ႏိုင္တယ္၊ ကုမၸဏီနဲ႔ ကိုယ္နဲ႔ အျပန္အလွန္အက်ိဳးရွိႏိုင္တယ္ အစရွိသျဖင့္ ေျဖလုိ႔ရပါတယ္။

၄။ မင္းက ငါတုိ႔အတြက္ ဘာေတြလုပ္ေပးႏိုင္မွာလဲ / ဒီရာထူးကိုရရင္ မင္းက ဒီကုမၸဏီအတြက္ ဘာေတြလုပ္ေပးႏိုင္မလဲ။/ ဘာလုိ႔ မင္းကိုငွားသင့္တာလဲ။

ဒါက ကိုယ့္ကိုယ္ကိုယ္ ေၾကာ္ျငာေပးဖုိ႔ လမ္းဖြင့္ေပးတဲ့ ေမးခြန္းပါ။ ဒီအတြက္ အေျဖကိုေတာ့ ကိုယ့္ရဲ႕အားသာခ်က္မွန္သမွ်အေၾကာင္း မ်ားမ်ားေျပာေပးပါ။ လုိအပ္ရင္ ပိုပိုသာသာေလးေျပာတာကလည္း မမွားပါဘူး။ ကိုယ္မလုပ္ႏုိင္တာကိုေတာ့ ပိုမေျပာမိဖို႔ သတိထားဖို႔ လိုပါတယ္ေနာ္… အဓိကက ေၾကာ္ျငာတစ္ခုကို သံုးစြဲသူ တစ္ေယာက္ေတြ႔ရင္ သံုးခ်င္လာေအာင္ ဆြဲေဆာင္ရသလုိ အလုပ္ရွင္က ကိုယ့္ကို အလုပ္ခန္႔ခ်င္ေအာင္ ကိုယ့္အရည္အခ်င္းကို ထုတ္ေဖာ္ျပသရမွာပါ။

Related Article>>> အလုပ္မွာ ရာထူးတိုးဖို႔ အေျခခံအားျဖင့္ လိုအပ္တဲ့ အခ်က္ (၄)ခ်က္

၅။ မင္းရဲ႕ အသက္ေမြးဝမ္းေက်ာင္းရည္မွန္းခ်က္ (career dream) ကိုေျပာျပပါ။

ရည္မွန္းခ်က္ႀကီးႀကီးထားတာက အမွားမရွိပါဘူး။ အင္တာဗ်ဴးမွာလည္း ကိုယ့္ရည္မွန္းခ်က္ကို ခပ္ႀကီးႀကီးေျပာတာက တစ္ဖက္သား ကိုယ့္ကို သေဘာက်ေစတဲ့အရာပါ။ ရည္မွန္းခ်က္ႀကီးသူေတြက အလုပ္ႀကိဳးစားတယ္လုိ႔လည္း အဓိပၸာယ္ရတာမုိ႔ ရည္မွန္းခ်က္မရွိပါဘူးဆိုတာမ်ိဳးလို၊ ခပ္နိမ့္နိမ့္ရည္မွန္းခ်က္ေတြမ်ိဳးလုိ အေျဖေတြထက္ ရည္မွန္းခ်က္ျမင့္ျမင့္ေျဖတာက ပိုေကာင္းပါတယ္။

၆။ ေမွ်ာ္မွန္းလစာကို ေျပာပါ။

ဒီေမးခြန္းကိုေတာ့ ကိုယ္ေျပာတဲ့ လစာက အရမ္းမ်ားသြားမလား စိုးရိမ္တတ္တာကတစ္မ်ိဳး၊ ကိုယ့္ ေမွ်ာ္မွန္းလစာက အရမ္းမ်ားသြားရင္ ကိုယ့္ကို မခန္႔ဘဲေနမွာလားဆိုတဲ့ အေတြးမ်ိဳးေၾကာင့္ ေျဖရခက္ေလ့ရွိပါတယ္။ တကယ္က ေမွ်ာ္မွန္းလစာမ်ားလုိ႔ မခန္႔ဘူးဆိုတာမရွိပါဘူး။ ကိုယ့္အရည္အခ်င္းကို ႀကိဳက္ရင္ သူတို႔တကယ္ေပးႏိုင္မယ့္ လခနဲ႔ ကိုယ္လုိခ်င္တဲ့လခၾကားက အဆင္ေျပမယ့္လခကို ညွိႏိႈင္းေပးပါတယ္။

၇။ အခုေလွ်ာက္တဲ့ရာထူးကို ဘာေၾကာင့္စိတ္ဝင္စားတာလဲ

ဒါဆိုရင္ေတာ့ ဒီရာထူးကို ကိုယ္ကဝါသနာပါတယ္။ ဒီလုိအလုပ္မ်ိဳးဆိုရင္ စိတ္ဝင္စားတယ္။ ကိုယ္ေကာင္းေကာင္းလုပ္ေပးႏိုင္မယ္၊ ကုမၸဏီကို ေကာင္းေကာင္းအက်ိဳးျပဳႏိုင္မယ္လုိ႔ ေမွ်ာ္လင့္တယ္ဆိုတာမ်ိဳး ေျဖလုိ႔ရပါတယ္။

၈။ သင္ယူေလ့လာရတာကို ႏွစ္သက္လား၊ ဘာေၾကာင့္လဲ။ ကိုယ့္ဘာသာကိုယ္ေရာ ဘယ္လုိသင္ယူေလ့လာတတ္လဲ။

ဒါကလည္း အေရးပါတဲ့ ေမးခြန္းပါ။ ဝန္ထမ္းတစ္ေယာက္ဟာ သင္ယူေလ့လာလုိစိတ္ နည္းပါးရင္ တိုးတက္လုိစိတ္နည္းတယ္လုိ႔ သတ္မွတ္ေလ့ရွိပါတယ္။ ဒါေၾကာင့္ ကိုယ္ဘယ္ေလာက္ သင္ယူေလ့လာမႈကို ႏွစ္သက္ေၾကာင္း ထိထိမိမိေျဖၾကားေပးပါ။ ကိုယ့္ဘာသာ ဘယ္လုိသင္ယူေလ့လာျဖစ္လဲဆိုတာမ်ိဳးကိုေတာ့ စာဖတ္တယ္။ အင္တာနက္ကေန ေလ့လာတယ္ အစရွိသျဖင့္ ေျဖလို႔ရပါတယ္။ အခ်ိဳ႕ကလည္း ဒီေမးခြန္းကို စာဖတ္ဝါသနာပါလား လုိ႔ေမးေလ့ရွိပါတယ္။ သြယ္ဝိုက္ေသာနည္းနဲ႔ ေမးတယ္လို႔ ဆိုရမွာေပါ့။

Related Article >>> အလုပ္ေလွ်ာက္လႊာကို ထင္ေပၚေအာင္ ဘယ္လို လုပ္မလဲ?

၉။ အမ်ားနဲ႔တြဲၿပီး အလုပ္လုပ္ရတာ အဆင္ေျပမယ္ထင္လား/ ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္သူလား / ခင္မင္ရင္းႏွီးသူဘယ္ေလာက္ရွိလဲ။ 

ကုမၸဏီအလုပ္၊ ရံုးအလုပ္ဆိုတာ အမ်ားနဲ႔ လက္တြဲၿပီးလုပ္ရတဲ့ အလုပ္ေတြမုိ႔ ေပါင္းသင္းဆက္ဆံေရးမေကာင္းတဲ့သူ အမ်ားနဲ႔တြဲၿပီး အလုပ္မလုပ္တတ္သူေတြအတြက္ အဆင္ေျပမွာ မဟုတ္ဘူးလုိ႔ အလုပ္ရွင္ေတြက သတ္မွတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ္က ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္တဲ့သူျဖစ္တယ္ဆိုတာ ျပဖုိ႔လုိအပ္ပါတယ္။

၁၀။ ကိုယ့္ရဲ႕ အားသာခ်က္အားနည္းခ်က္ေတြကို ေျပာျပပါ။

ကိုယ့္အားနည္းခ်က္ေတြကို ေျဖတဲ့အခါ အလုပ္ရွင္ စိတ္ပ်က္သြားမွာကိုလည္း ေၾကာက္ဖုိ႔မလိုပါဘူး။ ဒီေနရာမွာ ပြင့္ပြင့္လင္းလင္းေျဖဖို႔ အေရးႀကီးတယ္လုိ႔ ေျပာလုိ႔ရေပမဲ့ ကိုယ့္အားနည္းခ်က္မွန္သမွ်ကိုေတာ့ အိတ္သြန္ဖာေမွာက္ေျပာဖုိ႔မလုိပါဘူးေနာ္။

ေယာင္းတုိ႔သိထားရမွာက အင္တာဗ်ဴးဆုိတာ ကိုယ့္ကိုယ္ကိုယ္ ကုန္ပစၥည္းတစ္ခုလုိ သေဘာထားၿပီး ကိုယ့္ကို သူမ်ားႏွစ္သက္သေဘာက်လာေအာင္ ဆြဲေဆာင္ရျခင္းတစ္မ်ိဳးပါ။ ဒါေၾကာင့္ ကိုယ့္အရည္အခ်င္းကို ထုတ္ျပဖုိ႔ဝန္မေလးပါနဲ႔။ ေနာက္တစ္ခ်က္က အင္တာဗ်ဴးေျဖတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိရွိ ေျဖဆိုရမယ္ဆိုတာကေတာ့ လူတိုင္းအႀကံေပးၾကသလုိပဲ အက္ဒမင္လည္း ထပ္အႀကံေပးခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက အရမ္းအေရးႀကီးတဲ့ အခ်က္မို႔ပါလို႔…

ေယာင္းတုိ႔ေအာင္ျမင္ၾကပါေစ။

Sugar Cane (For Her Myanmar)

References – content.wisestepcareerizma

ျမန္မာႏိုင္ငံ အလုပ္အကိုင္ အခြင့္အလမ္း အေျခအေနႏွင့္ ေလ်ာ္ညီေသာ အႀကံျပဳခ်က္မ်ားေပးသည့္ မခုိင္ခင္သာ (Talent & Culture Manager), မနန္းႏြယ္ (Project Specialist at Good Brothers Company Limited) တို႔အား ေက်းဇူးအထူး တင္ရွိပါတယ္ရွင္…

<<<Unicode>>>

ဘာတွေမေးမလဲကြိုသိထားရင် နှုတ်ဖြေအောင်ဖို့ တဝက်လောက်သေချာနေပြီယောင်းရေ

လုပ်ငန်းခွင်လောကမှာ ကျင်လည်နေတဲ့ ယောင်းတို့အတွက် အင်တာဗျူးဆိုတာ အမြဲရှောင်လွှဲလို့မရတဲ့ အရာပါ။ ဒါကြောင့် အက်ဒ်မင် ဒီတစ်ခါပြောပြချင်တာက အင်တာဗျူးမှာ မေးလေ့ရှိတဲ့ မေးခွန်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေက အလုပ်စဝင်ကာစသူတွေကနေ ရာထူးအဆင့်ဆင့်တိုင်းအတွက် မေးလေ့ရှိတဲ့ မေးခွန်းတွေပါပဲ..

၁။ ကိုယ့်အကြောင်းကိုယ် မိတ်ဆက်ပေးပါ။

ဒါကတော့ ငယ်ငယ်ကရေးဖူးတဲ့ Myself အကြောင်းလိုပါပဲ။ ဒါပေမဲ့ ကလေးတုန်းကလို အဖေနာမည် အမေနာမည်ကအစ ထည့်ပြောဖို့ကတော့ မလိုပါဘူး။ ကိုယ့် ပညာရေး၊ အရင်က အလုပ်လုပ်ဖူးတယ်ဆိုလည်း အရင်က အလုပ်အကြောင်း၊ ကိုယ့်ရည်မှန်းချက်အကြောင်း၊ ပြီးတော့ ကိုယ့်ဝါသနာ၊ ကိုယ့်အားသာချက် အားနည်းချက်စတာတွေကို ပြောလို့ရပါတယ်။

၂။ ဒီကုမ္ပဏီအကြောင်းကို ဘယ်လောက်သိလဲ

ဒီမေးခွန်းအတွက်ဆိုရင် ဒီကုမ္ပဏီအကြောင်းကို အရင်ကသိသည်ဖြစ်စေ မသိသည်ဖြစ်စေ အင်တာဗျူးမလာခင်ထဲက ဒီကုမ္ပဏီအကြောင်းကို လေ့လာသွားပါ။ ပြီးရင် ကိုယ်သိသလောက် နည်းနည်းပဲ ဖြစ်ပါစေ ဖြေလို့ရပါတယ်။ မသိဘူးလို့ လုံးဝမဖြေသင့်တဲ့ မေးခွန်းပါ။ မသိဘူးလို့ ဖြေလိုက်မယ်ဆိုရင်တော့ “ဟင်… ကိုယ်အလုပ်ဝင်မယ့် ကုမ္ပဏီအကြောင်းတောင် ကိုယ်မသိဘူး၊ စိတ်ဝင်စားမှု မရှိဘူး” ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။

၃။ ဘာကြောင့် ဒီကုမ္ပဏီမှာ အလုပ်လုပ်ချင်တာလဲ

ဒီကုမ္ပဏီက ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက်ကို ရောက်အောင် ကူညီပေးနိုင်ပါတယ်၊ ဒီ ကုမ္ပဏီမှာဆိုရင် ကိုယ်ဝါသနာပါရာတွေလုပ်နိုင်တယ်၊ ကုမ္ပဏီနဲ့ ကိုယ်နဲ့ အပြန်အလှန်အကျိုးရှိနိုင်တယ် အစရှိသဖြင့် ဖြေလို့ရပါတယ်။

၄။ မင်းက ငါတို့အတွက် ဘာတွေလုပ်ပေးနိုင်မှာလဲ / ဒီရာထူးကိုရရင် မင်းက ဒီကုမ္ပဏီအတွက် ဘာတွေလုပ်ပေးနိုင်မလဲ။/ ဘာလို့ မင်းကိုငှားသင့်တာလဲ။

ဒါက ကိုယ့်ကိုယ်ကိုယ် ကြော်ငြာပေးဖို့ လမ်းဖွင့်ပေးတဲ့ မေးခွန်းပါ။ ဒီအတွက် အဖြေကိုတော့ ကိုယ့်ရဲ့အားသာချက်မှန်သမျှအကြောင်း များများပြောပေးပါ။ လိုအပ်ရင် ပိုပိုသာသာလေးပြောတာကလည်း မမှားပါဘူး။ ကိုယ်မလုပ်နိုင်တာကိုတော့ ပိုမပြောမိဖို့ သတိထားဖို့ လိုပါတယ်နော်… အဓိကက ကြော်ငြာတစ်ခုကို သုံးစွဲသူ တစ်ယောက်တွေ့ရင် သုံးချင်လာအောင် ဆွဲဆောင်ရသလို အလုပ်ရှင်က ကိုယ့်ကို အလုပ်ခန့်ချင်အောင် ကိုယ့်အရည်အချင်းကို ထုတ်ဖော်ပြသရမှာပါ။

Related Article>>> အလုပ်မှာ ရာထူးတိုးဖို့ အခြေခံအားဖြင့် လိုအပ်တဲ့ အချက် (၄)ချက်

၅။ မင်းရဲ့ အသက်မွေးဝမ်းကျောင်းရည်မှန်းချက် (career dream) ကိုပြောပြပါ။

ရည်မှန်းချက်ကြီးကြီးထားတာက အမှားမရှိပါဘူး။ အင်တာဗျူးမှာလည်း ကိုယ့်ရည်မှန်းချက်ကို ခပ်ကြီးကြီးပြောတာက တစ်ဖက်သား ကိုယ့်ကို သဘောကျစေတဲ့အရာပါ။ ရည်မှန်းချက်ကြီးသူတွေက အလုပ်ကြိုးစားတယ်လို့လည်း အဓိပ္ပာယ်ရတာမို့ ရည်မှန်းချက်မရှိပါဘူးဆိုတာမျိုးလို၊ ခပ်နိမ့်နိမ့်ရည်မှန်းချက်တွေမျိုးလို အဖြေတွေထက် ရည်မှန်းချက်မြင့်မြင့်ဖြေတာက ပိုကောင်းပါတယ်။

၆။ မျှော်မှန်းလစာကို ပြောပါ။

ဒီမေးခွန်းကိုတော့ ကိုယ်ပြောတဲ့ လစာက အရမ်းများသွားမလား စိုးရိမ်တတ်တာကတစ်မျိုး၊ ကိုယ့် မျှော်မှန်းလစာက အရမ်းများသွားရင် ကိုယ့်ကို မခန့်ဘဲနေမှာလားဆိုတဲ့ အတွေးမျိုးကြောင့် ဖြေရခက်လေ့ရှိပါတယ်။ တကယ်က မျှော်မှန်းလစာများလို့ မခန့်ဘူးဆိုတာမရှိပါဘူး။ ကိုယ့်အရည်အချင်းကို ကြိုက်ရင် သူတို့တကယ်ပေးနိုင်မယ့် လခနဲ့ ကိုယ်လိုချင်တဲ့လခကြားက အဆင်ပြေမယ့်လခကို ညှိနှိုင်းပေးပါတယ်။

၇။ အခုလျှောက်တဲ့ရာထူးကို ဘာကြောင့်စိတ်ဝင်စားတာလဲ

ဒါဆိုရင်တော့ ဒီရာထူးကို ကိုယ်ကဝါသနာပါတယ်။ ဒီလိုအလုပ်မျိုးဆိုရင် စိတ်ဝင်စားတယ်။ ကိုယ်ကောင်းကောင်းလုပ်ပေးနိုင်မယ်၊ ကုမ္ပဏီကို ကောင်းကောင်းအကျိုးပြုနိုင်မယ်လို့ မျှော်လင့်တယ်ဆိုတာမျိုး ဖြေလို့ရပါတယ်။

၈။ သင်ယူလေ့လာရတာကို နှစ်သက်လား၊ ဘာကြောင့်လဲ။ ကိုယ့်ဘာသာကိုယ်ရော ဘယ်လိုသင်ယူလေ့လာတတ်လဲ။

ဒါကလည်း အရေးပါတဲ့ မေးခွန်းပါ။ ဝန်ထမ်းတစ်ယောက်ဟာ သင်ယူလေ့လာလိုစိတ် နည်းပါးရင် တိုးတက်လိုစိတ်နည်းတယ်လို့ သတ်မှတ်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်ဘယ်လောက် သင်ယူလေ့လာမှုကို နှစ်သက်ကြောင်း ထိထိမိမိဖြေကြားပေးပါ။ ကိုယ့်ဘာသာ ဘယ်လိုသင်ယူလေ့လာဖြစ်လဲဆိုတာမျိုးကိုတော့ စာဖတ်တယ်။ အင်တာနက်ကနေ လေ့လာတယ် အစရှိသဖြင့် ဖြေလို့ရပါတယ်။ အချို့ကလည်း ဒီမေးခွန်းကို စာဖတ်ဝါသနာပါလား လို့မေးလေ့ရှိပါတယ်။ သွယ်ဝိုက်သောနည်းနဲ့ မေးတယ်လို့ ဆိုရမှာပေါ့။

Related Article >>> အလုပ်လျှောက်လွှာကို ထင်ပေါ်အောင် ဘယ်လို လုပ်မလဲ?

၉။ အများနဲ့တွဲပြီး အလုပ်လုပ်ရတာ အဆင်ပြေမယ်ထင်လား/ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူလား / ခင်မင်ရင်းနှီးသူဘယ်လောက်ရှိလဲ။ 

ကုမ္ပဏီအလုပ်၊ ရုံးအလုပ်ဆိုတာ အများနဲ့ လက်တွဲပြီးလုပ်ရတဲ့ အလုပ်တွေမို့ ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့သူ အများနဲ့တွဲပြီး အလုပ်မလုပ်တတ်သူတွေအတွက် အဆင်ပြေမှာ မဟုတ်ဘူးလို့ အလုပ်ရှင်တွေက သတ်မှတ်ကြပါတယ်။ ဒါကြောင့် ကိုယ်က ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူဖြစ်တယ်ဆိုတာ ပြဖို့လိုအပ်ပါတယ်။

၁၀။ ကိုယ့်ရဲ့ အားသာချက်အားနည်းချက်တွေကို ပြောပြပါ။

ကိုယ့်အားနည်းချက်တွေကို ဖြေတဲ့အခါ အလုပ်ရှင် စိတ်ပျက်သွားမှာကိုလည်း ကြောက်ဖို့မလိုပါဘူး။ ဒီနေရာမှာ ပွင့်ပွင့်လင်းလင်းဖြေဖို့ အရေးကြီးတယ်လို့ ပြောလို့ရပေမဲ့ ကိုယ့်အားနည်းချက်မှန်သမျှကိုတော့ အိတ်သွန်ဖာမှောက်ပြောဖို့မလိုပါဘူးနော်။

ယောင်းတို့သိထားရမှာက အင်တာဗျူးဆိုတာ ကိုယ့်ကိုယ်ကိုယ် ကုန်ပစ္စည်းတစ်ခုလို သဘောထားပြီး ကိုယ့်ကို သူများနှစ်သက်သဘောကျလာအောင် ဆွဲဆောင်ရခြင်းတစ်မျိုးပါ။ ဒါကြောင့် ကိုယ့်အရည်အချင်းကို ထုတ်ပြဖို့ဝန်မလေးပါနဲ့။ နောက်တစ်ချက်က အင်တာဗျူးဖြေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ဖြေဆိုရမယ်ဆိုတာကတော့ လူတိုင်းအကြံပေးကြသလိုပဲ အက်ဒမင်လည်း ထပ်အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက အရမ်းအရေးကြီးတဲ့ အချက်မို့ပါလို့…

ယောင်းတို့အောင်မြင်ကြပါစေ။

Sugar Cane (For Her Myanmar)

References – content.wisestepcareerizma

မြန်မာနိုင်ငံ အလုပ်အကိုင် အခွင့်အလမ်း အခြေအနေနှင့် လျော်ညီသော အကြံပြုချက်များပေးသည့် မခိုင်ခင်သာ (Talent & Culture Manager), မနန်းနွယ် (Project Specialist at Good Brothers Company Limited) တို့အား ကျေးဇူးအထူး တင်ရှိပါတယ်ရှင်…

No Comments Yet

Comments are closed