Book Review

သဘင္သည္ေတြရဲ႕ဘဝကို ထင္ဟပ္ျပသေနတဲ့ စာအုပ္ (၂)အုပ္

တစ္ေခတ္တစ္ခါက အၿငိမ့္မင္းသမီးေလးေတြဘဝက ဘယ္လိုမ်ိဳးလည္းဆိုေတာ့ ….

ျမန္မာလူမ်ိဳးေတြရဲ႕ အဆိုအကသဘင္ပညာရပ္ဟာ ယေန႔ေခတ္အထိ အတန္အသင့္ ႏွစ္သက္လက္ခံသူ႐ွိေနဆဲ အႏုပညာတစ္ရပ္ျဖစ္ပါတယ္။ သဘင္ပညာ႐ွင္၊ ဇာတ္၊ အၿငိမ့္ ပညာ႐ွင္ေတြရဲ႕ ဘဝေတြ၊ သူတို႔ရဲ႕အခက္အခဲေတြ၊ ေနာက္ၿပီးသူတို႔ေတြဟာ လူထဲကလူေတြပဲမုိ႔ အမွားေတြလုပ္မိတဲ့အခါ၊ အက်င့္ပ်က္ယြင္းမႈေတြ႐ွိတဲ့အခါ သူတို႔ေၾကာင့္ သဘင္ေလာကႀကီးခ်ိဳ႕ယြင္းလာရပံုေတြ၊ ဆုတ္ယုတ္ေနတဲ့ သဘင္ေလာကထဲမွာ အဆုိအကအႏုပညာေတြကို ထိန္းသိမ္းဖုိ႔ႀကိဳးစားေနဆဲ သဘင္ပညာ႐ွင္ေတြ ဒီလိုအေၾကာင္းအရာေတြကို ပံုေဖာ္ထားတဲ့ စာေရးဆရာေတြရဲ႕ လက္ရာေကာင္းစာအုပ္အခ်ိဳ႕ကို ညႊန္းဆိုေပးခ်င္ပါတယ္။

ပထမဆံုး ညႊန္းဆုိခ်င္တဲ့စာအုပ္အမည္က ဆရာမႀကီး ၾကည္ေအးရဲ႕ဂႏၱဝင္စာအုပ္တစ္အုပ္ျဖစ္တဲ့ “ကၽြန္မ ပညာသည္” ဆိုတဲ့ စာအုပ္ပါပဲ။

ၾကည္ေအး ကၽြန္မပညာသည္

ဒီဇာတ္လမ္းမွာေတာ့ အဓိကဇာတ္ေဆာင္ဟာ “ျမႀကိဳင္” ဆိုတဲ့အၿငိမ့္ မင္းသမီးငယ္ေလးျဖစ္ပါတယ္။ သူ႕ရဲ႕မိခင္ဟာ တစ္ခ်ိန္က အၿငိမ့္နဲ႔ဇာတ္သဘင္ေလာကမွာ လွ်မ္းလွ်မ္းေတာက္နာမည္ႀကီးခဲ့တဲ့ မင္းသမီးႀကီးတစ္ဦးျဖစ္ပါတယ္။ ဒီလုိမ်ိဳး႐ိုးေကာင္းတဲ့ ျမႀကိဳင္ဟာအႏုပညာေလာကထဲ ဝင္ခဲ့ရာမွာေတာ့ မိခင္ေျခရာနင္းၿပီးပါရမီ႐ွိသူေလးျဖစ္၊ ႀကိဳးစားသူေလးလည္းျဖစ္လို႔ ပရိသတ္ခ်စ္ခင္အားေပးမႈကို တစ္ခဲနက္ရခဲ့ပါတယ္။

တစ္ခ်ိန္တည္း သူမတို႔အၿငိမ့္ထဲက ဂီတပညာသည္ ကိုနႏၵနဲ႔လည္း ခ်စ္ႀကိဳးသြယ္မိပါေတာ့တယ္။ ဒါေပမဲ့ သဘင္ေလာကဆိုတာ အႏၱရာယ္ႀကီးတဲ့ ေတာနက္လုိ ေျခလွမ္းတစ္ခ်က္မွားရင္ စားဖုိ႔ဝါးဖို႔ေစာင့္ေနသူေတြကလည္း အဆင္သင့္ပါ။

ဒီလုိ သဘင္ေလာကမွာ မိခင္လို လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခ်င္တဲ့၊ ကိုယ္ပိုင္အၿငိမ့္စင္တစ္ခုကိုပိုင္ဆုိုင္ရမယ္ဆိုၿပီး ရည္မွန္းခ်က္ႀကီးတဲ့  ျမႀကိဳင္တစ္ေယာက္ ဂုဏ္သိကၡာ႐ွိတဲ့သဘင္သည္ဘဝနဲ႔ ရပ္တည္ႏိုင္မွာလား၊ ဒါမွမဟုတ္ လိုခ်င္တာရဖို႔ႀကိဳးစားရင္း အက်င့္ပ်က္ယြင္းတဲ့ အႏုပညာသည္ဘဝကိုပဲရမွာလား ဆိုတာကိုေတာ့ ဆရာမႀကီးၾကည္ေအးရဲ႕ “ကၽြန္မပညာသည္” ဆိုတဲ့ စာအုပ္ထဲမွာဖတ္႐ွဴႏုိင္ပါတယ္ေနာ္။

Related Article >>> ၿမိဳ႕ျပလူေနမႈဘဝေတြကို ပံုေဖာ္ထားတဲ့ စာအုပ္ေလးႏွစ္အုပ္အေၾကာင္း

ေနာက္ထပ္တစ္အုပ္ကေတာ့  ဆရာမခင္ခင္ထူးရဲ႕ “ေတာမင္းသမီး” ဆုိတဲ့ စာအုပ္ပါ။ ဒီစာအုပ္ကိုေရးဖုိ႔ ဆရာမခင္ခင္ထူးက အထူးအားထုတ္ခဲ့သလို ဖတ္ရွဴရတာတကယ္တန္တဲ့ စာအုပ္ေကာင္းတစ္အုပ္ျဖစ္ပါတယ္။ နာမည္နဲ႔လိုက္ေအာင္ပဲ ဆရာမအထူးေရးဖြဲ႔ထားတဲ့ ဇာတ္ေကာင္ေတြကေတာ့ ေတာနယ္တစ္ခြင္မွာကျပေဖ်ာ္ေျဖၾကတဲ့ အၿငိမ့္မင္းသမီးေလးေတြအေၾကာင္းျဖစ္ပါတယ္။

ခင္ခင္ထူး – ေတာမင္းသမီး

ဒီဝတၳဳဟာ ဝတၳဳ႐ွည္ႀကီးျဖစ္တာေၾကာင့္ေယာင္းတုိ႔ကို ဇာတ္လမ္းအက်ဥ္းေတာ့မေျပာျပေတာ့ဘူးေနာ္။ အျမည္းအေနနဲ႔ ေျပာျပရရင္ေတာ့

ေမြးစားမိခင္ရဲ႕ေစာင့္ေ႐ွာက္မႈေၾကာင့္ ႀကီးျပင္းလာတဲ့ ဥၾသသံေအး ေခၚ ဝါဆိုမိုး …

ငယ္စဥ္ကတည္းက အဆိုအကဝါသနာပါလြန္းလို႔ အၿငိမ့္မင္းသမီးျဖစ္လာတဲ့ ဝါဆိုမိုး …

ဝါဆိုမုိးတစ္ေယာက္ သူဝါသနာပါရာ သဘင္ေလာကမွာ ဘယ္လိုဘယ္ပံု အခက္အခဲေတြေတြ႔ရမွာလဲ၊ သူ႕ရဲ႕မိခင္ရင္းနဲ႔ေရာ ဆံုဆည္းရမွာလား ဒါေတြကိုသိခ်င္ရင္ေတာ့ ဆရာမ ခင္ခင္ထူးရဲ႕ “ေတာမင္းသမီး” ဆုိတဲ့ စာအုပ္မွာ ဖတ္႐ႈႏိုင္ပါတယ္။

ေယာင္းတို႔ရဲ႕ ဒီတစ္ပတ္ပိတ္ရက္မွာ သဘင္သည္အၿငိမ့္မင္းသမီးေလးေတြရဲ႕ဘဝကို ေလ့လာႏိုင္ဖုိ႔ စာေရးဆရာမႀကီးေတြရဲ႕ လက္ရာေကာင္းစာအုပ္ႏွစ္အုပ္ကို ညႊန္းဆုိေပးလိုက္ရပါတယ္ေနာ္။

Sugar Cane (For Her Myanmar)

<<<Unicode>>>

တစ်ခေတ်တစ်ခါက အငြိမ့်မင်းသမီးလေးတွေဘဝက ဘယ်လိုမျိုးလည်းဆိုတော့ ….

မြန်မာလူမျိုးတွေရဲ့ အဆိုအကသဘင်ပညာရပ်ဟာ ယနေ့ခေတ်အထိ အတန်အသင့် နှစ်သက်လက်ခံသူရှိနေဆဲ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ သဘင်ပညာရှင်၊ ဇာတ်၊ အငြိမ့် ပညာရှင်တွေရဲ့ ဘဝတွေ၊ သူတို့ရဲ့အခက်အခဲတွေ၊ နောက်ပြီးသူတို့တွေဟာ လူထဲကလူတွေပဲမို့ အမှားတွေလုပ်မိတဲ့အခါ၊ အကျင့်ပျက်ယွင်းမှုတွေရှိတဲ့အခါ သူတို့ကြောင့် သဘင်လောကကြီးချို့ယွင်းလာရပုံတွေ၊ ဆုတ်ယုတ်နေတဲ့ သဘင်လောကထဲမှာ အဆိုအကအနုပညာတွေကို ထိန်းသိမ်းဖို့ကြိုးစားနေဆဲ သဘင်ပညာရှင်တွေ ဒီလိုအကြောင်းအရာတွေကို ပုံဖော်ထားတဲ့ စာရေးဆရာတွေရဲ့ လက်ရာကောင်းစာအုပ်အချို့ကို ညွှန်းဆိုပေးချင်ပါတယ်။

ပထမဆုံး ညွှန်းဆိုချင်တဲ့စာအုပ်အမည်က ဆရာမကြီး ကြည်အေးရဲ့ဂန္တဝင်စာအုပ်တစ်အုပ်ဖြစ်တဲ့ “ကျွန်မ ပညာသည်” ဆိုတဲ့ စာအုပ်ပါပဲ။

ကြည်အေး ကျွန်မပညာသည်

ဒီဇာတ်လမ်းမှာတော့ အဓိကဇာတ်ဆောင်ဟာ “မြကြိုင်” ဆိုတဲ့အငြိမ့် မင်းသမီးငယ်လေးဖြစ်ပါတယ်။ သူ့ရဲ့မိခင်ဟာ တစ်ချိန်က အငြိမ့်နဲ့ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီးတစ်ဦးဖြစ်ပါတယ်။ ဒီလိုမျိုးရိုးကောင်းတဲ့ မြကြိုင်ဟာအနုပညာလောကထဲ ဝင်ခဲ့ရာမှာတော့ မိခင်ခြေရာနင်းပြီးပါရမီရှိသူလေးဖြစ်၊ ကြိုးစားသူလေးလည်းဖြစ်လို့ ပရိသတ်ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရခဲ့ပါတယ်။

တစ်ချိန်တည်း သူမတို့အငြိမ့်ထဲက ဂီတပညာသည် ကိုနန္ဒနဲ့လည်း ချစ်ကြိုးသွယ်မိပါတော့တယ်။ ဒါပေမဲ့ သဘင်လောကဆိုတာ အန္တရာယ်ကြီးတဲ့ တောနက်လို ခြေလှမ်းတစ်ချက်မှားရင် စားဖို့ဝါးဖို့စောင့်နေသူတွေကလည်း အဆင်သင့်ပါ။

ဒီလို သဘင်လောကမှာ မိခင်လို လျှမ်းလျှမ်းတောက်အောင်မြင်ချင်တဲ့၊ ကိုယ်ပိုင်အငြိမ့်စင်တစ်ခုကိုပိုင်ဆိုင်ရမယ်ဆိုပြီး ရည်မှန်းချက်ကြီးတဲ့  မြကြိုင်တစ်ယောက် ဂုဏ်သိက္ခာရှိတဲ့သဘင်သည်ဘဝနဲ့ ရပ်တည်နိုင်မှာလား၊ ဒါမှမဟုတ် လိုချင်တာရဖို့ကြိုးစားရင်း အကျင့်ပျက်ယွင်းတဲ့ အနုပညာသည်ဘဝကိုပဲရမှာလား ဆိုတာကိုတော့ ဆရာမကြီးကြည်အေးရဲ့ “ကျွန်မပညာသည်” ဆိုတဲ့ စာအုပ်ထဲမှာဖတ်ရှူနိုင်ပါတယ်နော်။

Related Article >>> မြို့ပြလူနေမှုဘဝတွေကို ပုံဖော်ထားတဲ့ စာအုပ်လေးနှစ်အုပ်အကြောင်း

နောက်ထပ်တစ်အုပ်ကတော့  ဆရာမခင်ခင်ထူးရဲ့ “တောမင်းသမီး” ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကိုရေးဖို့ ဆရာမခင်ခင်ထူးက အထူးအားထုတ်ခဲ့သလို ဖတ်ရှူရတာတကယ်တန်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ နာမည်နဲ့လိုက်အောင်ပဲ ဆရာမအထူးရေးဖွဲ့ထားတဲ့ ဇာတ်ကောင်တွေကတော့ တောနယ်တစ်ခွင်မှာကပြဖျော်ဖြေကြတဲ့ အငြိမ့်မင်းသမီးလေးတွေအကြောင်းဖြစ်ပါတယ်။

ခင်ခင်ထူး – တောမင်းသမီး

ဒီဝတ္ထုဟာ ဝတ္ထုရှည်ကြီးဖြစ်တာကြောင့်ယောင်းတို့ကို ဇာတ်လမ်းအကျဉ်းတော့မပြောပြတော့ဘူးနော်။ အမြည်းအနေနဲ့ ပြောပြရရင်တော့

မွေးစားမိခင်ရဲ့စောင့်ရှောက်မှုကြောင့် ကြီးပြင်းလာတဲ့ ဥသြသံအေး ခေါ် ဝါဆိုမိုး …

ငယ်စဉ်ကတည်းက အဆိုအကဝါသနာပါလွန်းလို့ အငြိမ့်မင်းသမီးဖြစ်လာတဲ့ ဝါဆိုမိုး …

ဝါဆိုမိုးတစ်ယောက် သူဝါသနာပါရာ သဘင်လောကမှာ ဘယ်လိုဘယ်ပုံ အခက်အခဲတွေတွေ့ရမှာလဲ၊ သူ့ရဲ့မိခင်ရင်းနဲ့ရော ဆုံဆည်းရမှာလား ဒါတွေကိုသိချင်ရင်တော့ ဆရာမ ခင်ခင်ထူးရဲ့ “တောမင်းသမီး” ဆိုတဲ့ စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။

ယောင်းတို့ရဲ့ ဒီတစ်ပတ်ပိတ်ရက်မှာ သဘင်သည်အငြိမ့်မင်းသမီးလေးတွေရဲ့ဘဝကို လေ့လာနိုင်ဖို့ စာရေးဆရာမကြီးတွေရဲ့ လက်ရာကောင်းစာအုပ်နှစ်အုပ်ကို ညွှန်းဆိုပေးလိုက်ရပါတယ်နော်။

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *