ကမ္ဘာကျော် နာမည်ကြီး ဟယ်ရီပေါ်တာ ရုပ်ရှင်တွေက မူရင်းဝတ္ထုတွေနဲ့ ဘာကွာသွားလဲ?

ပြန်ကြည့်တိုင်း နှမြော..   :'( 

ယောင်းတို့ရေ.. ဟယ်ရီပေါ်တာ ရုပ်ရှင် ကြည့်ဖူးကြတယ်ဟုတ်? ဝတ္ထုရော ဖတ်ဖူးကြလား? သေချာပါတယ်.. ဝတ္ထုဖတ်ဖူးတဲ့ ယောင်းတွေဆိုရင်တော့ ရုပ်ရှင်ကို ဘယ်လိုမှ သဘောကျကြမှာမဟုတ်ဘူးဆိုတာ 😀 အက်ဒ်မင်လည်း ရုပ်ရှင်ကို ဘယ်လိုမှ စိတ်တိုင်းမကျဘူးရယ်.. ဘာလို့လဲဆိုတော့ ကွာခြားချက်တွေက များလွန်းသကိုး… ဆိုတော့ ဘာတွေကွာသွားလဲ ပြောရမယ်ဆိုရင်တော့ဖြင့် တစ်ထောင့်တစ်ည ပုံပြင်ထက် ရှည်လွန်းသွားမှာမို့ အက်ဒ်မင် လုံးဝ မကျေနပ်ခဲ့တဲ့ အပိုင်းတွေပဲ ပြောပြမယ်နော်… ကွန်းမန့်မှာ ယောင်းတို့လည်း ယောင်းတို့ မကျေနပ်တဲ့ ရုပ်ရှင်နဲ့ ဝတ္ထုကွာခြားချက်တွေ ပြောသွားပေး ဟုတ်ပြီလား 😉

၁။ ဟယ်ရီ နဲ့ အရင်ဆုံးတွေ့ခဲ့သူ

ဟော့ဂ်ဝပ်မှာ ကျောင်းတက်ရတော့မယ်ဆိုတော့ ဟက်ဂရစ်လာခေါ်ပြီး ဈေးတူတူ လိုက်ဝယ်ပေးတယ်ဟုတ်? အဲဒီအချိန် ဟယ်ရီက ရွန်နဲ့ မတွေ့ရသေးဘူးနော်.. ဒါပေမဲ့ ဈေးဝယ်ရင်း ကျောင်းဝတ်စုံရောင်းတဲ့ဆိုင်မှာ ဒရာကိုမယ်လ်ဖွိုင်းနဲ့ အရင်တွေ့ခဲ့တာပါကွယ်.. ဝတ္ထုထဲမှာပေါ့နော်.. ရုပ်ရှင်ထဲတော့ ရွန်နဲ့ အရင်တွေ့တာပေါ့..

၂။ တစ္ဆေ ဖီးဘီးစ် (ပီးဗက်) 

ရုပ်ရှင်ပဲ ကြည့်ဖူးတဲ့ ယောင်းတွေဆို သူ့ကိုသိမှာမဟုတ်ဘူးရယ်… ပါမှမပါတာကိုး 🙁 သူက ဟော့ဂ်ဝပ်မှာ အရမ်းသောင်းကျန်းတဲ့ တစ္ဆေပါ။ အနှောင့်ပေါ့… ကျောင်းသားတွေကို ဒုက္ခပေးလိုက်၊ ဆရာတွေကို ကြပ်လိုက်နဲ့.. သူများဒုက္ခရောက်တာမြင်ရင်ကို ပျော်နေတဲ့အမျိုး 😀 သူနဲ့ ကျောင်းသားတွေ ညီတာ တစ်ချိန်ပဲ ရှိခဲ့ဖူးတယ်.. ဒိုလိုးရစ်စ်အန်းဘရစ်ခ်ျကို ဖရက်နဲ့ ဂျော့ခ်ျ ညီအစ်ကိုနဲ့ ပေါင်းပြီး ဒုက္ခပေးတဲ့ အချိန်ပေါ့… သူ့ကြောင့် ဟယ်ရီတို့ ဒုက္ခရောက်ပေါင်းလည်း မနည်းခဲ့ပါဘူးနော်…

Related Article >>> Harry Potter ရုပ်ရှင်အကြောင်း ယောင်းတို့ ဘယ်လောက်သိလဲ။

၃။ အိမ်မွေးမှင်စာလေး ဝင့်ခီ

ဒါလည်း ရုပ်ရှင်ပဲ ကြည့်ထားတဲ့သူတွေဆို သိမှာမဟုတ်ဘူးရယ်.. ဒေါ့ဘီတော့ သိကြမှာပေါ့နော်.. ဝင့်ခီဆိုတာလည်း ဒေါ့ဘီလို အိမ်မွေးမှင်စာလေးပါပဲ.. သူက ဘာတီခရော့က်ခ်ျတို့အိမ်က အိမ်မွေးမှင်စာလေးပေါ့… ဒေါ့ဘီလိုမဟုတ်ဘဲ အရမ်းကို ကြောက်ရွံ့တတ်ပြီး သခင်ကို အရမ်းချစ်တဲ့ အိမ်မွေးမှင်စာလေးပါ… ကွစ်ဒစ်ခ်ျကမ္ဘာ့ဖလားမှာ မှော်နက်အမှတ်အသားပေါ်လာတဲ့အချိန်မှာ အမှတ်အသားကို ဖန်တီးခဲ့တာ ဟယ်ရီပေါ်တာရဲ့ မှော်ကြိမ်လုံးနဲ့ဖြစ်ပြီး လိုက်ရှာတဲ့အခါ ဝင့်ခီက အဲဒီမှော်ကြိမ်လုံးကို ကိုင်ထားလျက်သားပါ.. နောက်ပိုင်း သူလည်း တကယ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့ပေမဲ့ ရုပ်ရှင်ထဲမှာ သူ့အပိုင်းက လုံးလုံးပျောက်ကွယ်နေတာပါ။ အရာရာသိလေး ဟာမိုင်ယွန်နီကလည်း မှင်စာအခွင့်အရေးလှုပ်ရှားသူ လုပ်ခဲ့သေးတာပေါ့.. 😀 ဒါလည်း ရုပ်ရှင်ပဲ ကြည့်ထားရင် သိမှာမဟုတ်ဘူးနော်..

၎။ ဒတ်ဒလေဒါစလီ နဲ့ ပီကျူးနီးယားဒါစလီ

ဟယ်ရီရဲ့ အဒေါ်နဲ့ အစ်ကိုဝမ်းကွဲလေ.. အထူးအထွေပြောစရာမရှိပေမဲ့ ပီကျူးနီးယားက ဒမ်ဘယ်ဒေါလ်ဆီ စာရေးပြီး သူလည်း မှော်ဆရာ(စုန်းကဝေ)တစ်ယောက်ဖြစ်ဖို့ တောင်းဆိုခဲ့တာတွေ၊ သူ့ညီမကို အရမ်းချစ်ခဲ့တာတွေ၊ မနာလိုစိတ်နဲ့ ညီမအပေါ်ချစ်စိတ် လွန်ဆွဲနေရတာတွေ အားလုံးက ရုပ်ရှင်ထဲမှာ ပါမလာခဲ့တာ နှမြောဖို့ ကောင်းလွန်းပါတယ်။ ဘယ်တုန်းကမှ မတည့်ခဲ့တဲ့ ဒတ်ဒလေ နဲ့ ဟယ်ရီကလည်း အိမ်ပြောင်းတဲ့အချိန်မှာ နားလည်မှုရသွားတဲ့အခန်းက တကယ်ကို ကြည်နူးဖို့ကောင်းတာပါ.. ထုံးစံအတိုင်း WB က ကတ်ကြေးစာ မိသွားတော့ မကြည့်လိုက်ရဘူးပေါ့…

၅။ Elder Wand

ဟုတ်ပါတယ်.. သေမင်းမှော်တောင်ဝှေးပါ… ပုံပြင်ထဲက နာမည်ကြီး မှော်တောင်ဝှေးက ဟယ်ရီ့အပိုင်ဆိုတာတော့ ယောင်းတို့ သိပြီးသားနေမှာပါနော်.. နောက်ဆုံးမှာ ဟယ်ရီက အာ့ကြီးကို ချိုးပြီးပစ်လိုက်တယ်လေ… အက်ဒ်မင် ရုံထဲမှာ ဘယ်လောက်တောင် ကော်ဆဲချင်နေလိုက်လဲ ယောင်းတို့မြင်ရင် သိပ်ကောင်းမှာပဲ 😀 တကယ့်တကယ် ဝတ္ထုထဲမှာ ဟယ်ရီက သူ့ရဲ့ ကျိုးသွားတဲ့ မှော်တောင်ဝှေးကို သေမင်းမှော်တောင်ဝှေးကနေ ကျိန်စာထုတ်ပြီး ပြန်ဆက်ခဲ့ပါတယ်။ ပြီးတော့မှ သေမင်းမှော်တောင်ဝှေးကို ဒမ်ဘယ်ဒေါလ်ရဲ့ အုတ်ဂူထဲ ပြန်ထည့်ခဲ့တာပါ.. ရည်ရွယ်ချက်ကတော့ သူ့ကို အနိုင်ယူတဲ့သူ တစ်ယောက် ပေါ်လာသည့်တိုင်အောင် သေမင်းမှော်တောင်ဝှေးက သူ့အပိုင်မှန်း မသိကြတဲ့တွက် ဒါကြောင့် သွေးမြေကျစရာမလိုတော့အောင်ပေါ့.. မဟုတ်ရင် အဲဒါလုကြရင်းနဲ့ ဘယ်နှစ်ယောက်မှန်းမသိ သေဦးမှာလေ. 😀

အိုခေ.. ဒါတွေကတော့ အက်ဒ်မင်မကျေနပ်ဆုံးအပိုင်းတွေပေါ့…. တခြား မကျေနပ်တာတွေ အများကြီးကျန်သေး…ဥပမာ ဝိဉာဉ်ကိုယ်ပွားကို ဖျက်ဆီးတဲ့ လူတွေကွဲနေတာတို့ ဘာတို့ အများကြီးကျန်သေး.. ဆက်ပြောနေလည်း ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားမှာစိုးလို့ ဒီလောက်နဲ့ ရပ်လိုက်ပါဦးမယ်..ယောင်းတို့ မကျေနပ်တာတွေရှိလည်း လာပြောကြဦးနော်… တို့ Pure Blood လေးတွေ ပြန်ဆွေးနွေးကြတာပေါ့…. တကယ်လို့ ဝတ္ထုမဖတ်ရသေးဘူးဆိုတဲ့ ယောင်းတို့ ရှိနေလည်း ဖြစ်နိုင်ရင်တော့ဖြင့် ဝတ္ထုတွေကို ဖတ်စေချင်ပါတယ်နော်.. အင်္ဂလိပ်လို မနိုင်သေးဘူးဆို မြန်မာ ဘာသာပြန်တွေ ရှိတော့ အာ့လေးတွေ ဖတ်စေချင်ပါတယ်။ ရုပ်ရှင်နဲ့ တခြားစီပဲဆိုတာ မြင်လာမှာပါနော်..

အားလုံးကို ချစ်တဲ့ မှော်ဆရာလေး(အဲ့လယ် 😛 )

Libra (For Her Myanmar)

No Comments Yet

Comments are closed