Book Review

ဆယ္ေက်ာ္သက္ အရြယ္တိုင္း မျဖစ္မေနဖတ္သင့္တဲ့ စာအုပ္ (၂) အုပ္

မေကာင္းရင္ အက္ဒ္မင္တုိ႔ မညႊန္းေပးဘူး ယံု…. 🙂 

ဒီတစ္ပတ္ စာအုပ္အညႊန္းက႑မွာေတာ့ ပညာေရးရဲ႕ အေရးပါပံုကုိ ေရးဖြဲ႕ထားတဲ့ စာအုပ္ေလးႏွစ္အုပ္ကို ညႊန္းခ်င္တာပါ။ အထူးသျဖင့္ ပညာသင္ၾကားဖုိ႕ အေကာင္းဆံုးအရြယ္ေတြျဖစ္တဲ့ ဆယ္ေက်ာ္သက္ေလးေတြ ဒီစာအုပ္ကိုဖတ္ေစခ်င္ပါတယ္။ ဒီစာအုပ္ႏွစ္အုပ္လံုးကို ေရးခဲ့သူကေတာ့ စာေရးဆရာမ ဂ်ဴးပါ။

ပထမဆံုးေျပာျပခ်င္တာက ဆရာမဂ်ဴးရဲ႕ “ေစာင့္ေနမယ္လို႕ မေျပာလုိက္ဘူး” ဆိုတဲ့ စာအုပ္ပါ။

Related Article – ျမန္မာ့လူေနမႈဘဝေတြကို ခံစားႏိုင္မယ့္ စာအုပ္ေလးႏွစ္အုပ္

ေစာင့္ေနမယ္လို႕ မေျပာလုိက္ဘူး - ဂ်ဴး
ေစာင့္ေနမယ္လို႕ မေျပာလုိက္ဘူး – ဂ်ဴး

အဲ့ဒီစာအုပ္မွာ အဓိကဇာတ္ေကာင္မိန္းကေလးက ေအသင္မိုးဆိုတဲ့ အသက္ ၁၈ႏွစ္အရြယ္ေကာင္မေလး တစ္ေယာက္ပဲျဖစ္ပါတယ္။ သူမဟာ စူပါမားကတ္တစ္ခုက အေရာင္းဝန္ထမ္းျဖစ္ၿပီး တိုးတက္ခ်င္စိတ္၊ ပညာသင္ယူလိုစိတ္ၾကီးမားတဲ့ မိန္းကေလးတစ္ေေယာက္ျဖစ္ပါတယ္။ ဒီဇာတ္လမ္းမွာ ဆရာမဂ်ဴးက ေအသင္မုိးဆုိတဲ့ အဓိကဇာတ္ေကာင္ တစ္ေယာက္ကိုအဓိကထားျပီး သူမနဲ႕ ဆက္ႏြယ္သူေတြျဖစ္ၾကတဲ့ သူမရဲ႕သူငယ္ခ်င္းျဖစ္သူ ယုယ နဲ႕ ဇီဇဝါ၊ သူမကို တစ္ဖက္သက္ေမတၱာရွိေနသူ ဉာဏ္သာ၊ သူမရဲ႕ အလုပ္ရွင္လည္းျဖစ္ ဉာဏ္သာရဲ႕ အကိုလည္းျဖစ္သူ ေဒါက္တာဟန္သာ၊ သူမရဲ႕ အခ်စ္ဆံုး အေလးစားရဆံုးနဲ႕ ေအသင္မိုးရဲ႕ရည္မွန္းခ်က္ေတြျပည့္ဝေအာင္ကူညီေပးေနသူ ဆရာမ ခက္ စသူတုိ႕ ဝန္းရံကာ စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ဇာတ္လမ္းေရးဖြဲ႕ထားပါတယ္။

ေအသင္မိုးတစ္ေယာက္ အေရာင္းဝန္ထမ္းဘဝကေန NGO တစ္ခုမွာ အလုပ္ရၿပီး အလုပ္ရွင္ေဒါက္တာဟန္သာနဲ႕ ရင္းႏွီးခဲ့ရပါတယ္။ ဒီလုိနဲ႕ေဒါက္တာဟန္သာ နဲ႕ ေအသင္မိုးရဲ႕ ဆရာမ ခက္ တို႔ ၾကားမွာရွိတဲ့ တစ္ခ်ိန္က ဆက္ႏြယ္မႈကို တစ္စတစ္စ သိရွိရိပ္မိလာခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဉာဏ္သာနဲ႕အၿပိဳင္ ယုယက ေအသင္မိုးအေပၚ ေမတၱာရွိေၾကာင္းျပသပါတယ္။ ဒီလုိအက်ဥ္းအၾကပ္ေတြၾကားမွာပဲ လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း အေကာက္ၾကံမႈေတြေၾကာင့္ ေအသင္မိုးတစ္ေယာက္ သူႏွစ္သက္ေပ်ာ္ရႊင္တဲ့ အလုပ္ကေန ထြက္ရဖို႕အထိ အေၾကာင္းဖန္လာတဲ့အခါ ….

ေဒါက္တာ ဟန္သာနဲ႔ ခက္တို႔ၾကားက ဆက္ႏြယ္မႈကဘာလဲ ….

ယုယ နဲ႕ ဉာဏ္သာႏွစ္ေယာက္ထဲက ဘယ္သူ႕ကို ေအသင္မိုးေရြးခ်ယ္မလဲ ….

သူမရဲ႕ရည္မွန္းခ်က္ေတြျပည့္ဝဖို႕ ေအသင္မိုးတစ္ေယာက္ဘယ္လုိေလွ်ာက္လွမ္းမလဲ ..

ဒါေတြကိုသိခ်င္ရင္ေတာ့ ဆရာမဂ်ဴးရဲ႕ “ေစာင့္ေနမယ္လုိ႕ မေျပာလုိက္ဘူး” ဆိုတဲ့စာအုပ္ကိုဖတ္ၾကည့္ၾကပါေနာ္။

Related Article >>> မိန္းကေလးေတြရဲ႕ အစြမ္းကို အထင္းသားျမင္ႏုိင္ေစမယ့္ စာအုပ္ေလး (၂) အုပ္

ေနာက္ထပ္စာအုပ္ေတာ့ “သူမင္းကိုဘယ္ေတာ့မွ” ဆိုတဲ့စာအုပ္ပဲျဖစ္ပါတယ္။

သူမင္းကိုဘယ္ေတာ့မွ - ဂ်ဴး
သူမင္းကိုဘယ္ေတာ့မွ – ဂ်ဴး

ဒီစာအုပ္မွာေတာ့ ဆရာမဟာ “ေအးၿငိမ္းေမ” ဆိုတဲ့အမ်ိဳးသမီးငယ္ေလးအေၾကာင္းကို ေရးဖြဲ႕ထားတာပါ။ေအးၿငိမ္းေမ ဟာ အညာေဒသက ရြာေလးတစ္ရြာမွာ ေနထိုင္တဲ့ ပညာလုိလားတဲ့ အမ်ိဳးသမီးငယ္ေလးျဖစ္ပါတယ္။ သူ(မ)က ပညာလုိလားသေလာက္ ပညာသင္ၾကားရာမွာ အျမဲတမ္းအခက္အခဲအမ်ိဳးမ်ိဳးနဲ႕ၾကံဳေတြ႕ရပါတယ္။  ငယ္စဥ္ ေက်ာင္းဆက္လက္တက္ေရာက္ဖုိ႕ အခက္အခဲရွိခ်ိန္မွာ သူ(မ)ရဲ႕ဘဝထဲကို ကယ္တင္ရွင္တစ္ဦးေရာက္ရွိလာပါတယ္။ သူကေတာ့ ထင္လင္း ဆိုတဲ့ ပညာတတ္လူငယ္တစ္ဦးပါပဲ။ ထင္လင္းဟာ သူကိုယ္တုိင္မျပည့္စံုေပမယ့္ သူ႕လိုပဲ ပညာလုိလားတဲ့ ေအးၿငိမ္းေမ ဆက္လက္ပညာသင္ၾကားႏုိင္ဖုိ႕ ေထာက္ပံ့ေပးခဲ့ပါတယ္။ ေအးၿငိမ္းေမ အထက္တန္းေရာက္တဲ့အခါ ကိုထင္လင္းရဲ႕ မိတ္ေဆြ မမျမတ္ေခၚ ေဒၚျမတ္ေကာင္းဆီမွာ ေနထိုင္ရင္း ပညာသင္ၾကားခဲ့ပါတယ္။ ဒီလိုေနထုိင္ရင္း ကိုထင္လင္းနဲ႕ မမျမတ္တို႕ၾကားမွာ သံေယာဇဥ္ႀကိဳးခ်ည္ေႏွာင္ထားေၾကာင္း ရိပ္မိခဲ့ပါတယ္။ ဒါ့အျပင္ ေအးၿငိမ္းေမ ဆယ္ေက်ာ္သက္ဘဝမွာ ေက်ာင္းေနဘက္ သူငယ္ခ်င္းျဖစ္တဲ့ သုတ ဆိုသူနဲ႕ေမတၱာမွ်ခဲ့ပါတယ္။ သုတဟာ ေအးၿငိမ္းေမကို ခ်စ္တဲ့ စိတ္နဲ႕ ေအးၿငိမ္းေမနဲ႕ ကိုထင္လင္းတို႕ၾကားကျဖဴစင္တဲ့ေမတၱာကုိ သံသယဝင္လာတဲ့အခါ..

ေအးၿငိမ္းေမ တစ္ေယာက္ ဇာတိကိုစြန္႕ခြာၿပီး ရန္ကုန္ၿမိဳ႕ႀကီးကို စြန္႕ခြာထြက္သြားရတာ ဘာအေၾကာင္းေၾကာင့္လဲ?

ေအးၿငိမ္းေမေၾကာင့္ တင္းမာခဲ့ရတဲ့ ကိုထင္လင္းနဲ႕ မမျမတ္တို႕ရဲ႕ဆက္ဆံေရး ေျပလည္ႏုိင္ဦးမွာလား?

ေအးၿငိမ္းေမကို ခ်စ္တဲ့စိတ္နဲ႕အမွားက်ဴးလြန္ခဲ့မိတဲ့ သုတကိုေရာ ေအးၿငိမ္းေမကခြင့္လႊတ္ေပးမွာလား?

ဒါေတြကို သိခ်င္ရင္ေတာ့ ဆရာမဂ်ဴးရဲ႕ “သူမင္းကိုဘယ္ေတာ့မွ” ဆုိတဲ့စာအုပ္ကိုဖတ္ၾကည့္ဖို႕ ညႊန္းဆိုေပးခ်င္ပါတယ္။

ဒီစာအုပ္ႏွစ္အုပ္လံုးမွာ တူညီတဲ့အခ်က္ေတာ့ အဓိကဇာတ္ေကာင္ မိန္းကေလးငယ္ေတြဟာ ပညာကို အထူးပဲလုိလားၾကသူေတြပါ။ ဘာေၾကာင့္လဲဆိုေတာ့ ပညာေရးကသာ သူတုိ႕ေတြရဲ႕ဘဝကိုအျမင့္ေရာက္ေစႏိုင္တယ္ဆိုတာ သူတို႔သေဘာေပါက္ထားၾကလို႔ပါ။ ဒါ့အျပင္ ဒီစာအုပ္ေတြမွာ ဆင္းရဲႏြမ္းပါးသူတုိ႕ရဲ႕ဘဝ၊ သူတို႕ရဲ႕အခက္အခဲေတြ၊ ဆင္းရဲမႈေၾကာင့္ သူတုိ႔ႀကံဳတဲ့အတားအဆီးေတြ၊ အမ်ိဳးသမီးငယ္ေလးေတြဟာ ပညာတတ္ဖုိ႕ဘာေၾကာင့္လိုအပ္ေၾကာင္း၊ ပညာေရးဟာ အမ်ိဳးသမီးငယ္ေလးေတြကို ဘယ္လိုေျပာင္းလဲေစႏုိင္ေၾကာင္းကိုပါေရးသားထားပါတယ္။

ဒါေၾကာင့္ပဲ ဒီတစ္ပတ္မွာ ေယာင္းတို႔အတြက္ အက္ဒ္မင္က ေရြးခ်ယ္ေပးခဲ့တာေပါ့…

ထက္ထက္ျမက္ျမက္ ေယာင္းေလးေတြ ျဖစ္ႏုိင္ၾကပါေစကြယ္…

Sugar Cane (For Her Myanmar)

<<< Unicode >>>

မကောင်းရင် အက်ဒ်မင်တို့ မညွှန်းပေးဘူး ယုံ…. 

ဒီတစ်ပတ် စာအုပ်အညွှန်းကဏ္ဍမှာတော့ ပညာရေးရဲ့ အရေးပါပုံကို ရေးဖွဲ့ထားတဲ့ စာအုပ်လေးနှစ်အုပ်ကို ညွှန်းချင်တာပါ။ အထူးသဖြင့် ပညာသင်ကြားဖို့ အကောင်းဆုံးအရွယ်တွေဖြစ်တဲ့ ဆယ်ကျော်သက်လေးတွေ ဒီစာအုပ်ကိုဖတ်စေချင်ပါတယ်။ ဒီစာအုပ်နှစ်အုပ်လုံးကို ရေးခဲ့သူကတော့ စာရေးဆရာမ ဂျူးပါ။

ပထမဆုံးပြောပြချင်တာက ဆရာမဂျူးရဲ့ “စောင့်နေမယ်လို့ မပြောလိုက်ဘူး” ဆိုတဲ့ စာအုပ်ပါ။

Related Article – မြန်မာ့လူနေမှုဘဝတွေကို ခံစားနိုင်မယ့် စာအုပ်လေးနှစ်အုပ်

စောင့်နေမယ်လို့ မပြောလိုက်ဘူး - ဂျူး
စောင့်နေမယ်လို့ မပြောလိုက်ဘူး – ဂျူး

အဲ့ဒီစာအုပ်မှာ အဓိကဇာတ်ကောင်မိန်းကလေးက အေသင်မိုးဆိုတဲ့ အသက် ၁၈နှစ်အရွယ်ကောင်မလေး တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ စူပါမားကတ်တစ်ခုက အရောင်းဝန်ထမ်းဖြစ်ပြီး တိုးတက်ချင်စိတ်၊ ပညာသင်ယူလိုစိတ်ကြီးမားတဲ့ မိန်းကလေးတစ်ေယောက်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဆရာမဂျူးက အေသင်မိုးဆိုတဲ့ အဓိကဇာတ်ကောင် တစ်ယောက်ကိုအဓိကထားပြီး သူမနဲ့ ဆက်နွယ်သူတွေဖြစ်ကြတဲ့ သူမရဲ့သူငယ်ချင်းဖြစ်သူ ယုယ နဲ့ ဇီဇဝါ၊ သူမကို တစ်ဖက်သက်မေတ္တာရှိနေသူ ဉာဏ်သာ၊ သူမရဲ့ အလုပ်ရှင်လည်းဖြစ် ဉာဏ်သာရဲ့ အကိုလည်းဖြစ်သူ ဒေါက်တာဟန်သာ၊ သူမရဲ့ အချစ်ဆုံး အလေးစားရဆုံးနဲ့ အေသင်မိုးရဲ့ရည်မှန်းချက်တွေပြည့်ဝအောင်ကူညီပေးနေသူ ဆရာမ ခက် စသူတို့ ဝန်းရံကာ စိတ်ဝင်စားဖွယ်ဖြစ်အောင်ဇာတ်လမ်းရေးဖွဲ့ထားပါတယ်။

အေသင်မိုးတစ်ယောက် အရောင်းဝန်ထမ်းဘဝကနေ NGO တစ်ခုမှာ အလုပ်ရပြီး အလုပ်ရှင်ဒေါက်တာဟန်သာနဲ့ ရင်းနှီးခဲ့ရပါတယ်။ ဒီလိုနဲ့ဒေါက်တာဟန်သာ နဲ့ အေသင်မိုးရဲ့ ဆရာမ ခက် တို့ ကြားမှာရှိတဲ့ တစ်ချိန်က ဆက်နွယ်မှုကို တစ်စတစ်စ သိရှိရိပ်မိလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဉာဏ်သာနဲ့အပြိုင် ယုယက အေသင်မိုးအပေါ် မေတ္တာရှိကြောင်းပြသပါတယ်။ ဒီလိုအကျဉ်းအကြပ်တွေကြားမှာပဲ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အကောက်ကြံမှုတွေကြောင့် အေသင်မိုးတစ်ယောက် သူနှစ်သက်ပျော်ရွှင်တဲ့ အလုပ်ကနေ ထွက်ရဖို့အထိ အကြောင်းဖန်လာတဲ့အခါ ….

ဒေါက်တာ ဟန်သာနဲ့ ခက်တို့ကြားက ဆက်နွယ်မှုကဘာလဲ ….

ယုယ နဲ့ ဉာဏ်သာနှစ်ယောက်ထဲက ဘယ်သူ့ကို အေသင်မိုးရွေးချယ်မလဲ ….

သူမရဲ့ရည်မှန်းချက်တွေပြည့်ဝဖို့ အေသင်မိုးတစ်ယောက်ဘယ်လိုလျှောက်လှမ်းမလဲ ..

ဒါတွေကိုသိချင်ရင်တော့ ဆရာမဂျူးရဲ့ “စောင့်နေမယ်လို့ မပြောလိုက်ဘူး” ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်ကြပါနော်။

Related Article >>> မိန်းကလေးတွေရဲ့ အစွမ်းကို အထင်းသားမြင်နိုင်စေမယ့် စာအုပ်လေး (၂) အုပ်

နောက်ထပ်စာအုပ်တော့ “သူမင်းကိုဘယ်တော့မှ” ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။

သူမင်းကိုဘယ်တော့မှ - ဂျူး
သူမင်းကိုဘယ်တော့မှ – ဂျူး

ဒီစာအုပ်မှာတော့ ဆရာမဟာ “အေးငြိမ်းမေ” ဆိုတဲ့အမျိုးသမီးငယ်လေးအကြောင်းကို ရေးဖွဲ့ထားတာပါ။အေးငြိမ်းမေ ဟာ အညာဒေသက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ ပညာလိုလားတဲ့ အမျိုးသမီးငယ်လေးဖြစ်ပါတယ်။ သူ(မ)က ပညာလိုလားသလောက် ပညာသင်ကြားရာမှာ အမြဲတမ်းအခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ရပါတယ်။  ငယ်စဉ် ကျောင်းဆက်လက်တက်ရောက်ဖို့ အခက်အခဲရှိချိန်မှာ သူ(မ)ရဲ့ဘဝထဲကို ကယ်တင်ရှင်တစ်ဦးရောက်ရှိလာပါတယ်။ သူကတော့ ထင်လင်း ဆိုတဲ့ ပညာတတ်လူငယ်တစ်ဦးပါပဲ။ ထင်လင်းဟာ သူကိုယ်တိုင်မပြည့်စုံပေမယ့် သူ့လိုပဲ ပညာလိုလားတဲ့ အေးငြိမ်းမေ ဆက်လက်ပညာသင်ကြားနိုင်ဖို့ ထောက်ပံ့ပေးခဲ့ပါတယ်။ အေးငြိမ်းမေ အထက်တန်းရောက်တဲ့အခါ ကိုထင်လင်းရဲ့ မိတ်ဆွေ မမမြတ်ခေါ် ဒေါ်မြတ်ကောင်းဆီမှာ နေထိုင်ရင်း ပညာသင်ကြားခဲ့ပါတယ်။ ဒီလိုနေထိုင်ရင်း ကိုထင်လင်းနဲ့ မမမြတ်တို့ကြားမှာ သံယောဇဉ်ကြိုးချည်နှောင်ထားကြောင်း ရိပ်မိခဲ့ပါတယ်။ ဒါ့အပြင် အေးငြိမ်းမေ ဆယ်ကျော်သက်ဘဝမှာ ကျောင်းနေဘက် သူငယ်ချင်းဖြစ်တဲ့ သုတ ဆိုသူနဲ့မေတ္တာမျှခဲ့ပါတယ်။ သုတဟာ အေးငြိမ်းမေကို ချစ်တဲ့ စိတ်နဲ့ အေးငြိမ်းမေနဲ့ ကိုထင်လင်းတို့ကြားကဖြူစင်တဲ့မေတ္တာကို သံသယဝင်လာတဲ့အခါ..

အေးငြိမ်းမေ တစ်ယောက် ဇာတိကိုစွန့်ခွာပြီး ရန်ကုန်မြို့ကြီးကို စွန့်ခွာထွက်သွားရတာ ဘာအကြောင်းကြောင့်လဲ?

အေးငြိမ်းမေကြောင့် တင်းမာခဲ့ရတဲ့ ကိုထင်လင်းနဲ့ မမမြတ်တို့ရဲ့ဆက်ဆံရေး ပြေလည်နိုင်ဦးမှာလား?

အေးငြိမ်းမေကို ချစ်တဲ့စိတ်နဲ့အမှားကျူးလွန်ခဲ့မိတဲ့ သုတကိုရော အေးငြိမ်းမေကခွင့်လွှတ်ပေးမှာလား?

ဒါတွေကို သိချင်ရင်တော့ ဆရာမဂျူးရဲ့ “သူမင်းကိုဘယ်တော့မှ” ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်ဖို့ ညွှန်းဆိုပေးချင်ပါတယ်။

ဒီစာအုပ်နှစ်အုပ်လုံးမှာ တူညီတဲ့အချက်တော့ အဓိကဇာတ်ကောင် မိန်းကလေးငယ်တွေဟာ ပညာကို အထူးပဲလိုလားကြသူတွေပါ။ ဘာကြောင့်လဲဆိုတော့ ပညာရေးကသာ သူတို့တွေရဲ့ဘဝကိုအမြင့်ရောက်စေနိုင်တယ်ဆိုတာ သူတို့သဘောပေါက်ထားကြလို့ပါ။ ဒါ့အပြင် ဒီစာအုပ်တွေမှာ ဆင်းရဲနွမ်းပါးသူတို့ရဲ့ဘဝ၊ သူတို့ရဲ့အခက်အခဲတွေ၊ ဆင်းရဲမှုကြောင့် သူတို့ကြုံတဲ့အတားအဆီးတွေ၊ အမျိုးသမီးငယ်လေးတွေဟာ ပညာတတ်ဖို့ဘာကြောင့်လိုအပ်ကြောင်း၊ ပညာရေးဟာ အမျိုးသမီးငယ်လေးတွေကို ဘယ်လိုပြောင်းလဲစေနိုင်ကြောင်းကိုပါရေးသားထားပါတယ်။

ဒါကြောင့်ပဲ ဒီတစ်ပတ်မှာ ယောင်းတို့အတွက် အက်ဒ်မင်က ရွေးချယ်ပေးခဲ့တာပေါ့…

ထက်ထက်မြက်မြက် ယောင်းလေးတွေ ဖြစ်နိုင်ကြပါစေကွယ်…

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *